အခန်း ၇၄၄
Vol. 15 Ch. 744
အခန်း ၇၄၄ မင်းကြီးသွေးအန်ကာ သတိမေ့နေသည်။
ထိုအသံကို ကြားလိုက်ရသဖြင့် လူတိုင်း အံ့ဩသွားကြသည်။မြင်းလှည်းထဲတွင် ထိုင်နေသော မယ်တော်ကြီး ရှောင်ကျင်းပင် ပုတီးစိပ်နေရာမှ ရပ်လိုက်မိသည်။
လုံယန်မှာ လုလျန့်ဝေနှင့်အတူ အုန်းခွံရောင် မြင်းကြီးကို စီးကာ လူများရှေ့ရောက်လာခဲ့သည်။
အမတ်များ အမျိုးသမီးများသည် သူ့ကို မြင်လိုက်ရသဖြင့် မှင်သက်သွားကြသည်။
မင်းကြီး ဘယ်က ပေါ်လာတာလဲ။
မေးခွန်းများစွာ ရှိနေသော်လည်း မမေးရဲဘဲ ဒူးထောက်လိုက်ကြသည်။
လုံချီနှင့် တိုက်ခိုက်နေသည့် ကျောက်ချန်မှာ လုံယန်ထံပြေးသွားကာ ဒူးထောက်လိုက်သည်။
‘’အိမ်ရှေ့စံ အာဏာလုဖို့ကြံနေကြောင်းပါ မင်းကြီး”
လုံယန်မှာ ကျောက်ချန်၏စကားကို နားမလည်ဟန်ဖြင့် မြင်းဇက်ကို ဆွဲလိုက်သည်။ခဏမျှ စဉ်းစားနေကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ဘာပြောလိုက်တယ်’’
ကျောက်ချန်အသံတွင် ဒေါသသံ နှင့် ဝမ်းနည်းသံတို့ ပါနေသည်။
‘’အိမ်ရှေ့စံ အာဏာလုဖို့ကြံနေတာပါ။လုပ်ကြံသူတွေက သူပဲ စီစဉ်ထားပြီး မင်းကြီးကို လုပ်ကြံဖို့ ညွှန်ကြားထားတာပါ’’
ထွီ။
လုံယန် ပါးစပ်ထဲမှသွေးကို ထွေးထုတ်ကာ လုံချီရှိရာသို့ လက်ညိုးထိုးလိုက်သည်။
‘’ချီအာ ကိုယ်တော့်မှာတော့ မင်းကို သားအရင်းလို့ မှတ်ခဲ့တာ။မင်းကတော့ ငါ့ကိုယ်တော့်ကို ပုန်ကန်ရဲတယ်ပေါ့။စိတ်ပျက်မိတယ်’’
ထိုစကားပြီးသည်နှင့် သူမေ့လဲသွားဟန်ဖြင့် လုလျန်ဝေ ပုခုံးပေါ်မှီကာ မျက်စိမှိတ်လိုက်သည်။
လုလျန့်ဝေမှာ မျက်လုံးမပင့်မိရန် မနည်းထိန်းလိုက်ရသည်။
ဧကရာဇ် ဖြစ်နေသဖြင့်သာ ကံကောင်းပေသည်။မင်းကြီး အမျက်ထွက်ချိန်တွင် အမတ်များမှာ ခေါင်းမထောင်ရဲပဲ ဒူးထောက်နေကြရသည်။
လုလျန့်ဝေမှာ မင်းကြီး မှီလိုက်သဖြင့် အသက်ရှူကျပ်မတတ်ဖြစ်သွားရသည်။သူ့အလေးချိန်ကို သူသိပါရဲ့လော။
သူ့အား မြင်းပေါ်မှ ပစ်မချမိစေရန် စိတ်ထိန်းလျက် ကျောက်ချန်ဆီ လန့်သွားဟန်ဖြင့် အော်ခေါ်လိုက်သည်။
‘’တစ်ယောက်ယောက်ကိုခေါ်ပါဦး။မင်းကြီး ဒေါသ နှလုံးထိပြီးမေ့လဲသွားပြီ”
ကျောက်ချန် ရိပ်မိလိုက်သဖြင့် ချက်ချင်းထကာ ရှီယိ နှင့်အတူ လုံယန်ကို မြင်းပေါ်မှ ချကာ ဘေးမှ ရထားလုံးဆီသို့ ပို့ဆောင်လိုက်သည်။
လုလျန့်ဝေမှာ ထိတ်လန့်ဟန်ဖြင့် မြင်းပေါ်မှ ဆင်းလိုက်သည်။
‘’မင်းကြီး ဘာမှ မဖြစ်ပါစေနဲ့...အဟင့်..အဟင့်”
သူမနား ကပ်သွားကာ ရထားလုံးထဲသို့ ကူညီပို့ဆောင်လိုက်သည်။
ထိုသို့အော်ပြီးနောက် သူမကို လှည်းထဲမှ ကမ်းလိုက်သည့်လက်ကို ဖယ်ထုတ်ကာ အထဲသို့ ဝင်သွားသည်။
သို့သော် သတိမေ့နေသည်ဆိုသည့်သူမှာ ရထားလုံးကို မှီကာ သူမအား ပြုံးပြနေပေသည်။
လုလျန့်ဝေမှ မမြင်ချင်ယောင်ဆောင်ကာ အရေးတကြီး အော်ပြောလိုက်သည်။
လုံယန် မျက်ထောင့်တွန့်သွားပြီး အပြင်မှ ခြေသံများ ကြားလိုက်ရသဖြင့် ပြန်လှဲနေလိုက်ရသည်။
သမားတော်ချုပ်လင်းဟု သိလိုက်ရသဖြင့် လုံယန် ပြန်ထိုင်လိုက်သည်။
အပြင်မှ လူတိုင်းသည် ခေါင်းမော့ကာ ရထားလုံးဆီသို့ ကြည့်လိုက်သည်။
လက်ဖက်ရည်တစ်အိုးတည်ခန့်ကြာချိန်တွင် ရထားလုံးမှ သမားတော်ချုပ် လင်း ထွက်လာသည်။အပြင်၌စောင့်နေသော ကျောက်ချန်အား
‘’မင်းကြီး ဒေါသကြောင့် နှလုံးထိပြီး အသက်ရှူတာနဲ့ သွေးစီးဆင်းတာ ခက်ခဲနေတာ။အဲ့တာကြောင့် သူ သွေးအန်ပြီး မေ့လဲသွားတာ။နှလုံးကြည်ဆေးတိုက်ထားလို့ နိုးနေပေမယ့် အားနည်းနေသေးတယ်။နောက်ထပ် ဒေါသ မဆွမိတာကောင်းမယ်’’
ကျောက်ချန်မှာ ခေါင်းညိတ်ကာ ဝမ်းနည်းသံဖြင့် ပြောလိုက်သည်။
‘’နားလည်ပါပြီ။မင်းကြီးကျန်းမာရေးကို ဂရုစိုက်ပါ့မယ်’’
နှစ်ယောက်သားမှာ လေသံတိုးခြင်းမရှိသည့်အပြင် လူတိုင်းမှာလည်း နားစွင့်နေကြသဖြင့် အတိုင်းသားကြားလိုက်ကြသည်။
မင်းကြီးစကားမှာ သာယာကောင်းမွန်လှသော်လည်း အမတ်များကိုသာ လှည့်စား၍ရမည်။
မင်းကြီးသည် စာနာစိတ်မရှိသော အေးစက်စက်လူဖြစ်သည်။ထိုသို့သောသူမှာ လုံချီကြောင့် အမျက်ထွက်သဖြင့် နှလုံးထိကာ သွေးအန်၍ မေ့လဲသည်ဆိုသည်မှာ မဖြစ်နိုင်။သရုပ်ဆောင်နေမှန်း သိသာလှသည်။
သူမ ဤကိစ္စကို စဉ်းစားကာ နန်းဆောင်ထိန်း ချင်း အကူအညီဖြင့် လှည်းပေါ်မှ ဆင်းလိုက်သည်။