အခန်း ၇၃၇
Vol. 15 Ch. 737
အပိုင်း၇၃၇:ဦးရီးတော်ကအခုဘယ်သူနဲ့ရှိနေလဲသိလား။
လုလျန့်ဝေကဖြေလိုက်သည်။
``ကျွန်မသင်ထားတာမကြာသေးဘူးလို့ပြောရင်ယုံမှာလား။”
လုံယန်ကခေါင်းခါကာပြောလိုက်သည်။
``ကိုယ်ကအသံနေအသံထားမသိတဲ့သူလား။မင်းရဲ့ပုလွေသံကိုကြားရတာတော့အချိန်တိုနဲ့သင်ယူထားတဲ့ဟာမဟုတ်ဘူး”
လုလျန့်ဝေကခေါင်းငြိမ့်လိုက်သည်။
``မင်းကြီးကနားကောင်းတာပဲ”
လုံယန်ကမေးလိုက်သည်။
``မင်းအကြောင်းကိုယ်မသိတာရှိသေးလားဝေဝေ။”
လုလျန့်ဝေကပြောလိုက်သည်။
``ကျွန်မလဲသိချင်မိတယ်”
လုံယန်ကသူမကိုကြည့်လိုက်သည်။
``ကိစ္စမရှိပါဘူး”
သူကသူမရဲ့လျှို့ဝှက်ချက်တွေကိုဖြည်းဖြည်းချင်းသိလာမှာပင်။
မကြာခင်မှာအမတ်ကြီးများ၏သမီးများကလဲဖျော်ဖြေကြသည်။
လုလျန့်ဝေကသန့်စင်ခန်းသွားချင်လာသောကြောင့်ချူကျူနှင့်အတူထွက်လာခဲ့သည်။
ရှုဖေးလဲမကြာခင်ထွက်သွားတော့သည်။
ထို့နောက်လုလျန့်ဝေကအပြင်ထွက်လာချိန်တွင်ရင်းနှီးသောပုံရိပ်တစ်ခုကဖြတ်သွားသည်ကိုတွေ့လိုက်ရသည်။
လုံယန်ကနက်ပြာရောင်ဝတ်ထားတာဖြစ်ပြီးယခုဖြတ်သွားသူကလဲနက်ပြာရောင်ဝတ်ထားသည်။
သူမကအလင်းရောင်ကြောင့်အထင်မှားတာလဲဖြစ်နိုင်သည်။
သူမတို့နှစ်ဦးစင်္ကြံတွင်လမ်းလျှောက်နေစဉ်ရှုဖေးကလဲထိုလူသွားသည့်လမ်းအတိုင်းသွားသည်ကိုတွေ့လိုက်ရသည်။
လုလျန့်ဝေကချူကျူကိုကြည့်လိုက်ကာသူမတို့နှစ်ဦးလုံးထူးဆန်းသလိုခံစားမိလိုက်ကြသည်။
လုလျန့်ဝေကမီးပုံပွဲတွင်ရှုဖေး၏မင်းကြီးအပေါ်ကြည့်နေသောအကြည့်ကိုပြန်သတိရသွားသည်။
သို့သော်သူမတို့ကရှုဖေးကိုရှာမတွေ့တော့ပေ။သူမတို့ကသိချင်နေသော်လည်းမှောင်မဲနေသောကြောင့်ဆက်မသွားလိုက်ကြတော့။
``ထားပါတော့အမဲလိုက်ကွင်းကိုပြန်သွားရအောင်အဲ့ဒါကအခြားတစ်ယောက်ယောက်နေမှာပါ”
သူမကလုံယန်သူ့နေရာမှာရှိနေတာကိုမြင်ရသရွေ့ရှုဖေးရဲ့အမူအရာကိုဂရုမစိုက်ပေ။
``ဝေဝေ မင်းကကိုယ့်ကိုမင်းရဲ့ကျွမ်းကျင်မှူတွေကိုထုတ်ပြပြီးအံ့သြအောင်လုပ်ခဲ့တာပဲ”
လုလျန့်ဝေကစိတ်ပျက်နေမိသည်။အိမ်ရှေ့စံကမြည်းကန်တာခံလိုက်ရတာလား။ဘာလို့သူမကိုဒါမျိုးတွေလာပြောနေတာလဲ။
``ကျွန်မရှင်နဲ့ရှင်းရှင်းလင်းလင်းပြောပြီးပြီထင်တယ်မင်းသား။ရှင်အခုထိနားမလည်သေးဘူးဆိုရင်ကျွန်မကရှင့်ဦးရီးတော်ကိုပြောမှဖြစ်တော့မယ်”
``ဘာလို့ဦးရီးတော်ကိုဆွဲထည့်နေတာလဲဝေဝေ။မင်းနောင်တကြောင့်ကိုယ့်ကိုသံယောဇဉ်ဖြတ်ဖို့လုပ်နေတာမကောင်းပါဘူး”
လုလျန်ဝေကသူ့ကိုကြည့်ကာအေးစက်စွာပြောလိုက်သည်။
``ကျွန်မကဘာလို့နောင်တရရမှာလဲ။ပြီးတော့ရှင်နဲ့ကျွန်မကြားကဆက်ဆံရေးကအဒေါ်နဲ့တူလေရှင်ကသာစိတ်မပြတ်နိုင်တာပါ။ထားပါတော့ကျွန်မရှင့်ကိုဒေါသမထွက်ချင်ဘူး။ရှင်ကျွန်မကိုနှောင့်ယှက်နေမယ်ဆိုရင်ဘာလုပ်မိမယ်ဆိုတာမပြောနိုင်ဘူးနော်။”
လုံချီကဒေါသထွက်သွားလေသည်။ဒီမိန်းမကဦးရီးတော်အားကိုးနဲ့သွေးကြွနေတာပဲ။
``မင်းကဦးရီးတော်အတွက်တစ်ဦးတည်းသောသူလို့ထင်နေလို့ကိုယ့်ကိုအထင်သေးနေတာမလား။ဒါပေမယ့်အခုဦးရီးတော်ကဘယ်သူနဲ့အတူရှိနေလဲဆိုတာသိရဲ့လား။”