Chapters

အခန်း ၇၃၃

Vol. 15 Ch. 733

အခန်း ၇၃၃

Vol. 15 Ch. 733

အပိုင်း၇၃၃:မင်းကြီးကစိတ်ခံစားချက်တင်းမာနေရာမှစိတ်ကြည်လင်လာသည်

သူကမြှားပစ်ကျွမ်းပေမယ့်သူမကိုမကယ်နိုင်ဖြစ်ဖို့နီးကပ်သွားခဲ့သည်။

သူမကသတ္တိရှိရှိနဲ့ကျားကိုဓားမြှောင်နဲ့ထိုးနိုင်ခဲ့လို့သာတော်သေးသည်။

လုံယန် သူမရဲ့ညာဘက်လက်ကကျားသွေးများကြောင့်နီနေသည်ကိုလက်ကိုင်ပုဝါနှင့်သုတ်ပေးလိုက်သည်။

လုလျန့်ဝေကသူ့ကိုကြည့်ကာပြောလိုက်သည်။

``အရှင်မင်းကြီးကိုကျေးဇူးတင်ရမယ်။မဟုတ်ဘူးဆိုရင်ကျွန်မကျားပါးစပ်ထဲသေနေလောက်ပြီ”

သူမကကျီစယ်ပြောလိုက်ပေမယ့်လုံယန်ကသူမကိုမျက်နှာတည်တည်နှင့်ကြည့်ကာပြောလိုက်သည်။

``မဟုတ်တာတွေပြောမနေပါနဲ့”

လုလျန့်ဝေကလုံယန်၏မျက်နှာအမူအရာကိုကြည့်ကာပြောလိုက်သည်။

``ကောင်းပါပြီကျွန်မသိပါပြီ”

လုံယန်ကသူမကိုထူလိုက်သည်။

ထိုအချိန်တွင်ချူကျူကလုလျန့်ဝေကိုဓားမြှောင်လှမ်းပေးကာပြောလိုက်သည်

လုလျန့်ဝေကဓားမြှောင်ကိုယူကာလုံယန်အရှေ့တွင်ပြလိုက်ပြီးမေးလိုက်သည်။

``မင်းဓားမြှောင်ကသာမန်လေ။ကိုယ်မင်းကိုပေးထားတာကကျကမ္ဘာပေါ်မှာအချွန်ဆုံးပဲ”

လုလျန့်ဝေကသူမကိုယ်သူမ မင်းကြီးပေးထားသောအရာကြောင့် အသက်ရှင်ရသည်ဟု ဂုဏ်ယူစွာပြောလိုက်သည်။

``ဒါကတကယ်ချွန်တယ်။သံမဏိတောက်ပြတ်နိုင်တယ်။ဒါကြောင့်ခုနကကျားကိုတစ်ချက်ထဲနဲ့ထိုးလိုက်နိုင်တာပေါ့”

``မင်းအဲ့ဒါကိုအမြဲတမ်းဆောင်ထားလို့ကံကောင်းသွားတာ”

လုံယန်ကဒါကိုကြားတော့သူမလက်ကိုတင်းကြပ်စွာကိုင်လိုက်သည်။

ကျားရဲ့သွေးတွေကြောင့်မြက်ခင်းပြင်ကနီရဲသွားခဲ့သည်။

ချူကျီကကျားရဲ့ခန္ဓာကိုယ်ကမြှားကိုဆွဲထုတ်လိုက်သည်။

မြှားချက်တွေကကျားရဲ့ခန္ဓာကိုယ်ကိုဖောက်နေပေမယ့်သေရတဲ့အဓိကအကြောင်းကတော့ဓားဒဏ်ရာကြောင့်ဖြစ်သည်။

မိဖုရားကြီးကသတ္တိရှိတာလား။

သူမကကျားကိုဓားမြှောင်နဲ့သတ်ခဲ့တာ။သာမန်လူတစ်ယောက်ကဒီလိုမလုပ်နိုင်ဘူး။

မိဖုရားကတကယ်ကိုရက်စက်တဲ့သူတစ်ယောက်ပဲ။

မကြာခက်မှာပဲချူကျူကလူတစ်ချ်ို့ကိုခေါ်လာကာကျားကိုဆွဲထုတ်သွားကြသည်။

လုံယန်ကလုလျန့်ဝေ၏အားအင်ပြည့်နေသောမျက်နှာကိုကြည့်ကာပြောလိုက်သည်။

လုလျန့်ဝေကခေါင်းခါလိုက်သည်။

``မပင်ပန်းသေးပါဘူး”

``ဒါဆိုဆက်ပြီးမြှားပစ်ကျင့်ကြရအောင်”

လုလျန့်ဝေကစိတ်မပါတော့သလိုခံစားရကာပြောလိုက်သည်။

``ဝေဝေသေချာလေ့ကျင့်ကြရအောင်တစ်နေ့နေ့မှာကိုယ်မင်းကိုမကယ်နိုင်ခဲ့ရင်အဆင်ပြေအောင်လေ”

လုလျန့်ဝေကသူကသူမကိုလေ့ကျင့်ရန်ဆွယ်နေတာကိုသိပေမယ့်သူ့စကားကသူမရင်ထဲထိစေသည်။

သူမကဆင်ခြေမပေးတော့ပဲလေးနှင့်မြှားကိုကောက်ယူကာလေ့ကျင့်ရန်ပြင်လိုက်သည်..။