အခန်း ၇၃၄
Vol. 15 Ch. 734
အပိုင်း၇၃၄:လုံယန်ကသူမကိုသေရည်သောက်စေချင်တယ်
လုံယန်ရဲ့စကားတွေကသူမအပေါ်သက်ရောက်မှုရှိလို့ဖြစ်မည်။သူမကပစ်မှတ်ကိုထိအောင်ပစ်နိုင်ပေမယ့်အားနည်းနေတုန်းပင်။
လုံယန်ကသူမနောက်မှရပ်ကာပြောလိုက်သည်။
``ဒါကကောင်းပါတယ်။ဒီနေ့ရပ်လိုက်ကြတာပေါ့”
လုလျန့်ဝေကခေါင်းငြိမ့်ကာလေးနှင့်မြှားကိုသူ့ထံပေးလိုက်သည်။သူမကလက်မောင်းအနည်းငယ်နာကျင်နေသည်။
လုံယန်ကဒါကိုမြင်တော့သူမကိုမေးလိုက်သည်။
``လက်မောင်းကအရမ်းနာနေလား”
လုလျန့်ဝေကခေါင်းငြိမ့်လိုက်သည်။
``နည်းနည်းပါ”
လုံယန်ကလေးနှင့်မြှားကိုချူကျီ့ဆီပေးလိုက်ပြီးသူမလက်ကိုနှိပ်ပေးလိုက်သည်။
ဒါကအမဲလိုက်ပွဲရဲ့နောက်ဆုံးလဖြစ်လို့မြက်ခင်းပြင်မှာမီးပုံပွဲကျင်းပနေခဲ့သည်။
ဤသည်မှာ ချန်အင်ပါယာတော်ဝင်မိသားစုရဲ့ရိုးရာဓလေ့တစ်ခုပင်ဖြစ်သည်။
အားလုံးကသူတို့ရဲ့အောင်မြင်မှုအကြောင်းကိုကြွားဝါပြောဆိုကြသည်။
အဲ့ဒီနောက်မှာတော့ထိုနေရာကိုရှင်းလင်းကာမီးပုံကိုပတ်၍ကပြဖျော်ဖြေကြသည်။
အကသမားများပြီးနောက်အမတ်ကြီးများ၏သမီးများမှလဲသူတို့၏ကျွမ်းကျင်မှုကိုပြသကာဖျော်ဖြေကြသည်။
လုလျန်ဘဝေကလုံယန်၏ဘေးတွင်ထိုင်နေကာအသားကင်နေရင်းအကအဆိုများကိုကြည့်နေခဲ့သည်။
သူမကသေရည်ကိုတော့မသောက်ပေ။
လုံယန်ကဒါကိုမြင်တော့သူတို့သူမရဲ့အိမ်ကပြန်လာစဉ်ကဝူဟောက်မင်နဲ့အတူသောက်ခဲ့တာကိုသတိရသွားသည်။ထိုစဥ်က သူမကအတော်သောက်နိုင်ခဲ့တာကိုသူပြန်သတိရသွားသည်။
ထို့ကြောင့် သူကသေရည်ခွက်ကိုယူကာသူမနှုတ်ခမ်းနားတေ့ပေးလိုက်သည်။
လုလျန့်ဝေကသောက်ရန်ပြင်နေစဉ်သေရည်နံ့ရသောကြောင့်ပါးစပ်ကိုပိတ်လိုက်ကာလုံယန့်ကိုကြည့်လိုက်သည်။
လုလျန့်ဝေကအသီးပန်းကန်ထဲမှအသီးကိုကောက်ယူကာစားလိုက်ပြီး။
``မထိန်းနိုင်လို့မဟုတ်ပါဘူး။များများသောက်မိရင်အမူးသမားလိုဖြစ်မှာစိုးလို့ပါ”
``အမူးသမားလိုဖြစ်မယ်တဲ့လား။မင်းမူးနေရင်ဘယ်လိုလဲဝေဝေ”
ဘာလို့မင်းကြီးကဒီလိုပြုမူနေတာလဲ။
သူမကသူ့ကိုငြင်းရန်ပြင်နေစဉ်တွင်ရှုဖေးကမတ်တပ်ရပ်လိုက်သည်ကိုတွေ့လိုက်ရသည်။
သူမ မတိုင်ခင်အခြားတစ်ယောက်ကလဲ ဗျပ်စောင်းနှင့်ဖျော်ဖြေခဲ့သည့်အတွက်သူမရဲ့အစွမ်းပြမှုကမထင်ရှားတော့ပေ။
လူတွေက အစတွင်သိပ်အာရုံမစိုက်မိကြပေမယ့်သူမဖျော်ဖြေနေတာမို့သူမကိုတော့အာရုံစိုက်နေကြသည်။
သံစဉ်ကသာယာကာသီချင်းကလဲရင်းနှီးနေသည်။မင်းကြီးကသူမကိုတီးပြဖူးတာနဲ့တူပေသည်။
သူမမျက်ဝန်းများကခံစားချက်များနှင့်ပြည့်နေကာသူမဖွင့်မပြောနိုင်သည့်ခံစားချက်များကိုဖော်ပြနေသည်နှင့်တူလှသည်။