Chapters

အခန်း ၇၄၉

Vol. 15 Ch. 749

အခန်း ၇၄၉

Vol. 15 Ch. 749

အခန်း ၇၄၉ လုလျန့်ဝေ ပင့်ရှိုက်လိုက်သည်။

သူ၏သမီး အပြင်းအထန် ကန့်ကွက်နေပုံကို မြင်ရသဖြင့် လင်းကျင်းရှု ထပ်မပြောရန် ဆုံးဖြတ်လိုက်သည်။

သူ့စိတ်ထဲ ပေါ်လာ၍သာ ပြောလိုက်ခြင်းဖြစ်သည်။

သို့ရာတွင် အိမ်ရှေ့စံမရှိတော့သလို နန်းတွင်းကြင်ရာတော်နေရာများ လစ်လပ်နေသဖြင့် နန်းတွင်းမှသူများသည် အကြံကြီးကြံနေကြလောက်ပြီဖြစ်သည်။

‘’ဟုတ်ပါပြီ။ ဒီတိုင်းတွေးမိလို့ ပြောပြတာပါ ။အဲ့လောက်လည်း လန့်မနေပါနဲ့’’

လင်ချင်းယွမ် ပါးစပ်စေ့လိုက်သည်။ဤစကားမှာ ဒီအတိုင်းတွေးမိသည့်စကား မဟုတ်။

သူမအဖေစကားကြောင့် သူမ သေမတတ်လန့်သွားရသည်။

တခြားဖက် မင်းကြီးလှည်းအတွင်း၌မူ

အပြင်ဘက်မှ စိုးရိမ်နေကြသူများနှင့် ဆန့်ကျင်စွာ လုလျန့်ဝေမှာ လုံယန်၏ပေါင်ကို ခေါင်းအုံးလုပ်ကာ လှဲလျောင်းနေသည်။

ယခုလုံယန်မှာ အိမ်ရှေ့စံကို ရာထူးဖယ်ရှားလိုက်သူမဟုတ်ကဲ့သို့ ကွဲပြားနေသည်။

လူတိုင်း မြင်လိုက်သည့် အမျက်တချောင်းချောင်းထွက်နေသော မင်းကြီးမှာ သူ မဟုတ်သကဲ့သို့ပင်။

လုံယန် မှေးထားသောမျက်လုံးထဲတွင် မည်သည့်အမျက်မှမတွေ့ရဘဲ ကြင်နာစိတ်သာ တွေ့ရသည်။သူသည် စပျစ်သီးတစ်လုံးကို အခွံခွာ၍ လုလျန့်ဝေကို ကျွေးလိုက်သည်။

စပျစ်သီး၏ ချိုချဉ်အရသာကြောင့် လုလျန့်ဝေ မျက်လုံးမှေးသွားသည်။

ထိုအမူအရာကြောင့် လုံယန် သူမပါးလေးကို ဆိတ်ကာ ပြုံး၍ မေးလိုက်သည်။

လုံယန် စပျစ်ခွံခွာနေရာမှရပ်ကာ မျက်ခုံးပင့်တင်လိုက်သည်။

လုလျန့်ဝေ ခေါင်းညိတ်လိုက်သည်။သူမသည် လုံယန်လက်ကြားမှ စပျစ်သီးထံ အကြည့်ရောက်နေလေသည်။

လုံယန်၏ မက်မွန်ပုံ မျက်လုံးများမှာ သူမ၏ ချယ်ရီသီးရောင် နှုတ်ခမ်းလေးဆီသို့ အကြည့်ရောက်သွားကာ အနည်းငယ်ကျဉ်းသွားသည်။သူ့လက်ထဲမှ စပျစ်သီးအား သူ့ပါးစပ်ထဲသို့ သွင်းလိုက်သည်။

လုလျန့်ဝေမှာ သူ စပျစ်သီးစားနေသည်ကိုကြည့်ကာ တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် သူ၏ ချောမောသောမျက်နှာကြီးမှာ သူမဆီ နီးကပ်လာသည်ကို တွေ့လိုက်ရသည်။

သူပါးစပ်ဖြင့် သူမအား စပျစ်သီးခွံ့လိုက်သည်ကို ကြည့်ကာ သူမ မျက်လုံးလေးများ ပြူးကျယ်သွားသည်။

သူ လုပ်ရန်ကြံစည်နေသည့်အရာကို လုလျန့်ဝေ ရိပ်မိလိုက်သဖြင့် သူမမျက်နှာ နီရဲသွားသည်။

သူ့လက်မ သူမကို လွှတ်လိုက်ချိန်တွင် ရေနွေးတစ်အိုးကျက်မျှပင် ကြာနေပြီဖြစ်သည်။သူ၏ သွယ်လျသော လက်ချောင်းများမှ သူမ၏အနီရောင်ရဲရဲ နှုတ်ခမ်းလေးကို ပွတ်သပ်ကာ အသံသြသြဖြင့် မေးလိုက်သည်။

လုလျန့်ဝေ သူမ အဝတ်အစားများကို ခါကာ ထိုင်လိုက်သည်။ထို့နောက် သူ့ကို မျက်စောင်းထိုးကာ ဘာမျှ မပြောဘဲနေနေတော့သည်။

လုလျန်ဝေသည် ခုံပုလေးပေါ်ရှိ သစ်သီးပန်းကန်မှ စပျစ်သီးတစ်လုံးကို ယူလိုက်သည်။ထို့နောက် သူမလက်ကြားထဲသို့ထည့်ကာ သူ့အား လှမ်းကြည့်လိုက်သည်။သူမနှုတ်ခမ်းလေး ပြုံးယောင်သန်းသွားကာ

‘’စပျစ်သီး ကောင်းတယ်မေးတာလား။မင်းကြီး ကောင်းတယ်မေးတာလား’’

လုံယန်မျက်လုံးများ နက်မှောင်လာသည်။သူမ မြူးတူးနေသည်ကို ကြည့်ကာ သူ နှလုံးခုန်မြန်လာရသည်။

သူ့မျက်လုံးများ ကျဉ်းသွားလေသည်။ဤအမျိုးသမီးလေးမှာ သူ့အား မည်သို့ ဆွဲဆောင်ရမည်ကို သိသည်။

သူ ရုတ်တရက် သူမကို ဆွဲပွေ့ကာ သူ့ပေါင်ပေါ်တွင် တင်လိုက်သည်။ထို့နောက် သူမလက်ထဲမှ စပျစ်သီးအား ကိုက်စားလိုက်သည်။

သူမလက်မှ နွေးထွေးစိုစွတ်မှုကြောင့် သူမ တုန်ရီနေသည်။

လုံယန်သည် စပျစ်သီးကို စားလိုက်ပြီးနောက် ပြုံးလိုက်သည်။

လုံယန်မှာ အသံနှိမ့်၍ ရယ်ကာ သူမနှာခေါင်းကို ဆွဲစိတ်လိုက်သည်။

လုလျန်ဝေမှာ သူ့လက်ကိုဖယ်ကာ ရင်ခွင်ထဲသို့ ဝင်ခွေ့လိုက်သည်။သူမ ဘာမှမပြောသော်လည်း ခဏအကြာတွင် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ပြန်ခွာလိုက်သည်။

လုံယန် အသံပြုကာ သူမအား သူ့ရင်ခွင်သို့ ပြန်ဆွဲသွင်းလိုက်သည်။

သူမ အလိုအလျောက်လုပ်လိုက်မိသည်ဟု ပြောလျှင် သူယုံပါမည်လား။

ခဏအကြာတွင် လုံယန် စိတ်ငြိမ်သွားသည်။သူမ၏ နီရဲနေသော မျက်နှာကို တို့၍ မေးလိုက်သည်။

လုံယန်သည် ဘာမျှမပြောဘဲ သူမရှေ့သို့သာ သစ်သီးပန်းကန်ကို ရွှေ့ပေးလိုက်သည်။ထို့နောက် တစ်လုံးချင်းစီ နွှာကာ သူမကို ခွံ့ကျွေးနေသည်။

သူမအား စပျစ်သီးအတော်အတန် ကျွေးပြီးနောက် ရပ်လိုက်သည်။

လုလျန့်ဝေမှာ အရသာခံနေသော်လည်း စပျစ်သီးများမလာတော့သဖြင့် သူ့လက်ကို ကုတ်ကာ မေးလိုက်သည်။

‘’တစ်ခါတည်းနဲ့ အဲ့လောက်အများကြီး မစားနဲ့။နန်းမြို့တော်ကို မရောက်ခင် အချိန်တော်တော်လိုသေးတယ်။တရေးအိပ်လိုက်ဦး’’