အခန်း ၇၅၀
Vol. 15 Ch. 750
အခန်း ၇၅၀ လုံယန် အကုန်လုံးကို ရှင်းထုတ်ပစ်ချင်သည်။
ထိုစကားကြောင့် လုလျန့်ဝေ ပါးစပ်ပိတ်လိုက်သည်။
တစ်ခါတည်း အများကြီးစားပါက အစာအိမ်အတွက် မကောင်းနိုင်ကြောင်း သူမသိသော်လည်း စပျစ်သီးများမှာမူ ထိုမျှသက်ရောက်နိုင်သည်ဟု သူမ မထင်ပါ။
သူမအမြင်အရဆိုလျှင် မင်းကြီးမှ စပျစ်သီး မခွာပေးချင်တော့သဖြင့် သူမအား ချော့သိပ်နေခြင်းဖြစ်ရမည်။
သူ့အား သူမလှမ်းကြည့်လိုက်သည်။
လုံယန်သည် သူ့၏လက်ကို လက်ကိုင်ပုဝါဖြင့် သုတ်နေရာမှ သူမအကြည့်ကို မြင်၍ ရပ်ကာ ရယ်လိုက်မိသည်။
‘’အစားမက်တဲ့ကြောင်လေး။ပြန်ရောက်ရင် ကြိုက်သလောက် ထပ်စား။အခုကတော့ အိပ်လိုကိဦး’’
လုလျန့်ဝေ မကျေမနပ်ဖြင့် လှည့်လိုက်သော်လည်း မျက်စိပိတ်ကာ သူပြောသည့်အတိုင်း အနားရရန် ကြိုးစားလိုက်သည်။
လုံယန် သူမကို စောင်အပါးတစ်ထည်ဖြင့် ချုံပေးလိုက်သည်။
မနေ့ညက သိပ်မအိပ်ခဲ့ရသဖြင့် မကြာမီ သူမ အိပ်မောကျသွားသည်။သူမ၏ စည်းချက်မှန် လေသံတိုးတိုးကို လှည်းအပြင်မှ ကြားနေရသည်။
သူမ၏ အိပ်ပျော်နေသော မျက်နှာလေးကို လုံယန်ငေးကြည့်ရင်း ပြုံးလိုက်မိသည်။ သူ၏အကြည့်တွင် ချစ်ခင်ကြင်နာမှုတို့ဖြင့် ပြည့်နေခဲ့သည်။
ယနေ့ အစီအစဉ်များ ချောချောမွတ်မွတ် ပြီးဆုံးသွားခြင်းမှာ ဤမိန်းကလေးက အေးစိမ့်တောင်တန်းဆီသို့ ရောက်စနေ့ကပင် သတိပေးနေ၍ဖြစ်သည်။ထို့ကြောင့်သာ သူ့အစီအစဉ်များကို ကြံစည်နိုင်ခြင်းဖြစ်ကာ အဆုံးတွင် လုပ်ကြံသူများ ထွက်လာစေကာ လုံချီကို စွပ်စွဲကာ ကစားပွဲကို ပြောင်းပြန်လှန်လိုက်နိုင်သည်။
အမျိုးသမီးလေး၏ ထူထဲကော့ပျံနေသော မျက်တောင်မွှေးကိုကြည့်ကာ သူ စဉ်းစားခန်းဝင်နေမိသည်။သူမ ပြောပုံအရ သူတို့အပြန် သိမ်းငှက်တောင်ကြားလမ်းတွင် လုပ်ကြံသူများ စောင့်ဆိုင်းနေကြောင်း အိပ်မက်ရသဖြင့် ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းခဲ့သည်။
အိပ်မက်ဖြစ်သဖြင့် သူ့စိတ်ထဲ အလေးမထားခဲ့သော်လည်း သူမမှနောက်မဆုတ်ဘဲ သူ့အား အတင်းအကျပ် ပြင်ဆင်ခိုင်းခဲ့သည်။
သူမကို သူမဖျောင်းဖျနိုင်ခဲ့သဖြင့် နောက်ဆုံးတွင် သူ့ဘက်မှ အလျှော့ပေးခဲ့ရသည်။
မနေ့ညကမူ လုံချီမှ လုလျန့်ဝေကို စိတ်ကြွဆေး တိုက်လိုက်သည် ဆိုသဖြင့် သူမအိပ်မက်နှင့် ဆက်စပ်မိသွားသည်။
လုံချီသည် သာမန်အားဖြင့် ဂရုပြုတတ်သူဖြစ်သော်လည်း မနေ့ညကမူ ပြောင်တင် ရဲတင်းနေသည်။
လုံယန် နန်းမြို့တော်သို့ ဘယ်တော့မှ ပြန်မရောက်လာနိုင်တော့ရန် ကြံစည်ခြင်းဖြစ်သည်။
ထိုလုပ်ကြံသူများမှာ လုံချီ စီစဉ်ထားခြင်း ဟုတ်မဟုတ် အရေးမကြီးပါ။လုံယန်မှ ထိုအခြေအနေကို အသုံးချကာ လုံချီအား အိမ်ရှေ့စံရာထူးမှ ဖယ်ရှားရန် ကြံစည်ထားပြီးဖြစ်သည်။
သူသာ ထိုအတွေးများ မရှိခဲ့ပါက လုံယန်မှ သူ့အား ရှင်းထုတ်ပစ်မည် မဟုတ်ချေ။
လုံချီသည် သူ့အသက်ကိုသာမက ဝေဝေကိုပါ အပိုင်သိမ်းချင်ခြင်းကို သူ သည်းခံမည်မဟုတ်။
လုံယန် စိတ်ထဲတွင် မတင်မကျဖြစ်နေသည်မှာ လုလျန်ဝေ၏ အိပ်မက် တကယ်ဖြစ်လာခြင်းဖြစ်သည်။
သို့ရာတွင် သူမမှ မပြောချင်ပါက လုံယန် မေးမည် မဟုတ်ပေ။
လုံယန် ကန့်လန့်ကာ အနားစွန်းကို ဆွဲတင်ကာ ဘေးမှ မြင်းစီးလိုက်လာသော ချူကျီကို အမိန့်တချို့ပေးလိုက်သည်။
ထို့နောက် လှည်းနံရံကို မှီကာ အိပ်စက်လိုက်တော့သည်။
သူမ၏ မနေ့က အကွက်ရွှေ့ခြင်းများကြောင့် သူအိပ်ရေးမဝဖြစ်ခဲ့ရသည်။
ချူကျီသည် မင်းကြီးအမိန့်အရ အစောင့်အချို့ကို တိတ်တခိုး လွှတ်ကာ ရှုယန်သို့ သွား၍ ရှင်းပစ်ထားခိုင်းလိုက်သည်။
မင်းကြီးသည် အိမ်ရှေ့စံကို ရှုယန်မင်းသားအဖြစ် လျှောချလိုက်ပြီဖြစ်သော်လည်း ဒီလောက်ဖြင့် လွှတ်ပေးရန် အကြံအစည် မရှိချေ။
လုံချီသည် အိမ်ရှေ့စံမင်းသား ကျန်ကျန်း၏ သားတော်ဖြစ်သည့်အပြင် ကာလကြာရှည်စွာ အိမ်ရှေ့စံ ဖြစ်နေသူ ဖြစ်သည်။လုံယန်သာ သူ့ကို အသာလွှတ်လိုကိပါက တစ်နေ့ လုံချီ ပြဿနာ မီးမွှေးဦးမည် ဖြစ်သည်။
ထိုသို့သွားရာလမ်းတွင် လုံချီ မတော်တဆ သေဆုံးသွားခြင်းက ပိုကောင်းသည်။
နောက်လုပ်ကိုင်ရန်လိုသည်မှာ လုပ်ကြံသူဒုတိယတစ်အုပ်ကို တိတ်တဆိတ် လွှတ်ပေးရန် ဖြစ်သည်။
လျှိုဖုသည် မြို့စားကြီးအိမ်တော်အပြင်တွင် ရက်အနည်းငယ်က စောင့်ဆိုင်းနေသော်လည်း လင်းလီဟွားကို ဖမ်း၍မရဖြစ်နေခဲ့သည်။
ထိုအမျိုးသမီးမှာ အလွန် သတိရှိသဖြင့် အနည်းငယ်လှုပ်ရှားလျှင်ပင် သူမ သတိထားမိနေသည်။
အကြံတစ်မျိုး ပြောင်းကြံရန် စဉ်းစားချိန်တွင် မယ်တော်ကြီးနှင့် နီးစပ်သော အစောင့်တစ်ယောက်မှ သူ့ကို တွေ့သွားခဲ့သည်။ထိုအစောင့်၏ တီးတိုးစကားကြောင့် သူရုပ်သွင်ပြောင်းသွားကာ လင်းလီဟွားကို ဖမ်းရန်အကြံကို စွန့်၍ အစောင့်များကို ခေါ်ပြီး မြို့တံခါးသို့ သွားရောက်တော့သည်။