အခန်း ၇၂၉
Vol. 15 Ch. 729
အပိုင်း၇၂၉:မင်းကြီးကအရမ်းဆိုးတာပဲ
လုံယန်ကသူမမေးခွန်းကိုမဖြေဘဲသူမနှဖူးအားစမ်းလိုက်သည်။
``ဘာဖြစ်လို့လဲ။နေမကောင်းဘူးလား။”
သူမကသူ့လက်ကိုယူကာပြောလိုက်သည်။
``ဘာမှမဖြစ်ပါဘူး။ပူလို့ပါ”
လုံယန်ကပြုံးကာပြောလိုက်သည်။
``ညစာစားချိန်ကသောက်ထားတဲ့စွပ်ပြုတ်ကြောင့်ဖြစ်မယ်။ကိုယ်လဲပူတယ်။ရေသွားယူပေးမယ်လေ”
လုလျန့်ဝေကခေါင်းငြိမ့်လိုက်သည်။
``ကောင်းပါပြီ”
လုံယန်ရေယူလာပေးသောအခါသူမတစ်ဝက်သောက်လိုက်သည်။
လုံယန်ကပြုံးပြီးကျန်နေသောရေတစ်ဝက်ကိုသောက်လိုက်တော့သည်။
လုလျန့်ဝေကမော့ကြည့်လိုက်သောအခါရေသောက်နေသောလုံယန်၏လည်ပင်းကိုမြင်လိုက်ရသည်။
သူရေမြိုချလိုက်တိုင်းမှာသူ့လည်စေ့ကလှုပ်ရှားနေသည်မှာဆွဲဆောင်မှူရှိနေသည်။
သူမကသူ့ကိုကြည့်နေစဉ်မှာပင်ခံတွင်းခြောက်လာခဲ့သည်။
ထိုခံစားချက်ကသူရေသောက်ပြီးမှရပ်တန့်သွားတော့သည်။
လုလျန့်ဝေကဒီအကြောင်းပြချက်ပေးမိတာနောင်တရနေသည်။
သူမကသူ့စကားကိုလစ်လျူရှုကာသူ့ပုခုံးကိုကိုင်လိုက်ပြီးသူမမျက်နှာကိုသူ့မျက်နှာနားကပ်ကာနှုတ်ခမ်းချင်းထိလိုက်သည်။
သူမခန္ဓာကိုယ်ကုတင်ပေါ်လှဲသွားတာတွေ့လိုက်တော့သူမကသူမဆန္ဒပြည့်သွားပြီဖြစ်ကြောင်းသိလိုက်ရသည်။သူ့ခန္ဓာကိုယ်ကသူမခန္ဓာကိုယ်ပေါ်အုပ်မိုးနေသည်။
လုလျန့်ဝေကသူ့ခန္ဓာကိုယ်ကိုမထိန်းချုပ်နိုင်ဖြစ်ကာသူ့ခန္ဓာကိုယ်ကိုပွတ်သပ်နေရင်းတစ်ခုခုကိုထိမိတော့အသိဝင်လာခဲ့သည်။
လုလျန့်ဝေနိုးလာတော့လုံယန်ကကုတင်ဘေးတွင်ထိုင်ကာစာအုပ်ဖတ်နေသည်ကိုတွေ့လိုက်ရသည်။
``ဒီမှာဘာလုပ်နေတာလဲအရှင်မင်းကြီး။အမဲလိုက်ဖို့မသွားဘူးလား။”
လုံယန်ကသူမ၏ပင်ပန်းနေသောပုံစံကိုကြည့်ကာပြောလိုက်သည်။
``ကိုယ်ဒီနေ့ဘယ်မှမသွားဘူး။မင်းပင်ပန်းနေရင်အိပ်လိုက်ပါဦး”
လုလျန့်ဝေကခေါင်းငြိမ့်ကာပြန်အိပ်လိုက်သည်။
လုံယန်ကရယ်ကာပြောလိုက်သည်။
သူကစာအုပ်ကိုချကာသူမအိပ်နေပုံကိုပြင်ပေးလိုက်သည်။