← Chapters

ဒဏ္ဍာရီနဂါး၏ ကျဆုံးခန်း

Vol. 99 Ch. 1372

ဒဏ္ဍာရီနဂါး၏ ကျဆုံးခန်း

Vol. 99 Ch. 1372

ဒဏ္ဍာရီနဂါးမှာ သွေးအလိမ်းလိမ်းနှင့် နဂါးရုပ်ပင် မထွက်တော့ပေ။ စတုတ္ထမြားကြောင့် အသက်ထွက်မသွားအောင် ရှောင်နိုင်ခဲ့သော်လည်း ထိုမြားချက်မှ ရရှိခဲ့သော ဒဏ်ရာများသည် အင်မတန်ဆိုးရွားပြင်းထန်သေး၏။ သူသာ အားအင်အပြည့်ရှိနေလျှင် ထိခိုက်မှုကို များစွာလျော့ချနိုင်မည်ဖြစ်သော်လည်း ယခုတော့ ...ထိုသို့မလုပ်နိုင်ပေ။

ဒဏ္ဍာရီနဂါး အမြန်ဆုံးထွက်ပြေးနေစဉ် သူ့ထံမှ ဆောက်တည်ရာမဲ့ရယ်သံကြီး ထွက်လာသည်။ သူ့နှလုံးသားထဲရှိ အန္တရာယ်၏အထိအတွေ့မှာ လျော့ကျမသွားခဲ့သည်သာမက ဤအခြေအနေမှ အသက်ရှင်လျက် လွတ်မြောက်နိုင်လိမ့်မည်ဟုပင် မထင်တော့ပေ။ သို့သော် ခါးသီးမှု၊ ကူကယ်ရာမဲ့မှုတို့ သူ့နှလုံးအိမ်တွင် ပြည့်ကြပ်နေစဉ် မန်ဟို လေးအား ပြန်ချလိုက်သည်ကို သူ မြင်လိုက်ရ၏။

သို့သော်လည်း မန်ဟိုက သွေးရောင်တောက်ပလာကာ သွေးဆာနေသော အမျက်ဒေါသကို ထုတ်ဖော်လိုက်သည်။

ထိုမြင်ကွင်းက ဒဏ္ဍာရီနဂါးကို ရင်တဒိန်းဒိန်းခုန်လာစေသည်။ မန်ဟိုက ချဉ်းကပ်လာပြီး မှော်ပင်လယ်သည် နီးကပ်လာနေပြီဖြစ်သော်လည်း သူ့နောက် မလိုက်နိုင်သေးပေ။

သွေးအရောင်အဝါက မန်ဟို့ကို ခြံရံလျက်ရှိသည်။ သွေးမိစ္ဆာနှင့်ပေါင်းစည်း၍ သွေးမိစ္ဆာမဟာမှော်သိုင်းကို ဤကဲ့သို့ ထုတ်လွှတ်လိုက်သည့်အခါ မန်ဟိုသည် အင်မော်တယ်နတ်မင်းကြီးနှင့်မတူတော့ဘဲ မိစ္ဆာအင်မော်တယ်ကြီးတစ်ကောင်နှင့် တူလာ၏။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း တကယ့်တကယ် လျှပ်တပြက်ဖြစ်ပျက်သွားခဲ့ခြင်းပင်။ မန်ဟိုက ယခုတွင် အံတင်းတင်းကြိတ်ထားသော ဒဏ္ဍာရီနဂါးအပေါ် ထိုးဆင်းနေလေပြီ။ ဒဏ္ဍာရီနဂါးမှာ ဖြစ်ပျက်တော့မည့်အရာမှ ထွက်မပြေးနိုင်မှန်းသိသည့်အတွက် မန်ဟို့ကို လှည့်ရင်ဆိုင်လိုက်သည်။

နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ဝင်တိုက်သွားပြီး မန်ဟိုဖြစ်သော သွေးပင်လယ်ကြီးက ပါရာဂွန်ဒဏ္ဍာရီနဂါးကို လွှမ်းခြုံကာ သွေးမိစ္ဆာမဟာမှော်သိုင်း၏စွမ်းအားရာနှုန်းပြည့် ထုတ်လွှတ်လိုက်သည်။

မှော်ပင်လယ်ကား အနားရောက်လာသဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။ ဒဏ္ဍာရီနဂါးသည် စူးစူးဝါးဝါးအော်လျက် သွေးပင်လယ်ထဲမှ ရုန်းထွက်၏။ သွေးပင်လယ်က သွေးသိမ်းငှက်တစ်ကောင်အသွင်ပြောင်းကာ ခပ်စူးစူးအော်ရင်း ဒဏ္ဍာရီနဂါးနောက် လိုက်လာသည်။

မရေမတွက်နိုင်သော သွေးရောင်တောင်များနှင့်အတူ သွေးရောင်တောက်နေသည့် ပါရာဂွန်တံတားလည်း ပေါ်လာသည်။ ဒဏ္ဍာရီနဂါး၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ၏ကျင့်ကြံအဆင့်မှာ ပါရာဂွန်အဆင့်မှ အင်ပါယာသခင်အဆင့်သို့ ကျဆင်းသွားခဲ့လေပြီ။

ဤအခိုက်အတန့်တွင် မန်ဟို့ကို သူ ပြန်မတိုက်ခိုက်နိုင်တော့ပေ။ သွေးသိမ်းငှက်အသွင်ဖြင့် မန်ဟို သူ့ကို သုတ်ချီ၍ သွေးမိစ္ဆာမဟာမှော်သိုင်းအား ထပ်မံထုတ်လွှတ်နေစဉ် သူ့မှာ ခါးသီးစွာသာ ရယ်နေနိုင်တော့သည်။

မျက်စိတစ်မှိတ်အတွင်း ဒဏ္ဍာရီနဂါး၏ကိုယ်ထဲရှိ ချီနှင့်သွေးတို့ကို မန်ဟိုက အငမ်းမရစုပ်ယူလိုက်သည်။ ဒဏ္ဍာရီနဂါးက ရုန်းသော်လည်း မတားနိုင်ပေ။ သူတို့ခြေထောက်အောက်တွင် ကောင်းကင်ဘုံ (၁၆) သည် လျင်မြန်စွာ ပြိုကျနေပြီး တစ်ချိန်တည်းမှာပင် မှော်ပင်လယ်က သူတို့ကို ဝင်တိုက်လိုက်သည်။

အဝေးရှိ ရွှမ်းဖန်မှာ စိတ်မကောင်းဖြစ်နေသော မျက်လုံးများဖြင့် တိတ်ဆိတ်စွာ ကြည့်နေသည်။ ဒဏ္ဍာရီနဂါး... မလွတ်နိုင်တော့မှန်း သူ သိလေသည်။ ရွှမ်းဖန်သည် ဗျူဟာနှင့်ပရိယာယ်အရာ၌ ကျွမ်းကျင်သော်လည်း ဤအခြေအနေတွင် ဒဏ္ဍာရီနဂါးကို မကူညီနိုင်တော့ပေ။

ရွှမ်းဖန်ကိုယ်တိုင်မှာလည်း အသက်ဘေးအန္တရာယ်ကို ခံစားနေရသည်။ သူ့မှာ ပါရာဂွန်ရုပ်သေးရုပ်၏ တိုက်ကွက်များကို ရင်ဆိုင်ရာတွင် အခက်တွေ့နေ၍ တစ်ချိန်လုံးသွေးအန်လျက် ဆုတ်ပြီးရင်းဆုတ်နေရလေသည်။

ထိုအချိန်မှာပင် တောင်ပင်လယ်လောကအပေါ်ရှိ စည်းသည် တာအိုဆရာအစည်းအရုံးသုံးခု၊ ကျမ်းဆရာလက်နက်ရတနာများကို ကိုင်စွဲထားသော လူငယ်သုံးယောက်၊ သာမန်တောင်ပင်လယ်ကျင့်ကြံသူများ၊ ပါရာဂွန်ပင်လယ်အိပ်မက်နှင့် မှီခိုရာဂိုဏ်းချုပ်တို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်ဝယ် ကွဲကြေလာသော လက္ခဏာများ ပြလာသည်။

စည်း ကျိုးပျက်သွားသည်နှင့် တောင်ပင်လယ်ကျင့်ကြံသူများသည် ပါရာဂွန်အင်အားကင်းမဲ့နေသော အပြင်သူစစ်တပ်ကို တိုက်ခိုက်နိုင်မည်။ ပါရာဂွန်အင်အားကင်းမဲ့ခြင်းက အပြတ်အသတ်ရှုံးနိမ့်မှုကို ဦးတည်စေမည်။

ယခုလောလောဆယ် အစိုးရိမ်ရဆုံးမှာတော့ လပင်။ ၎င်းမှာ အပြင်သူများ၏အဝိုင်းခံထားရသည်သာမက အင်ပါယာသခင်များက ၎င်းကို ဖျက်စီးဖို့ စိတ်ပိုင်းဖြတ်ထားကြသည်။ သူတို့ပါရာဂွန်သေသေ၊ မသေသေ ... ဤစစ်ပွဲကို နိုင်နိုင်မနိုင်နိုင် အရေးမကြီး။

လ၏ဖြစ်တည်မှုကို ... ရှင်းလင်းပစ်ရမည်။

စစ်ပွဲကား ပေါက်ကွဲတော့မည့် ပူဖောင်းကြီးသဖွယ် ဖြစ်လာခဲ့သယောင်ပင်။

ပထမဆုံးပေါက်ကွဲမှုက မန်ဟိုလည်းမဟုတ်၊ ပါရာဂွန်ရုပ်သေးရုပ်လည်း ဖြစ်မည်မဟုတ်။ ခိတိဂဗ္ဗသည် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေသည့်တိုင် လမှာ မရှောင်မတိမ်းနိုင်သလို၊ အပြင်သူများ၏ ဝိုင်းအုံတိုက်ခိုက်ခြင်းခံနေရသည်။ သူတို့၏ ပြိုင်တူတိုက်ကွက်များက နောက်ဆုံးတော့ လကို အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားစေတော့သည်။

ဝုန်း

လကား .... မရှိတော့လေပြီ။

၎င်းပြိုကွဲသွားသဖြင့် ခိတိဂဗ္ဗမှာ သွေးတစ်ပွက်အန်လိုက်ရသည်။ သူ၏ခါးခါးသီးသီး ရယ်သံကြီး ဟိန်းထွက်နေသည့်အချိန်မှာပင် .. ဒုတိယပေါက်ကွဲသံတစ်သံ ထွက်လာသည်။

ဤတစ်ကြိမ်တွင် တောင်ပင်လယ်လောကအပေါ်ရှိ စည်းမှ ထွက်လာခြင်းဖြစ်သည်။ ကောင်းကင်ဘုံ (၁၇) နှင့်အထက်ကောင်းကင်ဘုံများမှ ကျဆင်းလာခဲ့သော အလင်းတန်းများသည် တောင်ပင်လယ်ကျင့်ကြံသူများ၏ ညီညွတ်သောအင်အားကြောင့် ပြိုကွဲလာနေလေပြီ။

စည်၏မျက်နှာပြင်တစ်လျှောက် အက်ကြောင်းဖြာထွက်လျက် နောက်ဆုံးတွင် တစ်ကြောင်းနှင့်တစ်ကြောင်း ဆက်ကာ စည်းသည် မှန်တစ်ချပ်သဖွယ် ကွဲထွက်သွားတော့၏။ မရေမတွက်နိုင်သော တောင်ပင်လယ်ကျင့်ကြံသူများက သတ်ဖြတ်လိုစိတ်အပြည့်နှင့် ထွက်လာကြသဖြင့် မိုးနှင့်မြေသည် မှောင်မိုက်သွားပြီး ကြယ်တာရာကောင်းကင်မှာ တုန်ခါလာတော့သည်။

တာအိုဆရာအစည်းအရုံးသုံးခု၊ ပါရာဂွန်ပင်လယ်အိပ်မက်၊ တာအိုနယ်ပယ်ပညာရှင်များ၊ ကျမ်းဆရာရတနာများကို ကိုင်စွဲထားသည့် လူငယ်သုံးယောက်တို့အားလုံး တောင်ပင်လယ်လောကအတွင်းမှ တဟုန်ထိုး ထွက်လာကြလေပြီ။

သို့သော် ထိုအခိုက်အတန့်တွင် မန်ဟိုနှင့် ဒဏ္ဍာရီနဂါးတို့ တိုက်ခိုက်နေသောနေရာမှ တတိယပေါက်ကွဲသံ ထွက်လာသည်။ ထိုပေါက်ကွဲသံအတွင်း၌ အလျှော့မပေးလိုသည့်ဟိန်းသံ ရောယှက်နေ၏။

ထိုဟိန်းသံက သွေးပင်လယ်၏လွှမ်းခြုံခြင်းခံထားရသော ဒဏ္ဍာရီနဂါး၏ပါးစပ်မှ လာလေသည်။ သူ၏ချီနှင့်သွေး၊ ကျင့်ကြံခြင်းအခြေခံနှင့် ဝိညာဉ်တို့ စုပ်ယူခံနေရသဖြင့် သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ခြောက်ကပ်လာနေသည်။

သူသည် ခန္ဓာဖောက်ခွဲဖို့ မကြိုးစားခဲ့ခြင်းမဟုတ်။ မန်ဟို၏အချိန်လမ်းလျှောက်အတတ်ကြောင့်သာမက ဒဏ်ရာအပြင်းအထန် ရထားခဲ့၍ ပါရာဂွန်အဆင့်အောက်သို့ စွမ်းအားကျဆင်းထားခြင်းကြောင့် သူ့မှာ မဖောက်ခွဲနိုင်ခြင်းသာဖြစ်သည်။

မန်ဟို၏သွေးမိစ္ဆာမဟာမှော်သိုင်း သူ၏ကျင့်ကြံခြင်းအခြေခံ၊ ချီသွေးနှင့် ဝိညာဉ်အား စုပ်ယူနေသည်ကို သူ့မှာ မျက်လုံးပြူးကြီးဖြင့်သာ ကြည့်နိုင်လေသည်။

“ငါ ....အလျှော့မပေးနိုင်ဘူး" ဒဏ္ဍာရီနဂါး၏ ပူဆွေးနေသောရယ်သံကြီးသည် ဗလုံးဗထွေးသာ ကြားရတော့သည်တိုင်အောင် ပဲ့တင်ထပ်နေ၏။ ဧရာမနဂါးနက်ကြီးကား မျက်လုံးပိတ်လျက် သွေးပင်လယ်ထဲတွင် ထာဝရနစ်မြုပ်သွားခဲ့လေပြီ။

ပါရာဂွန်တစ်ဦး သေဆုံးသွားခဲ့ပြီဖြစ်၏။

တိတိကျကျပြောရလျှင် တောင်ပင်လယ်လောကနှင့် ကောင်းကင်ဘုံ (၃၃) ၏စစ်ပွဲအတွင်း ဒုတိယပါရာဂွန်သေဆုံးသွားမှု ဖြစ်သည်။ ပထမတစ်ယောက်က ရုပ်သေးရုပ်အဖြစ် ပြောင်းလဲခံခဲ့ရသော အောဂူပင်။

ပတ်ဝန်းကျင်ရှိ အပြင်သူများမှာ ဒဏ္ဍာရီနဂါးသေဆုံးသွားသည်ကို တအံ့တဩကြည့်နေကြသည်။ ထို့နောက် အကြောက်တရားသည် သူတို့၏စိတ်နှင့်နှလုံးသားကို စိုးမိုးလာ၏။

“ပါရာဂွန်... ငါတို့ပါရာဂွန် ... ကျဆုံးသွားပြီလား”

“ဒါ..ဒါ ..မဖြစ်နိုင်ဘူး...” အပြင်သူများမှာ လုံးဝမယုံနိုင်ပေ။ ကောင်းကင်ဘုံ (၁၇) နှင့်အထက် ကောင်းကင်ဘုံများလည်း ကြက်သေသေသွားသည်။ ထိုနေရာရှိ အစွမ်းထက်ပညာရှင်များမှာ ရင်တဒိန်းဒိန်းတုန်လာသည်ကို ခံစားလိုက်ကြရ၏။

ဒဏ္ဍာရီနဂါး ပျောက်ကွယ်သွားပြီးနောက် သွေးပင်လယ်သည် တဖွေးဖွေးလှုပ်လျက် မန်ဟို့မျက်နှာနှင့် လူပုံစံပေါ်လာသည့်တိုင်အောင် သေးသထက် သေးလာသည်။

မန်ဟို့မျက်နှာမှာ ဖြူဖျော့နေပြီး သူ့ခန္ဓာကိုယ်မှာ အရိုးပေါ်အရေတင်နေသည်။ ကျိန်စာစွမ်းအားသည်လည်း သူ့ကို ရစ်သိုင်းနေ၏။ သို့သော် သူက ထိုအခြင်းအရာများကို လျစ်လျူရှုလျက် တောင်ပင်လယ်လောကကို ချုပ်ထားခဲ့သော်လည်း ယခုတွင် ကြေမွသွား၍ တောင်ပင်လယ်ကျင့်ကြံသူများ ထွက်လာနေသော စည်းအပျက်အစီးကို လှမ်းကြည့်လိုက်သည်။ ထို့နောက် လပြိုကွဲနေသည်ကို သူ မြင်လိုက်၏။

နောက်ဆုံးတော့ သူက ပါရာဂွန်ရုပ်သေးရုပ်၏ လက်သီးချက်များကို ခံနေရသော ရွှမ်းဖန်ကို လှမ်းကြည့်သည်။ ရွှမ်းဖန်၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူက ခါးသီးစွာ ရယ်သည်။ ပါရာဂွန်ရုပ်သေးရုပ် သူ့အနားကပ်လာသည့်အချိန်မှာပင် ... ရွှမ်းဖန်က ဖောက်ခွဲခြင်းကို အစပျိုးလိုက်သည်။

သူကား သူ့ကိုယ်သူ ဖောက်ခွဲဖို့ ရွေးချယ်နေလေသည်။

ဒဏ္ဍာရီနဂါးနည်းတူ သူလည်း သေရမည့်ကံပါကြောင်း သူ သိသည်။ တိုက်ခိုက်ရင်း သေဆုံးလျှင် ရန်သူတချို့ကို သတ်နိုင်မည်ကိုလည်း သူ သိသည်။ သို့သော် ယင်းက သူ အဆုံးသတ်ချင်သည့် ပုံစံမျိုးမဟုတ်ပေ။

ရန်သူနည်းနည်းပါးပါးကို သေရွာခေါ်သွားနိုင်ရုံနှင့်တင် သူ မကျေနပ်နိုင်။ သူသည် သူ၏သေခြင်းတရားနှင့်အတူ တောင်ပင်လယ်လောကကိုပါ မြေမြှုပ်ပစ်ချင်၏။

ရူးသွပ်မိုက်မဲမှုက သူ၏မျက်ဝန်းများတွင် တောက်ပနေသည်။ သူ၏အချိန်အနှစ်သာရကြောင့် မည်သူမှ သူ့ကို ခန္ဓာမဖောက်ခွဲအောင် မတားနိုင်ပေ။ ပါရာဂွန်ရုပ်သေးရုပ်၏မျက်လုံးများ လင်းလက်သွားပြီး ၎င်းက ရုတ်တရက် နောက်ဆုတ်လိုက်သည်။ ချုံမန်းတိုင်၏ဝိညာဉ်အရောင်အဝါ ပျောက်ကွယ်ကာ ရုပ်သေးရုပ်သည် မန်ဟို၏ထိန်းချုပ်မှုအောက် ပြန်ရောက်လာ၏။

မန်ဟိုက တင်းမာခက်ထန်စွာ လှမ်းကြည့်လိုက်သည်။

ရွှမ်းဖန်၏ စိတ္တဇရယ်သံကြီးက ကြယ်တာရာကောင်းကင်တွင် ပဲ့တင်ထပ်နေသည်။

ရွှမ်းဖန်မှာ ဝန်မခံချင်သော်လည်း ရှုံးသွားပြီဖြစ်ကြောင်း သိ၏။ မရှုမလှရှုံးနိမ့်သွားခြင်းဖြစ်သည်။ သူ၏အရှုံးက သည့်ထက်ပိုမဆိုးနိုင်တော့ပေ။

ပေါ်လာခဲ့သော ခန္ဓာမဲ့ဝိညာဉ်က ရွှမ်းဖန်ကို ချုပ်ထားခဲ့ပြီး သူသည် မန်ဟို မည်မျှရက်ရက်စက်စက်ပြတ်သားသလဲ နားလည်လာခဲ့၏။ သူ့မှာ ခါးသီးစွာသာ ရယ်နိုင်တော့သည်။ စစ်ပွဲမစခင်က ကောင်းကင်ဘုံ ၃၃ ဘုံရှိ အပြင်သူတစ်ယောက်မှ .... စစ်ပွဲသည် ဤမျှခက်ခဲလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

သူတို့၏စိတ်ထဲတွင် ဤစစ်ပွဲသည် ကောင်းကင်ဘုံ (၃၃) ဘုံ တောင်ပင်လယ်လောကကို သုတ်သင်မည့် စစ်ပွဲဖြစ်ခဲ့သည်။ အပြင်အင်အားစုနှစ်စု၏ အကူအညီပင်မလိုဘဲ သူတို့ဘာသာ အနိုင်ယူနိုင်မည်ဟု ထင်ခဲ့သည်။

သို့သော် ... ယခုတော့ ရွှမ်းဖန်၏ရင်ထဲတွင် မေးခွန်းတစ်ခုပေါ်လာသည်။

“ကောင်းကင်ဘုံ ၃၃ ဘုံ... တကယ်ပဲ ရှုံးတော့မှာလား” ဒဏ္ဍာရီနဂါး၏ ရုပ်နှင့်နာမ်နှစ်မျိုးလုံး ပြိုကွဲသွားခဲ့ကြောင်း ရွှမ်းဖန် ခံစားလိုက်ရသည်။ သူသည် သွေးပင်လယ်ပုံစံမှ လူပုံစံပြန်ဖြစ်လာသော မန်ဟို့ကို လှမ်းကြည့်ရင်း ပြော၏။ “မန်ဟို ... ဒီစစ်ပွဲမှာ မင်း ငါ့ကို အနိုင်ယူနိုင်ခဲ့ပြီ

“ငါအမှားနှစ်ခု လုပ်ခဲ့မိတယ်။ ပထမတစ်ခုက မင်းကို အဲဒီပထမဆုံးအကြိမ်ကတည်းက အသေမသတ်ခဲ့မိတာပဲ။ မင်း သေကိုသေအောင် ငါ လုပ်ခဲ့ရမှာ။ မင်းက အရေးပါမှန်း ငါသိပေမယ့် မင်းကို ပေါ့ပေါ့လေး သဘောထားခဲ့မိတယ်...

“ဒုတိယအမှားက တောင်ပင်လယ်လောကကို လျှော့တွက်ခဲ့မိတာပဲ။ ငါတို့အင်အားတွေကို ခွဲပြီး မတိုက်ခိုက်ခဲ့သင့်ဘူး....

“ကောင်းကင်ဘုံ (၁၇) နဲ့ အထက်ကောင်းကင်ဘုံက ညီနောင်တို့ ငါ့စကားကို နားထောင်ကြလော့။ ဒီနေရာမှာ ဖြစ်ခဲ့တာအားလုံးကို မင်းတို့ သင်ခန်းစာ ယူရမယ်။ မင်းတို့ ဆင်းသက်လာတဲ့အခါ အင်အားမခွဲဘဲ တစ်ပြိုင်တည်းတိုက်ခိုက်ကြပါ။ တောင်ပင်လယ်လောကကို ဖျက်စီးဖို့ အစွမ်းကုန်ကြိုးစားကြပါ

“ဘာကိုမှ မထိမ်ချန်ထားနဲ့။ သေတာရှင်တာလည်း ထည့်မတွက်ကြနဲ့။ ထည့်တွက်လိုက်ရင် ... အနိုင်ရဖို့ဆိုတာ မသေချာတော့ဘူး။ အနှစ်သာရ ၈ ခု ပါရာဂွန်တို့၊ ဒီစစ်ပွဲမှာ ငါရဲ့ကျဆုံးမှုကို မင်းတို့နှစ်ယောက် လက်စားပြန်ချေပေးမယ်လို့ ငါ မျှော်လင့်တယ်။ မန်ဟို့ခေါင်းကို ဖြတ်ပြီး ငါ့အုတ်ဂူပေါ်မှာ အောင်သရဖူအဖြစ် ထားပေးပါ

“ဒီနေရာ တောင်ပင်လယ်လောကမှာ အခု တိုက်ခိုက်နေကြတဲ့ ငါ့ရဲ့စစ်သည်တို့ ဒီစစ်ပွဲမှာ ဆုတ်စရာလမ်းမရှိဘူး။ ဆုတ်တာနဲ့ ... သေရလိမ့်မယ်။ ပြန်စရာအိမ်လည်း မရှိဘူး။ မင်းတို့အိမ်တွေအားလုံးက အဖျက်စီးခံရမှာ

“အသက်ရှင်ချင်ရင် မသေမချင်းတိုက်ခိုက်ကြ။ မင်းတို့သေသွားရင်တောင်မှ ငါတို့လူတွေ ငါတို့အတွက် ကလဲ့စားချေပေးဖို့ မကြာခင် ရောက်လာကြလိမ့်မယ်

“စစ်ပွဲမှာ မှားခြင်း၊ မှန်ခြင်းမရှိဘူး။ အနိုင်နဲ့အရှုံးပဲ ရှိတယ်

“ငါက ပါရာဂွန်ရွှမ်းဖန်၊ ဒီနေရာမှာ ကောင်းကင်ဘုံ ၃၃ ဘုံ တောင်ပင်လယ်လောကကို ဖျက်စီးနိုင်အောင် ကူညီဖို့ ငါ့အသက်ကို စတေးတယ်” ရွှမ်းဖန်သည် ခေါင်းနောက်လှန်၍ တဟားဟားရယ်လျက် အင်္ကျီလက်ကို ခါလိုက်၏။ သူ့ထံမှ မျက်စိကျိန်းမတတ် တောက်ပနေသော အလင်းရောင်နှင့် အစွမ်းထက်လှိုင်းဂယက်များ စတင်ဖြာထွက်လာသည်။ ထို့နောက် ခန္ဓာဖောက်ခွဲခြင်း၏ ပေါက်ကွဲအားက အစပျိုးလာလေပြီ။

တစ်ချိန်တည်းမှာပင် သူ၏လက်အောက်ရှိ ကောင်းကင်ဘုံများမှာ တောင်ပင်လယ်လောကကို ထိုးစိုက်တော့မည့် ဓားများအသွင်ပြောင်းရင်း ရွေ့လျားလာသည်။

လက်ကျန်အပြင်သူသန်းပေါင်းများစွာ၏ မျက်နှာထက်တွင် အသက်ကိုစတေးတော့မည့် ရက်စက်ကြမ်းကြုတ်မှုတို့ ထင်ဟပ်လာသည်။ အပေါ်မှ မြေထုကြီးများ ကျဆင်းလာနေစဉ် သူတို့က တောင်ပင်လယ်လောကထံ တဟုန်ထိုးချီတက်သွားကြသည်။

“တောင်ပင်လယ်လောကကို ချေမှုန်းဖို့ ဒီမြေထုတွေကို သုံးဖို့က ငါ တစ်ချိန်လုံး ကြံစည်ထားခဲ့တာပဲ။ ဒီလုပ်ရပ်က ငါ့နာမည်ကို ထာဝရညှိုးနွမ်းစေလိမ့်မယ်။ ဒါကြောင့် ... နာမည်ဆိုးထွက်ရတာနဲ့တန်အောင် မင်းတို့အားလုံးကို ငါ ဖျက်စီးပစ်မယ်” ရွှမ်းဖန်သည် အရူးကြီးလို တဟားဟား ရယ်နေ၏။

All Chapters