Chapters

အခန်း ၇၄၃

Vol. 15 Ch. 743

အခန်း ၇၄၃

Vol. 15 Ch. 743

အခန်း ၇၄၃ လုံချီ ပုန်ကန်သည်ကို ထင်ရှားစေသည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်လူများကို တိုက်ထုတ်နေသော လုံချီမှာ တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိလိုက်သည်။

သူ့ဦးရီးတော်၏ ကိုယ်ခံပညာဖြင့်ဆိုလျှင် ရထားလုံး မည်မျှမြန်နေသည်ဖြစ်စေ နည်းလမ်းရှာ၍ ထွက်လာနိုင်မည်ဖြစ်သည်။

သူ့အစီအစဉ်အရ ရထားလုံးမှ ဦးရီးတော် ထွက်လာသည်နှင့် အမှောင်ထဲမှ စောင့်နေသောသူများမှ မြားဖြင့်ပစ်ခွင်းမည်ဖြစ်သည်။ထိုအခြေအနေမျိုးတွင် မည်မျှပင်ကိုယ်ခံပညာတတ်ကျွမ်းသည်ဖြစ်စေ၊လွတ်မြောက်ရန် နည်းရှိမည်မဟုတ်ပေ။

သို့ရာတွင် အခြေအနေများမှာ သူထင်ထားသည်နှင့်တခြားစီ ဖြစ်နေသည်။

ရထားလုံးမှာ ချောက်နှင့်နီးကပ်နေပြီဖြစ်သော်လည်း အတွင်းမှ လှုပ်ရှားဟန်မမြင်ရသလို ဦးရီးတော်မှာလည်း အရိပ်အရောင်မျှ မမြင်ရဖြစ်နေသည်။

ကျောက်ချန်နှင့် အခြားအစောင့်များ မြင်မြင်သမျှသူကို ခုတ်ဖြတ်နေကြသည်ကို ကြည့်ကာ စိတ်မတင်မကျဖြစ်လာသည်။

ဤနေရာမှာ ရုန်းရင်းဆန်ခတ် ဖြစ်နေသည်။လူတိုင်းမှာလူသတ်ချင်စိတ်များ ဝင်နေဟန်ပေါ်ကာ လုံချီ၏ လူအချို့ပင်လျှင် ဒဏ်ရာများရနေကြသည်။

သူသာ မဖယ်ပေးပါက နန်းတွင်းအစောင့်များမှ ခုတ်ဖြတ်ခြင်းခံရပေမည်။

ထိုအချိန်တွင် အခြားအနက်ရောင်ဝတ်လုပ်ကြံသူများသည် အခြားတစ်ဖက်ခြမ်းမှ လုံချီထံပြေးလာကာ

“အရှင့်သား ပြေးပါတော့။အထဲကသူက မင်းကြီးမဟုတ်ဘူး။သူ ကျွန်တော်တို့ လုပ်ကြံမှာကို ကြိုသိနေတယ်”

လုံယန်မှာ ထိတ်လန့်သွားကာ လုပ်ကြံသူများထံ ဓားကို ဝှေ့ယမ်းလိုက်သည်။

“မင်းကြီးက မင်းကို ပစားပေးခဲ့တာ မင်းကတော့ ဒီလိုကြံရဲတယ်ပေါ့လေ’’

‘’မင်းစကားကြည့်ပြော။ကျောက်ချန်။ငါ ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး။အခုအရေးကြီးတာ ဦးရီးတော်ကို ကယ်ဖို့ပဲ’’

လုံချီမှာ စိတ်ထဲတွင် ထိတ်လန့်နေသော်လည်း အကျင့်မှန်ဟန် ဆောင်ထားသေးသည်။

သို့ရာတွင် သူ့စကားပြီးသည်နှင့် ဝုန်းကနဲ အသံကြီးကို ကြားလိုက်ရသည်။မြင်းများကြောင့် မင်းကြီးရထားလုံးမှာ ချောက်ထဲသို့ကျသွားသဖြင့် နားကွဲမတတ် အသံကြီးပေါ်လာခြင်း ဖြစ်သည်။

ရုန်းရင်းဆန်ခတ်ဖြစ်နေရာမှ အကုန်တိတ်ဆိတ်သွားကာ ရထားလုံးကျသွားသည့်နေရာကို လှမ်းကြည့်လိုက်ကြသည်။

တစ်ယောက်ယောက်မှ ဝမ်းနည်းသံကို ကြားလိုက်ရသည်။

ကျောက်ချန်မှာ အသိတရားပြန်ဝင်လာကာ အော်ဟစ်လိုက်သည်။

’’ဒီလောက် သက်သေထင်ရှားနေတာတောင် ငြင်းဦးမလို့လား မင်းသား’’

သူ့အမိန့်ကြောင့် အစောင့်များအားလုံး လုံချီထံ ပြေးလာကြသည်။

အနက်ရောင်ဝတ်လုပ်ကြံသူများမှာ လုံချီဘေးမှရပ်ကာ အစောင့်များကို အကြောက်အလန့်မရှိ ခုခံနေကြသည်။

နန်းရင်းဝန်များနှင့် မိသားစုများမှာ တိုက်ပွဲကို အနောက်ဘက်မှ ကြည့်ရင်း ထိတ်လန့်နေကြသည်။

အိမ်ရှေ့စံမင်းသားက မင်းကြီးကို လုပ်ကြံဖို့ ကြံစည်တယ်တဲ့။

အိမ်ရှေ့စံကို ထောက်ခံရန် ကြံစည်ခဲ့ကြသော အမတ်များသည်လည်း နောက်တွ့န်သွားကာ သူတို့ ကြံရာပါမဖြစ်နည်းများကို စဉ်းစားနေကြသည်။

မယ်တော်ကြီး ရှောင်ကျင်း၏ မှိုရသောမျက်နှာမှာ အရှုံးရဟန်သို့ ပြောင်းသွားလေသည်။

တစ်ခုခု မူမမှန်သည်ကို လုံယန် သိလိုက်သကဲ့သို့ သူမလည်း သိလိုက်မိသည်။

ထို့အပြင် ရုတ်တရက်ရောက်လာသော လုပ်ကြံသူများ စကားကြောင့် လုံချီမှ မင်းကြီးအား ပုန်ကန်ခြင်းမှာ ထင်ရှားသွားသည်။

သက်သေအများအပြားရှိသဖြင့် ငြင်းဆိုရန်မဖြစ်နိုင်တော့ချေ။

ပိုအရေးကြီးသည်မှာ ရထားလုံးထဲပါသွားသူမှ မင်းကြီးမဟုတ်လျှင် မည်သူနည်း။

မင်းကြီး သူ့ကို ခြုံခိုလုပ်ကြံမည့် အစီအစဉ်ကို သိထားဟန်ပေါ်သည်။

ထို့အပြင် ဒုတိယလုပ်ကြံသူအဖွဲ့မှာ မည်သူ့လက်အောက်မှနည်း။

မိဖုရားခေါင်ကြီး စိတ်ထဲတွင် စိုးထိတ်မှုများပေါ်နေကာ ပုတီးကို တွင်တွင်ဆိပ်လျက် မည်သို့ဖြေရှင်းရမည်ကို စဉ်းစားနေသည်။

သိုရာတွင် သူမမစဉ်းစားနိုင်ခင်ပင် လှည်းအပြင်ဘက်မှ သြဇာရှိသော တည်ကြည်သည့်အသံကို ကြားလိုက်ရသည်။

‘’ဘာတွေ ဖြစ်နေတာလဲ’’