← Chapters

အခန်း ၇၄၇

Vol. 15 Ch. 747

အခန်း ၇၄၇

Vol. 15 Ch. 747

အခန်း ၇၄၇ လုံချီ၏အချိန်မှာ ကုန်လွန်ခဲ့ပြီ ဖြစ်သည်။

မင်းကြီး၏ ရာဇမာန်သံကြောင့် မယ်တော်ကြီး ရှောင်ကျင်းမှာ မေ့လဲသွားတော့သည်။

မယ်တော်ကြီးနန်းဆောင်ထိန်းချင်းမှ အော်ဟစ်လိုက်သည်။

လုံချီမျက်နှာမှာ စက္ကူတမျှ ဖြူဖပ်နေကာ မှင်သေသေနေသည်။သူ နားကြားမှားသည်ဟု ထင်လိုက်မိသော်လည်း လူတိုင်းမှ သူ့အား သနားဟန်အကြည့်များကို မြင်လိုက်ရသဖြင့် သူ မမှားမှန်းသိလိုက်သည်။ဦးရီးတော်မှာ သူ့အား အိမ်ရှေ့စံမင်းသားအဖြစ်မှ ဖယ်ရှားသည့် အမိန်တော်ကို ထုတ်လိုက်ခြင်းဖြစ်သည်။

လုံချီ၏ပခုံးများ လျော့ကျသွားကာ မေ့မျောလုနီးပါးဖြစ်သွားသည်။

သူ့.....အချိန်မှာ ကုန်လွန်ခဲ့ပြီ ဖြစ်သည်။

အခြား နန်းရင်းဝန်များမှာလည်း ကြောက်လန့်ကာ တိတ်ဆိတ်နေကြသည်။မင်းကြီး၏ နက်နဲလှသော ရာဇမာန်သံအား ယခုအထိ ကြားနေဆဲဖြစ်သဖြင့် လုံချီဘက်မှ မည်သူမျှ ထွက်၍ မကာကွယ်ရဲ ဖြစ်နေသည်။

မကြာခင်တွင် အစောင့်တစ်ဖွဲ့မှ သူ့ကို ထိန်းသိမ်းလိုက်သည်။

ထိုအချိန်တွင်မှ လုံချီအသိတရား ပြန်ဝင်လာသည်။သူ၏ ချောမောသောမျက်နှာမှာ ဖြူဖပ်နေသော်လည်း သူ့စိတ်ကမူ အမုန်းတရားများဖြင့် မီးတောက်နေသည်။

အလုံပိတ်လှည်းကို စိုက်ကြည့်ကာ တစ်နေ့ကျလျှင် ဦးရီးတော်အား သူ၏ရှေ့တွင် ဒူးထောက်စေမည်ဟု သစ္စာဆိုလိုက်သည်။ ယနေ့ အလျင်ချမှတ်လိုက်သော အမိန့်ကို နောင်တရကာ ပြန်လည်ခံစားရစေမည်။

ဘေး၌ရပ်နေသော လုံရှောင်မှာ အစောင့်များ ဆွဲခေါ်သွားသော လုံချီကို ကြည့်၍ မျက်လုံးများ ဖြတ်ခနဲ တောက်ပသွားသည်။

သူ့နောင်တော်သည် လုံချီအား အိမ်ရှေ့စံရာထူးမှာ လွယ်လွယ်မြန်မြန်ဖြင့် ဖယ်ရှားပစ်လိုက်နိုင်မည် မထင်ခဲ့ပေ။

လုံချီ အကယ်ပင် ပုန်ကန်ရန် ကြံစည်ခဲ့သလော။သို့မဟုတ် နောင်တော်မှ လုံချီကို ဖယ်ရှားချင်သဖြင့် ရမယ်ရှာသလော။

လွန်ခဲ့သည့် နေ့အနည်းငယ်က ကိစ္စအချို့ ဆွေးနွေးခဲ့ကြသော်လည်း ဤကိစ္စကို လေသံမျှ မဟခဲ့ပါ။

လုံရှောင် သည် သူ၏အကြံပေးနှင့် အကြည့်ချင်းဆုံလိုက်သဖြင့် ကျောချမ်းသွားကာ အတွေးများကို အမြန် ဖုံးကွယ်လိုက်သည်။

အိမ်ရှေ့စံအား ဖယ်ရှားရန် မင်းကြီး စိုင်းပြင်းနေရခြင်းက လုလျန့်ဝေနဲ့ ပတ်သက်နေတာလား။

လုလျန့်ဝေမှာ နောင်တော်၏ရင်သွေးကို လွယ်ထားရသဖြင့် လုံချီအား ရာထူးမှ ဖယ်ရှားပစ်လိုခြင်း ဖြစ်နိုင်သည်။

လုံရှောင်မော့ကြည့်လိုက်ချိန်တွင် ခုနကပင် လုပ်ကြံသူကို ဆဲဆိုနေသော ကျောက်ချန်ကို ပြုံးလျက် တွေ့လိုက်ရသည်။

“မင်းကြီး အလိုရှိတာပါ။မင်းကြီးက အိမ်ရှေ့စံကို အမျက်ထွက်ပြီး အားနည်းနေပါတယ်။မယ်တော်ကြီးကလည်း မေ့မျောရာကနေ သတိပြန်မလည်လာသေးပါဘူး။ဒါကြောင့် သူက မယ်တော်ကြီးကို ကျွေ့ဟွားဘုရားကျောင်းကို ပို့ဆောင့်ပေးဖို့ အကူအညီတောင်းလိုက်လို့ပါ”

မယ်တော်ကြီးက ကျွေ့ဟွားဘုရားကျောင်း သွားမလို့လား။

လုံရှောင်မှ သိချင်စိတ်ကို မျိုသိပ်ကာပြောလိုက်သည်။

“မယ်တော်ကြီး ကျွေ့ဟွားဘုရားကျောင်းဆီ ဘေးမခဘဲ ရောက်စေရပါမယ်လို့ ဒုက္ခခံပြီး နောင်တော်ဆီ လျှောက်တင်ပေးပါဦး”

မင်းကြီးဆီ သေချာလျှောက်တင်ပေးပါ့မယ် ရှန်းယန်မင်းသား ကျောက်ချန်မှ ပြောရင်း မင်းကြီးလှည်းဘက်သို့ လှည့်လိုက်သည်။

“မယ်တော်ကြီးက အရွယ်ရနေတဲ့အပြင် တရားဘာဝနာမွာ အထုံပါနေတော့ ကျွေ့ဟွားဘုရားကျောင်းလို တိတ်ဆိတ်ငြိမ်သက်တဲ့နေရာကို သူ နှစ်သက်အောင် လုပ်ပေးပါဦး”

ထိုစကားဆိုလိုရင်းကို လုံရှောင် ချက်ချင်းနားလည်လိုက်သည်။

အိမ်ရှေ့စံမရှိတော့သဖြင့် မယ်တော်ကြီးကိုလည်း ဖယ်ရှားရန် နောင်တော် ဆုံးဖြတ်လိုက်ဟန်တူသည်။ကျွေ့ဟွားဘုရားကျောင်းတွင် သူမကို သီလရှင် ဝတ်စေမည်မှာ အရှင်းသားပင် ဖြစ်သည်။

သို့တစေ လုံရှောင့်အတွေးမှာ အရေးမကြီးချေ။နောင်တော်မှ မယ်တော်ကြီးကို ကျွေ့ဟွားဘုရားကျောင်းသို့ ပို့ဆောင်ရန် တောင်းဆိုလာသဖြင့် သူ့အနေဖြင့် လိုက်နာရုံသာ ရှိသည်။

ကျန်သော လုပ်ကြံသူများမှာ အသတ်ခံရကာ ရှင်ကျန်သည့်သူများကိုမူ ဖမ်းဆီး၍ နန်းတော်သို့ ခေါ်ဆောင်သွားသည်။သူတို့အား စစ်ဆေးရေးဝန်ရုံးထံလွှဲကာ တရားခွင်တင်မည်ဖြစ်သည်။

အိမ်ရှေ့စံ ဖယ်ရှားခံလိုက်ရသည့် ကိစ္စကြောင့် အမတ်များနှင့် အမျိူးသမီးများ၏ အိမ်ပြန်လမ်းမှာ အကြောက်တရား ကြီးစိုးနေသည်။

မင်းကြီး၏ ဒေါသကြောင့် လူတိုင်းမှာ လိပ်ပြာလွင့်မတတ်ဖြစ်ကာ ထိုအကြောင်း မပြောရဲ ဖြစ်နေကြသည်။

ယခုနှစ် ဆောင်းဦးအမဲလိုက်ပွဲမှာ ထိုမျှဆိုးရွားလိမ့်မည်ဟု မထင်ခဲ့ကြပါ။ပထမဆုံး ရှုဖေးမှာ မင်းကြီးကို အကြောင်းမရှိ ဒေါသထွက်စေသဖြင့် သေဒဏ်ချမှတ်ခံရသည်။ ယခုလည်း အိမ်ရှေ့စံ ဖယ်ရှားခံရကာ သတိမေ့နေသော မယ်တော်ကြီးမှာ ကျွေ့ဟွားဘုရားကျောင်းသို့ ပို့ဆောင်ခံရသည်။

All Chapters