အခန်း ၉၈၉
Vol. 66 Ch. 989
အခန်း (၉၈၉) သားရဲစစ် ငရဲဝိညာဉ်ကျား။ ကျားနှင့် အလိုက်သင့် တိုက်ခိုက်ခြင်း။ (၂)
ငရဲဝိညာဉ်ခေါင်းလောင်းအတွင်းမှ နတ်ဆိုးဝိညာဉ်ကျား၏ ကျန်ရစ်သော ဝိညာဉ်ကို ထုတ်ယူပြီး အရာခပ်သိမ်းမှန်က စုပ်ယူစေရမည်။
ဟိုးအရင်ကတည်းက သေဆုံးသွားခဲ့ပြီဖြစ်သော သားရဲစစ်တစ်ကောင်၏ ကျန်ရစ်သော ဝိညာဉ်ကို ပုံဖော်ခြင်းသည် အသက်ရှင်လျက်ရှိသော လူတစ်ယောက်ကို ပုံဖော်ခြင်းထက် များစွာ ပိုမိုခက်ခဲသည်။ စူးချန်ခုန်းသည် လက်ထဲရှိ နတ်ဆိုးဝိညာဉ်ခေါင်းလောင်းကို ကြည့်လိုက်သည်။ ၎င်းထဲမှ နတ်ဆိုးဝိညာဉ်ကျား၏ ကျန်ရစ်သော ဝိညာဉ်ကို ထုတ်ယူလိုက်ခြင်းသည် မူလအဆီအနှစ်အရည် တစ်ထောင်ခန့် တန်ဖိုးရှိသော ရတနာတစ်ခုကို ဖျက်ဆီးလိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ သို့သော် သူ၏ ဝူချင်းရှီကျင့်စဉ်ကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် စူးချန်ခုန်း လုံးဝ စွန့်လွှတ်ရဲပါသည်။
တွန့်ဆုတ်နေခြင်း မရှိဘဲ စူးချန်ခုန်းသည် အရာခပ်သိမ်းမှန်ကို တစ်ဖက်၊ ငရဲဝိညာဉ်ခေါင်းလောင်းကို တစ်ဖက် ကိုင်ထားကာ မှန်ကို စတင်လှုပ်ရှားစေသည်။
ဟူး…
အရာခပ်သိမ်းမှန်သည် စုပ်ယူအားကို ထုတ်လွှတ်လိုက်ပြီး ငရဲဝိညာဉ်ခေါင်းလောင်းထဲမှ ငရဲဝိညာဉ်ကျား၏ ကျန်ရစ်သော ဝိညာဉ်နှင့် စွဲလမ်းမှုများကို စုပ်ယူလိုက်သည်။ အနက်ရောင် မြူခိုးများ လှိုင်းလုံးများပမာ ထွက်ပေါ်လာပြီး အရာခပ်သိမ်းမှန်ထဲသို့ ဝင်ရောက်သွားသည်ကို မြင်နိုင်သည်။ ငရဲဝိညာဉ်ခေါင်းလောင်း တစ်ခုလုံး မှေးမှိန်သွားသည်။ သားရဲစစ်၏ ဝိညာဉ်ကို ထုတ်ယူလိုက်သောအခါ ၎င်းသည် တန်ဖိုးရှိသော ရတနာအဖြစ်မှ ပြိုကွဲသွားပြီး တန်ဖိုး၏ ကိုးဆယ်ရာခိုင်နှုန်း ပျောက်ဆုံးသွားသည်။ သို့သော် စူးချန်ခုန်းအတွက်မူ အောင်မြင်မှုတစ်ခု ရရှိရန်အတွက် အရင်းအမြစ်များစွာ သုံးစွဲရခြင်းသည် တန်ဖိုးရှိလှသည်။ သူသာ အစွမ်းထက်နေပါက အရင်းအမြစ်များကို ပိုမို ရှာဖွေနိုင်ပေလိမ့်မည်။
အရာခပ်သိမ်းမှန်က သားရဲစစ်၏ ဝိညာဉ်ကို စုပ်ယူပြီးနောက် စူးချန်ခုန်းသည် သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ ပုံဖော်ခြင်းကို စတင်လိုက်သည်။
ဝီ ဝီ ဝီ
အရာခပ်သိမ်းမှန်က မြင့်တက်သွားပြီး ကြီးမားလာသည်။ ၎င်း၏ မျက်နှာပြင်တွင် အချိန်၏ မြစ်ကြောင်း စီးဆင်းနေသကဲ့သို့ တောက်ပနေသည်။ ၎င်းသည် မဟာနတ်ဘုရားစေ့၏ စွမ်းအားအစိတ်အပိုင်း ဖြစ်သည်။ ပြင်းထန်သော တုန်ခါမှုကြားတွင် တောင်ကုန်းငယ်လေးတစ်ခုကဲ့သို့ ကြီးမားသော ကျားခြေဖဝါးကြီးတစ်ခု ထွက်ပေါ်လာသည်။ တောရိုင်းဆန်ပြီး ရှေးကျကာ အစွမ်းထက်သော အရှိန်အဝါများလည်း ပါဝင်သည်။
အရာခပ်သိမ်းမှန်၏ ပုံဖော်မှုအောက်တွင် သားရဲအစစ်သည် အချိန်၏ မြစ်ကြောင်းကို ဖြတ်ကျော်ကာ မှန်ထဲမှ ထွက်လာသည်။ ၎င်းသည် ပေပေါင်း သုံးရာကျော် ရှည်လျားပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အမည်းရောင် အမွေးများဖြင့် ဖုံးလွှမ်းနေကာ အနက်ရောင် မြူခိုးများက လိပ်ခွေနေသည်။ ရွှေအိုရောင် မျက်လုံးများသည် ရှေးကျပြီး အစွမ်းထက်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ဤသည်မှာ သားရဲစစ် နတ်ဆိုးဝိညာဉ်ကျားပင် ဖြစ်သည်။
အရွယ်အစားမှာ စူးချန်ခုန်း၏ နတ်ဆိုးဧကရာဇ် သားရဲမှ ပုံဖော်နိုင်သည့် အမြင့်ဆုံး အရွယ်အစားလောက် မကြီးမားသော်လည်း အရှိန်အဝါအရဆိုလျှင် လုံးဝ မယှဉ်နိုင်ပေ။ သားရဲစစ်များသည် ရှေးဟောင်း နိုင်ငံ မထူထောင်မီကပင် ဤမြေပြင်တွင် စိုးမိုးခဲ့ကြသည်။ သို့သော် ၎င်းတို့၏ ကိုယ်ခန္ဓာ တစ်ခုလုံး ရတနာများ ဖြစ်နေခြင်းကြောင့် မျိုးသုဉ်းလုနီးပါး အမဲလိုက်ခြင်း ခံခဲ့ရသည်။ သူ့ရှေ့တွင် ရှိနေသော ငရဲဝိညာဉ်ကျားသည်လည်း နယ်မြေတစ်ခုကို စိုးမိုးခဲ့သော သားရဲတစ်ကောင် ဖြစ်ခဲ့သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ၎င်းသည် သိုင်းဝိဇ္ဇာသူတော်စင် အုပ်စုတစ်စု၏ လက်ချက်ဖြင့် သေဆုံးခဲ့ရပြီး ကျန်ရစ်သော ဝိညာဉ်ကိုပင် ငရဲဝိညာဉ်ခေါင်းလောင်းအဖြစ် ပြုလုပ်ခြင်း ခံခဲ့ရသည်။
စူးချန်ခုန်းသည် ငရဲဝိညာဉ်ကျား၏ မျက်လုံးများတွင် ဒေါသနှင့် ဝမ်းနည်းခြင်းကို ခံစားနိုင်သည်။ ၎င်းသည် ယခုပုံစံမှာ နတ်ဘုရားမျိုးစေ့စွမ်းရည်ဖြင့် ဖန်တီးထားသော ပုံရိပ်ယောင်မျှသာ ဖြစ်ကြောင်း ကောင်းစွာ သိနေသည်။ စူးချန်ခုန်းသည် သူ့ရှေ့မှ ဧရာမ ငရဲဝိညာဉ်ကျားကို မော့ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ "လာပါ။ ငါ မင်းကို ပေးနိုင်တာကတော့ အရမ်း စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်ပွဲတစ်ခုပဲ။"
ငရဲဝိညာဉ်ကျားမှာ ဟိုးအရင်ကတည်းက သေဆုံးသွားပြီဖြစ်ပြီး ယခုတွင် အရာခပ်သိမ်းမှန်၏ စွမ်းအားဖြင့် ပေါ်ပေါက်လာသော ပုံရိပ်ယောင်မျှသာ ဖြစ်သည်။ စူးချန်ခုန်းသည်လည်း သားရဲတစ်ကောင်နှင့် တိုက်ခိုက်လိုစိတ် ပြင်းပြနေသည်။ ၎င်းတို့၏ အစွမ်းသတ္တိကို ကိုယ်တိုင် ခံစားရပြီး သူ၏ ဝူချင်းရှီကျင့်စဉ်ကို ပိုမို မြှင့်တင်လိုသည်။ စူးချန်ခုန်းက တိုက်ခိုက်ရန် အမိန့်ပေးလိုက်သောအခါ ငရဲဝိညာဉ်ကျား၏ မျက်လုံးများတွင် သွေးရောင်များ ထွက်ပေါ်လာသည်။ သူသည် လူသားမျိုးနွယ်ကို မုန်းတီးသည်။ သေဆုံးပြီးနောက်တွင်ပင် လွတ်လပ်ခွင့် မရရှိခဲ့သည့်အပြင် ယခုကဲ့သို့ လူသားလောကတွင် ပြန်လည် ပေါ်ပေါက်လာရခြင်းကိုလည်း မုန်းတီးသည်။ ထိုဒေါသများအားလုံးသည် ကောင်းကင်နှင့် မြေကြီးကို တုန်ဟည်းသွားစေသည့် ကျားဟိန်းသံအဖြစ် ပြောင်းလဲသွားသည်။
ဝေါင်းးးးးးးး
ငရဲခန်းဆီမှ ထွက်ပေါ်လာသကဲ့သို့သော ထိုဟိန်းသံသည် ဝိညာဉ်ကို တုန်လှုပ်သွားစေသည်။ အသံလှိုင်းများက စူးချန်ခုန်း၏ ဝိညာဉ် သိစိတ်ပင်လယ်ကို တိုက်ခိုက်သည်။ သာမန် သိုင်းဝိဇ္ဇာသူတော်စင်များဆိုလျှင် သိစိတ်ပင်လယ် ထိခိုက်သွားပေလိမ့်မည်။ သို့သော် မူလဝိညာဉ်ကို ကျင့်ကြံထားသော စူးချန်ခုန်းအတွက်မူ အသေးအဖွဲမျှသာ ဖြစ်သည်။ အသံလှိုင်းများမှာ သူ၏ သိစိတ်ပင်လယ်ထဲသို့ ရောက်သွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
ဘုန်း…
ကျားဟိန်းသံနှင့်အတူ နတ်ဆိုးဝိညာဉ်ကျား၏ ကြီးမားသော ခြေသည်းတစ်ခုက ပြင်းထန်စွာ ဆောင့်ချလိုက်သည်။ မထိခိုက်မီကပင် စူးချန်ခုန်းမှာ ဖိအားများစွာကို ခံစားနေရသည်။
"ဒီနတ်ဆိုးဝိညာဉ်ကျားက နတ်ဘုရားခန္ဓာကိုယ် အဆင့် မဟုတ်ပေမဲ့ တိုက်ခိုက်မှု စွမ်းအားမှာတော့ သိုင်းဝိဇ္ဇာသူတော်စင် အဆင့်သုံးနဲ့ ညီမျှတယ်။"
စူးချန်ခုန်း၏ အမူအရာမှာ တည်ငြိမ်သည်။ သူသည် မူလဝိညာဉ်ကို အသုံးပြု၍ ဝမ်ကျန့်ချိုးကို လွယ်ကူစွာ သတ်နိုင်သော်လည်း ယခုအခါတွင်မူ သတ်ရန် ရည်ရွယ်ချက် မရှိပေ။ သူသည် တိုက်ပွဲအတွင်းမှ အသိဉာဏ်များ ရယူပြီး သူ၏ ဝူချင်းရှီကျင့်စဉ်ကို မြှင့်တင်လိုခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ မူလဝိညာဉ်ကို အသုံးမပြုနိုင်ပေ။
စူးချန်ခုန်းသည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး နတ်သမင် ကောင်းကင်ခြေလမ်းဖြင့် တစ်ရာကျော်မျှ ဘေးသို့ ရှောင်တိမ်းလိုက်သည်။
ဘုန်း…
ကြီးမားသော ကျားခြေဖဝါးမှာ မြေပြင်ကို ရိုက်ခတ်လိုက်သဖြင့် မြေကြီးများ တုန်ခါသွားသည်။ တစ်မိုင် နှစ်မိုင်ခန့်ရှိသော တွင်းကြီးတစ်ခု ဖြစ်ပေါ်လာပြီး အနီးအနားရှိ မြက်ပင်များအားလုံး ပျက်စီးသွားသည်။
"ဝူချင်းရှီ။ ကျားဖြူဟိန်းသံဖြင့် သတ်ဖြတ်ခြင်း။"
စူးချန်ခုန်း၏ ဆန်းကြယ်လိပ်ရွှေအမြုတေသည် သူ၏ စွမ်းအင်သိုလှောင်ရာထဲတွင် လည်ပတ်နေသည်။ အဖြူရောင်ကျား ပုံရိပ်ယောင်ကြီးတစ်ခု ထွက်ပေါ်လာပြီး ပါးစပ်ကြီးကို ဟလိုက်ကာ ဟိန်းသံများ ထွက်ပေါ်လာသည်။ ထိုအသံလှိုင်းများက နတ်ဆိုးဝိညာဉ်ကျားဆီသို့ ဦးတည်သွားသည်။
“ဂျောက် ဂျောက်”
အသံလှိုင်းများသည် နတ်ဆိုးဝိညာဉ်ကျား၏ ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲနေသော်လည်း သေစေလောက်သော အန္တရာယ် မဖြစ်စေဘဲ အမွေးအမျှင် အနည်းငယ်သာ ပျက်စီးသည်။ သိုင်းဝိဇ္ဇာသူတော်စင် ပထမကောင်းကင်ဘုံအဆင့်သာ ရှိသေးသော စူးချန်ခုန်းသည် ဆန်းကြယ်လိပ်ရွှေအမြုတေကို အသုံးပြု၍ ဝူချင်းရှီကျင့်စဉ်ဖြင့် တိုက်ခိုက်နေသော်လည်း စစ်မှန်သော သားရဲကို ယှဉ်ပြိုင်ရန် အနည်းငယ် ရုန်းကန်နေရသည်။
ဝေါင်းးးးးးးးး
ငရဲဝိညာဉ်ကျားက အကြမ်းပတမ်း ဟိန်းဟောက်လိုက်သည်။ ခန္ဓာကိုယ်မှ အမည်းရောင် မြူခိုးများ ပိုမို ထူထပ်လာပြီး ထိုမြူခိုးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာများကို မြင်နိုင်သည်။ စူးချန်ခုန်းသည် အမွေးရှည်ဆင်၊ ဒိုင်နိုဆောနှင့် ကြောက်မက်ဖွယ် လူသားမျက်နှာများကို မြင်ရသည်။ ထိုသတ္တဝါများနှင့် လူသားများမှာ စူးချန်ခုန်းကို ရူးသွပ်စွာ ဟိန်းဟောက်နေကြသည်။ အနက်ရောင် မြူခိုးများ ပျံ့နှံ့သွားပြီး ငရဲခန်းတစ်ခုကဲ့သို့ အခြေအနေမျိုး ဖန်တီးလိုက်သည်။
ထိုသတ္တဝါများသည် အသက်ရှင်နေသော သတ္တဝါများ မဟုတ်ဘဲ ဝိညာဉ်များသာ ဖြစ်သည်။
"ဒီငရဲဝိညာဉ်ကျားက ဝိညာဉ်နဲ့ ပတ်သက်တဲ့ မွေးရာပါ နတ်ဘုရားစွမ်းအား ရှိတာပဲ။ ဒီသတ္တဝါတွေနဲ့ လူတွေက သူသတ်ခဲ့တဲ့ ရန်သူတွေရဲ့ ဝိညာဉ်တွေပဲ ဖြစ်ရမယ်။"
စူးချန်ခုန်းသည် ကျား၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေရင်း သူ၏ အစွမ်းအစကို လေ့လာနေသည်။ ဒဏ္ဍာရီအရ ကျားသတ်ခံလိုက်ရသောသူများသည် ကျားဝိညာဉ်များ ဖြစ်လာပြီး အခြားသူများကို ဒုက္ခပေးသည်ဟု ဆိုကြသည်။ ငရဲဝိညာဉ်ကျားသည်လည်း ထိုကဲ့သို့ပင် တိုက်ခိုက်သည်။ စစ်မှန်သော သားရဲတစ်ကောင်အနေဖြင့် ခန္ဓာကိုယ်မှာ အစွမ်းထက်ရုံသာမက ဝိညာဉ်နှင့် ပတ်သက်သော မွေးရာပါ နတ်စွမ်းအားများကိုလည်း ပိုင်ဆိုင်ထားသည်။
တိုက်ခိုက်နေရင်း စူးချန်ခုန်း၏ အလားအလာများ ပွင့်ထွက်လာပြီး အသိဉာဏ်တစ်ခု ရရှိလိုက်သည်။ "ဒါက ဝိညာဉ်ရဲ့ စွမ်းအားပဲ။ ငါ့ရဲ့ လက်သီးသိုင်းမှာ ဝိညာဉ်စွမ်းအားကို ပေါင်းစပ်လို့ ရတယ်။"
စူးချန်ခုန်း၏ မျက်လုံးများ အရောင်တောက်သွားလေ၏။
"ကျားဖြူဟိန်းသံဖြင့် သတ်ဖြတ်ခြင်း။"
စူးချန်ခုန်းသည် ဝိညာဉ်စွမ်းအားကို ကျားကခုန်ခြင်းနှင့် ပေါင်းစပ်ရန် ကြိုးစားလိုက်သည်။ ကြီးမားသော ငရဲဝိညာဉ် သတ္တဝါတစ်ကောင်က သူ့ဆီသို့ ခုန်အုပ်လာသောအခါ သူ၏ လက်သီးကို အားအပြည့်ဖြင့် ထိုးလိုက်သည်။
ဝုန်း
သူ၏ လက်သီးနှင့် ထိမိလိုက်သောအခါ အသံလှိုင်းများသည် ဝိညာဉ်လို ခန္ဓာကိုယ်ကို အပိုင်းပိုင်း ဖြစ်သွားစေသည်။ စူးချန်ခုန်း၏ မူလဝိညာဉ်မှ ထွက်ပေါ်လာသော အစွမ်းများသည် ဝိညာဉ်အကြွင်းအကျန်များကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်သည်။ ထိုရှေးဟောင်းဝိညာဉ်မှာ ပြန်လည် မရှင်သန်နိုင်တော့ပေ။ ငရဲဝိညာဉ်ကျားက ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။
"ငါ့ရဲ့ ဝိညာဉ်ကနေ မူလဝိညာဉ်အဖြစ် ပြောင်းလဲလိုက်တာနဲ့ ကျားတိုက်ကွက်ကို ပေါင်းစပ်လိုက်တာက တကယ်ပဲ အစွမ်းထက်လာတာပဲ။"
စူးချန်ခုန်းသည် စိတ်ထဲ၌ ဝမ်းသာပီတိ ဂွမ်းဆီထိနေ၏။ မူလဝိညာဉ်ကို အသုံးပြုခြင်းဖြင့် ရန်သူ၏ သိစိတ်ပင်လယ်ကို ဖျက်ဆီးနိုင်သော တိုက်ခိုက်မှု စွမ်းအားကို သူ ပိုင်ဆိုင်လိုက်ပြီ ဖြစ်သည်။