← Chapters

အခန်း ၉၈၅

Vol. 66 Ch. 985

အခန်း ၉၈၅

Vol. 66 Ch. 985

အခန်း (၉၈၅) နတ်ဆိုးဝိညာဉ်ကို အာရုံခံမိခြင်း၊ ရာစုနှစ်ကြာခဲ့သော သွေးကြွေး။ (၃)

မာဟန်က သူ့ကို လာရှာရဲတာဆိုရင် သူမှာ အားကိုးစရာ တစ်ခုခုတော့ ရှိရမယ်ဆိုတာ ရှုဝမ် သိပါသည်။ သို့သော်လည်း ရှေ့တုန်းက သူ့ရဲ့ ရန်သူတော် မာဟန်ကို မသတ်နိုင်ခဲ့တာက ရှုဝမ်ရဲ့ ရင်ထဲမှာ အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်စရာ တစ်ခု ဖြစ်နေခဲ့သည်။

ထို့ပြင် လွန်ခဲ့တဲ့ နှစ်တစ်ရာက ရှုဝမ်က မာဟန်ကို အနိုင်ယူခဲ့ဖူးသည်။ ယခု နှစ်တစ်ရာ ကြာသွားပြီဖြစ်သလို သူကိုယ်တိုင်လည်း သိသိသာသာ တိုးတက်လာခဲ့ပြီး သူ၏ စွမ်းအားအပေါ် ယုံကြည်မှု ရှိနေသည်။ မာဟန်က ဒီနှစ်တစ်ရာအတွင်းမှာ တိုးတက်လာခဲ့မယ်ဆိုရင်တောင် သူ သူ့ကို အနိုင်ယူနိုင်လိမ့်ဦးမယ်လို့ ယုံကြည်သည်။ ထို့ကြောင့် ခဏတာ စဉ်းစားပြီးနောက် ရှုဝမ်က ကောင်းကင်သူတော်စင်တောင်ကနေ ထွက်ခွာပြီး မာဟန်နဲ့ ရာစုနှစ်ကြာခဲ့တဲ့ ရန်ငြိုးကို ဤနေရာမှာပဲ အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။

"သတ်"

ရန်သူနှစ်ဦး တွေ့ဆုံကြချိန်မှာ နှစ်ဦးစလုံးမှာ သတ်ဖြတ်လိုတဲ့ စိတ်တွေ ပြည့်နှက်နေပြီး စကားအများကြီး မပြောတော့ဘဲ ရှုဝမ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။

"ငရဲဝိညာဉ်ခေါင်းလောင်း"

ရှုဝမ်က သူ့ရဲ့ ဘယ်လက်နဲ့ ဆုပ်ကိုင်လိုက်ရာ အနက်ရောင် ခေါင်းလောင်းတစ်ခု ပေါ်လာသည်။ သူက အားစုစည်းပြီး ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။

"ဒင် ဒင် ဒင်"

အသံက တိုးသယောင်ရှိပေမယ့် တကယ်တမ်းမှာတော့ ဆယ်မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားလေ၏။ မာဟန်ရဲ့ ခန္ဓာကိုယ်က ဝိညာဉ် ပျက်စီးတော့မလိုမျိုး အနည်းငယ် တုန်ယင်သွားသည်။ ဤခေါင်းလောင်းသည် ရှုဝမ်က ကောင်းကင်သူတော်စင် အစည်းအဝေးလေလံပွဲမှာ ငွေအမြောက်အမြားပေးပြီး ဝယ်ယူခဲ့တဲ့ ငရဲဝိညာဉ်ခေါင်းလောင်း ဖြစ်သည်။ အသုံးပြုလိုက်တဲ့အခါ သူ့ရဲ့ အသံက ဝိညာဉ်နဲ့ သိစိတ်ပင်လယ်ကို တိုက်ခိုက်နိုင်တာကြောင့် သေစေနိုင်တဲ့ လက်နက်တစ်ခု ဖြစ်သည်။

မာဟန်နဲ့ ရင်ဆိုင်ရချိန်မှာ ရှုဝမ်က ငရဲဝိညာဉ်ခေါင်းလောင်းကို တိုက်ရိုက် အသုံးပြုလိုက်သည်။

"တောင်တန်းတွေ ဖမ်းယူခြင်း"

ရှုဝမ်က ငရဲဝိညာဉ်ခေါင်းလောင်းနဲ့ မာဟန်ရဲ့ သိစိတ်ပင်လယ်နဲ့ ဝိညာဉ်ကို တိုက်ခိုက်ရင်း ညာလက်ကို လေထဲသို့ ဆန့်ထုတ်ကာ နတ်ဘုရားစွမ်းရည်တွေကို အသုံးပြုလိုက်သည်။

"ဗုန်း ဗုန်း ဗုန်း"

တစ်ချက်တည်း ဆုပ်ကိုင်လိုက်ရုံနဲ့ ရာပေါင်းများစွာ မြင့်တဲ့ တောင်တန်းတွေက အမြစ်ပါမကျန် ထွက်လာပြီး ရှုဝမ်က လက်သီးကို ဆုပ်လိုက်ချိန်မှာ လူ့ခေါင်းအရွယ်အစားလောက်အထိ ဖိသိပ်ခံလိုက်ရသည်။ ကျောက်တုံးတစ်ခုချင်းစီက ဖိသိပ်ထားတဲ့ တောင်ထိပ်တွေ ဖြစ်ပြီး အလွန်ပင် လေးလံသည်။

"ရှူး ရှူး ရှူး"

ရှုဝမ်က လက်တစ်ဖက်နဲ့ အချက်ပြလိုက်ရာ ကျောက်တုံးတွေက အမြောက်ဆန်တွေလို လေထဲကို ထိုးဖောက်သွားပြီး ဟင်းလင်းပြင်ကို ပဲ့ကျသွားစေကာ မာဟန်ကို အပြင်းအထန် ရိုက်ခတ်လိုက်သည်။ နတ်ဆိုးဝိညာဉ်ခေါင်းလောင်းရဲ့ တိုက်ခိုက်မှုကြောင့် အသက်ရှုကြပ်နေတဲ့ မာဟန်က ရှောင်တိမ်းဖို့တောင် မစွမ်းသာဘဲ ကျောက်တုံးတွေ သူ့ခန္ဓာကိုယ်ပေါ်ကို ပြင်းပြင်းထန်ထန် ကျရောက်လာတာကို ကြည့်နေရုံကလွဲလို့ မတတ်နိုင်တော့ပေ။

"ဗုန်း ဗုန်း ဗုန်း"

တောင်ကြားထဲမှာ ပြင်းထန်တဲ့ ငလျင်လှုပ်သလို ဖြစ်ပေါ်သွားပြီး ကျောက်တုံးတွေက ကြယ်ကြွေသလို ကျရောက်လာတာကြောင့် တောင်ကြားတစ်လျှောက် အက်ကြောင်းတွေ ဖြစ်ပေါ်လာကာ သစ်ပင်တွေအားလုံးလည်း တုန်ခါမှုကြောင့် အပိုင်းပိုင်း ဖြစ်သွားသည်။ ဒီလို လေးလံတဲ့ ကျောက်တုံးတွေနဲ့ အထိခံလိုက်ရတဲ့ မာဟန်က ကြယ်တံခွန်တွေနဲ့ အတိုက်ခံရသလိုမျိုး နာကျင်ခံစားရပြီး အရိုးတွေက ကျိုးကြေကုန်ကာ ခန္ဓာကိုယ်တွေ ဖောက်ထွက်သွားပြီး ခြေလက်တွေပါ ပြတ်ထွက်သွားကာ အပုံလိုက် အဖတ်လိုက် အဖြစ်ကို ရောက်သွားသည်။

"အယ်… ဒီမာဟန်က.."

ဒီမြင်ကွင်းကို မြင်ပြီး ရှုဝမ် မျက်မှောင်ကြုတ်လိုက်သည်။ မာဟန်က သူ့ကို ရင်ဆိုင်ရဲတာဆိုရင် သူမှာ အားကိုးစရာ တစ်ခုခုတော့ ရှိရမည်။ ဒီလောက်နဲ့တော့ သူ အလွယ်တကူ သေမသွားသင့်ပါ။

မကြာခင်မှာပဲ ရှုဝမ်က ပြန့်ကျဲနေတဲ့ အသားစတွေနဲ့ ကျိုးကြေနေတဲ့ ခန္ဓာကိုယ်တွေက တစ်ခုခုရဲ့ ဆွဲငင်မှုကြောင့် ပြန်စုစည်းပြီး သွေးအသားလုံးတစ်ခု ဖြစ်လာတာကို မြင်လိုက်ရတဲ့အတွက် အံ့အားသင့်သွားသည်။ ဒီအသားလုံးက လိမ်ယှက်ပုံပျက်သွားပြီး လူပုံသဏ္ဍာန်အတိုင်း ပြန်လည် ဖြစ်တည်လာသည်။

အသက်တစ်ရှိုက်စာလောက်အချိန်အတွင်းမှာပဲ အပိုင်းပိုင်းဖြစ်နေတဲ့ မာဟန်က လုံးဝ ပြန်လည် ကောင်းမွန်သွားပြီး အနည်းငယ် အံ့အားသင့်နေတဲ့ ခရူးဝမ်ကို ကြည့်ကာ ပြုံးစိစိနဲ့ အော်ရယ်လိုက်သည်။

"ရှုဝမ် ဒီနှစ်တစ်ရာအတွင်း ငါ တိုးတက်လာခဲ့တာကို ပြလိုက်မယ်။ ဒီနေ့ ငါ့မျက်စိထဲမှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်လောက်ပဲ ရှိတယ်"

သူ့ရဲ့ ရယ်သံက ကောင်းကင်နဲ့ မြေကြီးကို တုန်ခါသွားစေပြီး နေဝင်ချိန် ရောက်လာတဲ့အခါမှာတော့ တောင်ကြားအထက်က ကောင်းကင်က မှောင်မိုက်သွားကာ မာဟန်ဆီကနေ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဝါတွေ ပြန့်နှံ့လာသည်။

"ဂျောက် ဂျောက် ဂျောက်"

မာဟန်ရဲ့ ခန္ဓာကိုယ်က လေမှုတ်ထားသလို ဖောင်းကားလာပြီး အပြာရောင် အကြေးခွံတွေ ပေါ်လာကာ ကျောဘက်က တောင်ပံတွေ ထွက်လာပြီး ခြေလက်တွေလည်း ပိုမို ထူလာသည်။ ချက်ချင်းဆိုသလိုပဲ မာဟန်က အပြာရောင် အကြေးခွံတွေ ဖုံးလွှမ်းထားပြီး ကျောမှာ တောင်ပံတွေ ပါကာ ခုနစ်ပေကျော် မြင့်တဲ့ နတ်ဆိုးပုံစံကို ပြောင်းလဲသွားတော့သည်။

"မိစ္ဆာနတ်ဆိုး"

ရှုဝမ် အသက်ရှုပြင်းသွားပြီး ထိုကြောက်မက်ဖွယ်ကောင်းတဲ့ နတ်ဆိုးအရှိန်အဝါကို ခံစားလိုက်ရတာကြောင့် သူရဲ့ မျက်ခွံတွေ တုန်ယင်လာကာ ဦးရေပြား ကျိန်းစပ်လာပြီး မယုံကြည်နိုင်စွာနဲ့ အော်ပြောလိုက်သည်။

All Chapters