အခန်း ၇၃၃
Vol. 15 Ch. 733
အပိုင်း၇၃၃:မင်းကြီးကစိတ်ခံစားချက်တင်းမာနေရာမှစိတ်ကြည်လင်လာသည်
သူကမြှားပစ်ကျွမ်းပေမယ့်သူမကိုမကယ်နိုင်ဖြစ်ဖို့နီးကပ်သွားခဲ့သည်။
သူမကသတ္တိရှိရှိနဲ့ကျားကိုဓားမြှောင်နဲ့ထိုးနိုင်ခဲ့လို့သာတော်သေးသည်။
လုံယန် သူမရဲ့ညာဘက်လက်ကကျားသွေးများကြောင့်နီနေသည်ကိုလက်ကိုင်ပုဝါနှင့်သုတ်ပေးလိုက်သည်။
လုလျန့်ဝေကသူ့ကိုကြည့်ကာပြောလိုက်သည်။
``အရှင်မင်းကြီးကိုကျေးဇူးတင်ရမယ်။မဟုတ်ဘူးဆိုရင်ကျွန်မကျားပါးစပ်ထဲသေနေလောက်ပြီ”
သူမကကျီစယ်ပြောလိုက်ပေမယ့်လုံယန်ကသူမကိုမျက်နှာတည်တည်နှင့်ကြည့်ကာပြောလိုက်သည်။
``မဟုတ်တာတွေပြောမနေပါနဲ့”
လုလျန့်ဝေကလုံယန်၏မျက်နှာအမူအရာကိုကြည့်ကာပြောလိုက်သည်။
``ကောင်းပါပြီကျွန်မသိပါပြီ”
လုံယန်ကသူမကိုထူလိုက်သည်။
ထိုအချိန်တွင်ချူကျူကလုလျန့်ဝေကိုဓားမြှောင်လှမ်းပေးကာပြောလိုက်သည်
လုလျန့်ဝေကဓားမြှောင်ကိုယူကာလုံယန်အရှေ့တွင်ပြလိုက်ပြီးမေးလိုက်သည်။
``မင်းဓားမြှောင်ကသာမန်လေ။ကိုယ်မင်းကိုပေးထားတာကကျကမ္ဘာပေါ်မှာအချွန်ဆုံးပဲ”
လုလျန့်ဝေကသူမကိုယ်သူမ မင်းကြီးပေးထားသောအရာကြောင့် အသက်ရှင်ရသည်ဟု ဂုဏ်ယူစွာပြောလိုက်သည်။
``ဒါကတကယ်ချွန်တယ်။သံမဏိတောက်ပြတ်နိုင်တယ်။ဒါကြောင့်ခုနကကျားကိုတစ်ချက်ထဲနဲ့ထိုးလိုက်နိုင်တာပေါ့”
``မင်းအဲ့ဒါကိုအမြဲတမ်းဆောင်ထားလို့ကံကောင်းသွားတာ”
လုံယန်ကဒါကိုကြားတော့သူမလက်ကိုတင်းကြပ်စွာကိုင်လိုက်သည်။
ကျားရဲ့သွေးတွေကြောင့်မြက်ခင်းပြင်ကနီရဲသွားခဲ့သည်။
ချူကျီကကျားရဲ့ခန္ဓာကိုယ်ကမြှားကိုဆွဲထုတ်လိုက်သည်။
မြှားချက်တွေကကျားရဲ့ခန္ဓာကိုယ်ကိုဖောက်နေပေမယ့်သေရတဲ့အဓိကအကြောင်းကတော့ဓားဒဏ်ရာကြောင့်ဖြစ်သည်။
မိဖုရားကြီးကသတ္တိရှိတာလား။
သူမကကျားကိုဓားမြှောင်နဲ့သတ်ခဲ့တာ။သာမန်လူတစ်ယောက်ကဒီလိုမလုပ်နိုင်ဘူး။
မိဖုရားကတကယ်ကိုရက်စက်တဲ့သူတစ်ယောက်ပဲ။
မကြာခက်မှာပဲချူကျူကလူတစ်ချ်ို့ကိုခေါ်လာကာကျားကိုဆွဲထုတ်သွားကြသည်။
လုံယန်ကလုလျန့်ဝေ၏အားအင်ပြည့်နေသောမျက်နှာကိုကြည့်ကာပြောလိုက်သည်။
လုလျန့်ဝေကခေါင်းခါလိုက်သည်။
``မပင်ပန်းသေးပါဘူး”
``ဒါဆိုဆက်ပြီးမြှားပစ်ကျင့်ကြရအောင်”
လုလျန့်ဝေကစိတ်မပါတော့သလိုခံစားရကာပြောလိုက်သည်။
``ဝေဝေသေချာလေ့ကျင့်ကြရအောင်တစ်နေ့နေ့မှာကိုယ်မင်းကိုမကယ်နိုင်ခဲ့ရင်အဆင်ပြေအောင်လေ”
လုလျန့်ဝေကသူကသူမကိုလေ့ကျင့်ရန်ဆွယ်နေတာကိုသိပေမယ့်သူ့စကားကသူမရင်ထဲထိစေသည်။
သူမကဆင်ခြေမပေးတော့ပဲလေးနှင့်မြှားကိုကောက်ယူကာလေ့ကျင့်ရန်ပြင်လိုက်သည်..။