အခန်း ၇၄၅
Vol. 15 Ch. 745
အခန်း ၇၄၅ သူ့သခင်အတိုင်း ရက်စက်သည်။
မယ်တော်ကြီး ရှောင်ကျင်းသည် မင်းကြီး၏ မြင်းဆွဲရထားလုံးရှေ့ လျှောက်သွားကာ သက်ပြင်းချလိုက်သည်။
‘’ချီအာက မင်းကြီးမျက်စိအောက်မှာပဲ ကြီးပြင်းလာတာပါ။သူ့အကြောင်း မင်းကြီး အသိဆုံးပါပဲ။သူက အမြဲတမ်း မင်းကြီးကို လေးစားလာခဲ့တာ ဘယ်လိုလုပ် သစ္စာဖောက်နိုင်မှာလဲ။တစ်ယောက်ယောက် ချောက်ချတာပဲဖြစ်ရမယ်အသေအချာ စုံစမ်းပေးပါ မင်းကြီး’’
သူမစကားအပြီး အချိန်အတော်ကြာသည်အထိ ရထားလုံးထဲမှ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမရှိပါ။
သူမ စိတ်မရှည်ချင်တော့သည်အချိန်၌ မင်းကြီးမှ အသံယဲ့ယဲ့ဖြင့် ပြောသံကို ကြားလိုက်သည်။
‘’မယ်တော်ကြီး၊လုံချီက သင့်ရဲ့ တစ်ဦးတည်းသောမြေးမလို့ စိုးရိမ်တာ သိပါတယ်။ဒါပေမယ့် သူက ကိုယ်တော်ကိုယ်တိုင် အိမ်ရှေ့စံအဖြစ်နဲ့ ခန့်အပ်ခဲ့တဲ့ တူပါ။ကိုယ်တော်လည်း သူ့အတွက် စိတ်ပူပါတယ်။ဒါပေမယ့် သူ ဒီနေ့လုပ်ခဲ့တဲ့ အမှားကို ကိုယ်တော် လှစ်လျူရှုလို့မရဘူး။အဲ့ကြောင်းတွေးရင် ရင်နာတယ်’’
မယ်တော်ကြီးသည် သူမပုတီးကို ဆုပ်ကိုင်လိုက်မိသည်။သူမ စိတ်အေးအေးထားကာ
‘’ဘယ်လိုကြောင့်ဖြစ်ဖြစ် အသေအချာ စစ်ဆေးသင့်ပါတယ်။မလိုသူတွေရဲ့ ကုန်းချောစကားကို မယုံပါနဲ့’’
ကျောက်ချန်မှ သူမကို လှမ်းကြည့်ကာ ဒီအဘွားကြီးသည်သာ မလိုချောက်တွန်းသူ အစစ်ဟု တွေးလိုက်မိသည်။သူမ တစ်မိသားစုလုံးမှာ ရွံရှာစရာလူများပင်။
‘’နန်းတော်အပြန်လမ်းမှာ ကိုယ်တော့်ကို ထောင်ချောက်ဆင်ပြီး လုပ်ကြံမယ့်သတင်းကို မနက်က ရလိုက်တယ်။ဒါပေမယ့် လက်သည်ဘယ်သူလဲဆိုတာတော့ မသိရဘူး။ဒါကြောင့် မိဖုရားကြီးနဲ့ ယာယီနန်းဆောင်မှာ နေခဲ့ပြီး တခြားသူတွေကို အရင်လွှတ်လိုက်တာ။တကယ်လုပ်ကြံမှု ရှိမယ် မထင်ခဲ့သလို လက်သည်ကလည်း ကျုပ်စိတ်ချရလို့ တာဝန်ကြီးပေးထားတဲ့ အိမ်ရှေ့စံဖြစ်နေတယ်...အဟွတ် အဟွတ် အဟွတ်’’
မယ်တော်ကြီး ရှောင်ကျင်း၏ လည်ချောင်းသံ သွေးအရသာကို ခံစားရလိုက်သည်။သူမ သွေးအန်မတတ်ဖြစ်နေသည်။
‘’မင်းကြီး ကျန်းမာရေး ဂရုစိုက်တော်မူပါ’’
မဝေးသည့်နေရာမှာ တိုက်ပွဲမှာ ဆက်ဖြစ်နေသေးသည်။ထိုစဉ် ချောက်ထဲမှ အစိမ်းနှင့်အဖြူတစ်ယောက်သည် လေထဲဝဲကာ လုံချီရှိရာသို့ ဦးတည်လာနေသည်။
လုံချီ နောက်ပြန်မလှည့်နိုင်တော့သည်ကို တွေ့လိုက်ရသည်။
သက်သေများကို ဖျက်စီးပစ်ရန်သာ တတ်နိုင်တော့သည်။
သူ၏အကြည့်တွင် အေးခဲရက်စက်မှုအပြည့်ဖြင့် ပထမလုပ်ကြံသူအစုကို ဓားဖြင့် ဝှေ့ယမ်းလိုက်သည်။
သို့ရာတွင် အားလုံးကို မသတ်နိုင်ခင် သူ့လည်ပင်းပေါ်သို့ အေးခဲနေသော ဓားတစ်ချောင်းမှ ရွယ်ထားလိုက်သည်။
လုံချီ ကျောစိမ့်သွားကာ နောက်လှည့်ကြည့်လိုက်ရာတွင် ချူကျီ၏ အေးစက်စက်အကြည့်နှင့် ဆုံမိသည်။
မနက်က မင်းကြီးအဝတ်များဝတ်ထားသူမှာ ချူကျီဖြစ်၍ ချူကျူကမူ လုလျန့်ဝေ အဝတ်ကို ဝတ်ထားသည်။
ချူကျူမှာ အေးစက်စက်ဖြင့် ကျန်သေးသော လုပ်ကြံသူများကို လိုက်သုတ်သင်နေသည်။
ဦးရီးတော်နှင့် လုလျန့်ဝေမှာ မနက် ယာယီနန်းဆောင် အပြင်ဘက်၌ ခေတ္တသာ ပေါ်လာကာ ရထားလုံးထဲသို့ ဝင်သွားသူမှာ သူတို့မဟုတ်ဘဲ ချူကျီနှင့် ချူကျူဖြစ်နေသည်။
သို့ရာတွင် လုံချီမှ သတိမထားမိဘဲ စိတ်ထဲတွင် အကြံမပျက်နိုင်ဟု ထင်နေသည်။ဦးရီးတော်၏ ထောင်ချောက်ထဲသို့ အတိုင်းသား ဝင်သွားမိသည်။
ချူကျီမှ သူ့အား တစ်ချက်မျှကြည့်ကာ အင်္ကျီလည်စမှ စောင့်ဆွဲလိုက်သည်။လုံချီကို ဆွဲလျက် ချူကျီ လေပေါ်ဝဲကာ လုံယန်၏ ရထားလုံးရှေ့တွင် ရောက်လာသည်။
‘’ဒူးထောက်စမ်း’’
ချူကျီသည် လုံချီ၏ဒူးဆစ်အား ဓားပြားဖြင့် ရိုက်လိုက်သည်။
လုံချီသည် ချူကျီဆွဲခေါ်ခံရပြီး ဒူးထောက်ခိုင်းခံရသဖြင့် ဖရိုဖရဲဖြစ်နေပုံကို မြင်ကာ မယ်တော်ကြီး ရှောင်ကျင်းသည် မျက်လုံးမှ မီးထွက်မတတ်ဖြစ်နေတော့သည်။
ဤအပေအတေကောင်သည် သူ့သခင်နှင့် လိုက်ဖက်လှသည်။
‘’ဦးရီးတော်၊ကျွန်တော်မျိုး ဒီလုပ်ကြံမှုကို မကြံစည်ရပါဘူး။ကျွန်တော်နဲ့ မဆိုင်တာကိုတစ်ယောက်ယောက် ချောက်ချတာပါ။စုံစမ်းပေးတော်မူပါ မင်းကြီး’’
လုံယန်သည် ရထားလုံးကိုမှီရင်း လုလျန့်ဝေ လက်ချောင်းများကို ကစားနေကာ အကြည့်မှာအေးစက်နေသည်။
သူသည် လုလျန့်ဝေ မနေ့ညက အပြုအမူမှာ လုံချီမှ သူမကို စိတ်ကြွဆေးပက်လိုက်၍ဖြစ်ကြောင်း သိပြီး ဖြစ်သည်။