← Chapters

အခန်း ၉၈၇

Vol. 66 Ch. 987

အခန်း ၉၈၇

Vol. 66 Ch. 987

အခန်း (၉၈၇) မူလဝိညာဉ် အကြီးအကဲ၊ ငရဲဝိညာဉ်ခေါင်းလောင်းကို ရရှိခြင်း။ (၂)

ရှုဝမ်အတွက်တော့ လမ်းဆုံးနေပြီဖြစ်သည်။

"ငါ သေရတော့မယ်ဆိုရင်တောင် သူ့ကို ကြီးကြီးမားမား ပေးဆပ်စေရမယ်။"

ရှုဝမ်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး မာဟန်နှင့်အတူ သေဆုံးရန် ဆုံးဖြတ်လိုက်သည်။ သူဆက်ပြီး အချိန်ဆွဲနေပါက နောက်ဆုံးထွက်သက်တိုင်အောင် အစွမ်းကုန် တိုက်ခိုက်နိုင်တော့မည် မဟုတ်ပေ။

"ဒီမိစ္ဆာနတ်ဆိုးကို သတ်ဖို့ ငါ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ မင်းအနေနဲ့ အခြေအနေတစ်ခုကိုတော့ သဘောတူရလိမ့်မယ်။"

ရှုဝင် စိတ်ပျက်အားငယ်နေချိန်တွင် ထူးခြားသော အသံတစ်ခုက သူ့စိတ်အာရုံထဲသို့ ရုတ်တရက် ပဲ့တင်ထပ်လာသည်။

"ဒီအသံက ငါ့ရဲ့ သိစိတ်ပင်လယ်ထဲကို တိုက်ရိုက် ရောက်လာတာလား။"

ရှုဝမ် အံ့အားသင့်သွားပြီး မိမိ၏ သိစိတ်ပင်လယ်ထဲတွင် တုန်ခါနေမှုများကို ခံစားလိုက်ရကာ တတိယလူတစ်ယောက်က ဤတိုက်ပွဲကို စောင့်ကြည့်နေကြောင်း သိလိုက်ရသည်။ ရှုဝမ် အလွန်တုန်လှုပ်သွားသည်။ အကယ်၍ ထိုသူသည် ရန်သူသာဆိုလျှင် မာဟန်နှင့် ပူးပေါင်း၍ သူ့ကို တိုက်ခိုက်နိုင်သော်လည်း ယခုမူ မာဟန်ကို သတ်ရန် ကူညီမည်ဟု ကမ်းလှမ်းနေခြင်းဖြစ်သည်။

ထိုအသံပိုင်ရှင်မှာ စူးချန်ခုန်းပင်ဖြစ်သည်။ စူးချန်ခုန်းသည် သူတို့နှစ်ယောက် စကားပြောသည့်အချိန်မှစ၍ တိုက်ပွဲကို အစအဆုံး စောင့်ကြည့်နေခဲ့ပြီး မာဟန်က မိစ္ဆာနတ်ဆိုးများနှင့် အမှန်တကယ် ပတ်သက်နေသည်ကို တွေ့ရှိလိုက်ရ၍ အနည်းငယ် အံ့အားသင့်မိသည်။ နောက်ဆုံးတွင် သူသည် မူလဝိညာဉ်မှတစ်ဆင့် တိုက်ရိုက်သတင်းစကားပေးပို့ရန် ဆုံးဖြတ်လိုက်သည်။ အမှန်တော့ သူသည် မာဟန်က ရှုဝမ်ကို သတ်ပြီးမှ ဝင်ရောက်စွက်ဖက်ခြင်းဖြင့် အကျိုးအမြတ် ပိုမိုရရှိနိုင်သော်လည်း စူးချန်ခုန်းမှာ မိမိအကျိုးအတွက် မည်သည့်အရာမဆို လုပ်ဆောင်မည့်သူမျိုး မဟုတ်ပေ။

ရှုဝမ်၏ မျက်နှာ အရောင်ပြောင်းသွားသည်။ တစ်ဖက်လူက မည်သည့်အရာကို တောင်းဆိုမည်ကို မသိသော်လည်း ဤအခြေအနေတွင် မည်မျှပင် ခက်ခဲသော တောင်းဆိုမှုဖြစ်စေ လောင်းကြေးထပ်ရတော့မည်သာဖြစ်သည်။ မဟုတ်ပါက သေဖို့သာ ရှိတော့သည်။ ထိုရန်သူ၏လက်ချက်ဖြင့် သေဆုံးရမည်ကို သူ လုံးဝ လက်မခံနိုင်ပေ။

"စီနီယာ၊ ကျွန်တော် သဘောတူပါတယ်။ ဘယ်လိုအခြေအနေမျိုးကိုမဆို သဘောတူပါ့မယ်။"

ရှုဝမ် ခေတ္တမျှ စဉ်းစားပြီးနောက် အန္တရာယ်ကို ရင်ဆိုင်ရန် ဆုံးဖြတ်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။ တစ်ဖက်လူက သူ့ကို လှည့်စားနေပါကလည်း ယခုထက် ပိုမိုဆိုးရွားသော အခြေအနေမျိုး ရှိနိုင်တော့မည် မဟုတ်ပေ။

"မင်း ဘာတွေ ကမူးကရူး လျှောက်ပြောနေတာလဲ။ ငါ မင်းကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ဆွဲဖြဲပစ်မယ်။"

မာဟန်သည် ရှုဝမ်၏ ရုတ်တရက် အော်သံကို နားမလည်နိုင်သဖြင့် စိတ်ပျက်စွာ ပြောဆိုကာ ဆက်လက် တိုက်ခိုက်လိုက်သည်။

"ဘာ"

သို့သော် မကြာမီပင် မာဟန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ကောင်းကင်ယံတွင် နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားသော ရွှေရောင်အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်ကို သူ တွေ့လိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ မိစ္ဆာနတ်ဆိုးစွမ်းအားဖြင့် ဖန်တီးထားသော ပင်လယ်ပြင်သည် စက္ကူကဲ့သို့ စုတ်ပြဲသွားပြီး သူ့ဦးခေါင်းဆီသို့ အနီးကပ် ဝင်ရောက်တိုက်ခိုက်လာသည်။

မာဟန်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ရှုဝမ်ကို ဂရုမစိုက်တော့ဘဲ သူ၏ ညာလက်ကို ဆန့်ထုတ်ကာ ထိုရွှေရောင်အရိပ်ကို ရိုက်ခတ်ရန် ကြိုးပမ်းရင်း ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

"ရွှမ်း"

အသားစုတ်ပြဲသံနှင့်အတူ မာဟန်၏ လက်ဝါးမှာ ဓားသွားပေါင်းများစွာဖြင့် အတိုက်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး သူ၏ လက်တစ်ချောင်းလုံးမှာ အမှုန့်ဖြစ်သွားသည်။ အရိုးထိအောင် နာကျင်မှုကို ခံစားလိုက်ရပြီး မာဟန်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

"မသေမျိုးကိုယ်ခန္ဓာက ပျက်စီးသွားတာလား၊ ငါ့ဝိညာဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ထိခိုက်သွားပြီ။ မူလဝိညာဉ်… ဒါ မူလဝိညာဉ်ပဲ။"

မူလဝိညာဉ်ဆိုသည်မှာ ကာလရှည်ကြာ နေထိုင်ခဲ့ကြသော ရှေးဟောင်း တန်ခိုးရှင်ကြီးများစွာ၏ ကျင့်စဉ်အဆင့်ဖြစ်ပြီး ဝိညာဉ်၏ စွမ်းအားကို နတ်ဘုရားတစ်ပါးကဲ့သို့ ပြောင်းလဲထားခြင်းဖြစ်သည်။ ဤအရာသည် မိစ္ဆာနတ်ဆိုးများအတွက် အဆိုးရွားဆုံးဖြစ်ပြီး ထိခိုက်မိပါက ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုစလုံးအတွက် အကြီးမားဆုံး ဒုက္ခပင်ဖြစ်သည်။

"သူက ရှုဝမ် ရှာတွေ့ထားတဲ့ မဟာမိတ်လား။ ဒါပေမဲ့ သူက တစ်ယောက်တည်းပဲ လှုပ်ရှားလေ့ရှိတာလေ။ ဒီလို ရှေးဟောင်း တန်ခိုးရှင်ကြီးမျိုးကို ဘယ်လိုလုပ် တွေ့နိုင်မှာလဲ။"

မာဟန်၏ ဦးခေါင်းခွံများ တုန်ရီသွားသည်။ ရွှေရောင်အရိပ်မှ ထွက်ပေါ်လာသော အရှိန်အဝါသည် သူ၏ ဝိညာဉ်ကိုပင် ပျောက်ကွယ်သွားစေနိုင်မည်ဟု ခံစားရသဖြင့် သူသည် ဆက်လက် ရင်ဆိုင်ရန် စိတ်ကူးမရှိတော့ပေ။ ဤမူလဝိညာဉ် တန်ခိုးရှင်ကြီးကို ယှဉ်နိုင်သူမှာ သူ၏ ဆရာသာ ရှိပေလိမ့်မည်။

"စီနီယာ၊ ကျေးဇူးပြုပြီး ရပ်လိုက်ပါ။ ကျွန်တော့်ဆရာက ဟုန်တောင်တန်းက နတ်ဆိုးဘုရင်ပါ။"

မာဟန်က အလောတကြီး အော်ခေါ်လိုက်သည်။

"ဟုန်တောင်တန်းက နတ်ဆိုးဘုရင်လား။"

စူးချန်ခုန်းသည် ထိုအမည်ကို ကြားသော်လည်း တုန်လှုပ်ခြင်း မရှိပေ။ ထိုသူမှာ မည်သူမည်ဝါဖြစ်သည်ကို မသိသော်လည်း အစွမ်းထက်သော မိစ္ဆာနတ်ဆိုးတစ်ကောင်ဖြစ်ကြောင်း သူ ခန့်မှန်းနိုင်သည်။ မိစ္ဆာနတ်ဆိုးများအတွက် စူးချန်ခုန်းတွင် တစ်ခုတည်းသော ဆုံးဖြတ်ချက်မှာ သတ်ဖြတ်ခြင်းပင် ဖြစ်သည်။ မိစ္ဆာအသိုက်များသည် သူ့အတွက် ခြိမ်းခြောက်မှု ဖြစ်ရုံသာမက ဟုန်ကျန်းရှန့်၏ ဝိညာဉ်ကို သူ၏ မျက်စိရှေ့မှာပင် ဆွဲဖြဲခြင်းကို ခံခဲ့ရသည်။

"ရှူး"

ရွှေရောင် မူလဝိညာဉ်သည် ခေတ္တရပ်တန့်သွားပြီးနောက် မာဟန်ဆီသို့ ထပ်မံ၍ အရှိန်ဖြင့် ပြေးဝင်သွားသည်။

"သေစမ်း"

မာဟန်သည် ကျိန်ဆဲလိုက်ပြီး နတ်ဆိုးစွမ်းအားများကို အစွမ်းကုန် ထုတ်လွှတ်ကာ ထိုရွှေရောင် မူလဝိညာဉ်ဆီသို့ ရိုက်ခတ်လိုက်သည်။ သို့သော်လည်း မည်သို့မျှ အသုံးမဝင်ပေ။ နတ်ဘုရား ရတနာ သံချပ်ကာပင် စူးချန်ခုန်း၏ မူလဝိညာဉ်ကို မတားဆီးနိုင်ခဲ့ပေ။ မာဟန်၏ ခန္ဓာကိုယ်မှာ တောင့်ခဲသွားပြီး လက်မောင်းမှာ ပျက်စီးသွားသည်။ မူလဝိညာဉ်၏ အရှိန်အဟုန်သည် မာဟန်၏ ဦးခေါင်းကို ဖောက်ထွင်းပြီး သူ၏ သိစိတ်ပင်လယ်ကို ဖျက်ဆီးပစ်လိုက်သည်။ မာဟန်၏ ကြမ်းကြုတ်သော မျက်လုံးများမှာ တဖြည်းဖြည်း အလင်းရောင် ကင်းမဲ့ကာ နောက်ဆုံးတော့ သူ သေဆုံးသွားလေတော့သည်။

"သေပြီလား၊ သူ တကယ်သေသွားတာလား။"

ရှုဝင်သည် ဤမြင်ကွင်းကို ကြည့်ရင်း ရင်ခုန်သံများ မြန်ဆန်လာသည်။ တစ်ချိန်က မာနကြီးပြီး ကြောက်မက်ဖွယ်ကောင်းသော မာဟန်မှာ ချက်ချင်းဆိုသလိုပင် အသက်မဲ့သော အလောင်းတစ်ခု ဖြစ်သွားရလေပြီ။

"ဒါက မူလဝိညာဉ်ပဲ။"

ရှုဝမ်သည် ထိုရွှေရောင် အရိပ်အယောင်ကို ကြည့်ရင်း အံ့ဩမှုနှင့် လေးစားမှုတို့ဖြင့် ပြည့်နှက်နေ၏။ မူလဝိညာဉ်မှာ ရှုဝမ် အစဉ်အမြဲ တောင့်တခဲ့သော အဆင့်ဖြစ်သည်။ တရားမှတ်ရင်း သေဆုံးသွားသော သိုင်းဝိဇ္ဇာသူတော်စင်၏ အမွေအနှစ်ထဲတွင် မူလဝိညာဉ်အကြောင်း ရေးသားထားသည်ကို သူ ဖတ်ဖူးသည်။ ယခုမူ ဤလျှို့ဝှက်ဆန်းကြယ်သော စီနီယာတစ်ယောက်သည် မိစ္ဆာနတ်ဆိုးတစ်ကောင်ကို ဟင်းသီးဟင်းရွက်ကို လှီးဖြတ်သကဲ့သို့ အလွယ်တကူ သတ်ဖြတ်နိုင်သော အစွမ်းထက်သည့် မူလဝိညာဉ်ကို ပိုင်ဆိုင်ထားသည်။

"နတ်ဘုရားခန္ဓာကိုယ်နယ်ပယ်အောက်က ဘယ်သူမဆို ငါ့ရဲ့ မူလဝိညာဉ်ကို မယှဉ်နိုင်ဘူး။"

စူးချန်ခုန်းသည် စိတ်ထဲမှ တွေးလိုက်သည်။ သူ၏ ဓားသွားဝိညာဉ်မှာ မူလဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီဖြစ်၍ ယခင်ကထက် ပိုမိုအားကောင်းလာကာ နတ်ဘုရားမျိုးစေ့နယ်ပယ် သိုင်းဝိဇ္ဇာသူတော်စင်များကိုပင် အနိုင်ယူနိုင်စွမ်းရှိသည်။

"ဒီမာဟန်က မိစ္ဆာနတ်ဆိုး အစစ်မဟုတ်ဘူး။ ဟုန်တောင်တန်း နတ်ဆိုးဘုရင် ပေးထားတဲ့ မူလဝိညာဉ်အမြုတေ အပိုင်းအစကို ရထားတဲ့ နတ်ဆိုးကျွန်တစ်ယောက်ပဲ။"

မာဟန်ကို သတ်ပြီးနောက် စူးချန်ခုန်းသည် မာဟန်မှာ မိစ္ဆာနတ်ဆိုး အစစ်မဟုတ်ကြောင်း သိလိုက်သည်။ မိစ္ဆာနတ်ဆိုး များ၏ မူလဝိညာဉ်အမြုတေမှာ အလွန်တန်ဖိုးကြီးပြီး ၎င်းကို ပိုင်းခြား၍ အခြားသူများကို ပေးအပ်နိုင်သော်လည်း ယင်းကို ရရှိသူမှာ နောက်ထပ် တိုးတက်ရန် ခက်ခဲသွားပြီး ပေးအပ်သူကိုသာ နာခံရတော့မည်ဖြစ်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ၊ အသက်ကို ကယ်တင်ပေးခဲ့တဲ့ကျေးဇူးကို တစ်သက်လုံး မမေ့ပါဘူး။"

ရှုဝမ်က လေးစားစွာဖြင့် ပြောလိုက်သည်။ စူးချန်ခုန်းက သူ့ကို ကြည့်ကာ အေးဆေးစွာ ပြောသည်။

"ကျေးဇူးတင်စရာ မလိုပါဘူး၊ ငါ အစကတည်းက ပြောခဲ့ပြီးသားပဲ။ ငါကူညီမယ်ဆိုရင် မင်းအနေနဲ့ တန်ဖိုးပေးဆပ်ရမယ်လို့လေ။"

ရှုဝမ်၏ ရင်ထဲတွင် စိုးရိမ်စိတ်များ ဝင်ရောက်လာသော်လည်း ရဲရင့်စွာဖြင့် ပြောလိုက်သည်။

"စီနီယာ၊ ပြောသာပြောပါ။ ကျွန်တော် တတ်နိုင်ရင် မငြင်းပါဘူးခင်ဗျ။"

"မင်းရဲ့ အဲ့ဒီခေါင်းလောင်းရတနာကို ငါ လိုချင်တယ်။"

စူးချန်ခုန်းသည် တိုက်ရိုက်ပင် ပြောလိုက်သည်။ ရှုဝမ် အနည်းငယ် အံ့ဩသွားသည်။ သူသည် အလွန်ခက်ခဲ ကြမ်းတမ်းသည့် အခြအနေတစ်ခုကို ဖြည့်ဆည်းပေရမည်ဟု ထင်ထားသော်လည်း တစ်ဖက်လူက ငရဲဝိညာဉ်ခေါင်းလောင်းကိုသာ လိုချင်သည်တဲ့လား။

ငရဲဝိညာဉ်ခေါင်းလောင်းသည် အလွန်တန်ဖိုးကြီးပြီး ကောင်းကင်သူတော်စင်စုဝေးပွဲမှ ကြေးကြီးကြီး ပေးဝယ်ခဲ့ရတာဖြစ်သည်။ ဒါကို သူ့ခွန်အားတိုးစေရန်သာမက သူ၏ဓားသွားဝိညာဉ်နှင့် ပေါင်းစပ်ရန် ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ဒါက သူ့အတွက် အရေးကြီးသော်လည်း သူ့အသက်ထက်တော့ ပိုအရေးမကြီးပါပေ။

"ဟုတ်ကဲ့ စီနီယာ၊ ကျွန်တော် အခုချက်ချင်းပဲ ခေါင်းလောင်းထဲက အမှတ်အသားတွေကို ဖျက်လိုက်ပါ့မယ်။"

ရှုဝမ်က ခေါင်းညိတ်သဘောတူပြီး တစ်ချက်တည်းနှင့် နတ်ဆိုးဝိညာဉ်ခေါင်းလောင်းမှ သူ့ကိုယ်ပိုင် အမှတ်အသားကိုဖျက်ကာ ခေါင်းလောင်းကို လက်နှစ်ဖက်ဖြင့် လေးစားစွာ ပေးအပ်လိုက်သည်။

စူးချန်ခုန်းသည် ခေါင်းလောင်းကို လက်ခံရယူလိုက်ပြီး ထဲတွင်ရှိသော သားရဲဝိညာဉ်ကို ခံစားလိုက်ရသည်။ ထိုအရာသည် သူ၏ ဝူချင်းရှီအတွက် အလွန် အသုံးဝင်မည့် ကျားဝိညာဉ်မျိုး ဖြစ်နေလေသည်။

All Chapters