အခန်း ၇၃၆
Vol. 15 Ch. 736
အပိုင်း၇၃၆:သူ့နှလုံးသားတွင်စွဲထင်ကျန်နေသည်
လုံယန်ကလုလျန့်ဝေကိုကြည့်ကာမေးလိုက်သည်။
``မင်းပုလွေမှုတ်တတ်လို့လား။”
လုလျန့်ဝေကမျက်လုံးမှိတ်ပြကာပြောလိုက်သည်။
``ခဏနေရင်သိရမှာပါမင်းကြီး”
ထိုသို့ပြောကာသူမကချူကျူထံမှပုလွေကိုယူပြီးလင်ချင်းယွမ်ကိုအချက်ပြလိုက်သည်။
လင်ချင်းယွမ်ကအချက်ပြသည်ကိုနားလည်ကာမတ်တပ်ရပ်လိုက်ပြီးသူမရဲ့အပေါ်ဝတ်အင်္ကျီကိုချွတ်၍မီးတောက်ကဲ့သို့နီရဲနေသောအဝတ်ကိုထုတ်ဖော်ပြလိုက်သည်။
လင်ချင်းယွမ်ကမီးပုံအနီးသို့သွားကာကရန်ပြင်လိုက်သည်။လုလျန့်ဝေကပုလွေမှုတ်လိုက်သည်နှင့်သူမကသံစဉ်အတိုင်းကလိုက်သည်။
သူမရဲ့အကကအလွန်အိန္ဒြေရှိလှပကာသံစဉ်နှင့်လိုက်ဖက်နေသောကြောင့်လူအများကထိုဖျော်ဖြေမှုတွင်ပျော်ဝင်နေကြသည်။
ထိုမိန်းကလေးရဲ့အနီရောင်အဝတ်ကသူမရဲ့အသားအရောင်နှင့်လိုက်ဖက်နေပြီးမီးပုံအနီးတွင်ပုလွေသံစဉ်အတိုင်းကနေသည်မှာအိန္ဒြေရှိကာလှပနေသည်။မိဖုရားရဲ့ပုလွေသံကလဲနတ်တို့၏အသံကဲ့သို့သာယာလှသည်။
လူအများကလင်ချင်းယွမ်၏အကတွင်ပျော်ဝင်နေကြပေမယ့်လုံယန်ကတော့လုလျန့်ဝေကိုသာကြည့်နေခဲ့သည်။
ထိုကောင်မလေးကသူ့ကိုအံ့သြစေပြန်သည်။
သူမကတကယ်ပဲပုလွေမှုတ်တတ်ပြီးကျွမ်းကျင်ပေသည်။
လုံယန်ကနားစွင့်ကာသေချာနားထောင်ပြီးစည်းချက်တိုင်းကသူ့နှလုံးသားတွင်စွဲထင်ကျန်နေခဲ့သည်။
လုလျန့်ဝေလိုဘာမှမတတ်တဲ့သူကပုလွေကောင်းကောင်းမှုတ်တတ်တယ်။သူအံ့သြနေမိသည်။
သူသာသူမအရင်နဲ့မတူတော့တာကိုမသိထားဘူးဆိုရင်သူမကအခြားတစ်ယောက်ကိုမှုတ်ခိုင်းပြီးဟန်ဆောင်နေတယ်လို့သံသယဝင်မိမှာပင်။
ရှုဖေးကစိတ်ဆိုးနေမိသည်။အခုမှသူမကတကယ်ကိုမပျော်နိုင်ဖြစ်သွားရသည်။
ရှုဖေးကဗျပ်စောင်းကိုကျွမ်းကျင်စွာတီးခတ်နိုင်ပေမယ့်လုလျန့်ဝေနဲ့လင်ချင်းယွမ်ရဲ့ဖျော်ဖြေမှုကအံ့သြစရာကောင်းလွန်းသည်။
လင်ချင်းယွမ်ကစိတ်ပူသွားရသည်။သူမ ကတာမကောင်းလို့လား။
သူမကသံစဉ်နဲ့လိုက်ဖက်ဖို့ဒီအကကိုအတော်ကြာလေ့ကျင့်ထားတာဖြစ်လို့သူမကလုလျန့်ဝေကိုတောင်းပန်သည့်အကြည့်နှင့်ကြည့်လိုက်သည်။
လုလျန့်ဝေကစိတ်ထဲမထားဘဲချူကျူကိုပုလွေလှမ်းပေးကာသောက်စရာရှာနေစဉ်တွင်လုံယန်ကရေခွက်လှမ်းပေးသည်။သူမကသူပေးသောရေကိုသောက်လိုက်ကာသူမရဲ့ဖျော်ဖြေမှုအဆင်ပြေလားလို့မေးရန်ပြင်နေစဉ်တွင်လုံယန်ကလက်ခုပ်တီးလိုက်သည်။
လူထုကထိုသီချင်းတွင်ပျော်ဝင်နေသောကြောင့်သူတို့ကမေ့နေကြကာလက်ခုပ်သံကြားတော့မှသူတို့ကလက်ခုပ်ထတီးကြတော့သည်။
လင်ချင်းယွမ်ကယခုမှစိုးရိမ်စိတ်ပျောက်ကာပျော်သွားတော့သည်။သူမရဲ့ပုလွေမှုတ်သံကမကောင်းပေမယ့်လင်ချင်းယွမ်ရဲ့အကကတကယ်ကောင်းတာမလို့လုလျန့်ဝေကစိတ်မပူခဲ့ပေ။
လုလျန့်ဝေ သူမတို့နှစ်ဦးကလူတွေကိုအံ့သြစေရန်လုပ်နိုင်မယ်လို့ ထင်ထားခဲ့ပေမယ့်ခုလိုအားပေးမှုရမယ်လို့တော့မမျှော်လင့်ထားခဲ့ပေ။
သူမတွေးနေစဉ်မှာပင်လုံယန်ကသူမခါးကိုဖက်ကာပြောလိုက်သည်။
``ဝေဝေမင်းဒီလိုသီချင်းမျိုးဖျော်ဖြေတတ်တာကိုဘာလို့မပြောပြတာလဲ။”