Chapters

အခန်း ၇၃၁

Vol. 15 Ch. 731

အခန်း ၇၃၁

Vol. 15 Ch. 731

အပိုင်း၇၃၁:အရှင်မင်းကြီးကမဟုတ်တာပြောမယ့်သူမဟုတ်ဘူး

လုလျန့်ဝေကခေါင်းခါ၍ပြောလိုက်သည်။

``မသင်ဖူးပါဘူး”

လုံယန်ကအံ့သြသွားကာမေးလိုက်သည်။

``အရင်ကလေးပစ်မသင်ခဲ့ဖူးဘူးလား။”

လုလျန့်ဝေကသူအံ့သြသွားတာကိုမြင်တော့တစ်ခုခုမကောင်းသလိုခံစားလိုက်ရသည်။

လုံယန်ကဆက်ပြောလိုက်သည်။

`ဒါပေမဲ့ မင်းအစ်ကိုပြောတော့ မင်းငယ်ငယ်လေးတုန်းကလေးပညာကိုသင်ယူခဲ့ပြီး တော်တော်ကျွမ်းကျင်ခဲ့တာဆို`”

လုလျန့်ဝေကသူ့ရဲ့မေးခွန်းများနှင့်ပြည့်နေသောမျက်လုံးကိုကြည့်ကာစိတ်ခြောက်ခြားသွားသည်။သူမကကြိုးစားပြုံးကာပြောလိုက်သည်။

``အစ်ကိုတော်ပြောသလိုငယ်ငယ်ကကျွမ်းခဲ့ပေမယ့်ကြီးလာတော့လေးနဲ့မြှားကိုမထိမိတာတောင်ကြာပြီမို့လို့သေချာမကျွမ်းတော့တာ”

လုံယန်ကနားလည်သလိုကြည့်လိုက်သည်ကိုမြင်သောအခါသူမကစိတ်သက်သာရာရသွားသည်။

သူမကငြိမ်သက်သွားပေမယ့်မင်းကြီးကဘာမှမမေးတော့ပေ။

လုလျန့်ဝေကငြင်းရန်အချိန်ပင်မရလိုက်ပဲသူ့မြင်းပေါ်သို့ရောက်သွားတော့သည်။

လုံယန်ကလေးနှင့်မြှားကိုယူကာလုလျန်ဝေလက်ထဲထည့်လိုက်သည်။

လုလျန့်ဝေကသူမရုပ်ရှင်တွင်မြင်ဖူးသည့်အတိုင်းကြိုးစားပြီးလေးနှင့်မြှားကိုကိုင်လိုက်သည်။

လုံယန်ကဘာမှမပြောဘဲသူမလုပ်သမျှကိုကြည့်နေသည်။သူမကသူမကိုင်တဲ့နည်းမှားမနေလို့စိတ်သက်သာရာရမိသွားသည်။

လုံယန်ကသူမလက်ကိုကိုင်ကာဘယ်ကိုချိန်ရမယ်ဆိုတာညွှန်ပြလိုက်သည်။

တောကြက်တွေရှိတယ့်ဖက်ကိုသူမကလုံယန်ညွှန်ပြသည့်အတိုင်းချိန်လိုက်သည်။

ကံမကောင်းစွာနဲ့သူမမျှော်လင့်သလိုတောကြက်ကိုမထိဘဲခြုံပုတ်ကိုထိကာတောကြက်ကခြုံပုတ်များထဲဝင်ပြေးသွားလေသည်။

``ကိုယ်မြင်ပါတယ် ဒါပေမယ့်မင်းအနေအထားနဲ့မဆိုးဘူးပြောလို့ရတယ်။ဆက်လေ့ကျင့်ကြတာပေါ့ဝေဝေ”

လုလျန့်ဝေကလုံယန်ထံမှလေးနှင့်မြှားကိုယူကာနောက်ထပ်ပစ်မှတ်ကိုရှာလိုက်သည်။

ခုနကလုလျန့်ဝေပစ်လိုက်သောမြှားကြောင့်အနီးရှိတောကြက်များကပြေးကုန်ကြပြီဖြစ်သည်။

သူမကပစ်မှတ်ရှာနေစဉ်တစ်စုံတစ်ခုပျံလာသည့်အသံကိုကြားလိုက်ရသည်။

သူမကထိုအရာကိုလှမ်းကြည့်လိုက်သောအခါမြေပြင်ပေါ်ပြုတ်ကျသံကြားလိုက်ရလေသည်။

ချူကျီကသူမနောက်မှာရပ်နေတာတွေ့တော့သူမကဘယ်သူပစ်လိုက်တာလဲလို့မေးချင်နေသည့်မေးခွန်း၏အဖြေကိုရသွားတော့သည်။သူကထိုတောကြက်ကိုကောက်ယူလိုက်သည်။

လုလျန့်ဝေကချီးကျူးစကားပြောနေစဉ်တွင်လုံယန်ကသူမလက်ထဲမှလေးနှင့်မြှားကိုယူလိုက်သည်။

သူမကသူတစ်ခုခုကိုပစ်မည်ဟုထင်လိုက်သော်လည်းသူကမြှားသုံးချောင်းကိုတစ်ခါတည်းပစ်ရန်လုပ်နေသည်ကိုမြင်လိုက်ရသည်။

သူ့မျက်လုံးများကအာရုံစိုက်ကာပစ်လိုက်သောကြောင့်မြှားသုံးစင်းကကောင်းကင်ပေါ်တက်သွားသည်။

လုလျန့်ဝေကလျှပ်စီးကဲ့သို့မြန်သောမြှားသုံးစင်းကိုအသက်မရှူစတမ်းကြည့်လိုက်သည်။

ပျံနေသောငှက်သုံးကောင်ကမြေပြင်ပေါ်ပြုတ်ကျလာခဲ့သည်။

ချူကျူကထိုတောကြက်များကိုသွားကောက်လိုက်သည်။

သူမကချူကျူလက်ထဲကငှက်လေးကောင်ကိုမြင်တော့မေးလိုက်သည်။

``သုံးကောင်ထဲဖြစ်ရမှာမဟုတ်ဘူးလား။ဘာလို့တစ်ကောင်ပိုနေတာလဲ။”

ချူကျွီကငှက်နှစ်ကောင်ကိုလက်ညှိုးထိုးပြကာရှင်းပြလိုက်သည်။

``ဒီငှက်နှစ်ကောင်ကနီးနီးပြန်နေတာမို့မင်းကြီးကမြှားတစ်စင်းထဲနဲ့ပစ်လိုက်တာပါဒါကြောင့်လေးကောင်ဖြစ်သွားတာပါ”

မြှားတစ်စင်းနဲ့ငှက်နှစ်ကောင်ပစ်လိုက်တာလား။