အခန်း ၇၃၀
Vol. 15 Ch. 730
အပိုင်း၇၃၀:သူမကိုနှိပ်ပေးရလို့သူပူသွားတာလား
လုလျန့်ဝေကသူလုပ်နေတာကိုသတိထားမိတော့ပြောလိုက်သည်။
``ဒါပေမယ့်နောက်ကျောနဲ့ခါးကနာနေတယ်”
လုံယန်ကခဏရပ်တန့်သွားပြီးမေးလိုက်သည်။
``ကိုယ်နှိပ်ပေးရမလား။”
လုလျန့်ဝေကပျော်ရွှင်စွာပြောလိုက်သည်။
``အင်း”
လုံယန်ကပြောလိုက်သည်။
``ကိုယ့်အကူအညီလိုရင်ပြောပါ။တွေဝေနေစရာမလိုပါဘူးဟုတ်ပြီလား။”
``ကောင်းပါပြီ”
လုလျန့်ဝေပြန်ဖြေပြီးမကြာခင်မှာပဲသူမကသာယာမှုကိုခံစားလိုက်ရသည်။
မင်းကြီးကနှိပ်တာအရမ်းတော်တယ်။သူအားနည်းနည်းပဲသုံးပေမယ့်အရမ်းကောင်းလွန်းနေတယ်။
လုံယန်ကလုလျန့်ဝေသူနှိပ်ပေးနေတာကိုသဘောကျတာတွေ့ရတော့ပြုံးနေမိသည်။
နာရီဝက်လောက်ကြာတော့သူမတစ်ကိုယ်လုံးပေါ့ပါးလာသောကြောင့်လုလျန့်ဝေကသူ့ကိုရပ်ရန်ပြောလိုက်သည်။
သူမကသူ့ကိုလှည့်ကြည့်လိုက်တော့သူ့နှဖူးတွင်ချွေးများစီးကျနေသည်ကိုမြင်လိုက်ရသည်။
``မပင်ပန်းတော့ဘူးဆိုရင်ထတော့။လမ်းသွားလျှောက်ကြရအောင်”
သူကဆက်နေမည်ဆိုလျှင်သူတို့နှစ်ယောက်လုံးအိပ်ယာမှထဖြစ်မည်မဟုတ်ပေ။
လုလျန့်ဝေကသူသူမတင်ပါးကိုရိုက်သွားသောကြောင့်အပြစ်တင်ရန်လုပ်ပေမယ့်သူ့အကြံကိုကြားရတော့သူမကဘာမှမပြောတော့ဘဲအိပ်ယာမှထလိုက်သည်။
ခဏကြာတော့ကျောက်ချန်ကအခန်းထဲဝင်လာခဲ့သည်။သူ့မျက်လုံးများကညိုမဲနေပေသည်။
လုလျန့်ဝေကသူ့ကိုမြင်တော့လန့်သွားကာမေးလိုက်သည်။
``အိမ်တော်ထိန်းကျောက်သင့်မျက်လုံးကဘာဖြစ်တာလဲ။”
လုလျန်ဝေကစွပ်ပြုတ်အကြောင်းပြန်သတိရသွားသည်။
ကျောက်ချန်ကသူမမျက်နှာအမူအရာကိုခန့်မှန်းမရဖြစ်နေသည်။
မင်းကြီးရဲ့ပုံစံအတိုင်းဆိုမိဖုရားကဘာလို့ဒီနေ့အားအင်ပြည့်နေတဲ့ပုံပေါ်နေရတာလဲ။
ကျောက်ချန်တောင်အတော်ခံစားလိုက်ရသည်ကိုမင်းကြီးကအဆင်ပြေနေပုံပင်။စွပ်ပြုတ်ကသူ့အပေါ်မသက်ရောက်ဘူးလား။
ကျောက်ချန်ကညစ်ညမ်းတဲ့အတွေးများတွေးနေစဥ်တွင်မင်းကြီးကအေးစက်စွာသူ့ကိုကြည့်နေသည်ကိုသတိထားမိလိုက်သည်။
ကျောက်ချန်ကအကြည့်လွှဲကာခေါင်းငုံ့ထားလိုက်သည်။
``မိဖုရားနဲ့ကိုယ်တော်လမ်းလျှောက်ထွက်မလို့အသင့်ပြင်ထားလိုက်ပါ”
မြင်းနှစ်ကောင်နှင့်လေးမြှားတို့ကိုသူကပြင်ထားလိုက်သည်။
လုလျန့်ဝေကမြင်းအနားလာကာကျောက်ချန်ကိုမြင်တော့ပြောလိုက်သည်။
``အိမ်တော်ထိန်းကျောက်သင့်ကြည့်ရတာနေမကောင်းသလိုပဲ။သွားအနားယူလိုက်ပါ။ဒီနေ့ကျွန်မတို့နောက်ကိုလိုက်စရာမလိုပါဘူး”
လုလျန့်ဝေကသူ့ကိုဆေးပုလင်းပေးကာပြောလိုက်သည်။
``ဒီမှာ နှလုံးငြိမ်ဆေးတွေပါတယ်။သောက်ပြီးအိပ်လိုက်ပါ”
ကျောက်ချန်ကရင်ထဲထိသွားကာဘာပြောရမှန်းမသိဖြစ်သွားသည်။
လုံယန်ကသူမကိုခြံဝန်းပြင်ပခေါ်သွားလေသည်။ချူကျီနှင့်ချူကျူကနောက်မှလိုက်လာခဲ့သည်။
လုလျန့်ဝေကမင်းကြီး၏လေးမြှားတို့ကိုမြင်သောကြောင့်မေးလိုက်သည်။
``မင်းကြီးကျွန်တော်မျိုးမကိုအမဲလိုက်ဖို့ခေါ်သွားမလို့လား။”
လုံယန်ကသူမကိုကြည့်ကာမေးလိုက်သည်။
``ဝေဝေမင်းလေးပစ်နည်းသင်ဖူးလား။”