Chapters

အခန်း ၇၄၈

Vol. 15 Ch. 748

အခန်း ၇၄၈

Vol. 15 Ch. 748

အခန်း ၇၄၈ မင်းကြီး ကြင်ရာတော်တွေ မရှိတာ အခွင့်ကောင်းပဲ။

လင်ချင်းယွမ် ကန့်လန့်ကာများပိတ်ကာ ဖြေးညင်းစွာ သက်ပြင်းချလိုက်သည်။သူမ လန်းဆန်းတက်ကြွနေသည်။

လုံချီမှာ အိမ်ရှေ့စံရာထူးမှ ဖယ်ရှားခံလိုက်ရသည်။လုယွင်ရွှမ်း ဤသတင်းကို မည်သို့မျှလက်ခံနိုင်မည် မဟုတ်ချေ။လုယွင်ရွှမ်း ယခုအခါ မည်သူ့ကို အားကိုးမည်နည်းဟု လင်ချင်းယွမ် စဉ်းစားမိသည်။

သူမသည် လုယွင်ရွှမ်း ကျရှုံးခန်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေမိသည်။

လုယွင်ရွှမ်းမှာ ဤအကျပ်အတည်းအတွင်း ကျရောက်နေပုံကို တွေးနေစဉ် သူမ လှည်းမှ ကန့်လန့်ကာများ ရုတ်တရက် ဆွဲပွင့်သွားသည်။

သူမအဖေ လင်ကျင်းရှုမှာ ခါးအနည်းငယ်ကိုင်းကာ လှည်းထဲသို့ ဝင်လာသည်။

‘’အဖေ။’’

သူမ ကြည့်ကာ အနည်းငယ် အံ့ဩနေသည်။

သူမအမေမှာ ကိုယ်ဝန်ရှိနေသဖြင့် ဆောင်းဦးအမဲလိုက်ပွဲသို့ မလိုက်လာခဲ့။သူ့အဖေမှာလည်း မြင်းစီးလာခြင်း ဖြစ်သဖြင့် သူမတစ်ယောက်တည်း လှည်းထဲမှ လိုက်လာခြင်းဖြစ်သည်။

သူမ အဖေမှာ လှည်းထဲသို့ ဝင်လာကာ ထိုင်ချလိုက်သဖြင့် သူ ဘာတွေတွေးနေသည်ကို သူမ ခန့်မှန်းမရဖြစ်နေသည်။

လင်ကျင်းရှုမှာ သူ့သမီးနှင့် မျက်နှာချင်းဆိုင်ထိုင်ကာ ပြောရခက်သည့် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

အခုတလော သူမ နှင့် မိဖုရားကြီးမှာ အလွန်နီးစပ်နေသည်ကို သူ သိထားသည်။

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် ရုတ်တရက် မေးလိုက်သည်။

လင်ချင်းယွမ် အံ့အားသင့်နေသည်။သူမအဖေမှ သူမအား ဤကဲ့သို့ကိစ္စများကို မေးလိမ့်မည် မထင်ခဲ့ပေ။

’’အဖေ၊ဘက်ရွေးတဲ့အထဲ ပါမနေနဲ့နော်။ပါချင်ရင်လည်း မိဖုရားကြီးဖက်သာပါ’’

’’မိဖုရားကြီးက နန်းတွင်းထဲရောက် ခဏပဲရှိသေးတယ်။ကြင်ရာတော်တွေ ဘာဖြစ်ကုန်လဲ ကြည့်ပါလား။သူနဲ့တော့ မဆိုင်ဘူးပေါ့။မင်းကြီးက သူ့အတွက် သူ့ကြင်ရာတော်တွေကို ရှင်းထုတ်လိုက်တာ။အိမ်ရှေ့စံ ဖယ်ရှားခံရတာလည်း အနှေးနဲ့အမြန် ဖြစ်မှာပဲ။သမီးတောင် အဲ့လောက် မြန်လိမ့်မယ် မထင်ခဲ့ဘူး’’

‘’မင်းကြီးက မိဖုရားကြီးအတွက် အိမ်ရှေ့စံကို ဖယ်ရှားလိုက်တာလား’’

လင်းချင်းယွမ်သူ့လက်မောင်းကို ဖက်ကာ ပြောလိုက်သည်။

’’မင်းကြီးက မိဖုရားကြီးကို ဘယ်လောက်ချစ်မှန်း အဖေမသိလို့။အိမ်ရှေ့စံရာထူးကလည်း မိဖုရားကြီးက မွေးလာမယ့် သားပဲ ရမှာ။သူပဲ အဲ့ဘွဲ့ကို ယူခွင့်ရှိမှာ’’

အချိန်အတော်ကြာပြီးနောက်မှ စကားပြန်ဆက်လိုက်သည်။

’’သမီး မိဖုရားကြီးအပေါ် ယုံကြည်လွန်းနေတယ် မထင်ဘူးလား’’

‘’အမှန်တိုင်းပြောရရင် သမီးက မိဖုရားကြီးရဲ့ ထောက်ခံသူပဲ အဖေရဲ့။သူနဲ့ ကပ်နေလို့ ဘာမှဖြစ်သွားမှာမဟုတ်ဘူး’’

ထိုစကားကို မည်သို့တုံ့ပြန်ရမည်ကို လင်ကျင်းရှု မသိပေ။

သူ့ရှေ့မှ သူ၏ ချောမောသော သမီးပျိုလေးကို အချိန်အကြာကြီး ကြည့်ကာ ပြောလိုက်သည်။

’’မင်းကြီးမှာ ကြင်ရာတော်တွေ မရှိနေတာ အချိန်ကောင်းပဲ’’

လင်ချင်းယွမ်မှာ သူ့စကားကြောင့် နေကြာစေ့စားနေရင်း သီးသွားသည်။

လင်ကျင်းရှုမှာ လန့်သွားကာ သူမအတွက် ရေတစ်ခွက် ခပ်ပေးလိုက်သည်။

သူမ သက်သာသွားသည်နှင့် သူ မျက်မှောင်ကြုတ်ကာ ဆုံးမလိုက်သည်။

လင်ချင်းယွမ်မှာ မျက်ရည်အပြည့်ဖြင့် သူအား သနားဖွယ် ကြည့်လိုက်သည်။

’’အဖေ့စကားက လန့်ချင်စရာကြီးကို။ မှန်မှန်ပြောနော် အမေ ကိုယ်ဝန်ရှိနေလို့ သမီးကို မလိုချင်တော့တာလား’’

‘’ရှုဖေး နဲ့ သဲ့ဖေး ဘယ်လိုဖြစ်သွားလဲ မမြင်ဘူးလား။သမီးသာ နန်းတွင်းထဲဝင်ရင် အဲ့လို ဖြစ်မှာပဲ။အဖေ သမီးကို အသေသတ်နေတာလား’’

’’သမီးက မိဖုရားကြီးနဲ့ ရင်းနှီးတယ်မလား။သမီးသာ နန်းတွင်းထဲဝင်ရင် သမီးကို စောင့်ရှောက်မှာပါ’’

‘’သူနဲ့ ရင်းနှီးတာနဲ့ပဲ နန်းတွင်းထဲဝင်ပြီး မင်းကြီးကို ပြိုင်လုခိုင်းနေတာလား။မင်းကြီးက သမီးကို မကြိုက်ဘူး။သမီးလည်း သူ့ကို မကြိုက်ဘူး။ဒီနေ့စကားတွေ ထပ်မပြောနဲ့နော်။တော်ကြာ မိဖုရားကြီးနဲ့ သမီး မသင့်မြတ်ဖြစ်ပြီး လင်းမိသားစု ဒုက္ခရောက်နေမယ်။အဲ့လိုသာဆို အဖေ ဘဝဆုံးမှာ’’

သူမအဖေသို့ ထိုကဲ့သို့ တွေးနေလိမ့်မည်ဟု လင်ချင်းယွမ် မထင်ခဲ့မိပေ။

သူမအဖေ အသက်ရှင်နေရတာ ပျင်းလာပုံပဲ။