အခန်း ၇၄၁
Vol. 15 Ch. 741
အခန်း ၇၄၁ ဝေဝေ စဉ်းစားဉာဏ် ပျောက်ဆုံးသွားသည်။
သူ ရှုဖေးနှင့် ရှိနေကြောင်း လုံချီ မည်သို့သိနေမှန်း လုံယန် စဉ်းစားမရဖြစ်နေသည်။
သို့မဟုတ် သူတို့နှစ်ယောက်အကြား ပြဿနာတက်စေရန် ဝေဝေရှေ့၌ တမင်ပြောလိုက်ခြင်းဖြစ်နိုင်သည်။
လုလျန့်ဝေ သူမနဖူးသို့လက်တင်လိုက်ကာ လုံယန်ဆီမှ အသံပြန်မကြားရသောအခါ စိတ်မချဖြစ်ပြီး သူ့အင်္ကျီလက်ကို ဆွဲကိုင်လိုက်သည်။
”ဘာလို့အဲ့လောက်တောင် ကြာနေတာလဲ။ပြီးတော့ ရှုဖေးနဲ့ ဘာလုပ်နေတာလဲ”
သူသာ သူမ ခွင့်မလွှတ်နိုင်သည့် အရာကို လုပ်မိပါက သူ့ကို နောင်တရစေရန် သူမ ပစ်သွားပေလိမ့်မည်။
လုလျန့်ဝေကိုင်ထားသော အင်္ကျီကိုကြည့်ရင်း သူမစကားကို ကြားသောအခါ လုံယန် ပြုံးမိလိုက်သည်။သူမ ငြူစူနေပုံမှာ သူ့အတွက် ချစ်စရာကောင်းလှသည်။
သူ့မလက်အား သူ၏လက်ဖြင့်အုပ်ကိုင်ကာ သူမနားထဲသို့ တီးတိုးငုံ့ပြောလိုက်သည်။
”ရှုဖေးက မင်းအဖြစ်ဟန်ဆောင်ပြီး ကိုယ့်ကို ဆွဲဆောင်ဖို့လုပ်လို့ သူ့ကို သေဒဏ်ချလိုက်တယ်”
သူ၏ စကားလေပြေမှာ သူမနားမှတဆင့် သူမနှလုံးသားအထိ စိမ့်ဝင်သွားသဖြင့် သူမ ဘာလုပ်ရမည်မသိဖြစ်နေစဉ် သူ၏စကားကို ရုတ်တရက် နားလည်လိုက်သည်။
လုံယန်မှ သူမဆံပင်များကို သပ်ကာ မူမပျက် ပြောလိုက်သည်။
ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုသော်လည်း ရှုဖေး ရုတ်တရက် သေဆုံးသွားရသည့်အကြောင်းကို သူမ မတွေးနိုင်ဖြစ်နေရသည်။
ဝါးရုံတော်ခြံဝင်းသို့ ပြန်ရောက်ချိန်တွင် လုလျန့်ဝေသည် သူမရေချိုးရန်အတွက် အစေခံများကို ပြင်ခိုင်းလိုက်သည်။
မနက်ဖြန်တွင် နန်းတော်သို့ ပြန်ကြမည်ဖြစ်ပြီး လုံယန်မှာမူ ချူကျီအား အမိန့်ပေးရန်ရှိသဖြင့် တော်ဝင်စာကြည့်ခန်းသို့ သွားနေသည်။
ရေချိုးပြီးချိန်တွင်ပင် လုလျန့်ဝေ ပူလောင်နေသဖြင့် လုံချီ သူမအပေါ်ဖြန်းလိုက်သော စိတ်ကြွဆေးကြောင့် ဖြစ်ရမည်ဟု သိလိုက်သည်။
စိတ်ကြွဆေးမှာ အဆိပ်မဟုတ်သဖြင့် သာမန်အဆိပ်ပြေဆေးများမှာ လက္ခဏာ ပျောက်ကင်းအောင် မလုပ်နိုင်ချေ။
ကံကောင်းစွာဖြင့် သူမ အလျင်အမြန်ထွေးထုတ်လိုက်နိုင်သော်လည်း တချို့ကို တံတွေးနင့်အတူ မျိုချမိလိုက်နိုင်သည်။ဖြေဆေးများသောက်ထားသော်လည်း ဆေးအစွမ်းကို ဖိနှိပ်ထားရုံမျှသာ တတ်နိုင်သည်။ယခု ဖြေဆေးပြယ်သွားပြီ ဖြစ်သဖြင့် စိတ်ကြွဆေးမှာ တဖန်ပြန်လည် အာနိသင်ပြလာသည်။
သူမ ညဘက်ဝတ်ရုံကို ဖြေလျှော့ကာ အိပ်ရာထဲ လှဲလိုက်သည်။သို့ရာတွင် အိပ်ရာထဲတွင် သူမ လူးလှိမ့်ကာ မအိပ်နိုင်ဖြစ်နေသည်။
လုံယန် ပြန်ရောက်လာချိန်တွင် လုလျန့်ဝေ အိပ်ပျော်နေပြီထင်သဖြင့် ကိုယ်လက်သန့်စင်ကာ အိပ်ရာဆီ ပြန်လာချိန်တွင် လုလျန့်ဝေမှ ရုတ်တရက် စောင်ကို ကန်ထုတ်လိုက်သည်ကို တွေ့ရသည်။
လုံယန်လဲလျောင်းကာ စောင်ခြုံရန်ပြင်လိုက်စဉ် သူမ၏ရီဝေသော မျက်လုံးများနှင့် အကြည့်ချင်းဆုံမိသည်။
“ဘာဖြစ်လို့လဲ ဝေဝေ”
သူ သူမအား မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ချိန်တွင် သူမ၏နဖူးဖြူဖြူ၌ ချွေးဥများကျနေသည်ကို တွေ့လိုက်ရသည်။
လုလျန့်ဝေ၏အသံမှာ အနည်းငယ် နိမ့်နေကာ သူ၏နှုတ်ခမ်းကို တွေ့ချိန်တွင် သူမ တုန်ရီသွားသည်ကို တွေ့လိုက်ရသည်။
သို့ရာတွင် သူမ စိတ်ပုံမှန် မဟုတ်သည်ကို သိလိုက်သဖြင့် သူ စိတ်ထိန်းလိုက်သည်။
သူမ မျက်နှာအား လက်နှစ်ဖက်ဖြင့် အုပ်၍ကိုင်ကာ သူမကို နမ်းရင်း မေးလိုက်သည်။
လုလျန့်ဝေ မနေနိုင် မထိုင်နိုင် ဖြစ်နေသည်။သူ နှောင်နှေးနေပုံကို စိတ်မရှည်ဖြစ်ကာ သူ၏ခါးပတ်ကို ဆွဲချွတ်ပြီးနောက် အဝတ်အောက်ထဲသို့ လက်နှိုက်လိုက်သည်။
လုံယန် ညည်းတွားလိုက်ကာ သူမအား အံ့အားသင့်စွာ ကြည့်လိုက်သည်။
လုလျန့်ဝေမှာတော့ စဉ်းစားဉာဏ်ပျောက်ဆုံးက သူမကိုယ် နေမသာထိုင်မသာ ဖြစ်နေသည်ကို ဖြေဖျောက်ရန်သာ တွေးနေမိသည်။