Chapters

အခန်း ၇၃၂

Vol. 15 Ch. 732

အခန်း ၇၃၂

Vol. 15 Ch. 732

အပိုင်း၇၃၂: ဝေဝေကိုယ်လိုချင်တာအားလုံးမင်းမှာရှိတယ်

လုလျန့်ဝေကအံ့သြသွားခဲ့သည်။

သူမကချူကျူရှင်းပြသောအခါမှထိုငှက်နှစ်ကောင်ကိုသေချာကြည့်မိသည်။

လုလျန့်ဝေကလုံယန်ကိုကြည့်ကာအထင်ကြီးပြီးပြောလိုက်သည်။

``မင်းကြီးဒါကလုံးဝအံ့သြစရာပဲ”

လုံယန်ကကျေနပ်သည့်အပြုံးပြုံးလိုက်ကာ

``ဒါကဘာမှမဟုတ်ပါဘူး”

လုလျန့်ဝေကအံ့သြသွားသည်။

``ဒါကဘာမှမဟုတ်ဘူးလား။”

မင်းကြီးကဟာသပြောနေတာလား။

``မြှားသုံးစင်းကဘာမှမဟုတ်ဘူးဆိုရင်မင်းကြီးကမြှားငါးစင်းကိုတစ်ခါထဲပစ်နိုင်လို့လား။”

``မင်းကြီးကကျွန်တော်မျိုးမကိုအမြဲတမ်းအံ့သြအောင်လုပ်နိုင်တယ်”

လုံယန်ကမြှားငါးစင်းကိုထုတ်လိုက်ပြီး လုလျန့်ဝေဖက်လှည့်ကာမေးလိုက်သည်။

``ကောင်းပြီကိုယ်မှတ်ထားတယ်။မင်းကတိတည်ပါစေနော်ဝေဝေ”

မြှားချက်များနောက်တွင်ငှက်များကပြုတ်ကျလာမည်လို့အများကထင်ထားသည်။

လုလျန့်ဝေကချူကျူနဲ့ချူကျီကိုမစောင့်နိုင်တော့ပဲသူကိုယ်တိုင်ဆင်းလိုက်လေသည်။

ငှက်တွေကမတူညီတဲ့နေရာတွေမှာပြုတ်ကျလာခဲ့သည်။

လုလျန့်ဝေကလေးကောင်ကောက်ပြီးချိန်တွင်နောက်တစ်ခုကတောအုပ်နားတွင်ကျသည်။

သူမကထိုငှက်ကိုကောက်ရန်သွားလိုက်စဉ်သူမနောက်မှတစ်ခုခုအသံကိုကြားလိုက်ရသည်။ချူကျူကအလန့်တကြားအော်လိုက်သည်။

``မိဖုရားသတိထားပါ...”

လုလျန့်ဝေကမြှားတစ်စင်းကအသားထဲဖောက်ဝင်သံကြားရကာသူမဘေးမှရွံ့အိုင်ထဲပြုတ်ကျသံကြားလိုက်ရသည်။

သူအနားရောက်လာသောအရာကိုသူမကမြင်လိုက်ရသည်။

အဲ့ဒါကကျားတစ်ကောင်ဖြစ်နေသည်။ကျားခန္ဓာကိုယ်ကိုမြှားသုံးစင်းကဖောက်နေခဲ့သည်။

လုလျန့်ဝေကကြောက်လန့်ချိန်မရဘဲသူမရဲ့ဓားမြှောင်ကိုယူကာကျားလည်ပင်းကိုထိုးစိုက်လိုက်သည်။ကျားရဲ့သွေးများကသူမလက်ထဲစီးဆင်းလာခဲ့သည်။

နောက်ထပ်မြှားများကကျားဆီထပ်ရောက်လာလေသည်။

နောက်ဆုံး ကျားကဟိန်းလိုက်ကာနောက်ဆုတ်ပြီးနောက်လဲကျသွားတော့သည်။

ကျား၏ခန္ဓာကိုယ်ကြီးကမြေပြင်ပေါ်တွင်လူးလွန့်နေကာငြိမ်သက်သွားတော့သည်။

လုံယန်ကစိတ်ပူနေကာသူမခန္ဓာကိုယ်ကိုစစ်ဆေးလိုက်သည်။

သူကသူမတောထဲသွားတာကိုမတားနိုင်ခဲ့သဖြင့် ကျားကိုမြှားနဲ့ပစ်ပြီးတော့သာသူမကိုကယ်နိုင်ခဲ့သည်။