အခန်း ၇၄၀
Vol. 15 Ch. 740
အပိုင်း၇၄၀:သဝန်တိုမှု
လုံယန်ကသူမကိုလှည့်မကြည့်တော့ဘဲချူကျီကိုပြောလိုက်သည်။
``ချူကျီဒီအရှုပ်ကိုရှင်းလိုက်”
ရှုဖေးကလုံယန်မောင်းမဆောင်ကိစ္စကိုဒီလိုဖြေရှင်းမည်ဟုမထင်ခဲ့ပေ။သူမကဆင်ခြေပေးစရာမလိုလိုက်ပဲစီရင်ခံလိုက်ရသောပထမဆုံးသူဖြစ်သည်။
နောက်ရက်မှာတော့ရှုဖေးကမင်းကြီးကိုလုပ်ကြံလို့သေဒဏ်စီရင်ခံလိုက်ရတဲ့သတင်းထွက်ပေါ်လာသည်။
အားလုံးကထိတ်လန့်သွားကြသည်။
ရှုဖေးရဲ့ဗျပ်စောင်းတီးနေတဲ့ပုံရိပ်ကနောက်ဆုံးအမှတ်တရဖြစ်မယ်လို့မည်သူကမှထင်မထားခဲ့ပေ။
ပြီးတော့သူမကိုယ်သူမစတေးပြီးမင်းကြီးကိုလုပ်ကြံမည်ဟုလည်းမထင်ထားကြ။
ရှုဖေးကမင်းကြီးရဲ့လစ်လျူရှုမှုကိုမခံနိုင်လို့တစ်ခုခုလုပ်လိုက်တာကမင်းကြီးကိုဒေါသထွက်စေကာခုလိုဖြစ်သွားရတယ်ဟုသူတို့ကခံစားမိကြသည်။
မောင်းမဆောင်မှာဒီတိုက်ဆိုင်မှူတွေကတစ်ခုပြီးတစ်ခုဖြစ်နေသည်။
မင်းကြီးကသူ့ကြင်ရာတော်လေးပါးကိုစိတ်ကုန်နေပုံရသည်။
သူတို့ကသူတို့ရဲ့သမီးငယ်များကိုနန်းတော်ထဲပို့ချင်နေကြသည်။
လုံယန်ကဝါးတောအုပ်ကပြန်လာတော့လုလျန့်ဝေကနေရာတွင်ထိုင်နေသည်ကိုမြင်လိုက်ရသဖြင်ြအံ့သြသွားရသည်။
``မင်းအချိန်အကြာကြီးပျောက်သွားပြီးပြန်မလာသေးလို့ကိုယ်ကသင်သန့်စင်ခန်းထဲများပြုတ်ကျသွားသလားလို့စိတ်ပူပြီးသွားရှာတာပါ”
လုလျန့်ဝေကပြောလိုက်သည်။
လုံယန်ကသူမလက်ကိုကိုင်လိုက်တာသူမလက်တွေကပူနေတာသိရတော့မေးလိုက်သည်။
``ရှင်ကျွန်မကိုရှာနေတုန်းတစ်ယောက်ယောက်နဲ့တွေ့ခဲ့သေးလား။ကျွန်မပြန်လာတဲ့လမ်းမှာရှုဖေးကိုတွေ့ခဲ့တယ်။သူမကအလျင်လိုနေတဲ့ပုံပဲ။”
``ကိုယ်ဝါးအိမ်ကထွက်လာတော့မင်းအစားကြင်ရာတော်နဲ့တောအုပ်ထဲတွေ့ခဲ့တယ်”
လုလျန့်ဝေကစိတ်အေးအေးထားကာသူ့ကိုပြောလိုက်သည်။
``ဒါဆိုရှင်ကသူနဲ့စကားပြောနေလို့ခုမှပြန်ရောက်တာပေါ့ဟုတ်လား။”
လုံယန်ကသူမအသံအနေအထားကိုကြားတော့သူမလက်ကိုကိုင်၍
``မင်းအချိန်ကြာနေတာကအိမ်ရှေ့စံနဲ့စကားပြောနေတာကြောင့်လား။သူကမင်းကိုဘာပြောတာလဲ။”
လုလျန့်ဝေကသူ့ကိုကြည့်ကာပြောလိုက်သည်။
``သူပြောတာကသူကရှင့်ကိုရှုဖေးနဲ့အတူတွေ့ခဲ့တယ်တဲ့”