အခန်း ၇၃၉
Vol. 15 Ch. 739
အပိုင်း၃၇၉:သေဒဏ်
ဒါကိုကြားတော့လုံချီကသူ့ဓားကိုဆွဲထုတ်ကာပြောလိုက်သည်။
``မင်းတော့သေပြီပဲ...”
သူ့စကားမဆုံးခင်တစ်ခုခုကသူ့ပါးစပ်ထဲရောက်ကာလည်ချောင်းထဲဝင်သွားလေသည်။
သူ့လည်ပင်းကိုကိုင်ကာလုလျန့်ဝေကိုကြည့်၍ပြောလိုက်သည်။
``မင်းဘာလုပ်လိုက်တာလဲ။”
လုလျန့်ဝေကသူ့ကိုပြောလိုက်သည်။
``ရှင်ကြားဖူးမှာပေါ့ကိုယ်ပြုတဲ့ကံကိုယ့်ထံပြန််တယ်ဆိုတာလေ”
လုံချီကထိတ်လန့်ကာပြောလိုက်သည်။
``ငါ့ ကိုစိတ်ကြွဆေးတိုက်လိုက်တာလား။”
လုလျန့်ဝေကမျက်ခုံးပင့်ကာပြောလိုက်သည်။
``ဒါဆိုရှင်ကျွန်မကိုတိုက်လိုက်တာစိတ်ကြွဆေးပေါ့ဟုတ်လား။”
လုလျန့်ဝေကသူ့ကိုပြောလိုက်သည်။
``မပူပါနဲ့ကျွန်မကရှင့်လိုမဟုတ်ပါဘူး။ကျွန်မရဲ့ဆေးကမြန်မြန်အစွမ်းမပြဘူးလေ။ပျော်ရွှင်လိုက်ပါဦးမင်းသား”
သူမတို့နှစ်ဦးသူ့ရှေ့ကပျောက်သွားတော့သူကသူ့နန်းဆောင်ထံပြန်လာခဲ့သည်။
သူသာဒီညတစ်ခုခုလုပ်နိုင်ခဲ့ရင်လုလျန့်ဝေကိုကျေးဇူးတင်ရလိမ့်မည်။
သို့သော် လုံချီမိန်းကလေးလင်ကိုရှာရန်သွားနေစဉ်တွင်ဗိုက်ထဲမှအောင့်လာကာသည်းမခံနိုင်တော့ဘဲသန့်စင်ခန်းသွားလိုက်ရသည်။
လုလျန့်ဝေပြန်မရောက်လာတော့လုံယန်ကယာယီနန်းဆောင်ကိုသွားကာသူမကိုရှာလိုက်သည်။
တကယ်လို့ဝေဝေသာသန့်စင်ခန်းသွားတယ်ဆိုရင်သူမကဝါးအိမ်ကိုပြန်သွားမှာဖြစ်သည်။
ဒီနေရာကိုဝါးအိမ်လို့ခေါ်တာကဝါးတောအုပ်ထဲရှိနေသောေကြာင့်ဖြစ်ပြီး ပြီးတော့သန့်စင်ခန်းကထိုနေရာအနီးတွင်ဖြစ်သည်။
လုလျန့်ဝေကိုအိမ်ထဲတွင်မတွေ့တော့သူကတောအုပ်ဘက်ထွက်ခဲ့သည်။
သူကဖြတ်သွားချိန်တွင်ရင်းနှီးသောပုံရိပ်တစ်ခုကဝါးပင်အနီးရပ်နေသည်။
မီးရောင်မှိန်မှိန်ကြောင့်လုလျန့်ဝေသူ့နားလာနေသည်ဟုလုံယန်ထင်လိုက်သည်။
``ဝေဝေဘာလို့ကြာနေတာလဲ။ချူကျူရော။သူဘာလို့မင်းနဲ့အတူရှိမနေတာလဲ။”
သူမစကားမဆုံးခင်မှာပဲသူမခန္ဓာကိုယ်ကအရုပ်တစ်ရုပ်ကဲ့သို့လွင့်သွားသည်။
အော်ဟစ်လိုက်သောအသံကညနက်တွင်ကျယ်လောင်စွာပေါ်လာသောကြောင့်ငှက်များကလန့်၍ထပျံကြသည်။
ရှုဖေးကမြေပြင်ပေါ်လဲကျကာနှုတ်ခမ်းထောင့်ကသွေးထွက်နေသည်။သူမကကောင်းကင်ကိုကြည့်နေမိသည်။သူမဘာမှမလုပ်လိုက်ရဘဲဘာလို့ဒီလိုဖြစ်သွားရတာလဲ။
သူမကမင်းကြီးရဲ့ဝတ်ရုံကိုဆွဲပြီးမယ်တော်ကြီးပေးတဲ့ဆေးကိုသုံးဖို့တွေးမိပေမယ့်သူမကကန်ထုတ်ခံလိုက်ရသည်။
ညအလင်းရောင်အောက်တွင်သူမကမင်းကြီးရဲ့ကြောက်စရာအသံကိုကြားလိုက်ရသည်။
``ရှုဖေးကကိုယ့်တော့်ကိုလုပ်ကြံဖို့ကြိုးစားတာကြောင့်သူမကိုချက်ချင်းရာထူးမှချပြီးသေဒဏ်စီရင်လိုက်”
ရှုဖေးကကြောက်လန့်တကြားထကာပြန်ပြောလိုက်သည်။
သူမကနောက်ဆုံးမြင်လိုက်ရသည်မှာလူငယ်တစ်ယောက်ကအေးစက်စွာဓားကိုဆွဲထုတ်သည့်မြင်ကွင်းဖြစ်သည်။