Chapters

အခန်း ၇၄၂

Vol. 15 Ch. 742

အခန်း ၇၄၂

Vol. 15 Ch. 742

အခန်း ၇၄၂ အန္တရာယ်အပြည့်

လုံချီ အိမ်သာမှ ထွက်လာသည့် ၁၅ ကြိမ်မြောက်တွင် ပင်ပန်းလွန်းသဖြင့် မေ့လဲကျမမတတ် ဖြစ်နေသည်။

ကောင်းကင်မှ အရုဏ်ဦးရောင်စဉ်များကိုကြည့်ကာ သူအံကြိတ်လိုက်မိသည်။

ညက သူ တစ်ရေးမျှ မအိပ်ခဲ့ရသလို အိမ်သာဆီ ပြေးရသည်မှာလည်း အခါ ၂၀ ခန့် ရှိနေပြီဖြစ်သည်။

ဤအရာအားလုံး လုလျန့်ဝေလက်ချက်ကြောင့်ဖြစ်သည်။

ထိုမိန်းမကို သူလျှော့တွက်ခဲ့မိသဖြင့် သူမလက်ချက်မိခဲ့ရသည်။

“ယဉ်ကျေးခြင်းသည် အတုံ့အလှည့် ရှိရသည် ဆိုသည်”မှာ သူ့အား ဝမ်းလျှောဆေး ကျွေးလိုက်ခြင်းဖြစ်သည်။

ကျန်ချောင်မှာ သူ့ကိုကြည့်ကာ စိုးရိမ်စွာဖြင့် မေးလိုက်သည်။

”အိမ်ရှေ့စံ ကျွန်တော်တို့အစီအစဉ်က...”

လုံချီမှာ သစ်ပင်ကို အမှီပြုကာ အကြည့်များ အေးစက်နေသည်။သူက အံကိုကြိတ်လျက်

ကျန်ချောင်သည် စီစဉ်စရာများစီစဉ်ရန် အမြန်ထွက်ခွာသွားတော့သည်။

နေရောင်စမြင်ရချိန်တွင် လူသူအားလုံး ယာယီနန်းဆောင်များမှ ထွက်ကာ နန်းတော်ဆီသို့ ပြန်ရန် ပြင်ဆင်နေကြသည်။

မင်းကြီး နှင့် လုလျန့်ဝေတို့ ရောက်လာသည်ကို မြင်ရသောအခါ ဒူးများထောက်ကာ နှုတ်ဆက်လိုက်ကြသည်။

လုံချီမှာ ခေါင်းငုံ့ထားသော်လည်း မင်းကြီး၏ လှုပ်ရှားမှု မှန်သမျှကို မျက်စိထောင့်မှ လိုက်လံကြည့်ရှုနေသည်။

ရထားလှည်းထဲသို့ သူဝင်သွားသည်ကို တွေ့လိုက်မှသာ သူစိတ်အေးသွားသည်။

ရထားလှည်းအထဲမှ မင်းကြီး၏ အသံထွက်ပေါ်လာသည်။

ထိုအခါမှသာ လူတိုင်းထလာကာ မြင်းများ၊ရထားလှည်းများပေါ်သို့ နေရာယူလိုက်ကြသည်။

သူ၏မြင်းပေါ်မှနေ၍ ရထားလုံးကို လှမ်းကြည့်ကာ လုံချီ အေးစက်စက် ပြုံးလိုက်သည်။

ယမန်နေ့ည ဝမ်းလျှောခြင်းကြောင့် သူ စိတ်မသာယာနေသော်လည်း ယခု၌မူ ထိုသို့ မကျေနပ်ခြင်းများ ပျောက်ကွယ်သွားသည်။

သူ့ဦးလေး သေသည်နှင့် ရာဇပုလ္လင်နှင့် လုလျန့်ဝေတို့မှာ သူ၏ လက်တဖျားသို့ ရောက်တော့မည်ကို တွေးကာ လုံယန် ပျော်ရွှင်နေသည်။

ယနေ့မှစ၍ အရာရာတိုင်း ပြောင်းလဲတော့မည်ဖြစ်သည်။

အေးခဲတောင်တန်းများမှ နန်းတော်သို့ သွားရာတွင် သိမ်းငှက်တောင်ကြားလမ်းကို မလွဲမသွေ ဖြတ်သွားရမည်ဖြစ်သည်။

လမ်း၏ဘေးတွင် ချောက်ကမ်းပါးရှိနေသဖြင့် အလွန်အမင်း ဂရုစိုက်ကာ သွားရသည်။

အေးခဲတောင်တန်းဆီသို့ သွားစဉ်ကလည်း ဖြတ်ခဲ့ရသော်လည်း လူတိုင်းမှာ သတိထားကာ ဖြတ်သန်းနေကြသည်။

နန်းတွင်းအစောင့်များမှာ အရင်ဖြတ်ကျော်ပြီးအနောက်မှ မင်းကြီးနှင့် မိဖုရားကြီးတို့၏ ရထားလုံး လိုက်ပါလာသည်။

အဖက်ဖက်၌လည်း နန်းတွင်းအစောင့်များ လိုက်ပါစောင့်ကြပ်နေသေးသည်။

ထိုစဉ်တွင် မည်သည့်နေရာကမှန်း မသိသော မြားတစ်စင်းသည် တိတ်ဆိတ်တောင်လမ်းမှ တဆင့် မင်းကြီးရထားလုံးဆီသို့ ဦးတည်လာသည်။သို့ရာတွင် မျက်စိလျင်သော အစောင့်များ သတိထားမိသွားကာ အမြန်ကာဆီးလိုက်သည်။

ခဏချင်းပင် နန်းတွင်းအစောင့်များ၏ အော်သံမှာ လူတိုင်းနားထဲသို့ စူးဝင်သွားသည်။

အနောက်မှ လိုက်ပါလာသော နန်းရင်းဝန်များမှ အလန့်တကြား ခုန်ထမိလိုက်သည်။

ထိုစဉ်တွင် မြားတစ်စုမှ လေကိုခွင်းကာ ရထားလုံးဆီသို့ ဦးတည်လာသည်။

အစောင့်များမှာ သတိထား၍ မြားများကို ခုတ်ချပစ်သော်လည်း မြားနှစ်စင်းမှာ လွတ်သွားကာ လှည်းကိုဆွဲထားသော မြင်းနှစ်ကောင်အား သွား၍ မှန်သည်။

မြင်းနှစ်ကောင်မှာလည်း ဟီသံပေးကာ ကျောက်ရှန်နှင့် အခြားလှည်းသမားတစ်ယောက်ကို ကန်ချပြီး ကမူးရှုးထိုးဖြင့် ချောက်ကမ်းပါးဆီသို့ ပြေးသွားတော့သည်။