အခန်း ၇၃၅
Vol. 15 Ch. 735
အပိုင်း၇၃၅:နောက်ဆုံးတော့တစ်ယောက်ယောက်ကပြသနာရှာလိုက်ပြီ
လုလျန့်ဝေကစိတ်မသက်မသာခံစားလာရသည်။
ရှုဖေးကလူအများရှေ့မှာမင်းကြီးကိုမြှူစွယ်နေတာလား။
လုံယန်ကိုကြည့်လိုက်တော့အမူအရာကသာမန်ပဲဖြစ်နေသည်။
ရှုဖေးကဗျပ်စောင်းတီးအလွန်ကျွမ်းကျင်ကာသူမတီးသွားသောသံစဉ်ကလဲထူးခြားလှသည်။သူမတီးပြီးသည့်အချိန်ထိနားထဲတွင်စွဲကျန်နေပေသည်။
ရှုဖေးကပြုံးကာထလိုက်ပြီးလုလျန့်ဝေကိုကြည့်လိုက်သည်။
``ကျွန်မကြားတာတော့အိမ်ရှေ့မင်းသမီးကဗျပ်စောင်းတီးအလွန်ကျွမ်းတယ်တဲ့။ခုသူမကနေမကောင်းတော့အမဲလိုက်ပွဲကိုမလာနိုင်ဘူး။မဟုတ်ရင်ကျွန်မကသူနဲ့မယှဉ်နိုင်ပါဘူး။မိဖုရားနဲ့အိမ်ရှေ့မင်းသမီးကညီအစ်မတွေဆိုတော့နှစ်ယောက်လုံးကမတိမ်းမယိမ်းဖြစ်ကြမယ်ထင်တယ်။မိဖုရားရဲ့တီးခတ်မှုကိုကြားရရင်ဂုဏ်ယူစရာဖြစ်မယ်မဟုတ်ဘူးလား။”
လုလျန့်ဝေကသူ့စကားကိုကြားတော့စိတ်ရှုပ်သွားသည်။သူမကစိတ်ထဲမှပြောလိုက်သည်။နောက်ဆုံးတော့တစ်ယောက်ယောက်ကပြသနာရှာလိုက်ပြီပဲ။
``ကျွန်မကသင်အိမ်ရှေ့မင်းသမီးကိုချီးကျူးမယ်မထင်မိဘူး။အခုကအမဲလိုက်ပွဲမှာလေ။ကျွန်မတို့ကနေ့တိုင်းမောင်းမဆောင်မှာတွေ့နေကြပေမယ့်လည်း သင်ကအခုလိုမပြောခဲ့ဖူးဘူး။ ဒါကအေးခဲတောင်ဆိုတော့လူတွေရဲ့မှတ်ဉာဏ်ကိုကောင်းစေတယ်ထင်တယ် ဒါ ကြောင့်ပြောလေ့မရှိတဲ့အရာတွေကိုပြောတတ်တာနေမှာ”
သူမကမိဖုရားမလို့မင်းကြီးကသူမအပိုင်လို့တွေးနေတာလား။
ရှုဖေးကဒီအမဲလိုက်ပွဲကိုအခွင့်အရေးတစ်ခုလို့ယူဆထားတာဖြစ်သည်းအခြားကြင်ယာတော်နှစ်ပါးကနန်းချခံလိုက်ရတော့မင်းကြီးအနီးတွင်သူမတို့နှစ်ဦးသာရှိတော့သည်။သူမကအခွင့်အရေးကိုရအောင်ယူမည်ဟုဆုံးဖြတ်ထားသည်။
သို့သော်သူမကမင်းကြီးအနားကပ်ရန်ပင်အခွင့်အရေးမရခဲ့ပေ။
သူတို့ကဒီနေ့နန်းတော်ပြန်မှာမို့သူမအတွက်အခွင့်အရေးမရှိနိုင်တော့သည့်အတွက်နောက်မှကြိုးစားရတော့မည်။
ဒါကြောင့်သူမကမင်းကြီးရဲ့သီချင်းကိုတီးကာမင်းကြီးကိုသူ့ဘေးကမိဖုရားကဘာမှမဟုတ်ပါဘူးဆိုတာကိုနားလည်စေလိုခြင်းဖြစ်သည်။
ကံမကောင်းစွာနဲ့လုလျန့်ဝေကသူမစကားကိုစိတ်မဝင်စားဘဲသူမကိုပါပြန်ချေပသွားသည်။
``မိဖုရားပြောတာမှန်ပါတယ်အေးခဲတောင်တန်းကအေးချမ်းတိတ်ဆိတ်တဲ့အတွက်စိတ်ကြည်လင်စေတယ်။မိဖုရားလဲဒီရောက်ပြီးစိတ်သဘောထားကြီးမြတ်လာမယ်ထင်တယ်”
သူမကလုလျန့်ဝေကိုအခြားသူစကားနားမထောင်သူလို့ပြောနေခြင်းဖြစ်သည်။
လုလျန့်ဝေကစိတ်မဆိုးဘဲခေါင်းငြိမ့်ကာပြောလိုက်သည်။
``ရှုဖေးပြောတာမှန်တယ်။လူတွေကစိတ်သဘောထားကြီးမြတ်ပြီးအရင်ကမပြောဖူးတာတွေမပြောသင့်ဘူး။အဲ့လိုလူတွေကပြသနာရှာတဲ့သူအနေနဲ့အဆုံးသတ်သွားနိုင်တယ်။သင်မနက်က ကျွန်မကို နှုတ်ဆက်တုန်းကသင့်ဆံပင်တွေဖြူနေတာကိုတွေ့လိုက်ရတယ်။အသက်အရွယ်နဲ့မလိုက်ဆံပင်ဖြူနေတာကစိတ်ဖိစီးမှုကြောင့်ပဲ။ဒါကြောင့်သင်ကျန်းမာရေးဂရုစိုက်နေသင့်တယ်စိတ်ဖိစီးမှုမဖြစ်ရအောင်လေ”
ရှုဖေးကစိတ်တိုသွားရသည်။လုလျန့်ဝေကသူမကိုအသက်ကြီးနေပြီလို့ပြောလိုက်တာလား။
ကွေ့ဖေးပင်သူမခေါင်းမှဆံပင်ဖြူများကိုသတိမထားမိပေ။
သူမကဒါကိုသေချာဖြီးသင်ထားပေမယ့်လုလျန့်ဝေကဘယ်လိုသတိထားမိတာလဲ။
လုလျန့်ဝေကရှုဖေးစိတ်ဆိုးသွားတာမြင်တော့ပြောလိုက်သည်။
``ကျွန်မကဗျပ်စောင်းတီးတာမကျွမ်းပါဘူး။ဒါပေမယ့်ရှုဖေးကကျွန်မဖျော်ဖြေတာမြင်ချင်ရင်တော့ကျွန်မပုလွေနဲ့ဖျော်ဖြေပေးပါ့မယ်”