Chapters

အခန်း ၇၃၈

Vol. 15 Ch. 738

အခန်း ၇၃၈

Vol. 15 Ch. 738

အပိုင်း၇၃၈:သူကခက်ခက်ခဲခဲလုပ်ရမယ့်ပုံပေါ်တယ်

သူ့စကားကိုကြားတော့သူမကခြေလှမ်းကိုရပ်လိုက်ကာသူပြသောဘက်သို့ကြည့်လိုက်သည်။

ဒါကကြင်ရာတော်နေတဲ့နေရာမဟုတ်ဘူးလား။

သူမကစိတ်တိုသွားသည်။

လုံချီကပြောလိုက်သည်။

``မင်းကအမြဲတမ်းဦးရီးတော်ကိုတွေးနေတာဆိုပေမယ့်အခုသူကမင်းကိုစိတ်မဝင်စားတော့မှာစိုးရိမ်မိတယ်။သူကအခုအခြားမိန်းမတစ်ယောက်နဲ့အချိန်ကုန်ဆုံးနေပြီ...”

လုံချီစကားမဆုံးခင်မှာပင်ဓားမြှောင်ကသူ့ရင်ဝနားရောက်လာသည်။

သူ့မျက်နှာကချက်ချင်းထိတ်လန့်သွားသည်။

``လုလျန့်ဝေ မင်း”

လုလျန့်ဝေကပြောလိုက်သည်။

``ရှင့်ကိုစကားများတဲ့သူလိုထင်ထားတာမင်းသား၊ဘာလို့အခုကျတိတ်သွားတာလဲ။”

လုံချီကသူမစိတ်တိုနေတာမြင်တော့အသံနိမ့်ကာပြောလိုက်သည်။

``ဒီဓားမြှောင်ကမင်းကြီးစီကရတာလေ။ရှင်သိလားကျွန်မဒါနဲ့လွန်ခဲ့တဲ့နှစ်ရက်ကကျားကိုသတ်ခဲ့တာ။ကျားရဲ့လည်ပင်းကိုထိုးလိုက်တာသွေးတွေကမြေပြင်မှာပြည့်သွားတယ်။ဒါကဒီဓားမြှောင်ဘယ်လောက်ချွန်တယ်ဆိုတာအသိသာပဲ။ရှင်တွေးကြည့်လေအခုသာမတော်တဆဒါကရှင့်ကိုထိမိသွားရင်ဘာဖြစ်သွားမလဲ။ကျားလိုပဲဖြစ်သွားမှာလား။”

``ဘယ်လိုတောင်အတင့်ရဲတာလဲ။ဘာဖြစ်ဖြစ်ကျွန်မကရှင့်အဒေါ်နော်။ကျွန်မနာမည်ကိုခေါ်နေတာမလေးစားတာပဲ။အခုကျွန်မရှင့်ကိုဘယ်လိုအပြစ်ပေးသင့်လဲပြောပါဦး။”

လုံချီကခဏတိတ်သွားပြီးနောက်သူ့ကိုပြောလိုက်သည်။

``ကိုယ်ကမင်းနဲ့အတူ တူအရီးလုပ်နေလို့ရပါတယ် ဒါပေမယ့်မင်းလိုမိဖုရားတစ်ပါးကကိုယ့်ကိုအပြစ်ပေးနိုင်မယ်ထင်နေတာလား။”

``ကျွန်မမလုပ်နိုင်ပါဘူးဒါပေမယ့်ရှင့်ဦးရီးတော်ကလုပ်နိုင်တယ်လေ။ရှင်ကျွန်မကိုနှောင့်ယှက်ပေမယ့်ကျွန်မကရှင့်ကိုအကြိမ်တိုင်းခွင့်လွှတ်ပေးနေတာ။အခုရှင်ကလေးစားမှုမရှိတော့ကျွန်မမင်းကြီးကိုဆုံးဖြတ်ခိုင်းရတော့မယ်”

လုံယန်ကသူ့ကိုအိမ်ရှေ့စံနေရာကဖြုတ်ချဖို့အကြောင်းပြချက်လိုအပ်နေတာဆိုတော့အခုမိဖုရားကိုနှောင့်ယှက်တဲ့အမှုကပြစ်မှူကောင်းမလား။

သူကကြိုးစားခဲ့ပေမယ့်သူမကအမြဲတမ်းငြင်းပယ်နေတာပင်။

လုလျန့်ဝေကလှည့်ထွက်ရန်ပြင်နေစဉ်သူ့စကားကြောင့်နောက်လှည့်ကြည့်လိုက်သည်။

သူမကလှည့်လိုက်စဉ်တွင်အေးစက်စက်အရာတစ်ခုကသူမပါးစပ်ထဲသို့နှုတ်ခမ်းထောင့်မှတစ်ဆင့်ဝင်သွားသည်။

သူမကလုံချီမျက်နှာသို့လှည့်၍ထွေးထုတ်လိုက်ကာသူမအိတ်ထဲမှဆေးလုံးကိုထုတ်ကာမြိုချလိုက်သည်။

သူကသူ့မျက်နှာကိုသုတ်ကာသူမလက်ကိုဆွဲရန်ပြင်လိုက်စဉ်ဓားတစ်စင်းကသူ့ကိုတားလိုက်သည်။

လုလျန့်ဝေကဆေးကိုသောက်ပြီးတည်ငြိမ်သွားတာမြင်တော့သူမကစိတ်သက်သာရာရသွားသည်။

``ကျွန်မရဲ့အလုပ်ကမိဖုရားကိုစောင့်ရှောက်ရတာပါ။ကျွန်မရဲ့အလုပ်ကိုခက်ခဲအောင်မလုပ်ပါနဲ့မင်းသား”