အခန်း ၇၄၆
Vol. 15 Ch. 746
အခန်း ၇၄၆ စွန့်ပစ်သည်။
ဝေဝေတွင် ဆေးပညာအသိရှိသဖြင့် တောင့်ခံနိုင်၍သာ သူစိတ်အေးခြင်းဖြစ်သည်။သို့မဟုတ်ပါက သူမ မည်သို့ဖြစ်သွားမည်ကို သူမတွေးရဲဖြစ်နေသည်။
လုံချီမှ သူမကို စိတ်ကြွဆေးခတ်ရဲခြင်းမှာ သူမအပေါ် မမှန်သည့် စိတ်ထား ထားရှိသည်မှာ သေချာသည်။
ထိုအချက်ဖြင့်ပင် လုံချီကို အိမ်ရှေ့စံရာထူးဆက်မထားရန် လုံယန် ဆုံးဖြတ်လိုက်သည်။
လုံယန် တိတ်ဆိတ်နေသည်ကို ကြည့်ကာ လုလျန့်ဝေ စကားမဟရဲဖြစ်နေသည်။သူ၏ အေးစက်စက်အကြည့်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
သူမကို လုံချီ စိတ်ကြွဆေးခတ်ခြင်းကို သူ ဘဝင်မကျဆုံးဖြစ်နေမှန်း သူမ သိသည်။
ရထားလုံးအပြင်ဘက်၌မူ သူရှင်းပြပြီးသည့်တိုင်အောင် အသံထွက်မလာသဖြင့် လုံချီ လက်သီးဆုပ်လိုက်သည်။
ကြာချိန်ကြောင့် လုံချီ ဇောချွေးပြန်လာချိန်တွင် ဦးရီးတော်မှ ရုတ်တရက် အသံဩဩဖြင့် ဟောက်လိုက်သည်။
‘’ချီအာ၊ မင်းအပြစ် မင်းသိတယ်မလား’’
လုံချီ ကျောချမ်းသွားက ခခယယဖြင့် လျှောက်တင်လိုက်သည်။
‘’မင်းကြီးကို အမြဲတမ်းလေးစားခဲ့သူပါ။ဦးရီးတော်။နေ နဲ့လ သက်သေဖြစ်ပါစေ။ကျွန်တော်မျိုးကို မလိုသူတွေရဲ့ ကုန်းစကားကို ယုံတော်မမူပါနဲ့ ဦးရီးတော်’’
‘’မင်းကို မလိုသူတွေရဲ့ ကုန်းချောစကား ဟုတ်လား’’
လုံယန် လှောင်ရယ်လိုက်သည်။
ထိုစဉ် ချူကျူမှ အနက်ဝတ်လုပ်ကြံသူကို ဆွဲခေါ်လာကာ လုံချီ၏ ဘေး၌ ပစ်ချလိုက်သည်။
ထိုသူမှာ ဖရိုဖရဲဖြင့် ဒဏ်ရာများပြည့်နေသော်လည်း သူ၏မျက်နှာ၌မူ တည်ကြည်နေသည်။
‘’ငါ့ကို သတ်ပြီး ကြိုက်သလိုသာ ပစ်လိုက်။အချိန်ဖြုန်းမနေနဲ့။မင်းတို့ကို ကူညီပြီး အိမ်ရှေ့စံကို စွပ်စွဲပေးမှာ မဟုတ်ဘူး’’
လုံချီ၏ တည်ငြိမ်နေသောမျက်နှာမှာ ရုတ်တရက် သွေးဆုပ်သွားသည်။ထိုလုပ်ကြံသူကို စိမ်းစိမ်းကြည့်လိုက်သည်။’
ထိုသူမှာ ခုနကပေါ်လာသူဖြစ်သည်။လုံချီကို သူ့ဦးရီးတော်မှ အကြံအစည်ကို သိသဖြင့် ထွက်ပြေးရန် ပြောသောသူဖြစ်သည်။
ထိုသူ့စကားကြောင့် လူတိုင်းမှ လုံချီကို သံသယဝင်ကြခြင်းဖြစ်သည်။ယခုလည်း သူပါးစပ်ဖွာနေသဖြင့် လုံချီမှာ ချောင်ပိတ်ကာ ရှင်းပြမရဖြစ်နေသည်။
ဒီလူသည် မင်းကြီး မဟုတ်ရင် ရှန်းယန်မင်းသား၏ သစ္စာခံ ဖြစ်ရမည်။
လုံချီမျက်နှာတွင် ချွေးစေးများဖြင့် ပြည့်နေသည်။သူ့တွင် လုံလောက်သည့် ရှင်းပြချက်မရှိဖြစ်နေသည်။
မယ်တော်ကြီး ရှောင်ကျင်းမှာ မေ့လဲမတတ်ဖြစ်နေသည်။သူမ စိတ်ရှိတိုင်းသာဆိုလျှင် ထိုသူအား အစိတ်စိတ်အမွှာမွှာ ပိုင်းပစ်လိုက်ချင်သည်။
သူမစိပ်ပုတီးကို ကိုင်ကာ တစ်ခုခုပြောရန်ပြင်လိုက်စဉ်တွင် ကျောက်ချန်ထံမှ ကြားဖြတ်သံထွက်လာသည်။
‘’ကလိမ်ကကျစ်ကောင် ကလူတွေကို နားမကြားဘူးများမှတ်နေလား။ငတုံးတွေ ထင်နေတာလား။ခုနကပေါ်လာတုန်းက အိမ်ရှေ့စံနဲ့ သိတာ အထင်းသားကြီး။မင်းကြီး အကြံအစည်ကို သိလို့ ထွက်ပြေးဖို့တောင် ပြောလိုက်သေးတယ်။အခုကျမှ ကိုယ့်သခင် ကိုယ်မသိဘူးတဲ့လား’’
ထိုသို့ပြောပြီးနောက် ကျောက်ချန်ကန်ချက်ကြောင့် လုပ်ကြံသူသည် မြေပေါ်လဲကျသွားသည်။
ထို့နောက် ကျောက်ချန်သည် ဒေါသအပြည့်ဖြင့် အော်ဟောက်လိုက်သည်။
‘’သေသင့်တဲ့ မျိုးမစစ်။ပုန်ကန်မယ့် အကြံကြံရဲတယ်ပေါ့။သေချင်နေပြီနဲ့တူတယ်’’
ကျောက်ချန် မည်သူ့ကို ဆဲရေးနေသည်ကို မှန်းကြည့်နိုင်သည်။
လုံချီလည်ချောင်း သွေးအရသာ ရလာကာ သူ့အသက်အား သွေးကြောတစ်လျှောက်မှာ ဒေါသဖြင့် ပြည့်နေသည်။
‘’ကောင်းတယ်။ကောင်းတယ်။ကိုယ်တော်ရွေးထားတဲ့ အိမ်ရှေ့စံဆိုတာ ဒီလိုမှပေါ့။မင်းလက်အောက်က သူတွေ သစ္စာရှိချက်များ အခုချိန်မှာတောင် မင်းကို မစွပ်စွဲကြဘူး’’
မင်းကြီး၏ ခြောက်ကပ်ကပ် ရယ်သံမှာ လှည်းအတွင်းမှ ကြားနေရသည်။ထို့နောက် ဒေါသတကြီးဖြင့်
‘’ဒီအခြေအနေရောက်နေတာတောင် မင်းနဲ့ ဘာမှမဆိုင်ပါဘူးလို့ ငြင်းရဲသေးတယ်ပေါ့။ကိုယ်တော့်ကိုသာ တကယ်လေးစားခဲ့ရင် ဒီလို ပုန်ကန်ဖို့ စဉ်းစားမှာ မဟုတ်ဘူး။ကိုယ်တော့်ကို အသေဆိုးနဲ့ သေစေပြီးမှ မင်း နန်းတက်မှာမလား။မင်းကို အိမ်ရှေ့စံ ခန့်မိတာ ငါကိုယ်တော် စုံလုံးကန်းတာပဲ’’
‘’လူတိုင်း ငါ့အမိန့်နာခံစေ။စာရိတ္တမပြည့်စုံတဲ့ လုံချီဟာ ငါကိုယ်တော်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ဒီလိုသိက္ခာမရှိတဲ့သူက ရှန်တိုင်းပြည်ကြီးရဲ့ အခြေခံဖြစ်ဖို့ မထိုက်တန်ဘူး။ဒီနေ့ကစပြီး လုံချီကို အိမ်ရှေ့စံရာထူးဖယ်ရှားပြီး ရှုယန်မင်းသားအဖြစ် ရာထူးချမယ်။ချက်ချင်း ရှုယန်ကို သွားရောက်ပြီး ငါ့အမိန့်မပါပဲ အပြင်တစ်လှမ်းမှ မထွက်ရ။မလိုက်နာခဲ့သော် တွေ့ရာနေရာမှာတင် ကွပ်မျက်စေ’’