← Chapters

ပြန်လည်ရှင်သန်လာခြင်း

Vol. 017 Ch. 836

ပြန်လည်ရှင်သန်လာခြင်း

Vol. 017 Ch. 836

“ငါက မိသားစုကြီးလေးခုကိုရဲ့ ရန်သူ ဖြစ်လာပြီ ဖြစ်တဲ့အတွက် ပိုပြီးတော့ ရက်စက်မှ ရတော့မယ်…”

ဝမ်လင်းက သည်အစိတ်အပိုင်းမြေအနှံ့ပေါ်တွင် ရွှေ့လျားနေရင်း အတားအဆီးများစုံကို နေရာချနေ၏။သူက သူ့အတားအဆီးနှင့်ပတ်သတ်သည့်စွမ်းရည်ကို အပြည့်အဝအသုံးချကာ သည်အစိတ်အပိုင်းမြေကို အတားအဆီးများ ချမှတ်နေ၏။

သည်ဖြစ်စဉ်က ဆယ်နှစ်နီပါး ကြာမြင့်ခဲ့ကာ ဝမ်လင်းသည် တဖြည်းဖြည်းဖြင့် သူ ဝင်ရောက်လာခဲ့သည့် အစိတ်အပိုင်းမြေ၏အစွန်းနားသို့ ရောက်လာခဲ့သည်။

ထိုနေရာရှိ အတားအဆီးက အပြင်ကဝင်လာခြင်းကိုသာ တားဆီးထားခြင်း ဖြစ်ပြီး အထဲကနေမူ အဟန့်အတားမရှိ ပြန်ထွက်နိုင်ပေသည်။

လဝက်ခန့်ကြာပြီးသည့်နောက် ဝမ်လင်းသည် လီယွမ်နှင့်အတူ ဟင်းလင်းပြင်ထဲ၌ မြန်ဆန်စွာ ရွှေ့လျားနေ၏။

လီယွမ်က ဝမ်လင်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။ “အစ်ကိုရှု…ငါက ဟိုအစိတ်အပိုင်းမြေရဲ့အစွန်းပိုင်းမှာ အတားအဆီးသောင်းနဲ့ချီပြီး ချမှတ်ခဲ့ပြီးပြီး၊ ဒီအတားအဆီးတွေက ပေါင်းစည်းသွားတဲ့အခါကျရင် အလွန်အားကောင်းလိမ့်မယ်။မိသားစုကြီးလေးခုကတောင် သူတို့ရဲ့စွမ်းအားထောက်တိုင်တွေကို မစေလွှတ်ရင် ဒါကို ချိုးဖျက်ဖို့ တော်တော်လေး ခက်ခဲလိမ့်မယ်…”

လွန်ခဲ့သောလဝက်က ဝမ်လင်း ထွက်လာသည့်အချိန်တွင် လီယွမ်သည်လည်း ချက်ခြင်း ပေါ်ထွက်လာခဲ့သည်။ဝမ်လင်း၏တောင်းဆိုမှုကြောင့် လီယွမ်သည် ထိုအစိတ်အပိုင်းမြေကို လုံးဝ ချိပ်ပိတ်ပစ်ခဲ့သည်။သို့သော်လည်း သူက သူ့မိသားစု၏အတားအဆီးပညာရပ်ကို အသုံးမပြုဘဲ အမျိုးမျိုးသောအတားအဆီးများကိုသာ အသုံးပြုခဲ့သည်။

“အစ်ကိုလီ…မိုးကြိုးကောင်းကင်ဘုံနယ်မြေမှာ ငါ့ကိစ္စတွေ အပြီးသပ်သွားပြီ။ငါတို့က မြန်မြန်ဆန်ဆန် ထွက်သွားတာ အကောင်းဆုံးပဲ…” ဝမ်လင်းက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ မိုးကြိုးမီးပြင်းဖိုတစ်ခု ပေါ်လာခဲ့သည်။သူက လူအတော်များများကို သတ်ပစ်ခဲ့သည့်အတွက် ၎င်းမီးပြင်းဖိုတစ်ခုကို ရဖို့က သိပ်မခက်လှတော့ပေ။

ခုချက်ခြင်း ထွက်သွားမည်ဟု မမျှော်လင့်ထားသည့် လီယွမ်က မေးလိုက်၏။ “အစ်ကိုရှုက ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လှိုင်းတွေ ထွက်နေတဲ့ အစိတ်အပိုင်းမြေလေးခုရှိ မသွားတော့ဘူးလား…”

ဝမ်လင်းက ခေါင်းယမ်းလိုက်သည်။သူက ဟင်းလင်းပြင်ထဲသို့ ကြည့်ကာ ပြောလိုက်၏။ “ငါ မသွားတော့ဘူး…” ဝမ်လင်းသည် ဥမင်လမ်းကြောင်းအဆုံးရှိ ငါးရောင်စုံဝဲကတော့ကို ပြန်သတိရလိုက်ကာ သူ့စိတ်ထဲ၌ ဆိုးရွားသောခံစားချက်ကလည်း မြင့်တက်လာခဲ့လေသည်။

ထို့အပြင် သူက စုဆောင်းခြင်းခန်းမကိုလည်း ရရှိခဲ့သေးရာ ထိုအတွက် စိတ်လှုပ်ရှားမှုက အခုထိ အရှင်းမပျောက်သေးပေ။ ဤသို့သော ရတနာတစ်ခုကို ယူဆောင်ပြီးသည့်နောက် သူ့စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသောအရာက တက်နိုင်သမျှ မြန်မြန် ပြန်ထွက်နိုင်ရန်သာ ဖြစ်တော့၏။

တကယ်တော့ ၎င်းခန်းမသည် မိသားစုကြီးလေးခုအတွက် အလွန်အရေးကြီးလှ၏။ ထိုမိသားစုတို့၏ ဂုဏ်သတင်းကြောင့်ဖြစ်စေ၊ခန်းမ၏တန်ဖိုးကြောင့်ဖြစ်စေ သူတို့အတွက် အလွန်အမင်း အရေးပါလှသည်။သူတို့က ၎င်းခန်းမ ပျောက်ရှသွားသည်ကို ရှာတွေ့သည်နှင့် ဝမ်လင်းနောက်သို့ အမဲဖျက်သလို လိုက်လာကြပေလိမ့်မည်။

“ဒီအစိတ်အပိုင်းက ချိတ်ပိတ်ထားပြီး ဖြစ်တဲ့အတွက် ဒီလူတွေ ဘာဖြစ်ခဲ့လဲ ရှာတွေ့နိုင်ဖို့ အခွင့်အရေးက နိမ့်တော့နိမ့်တယ်…”

သူက လီယွမ်ကို စုဆောင်းခြင်းခန်းမရရှိခဲ့ကြောင်းကို မပြောပြခဲ့ပေ။တကယ်တော့ သည်ကိစ္စက အလွန်အရေးကြီးလှ၏။ ဝမ်လင်း၏ သတိတရားဖြင့် သူက သည်ကိစ္စအား မည်သူ့ကိုမှ မပြောနိုင်ပေ။

လီယွမ်က အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ “ကောင်းပါတယ်။လူတစ်ယောက်က မိုးကြိုးကောင်းကင်ဘုံနယ်မြေကနေ ထွက်သွားဖို့အတွက် တိကျတဲ့နေရာတစ်ခု ရှိရမယ်။ ငါတို့ အပြင်ပြန်ထွက်နိုင်ဖို့ ကောင်းကင်ဘုံဂိတ်ပေါက်မှာပဲ မိုးကြိုးမီးပြင်းဖိုကို အသုံးပြုနိုင်လိမ့်မယ်…”

ဝမ်လင်းက ခေါင်းညိတ်ပြလိုက်၏။ သူက သည်အကြောင်းကို ရှန်ကုန်းဟူထံကလည်း အရင်က ကြားခဲ့ဖူးသည်။

သူတို့နှစ်ယောက်သည် ဟင်းလင်းပြင်ထဲ၌ ဖြတ်သန်းနေ၏။ ကောင်းကင်ဘုံဂိတ်ပေါက်သည် အနောက်ဘက်စွန်းစွန်းတွင် တည်ရှိသည့်အတွက် အခုလက်ရှိ ဝမ်လင်း၏နေရာ၌ အလွန်ဝေးနေသေးသည်။

သူတို့နှစ်ယောက်က ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေရင်း တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခုသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေတွင် ဖြစ်ပွားနေခဲ့သည်။

ကျင့်ကြံသူများစွာသည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်လှိုင်းများ ထွက်ပေါ်နေသည့် အစိတ်အပိုင်းမြေလေးခုပေါ်တွင် လာရောက်စုဝေးနေကြပေသည်။

ထိုကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင် လှိုင်းများ ဖြစ်ပေါ်လာခြင်းကြောင့် ထိုအစိတ်အပိုင်းမြေလေးခုပေါ်တွင် ရှေးဟောင်းအတားအဆီးလေးခုပါ ပေါ်လာခဲ့သည်။အချို့က တောင်များကြားတွင် ရှိ၍ အချို့က အပျက်အစီးပုံများကြားတွင် ရှိနေပေ၏။

ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များက ၎င်းအတားအဆီးများကနေ ထွက်ပေါ်နေခြင်းပင်။ လူအများပို၍ စုဝေးလာလေလေ ထိုသူများကြားတွင် အတားအဆီးပညာရှင်များပါ ပါဝင်လာခဲ့တော့သည်။ အားကောင်းသောကျင့်ကြံသူများက သဘောတူညီမှုတစ်ခု ပြုလုပ်ပြီးသည့်နောက် အမျိုးမျိုးသောအတားအဆီးပညာရှင်များသည် ထိုအတားအဆီးများကို စတင် ချိုးဖျက်နေကြတော့၏။

ထိုအစိတ်အပိုင်းမြေလေးခုသည် အရှေ့၊အနောက်၊တောင်၊မြောက်တို့တွင် တစ်ခုစီ ရှိနေ၏။ သည်အခိုက်အတန့်၌ အနောက်ဘက်အစိတ်အပိုင်းမြေပေါ်တွင် ရှန်ကုန်းဟူသည် သူ့ရှေ့ရှိ လွင်ပြင်ကို တည်ငြိမ်စွာ ကြည့်နေ၏။ ၎င်းလွင်ပြင်ပေါ်၌ ပေတစ်သောင်းခန့် ကျယ်ပြောသော ရှေးဟောင်းအတားအဆီးတစ်ခု ရှိနေ၏။

ကျင့်ကြံသူများစွာက ၎င်းအတားအဆီးများ၏ အပြင်ဘက်တွင် စုစည်းနေကြ၏။ကျင့်ကြံသူများသည် များသောအားဖြင့် သုံးယောက်၊ငါးယောက် အုပ်စုဖွဲ့ကာ ရှိနေသည်။

ရှန်ကုန်းဟူသည် မျက်မှောင်ကြုတ်နေ၏။သူက လွန်ခဲ့သောလအနည်းငယ် သည်နေရာသို့ ရောက်လာခဲ့ဖူးသော်လည်း မည်သည့်အတားအဆီးမှ ရှိမနေသည်ကို မှတ်မိနေ၏။ သို့သော် ထိုမျှအချိန်တိုအတွင်း အခုလို အတားအဆီးကြီး တစ်ခုက ဘာကြောင့် ပေါ်ထွက်လာခဲ့ရသနည်း။

သူက စဉ်းစားနေရင်း စိတ်ထဲတွင် မသက်မသာခံစားနေမိ၏။ သို့သော် သူက ဘာကြောင့် ထိုသို့ ဖြစ်မှန်း မသိပေ။

သည်အခိုက်အတန့်၌ အကွာအဝေးတစ်ခုမှ ဓားစွမ်းအင်တန်းဆယ်ခုကျော်သည် သည်နေရာသို့ တိုးဝင်လာနေကြ၏။ ထိုဓားစွမ်းအင်တန်းများက အောက်သို့ ခြေချလာသည့်အခါ ထိုကျင့်ကြံသူများ၏ ရှေ့ဆုံးက သူသည် ကျန်ခုန်လီ ဖြစ်နေ၏။

သူက ရှန်ကုန်းဟူကိုလည်း ချက်ခြင်း တွေ့မြင်လိုက်သည်။ သူက ရှန်ကုန်းဟူနားသို့ ရောက်လာကာ လက်သီးဆုပ်ဟန်ပြုကာ ပြုံး၍ နှုတ်ဆက်သည်။ “အစ်ကိုရှန်ကုန်းက စောစော ရောက်နေတာပဲ…”

ရှန်ကုန်းဟူသည် အနည်းငယ် မျက်မှောင်ကြုတ်၍ တည်ငြိမ်စွာ ပြောလိုက်၏။ “မင်းက နောက်ကျမှာ ရောက်လာတာပါ…”

ကျန်ခုန်လီ၏ ရှန်ကုန်းဟူဘေးနားတွင် ရပ်နေရင်း ပြုံးနေ၏။ သူ့အကြည့်က အကွာအဝေးတစ်ခုရှိ အတားအဆီးပေါ်သို့ ကျရောက်သွားရင်း သူက မေးလာသည်။ “အစ်ကိုရှန်ကုန်း… လမ်းမှာ ငါ ဘယ်သူနဲ့ တွေ့ခဲ့လဲ သိလား…”

“ငါ မသိဘူး…” ရှန်ကုန်းဟူအသွင်က ပုံမှန်အတိုင်း ရှိနေကာ သူက ကျန်ခုန်လီ၏စကားများကို စိတ်မဝင်စားပေ။ သူက လွင်ပြင်ကို ကြည့်၍သာ စဉ်းစားနေ၏။

ကျန်ခုန်လီက ရှန်ကုန်းဟူ၏ စိတ်ကို သိနေခဲ့ပြီး ဖြစ်သည်။ သူက ပြောလာ၏။ “ငါ တွေ့ခဲ့တဲ့လူက ဟိုစီနီယာပုဂ္ဂိုလ်ပဲ…”

ရှန်ကုန်းဟူမျက်လုံးက လက်ခနဲ ဖြစ်သွားကာ သူက ကျန်ခုန်လီကို လှည့်၍ ကြည့်ကာ မေးလိုက်၏။ “တကယ်လား…”

ကျန်ခုန်လီက ပြုံး၍ ပြောလိုက်၏။ “သေချာတာပေါ့။ စီနီယာက ငါ့ကိုတောင် သူအချိန်ရရင် ဒီနေရာကို လာခဲ့မယ်လို့ ပြောလိုက်သေးတယ်…”

ရှန်ကုန်းဟူ၏မျက်လုံးထဲ၌ ပျော်ရွှင်ဟန် သန်းသွားသည်။သူက ပြုံး၍ ပြောလိုက်၏။ “ငါ့အရှင်ရဲ့ ထူးဆန်းတဲ့စိတ်နေစိတ်ထားနဲ့ ဆိုရင် သူက ဒီလိုနေရာကို နည်းနည်းတော့ စိတ်ဝင်စားမှာပဲ…”

ကျန်ခုန်လီက သူ့ရှေ့ရှိ လွင်ပြင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။ အစ်ကိုရှန်ကုန်းလည်း သတိပြုမိပြီး ဖြစ်တယ်လို့ ငါ ထင်တယ်။ “ဒီအတားအဆီးအစီအရင်ပေါ်လာတာက တော်တော်လေး ထူးဆန်းလွန်းနေတယ်…”

သူ့စကားမဆုံးသေးခင်မှာပင် သူ့ရှေ့ရှိအစီအရင်သည် ပြင်းပြင်းထန်ထန် လင်းလက်သွားသည်။အစီအရင်၏ တုန်ခါလှိုင်းများက ပျံ့နှံ့လာရာ ကျင့်ကြံသူများသည် အံ့အားသင့်သွားကြသည်။ သည့်နောက် အတားအဆီးပညာရပ်၌ ကျွမ်းကျင်ကြသော ကျင့်ကြံသူများသည် ပျံသန်းထွက်လာခဲ့ကြကာ အတားအဆီးများကို ၎င်းအစီအရင်ချိုးဖျက်နိုင်ရန်အတွက် စေလွှတ်ကုန်ကြသည်။

ထိုအစီအရင်များ၏ ပတ်လည်တွင် အားကောင်းသောကျင့်ကြံသူများစွာ ရှိနေ၏။

အစိတ်အပိုင်းမြေလေးခုရှိ လူများသည် အစီအရင်များကို ချိုးဖျက်နိုင်ရန် ဆက်တိုက်ကြိုးစားနေကြသည်။သည့်နောက် မြောက်ဘက်အစိတ်အပိုင်းမြေရှိ အစီအရင်သည် အရင်ဦးဆုံး ကျိုးပျက်သွားသည်။

မြောက်ပိုင်းနေရာရှိ အစိတ်အပိုင်းမြေပေါ်တွင် ရှိနေသော ကျင့်ကြံသူများ၏ မျက်လုံးရှေ့တွင် လမ်းကြောင်းတစ်ခု ပေါ်လာခဲ့ကြ၏။ထိုဥမင်လမ်းကြောင်း အလွန်ရှည်လျားကာ ကျင့်ကြံသူများသည် ဆက်တိုက် ဝင်ရောက်သွားကြသည်။နာရီများစွာ ကြာမြင့်ပြီးသည့်နောက် အရင်ဆုံးဝင်သွားသည့် ကျင့်ကြံသူ၏ အထိတ်တလန့်အော်ဟစ်သံသည် ဥမင်လမ်းကြောင်းထဲတွင် ပဲ့တင်ထပ်သွားသည်။

တစ်ချိန်တည်းမှာပင် အနီရောင်အလင်းတန်းတစ်ခုက ထိုဥမင်ထဲကနေ ထွက်ပေါ်လာခဲ့သည်။ ဖျပ်ခနဲပင် ဥမင်လမ်းကြောင်းတစ်ခုလုံးက ပျက်စီး ပြိုပျက်သွားလေသည်။

သည်ထူးဆန်းသောမြင်ကွင်းသည် အထဲရှိ ကျင့်ကြံသူများစွာကို ချက်ခြင်း တုန်လှုပ်သွားစေသည်။သူတို့ စတင်၍ ပြန်ပြေးလာကြ၏။ သို့ရာတွင် ထိုအနီရောင်အလင်းအောက်၌ သူတို့အားလုံးသည် ကြောက်မက်ဖွယ် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြလေသည်။

တစ်ချိန်တည်းမှာပင် အရှေ့ဘက်အစိတ်အပိုင်းမြေပေါ်ရှိ အစီအရင်သည်လည်း ပွင့်သွားကာ ကျင့်ကြံသူများစွာက တရကြမ်း ဝင်ရောက်သွားကြသည်။ထိုနေရာတွင်လည်း တူညီသောအဖြစ်အပျက် ဖြစ်ပွားခဲ့ပေသည်။ပထမဆုံးဝင်သွားသည့် ကျင့်ကြံသူက ငါးရောင်စုံဝဲကတော့ကို တွေ့မြင်ခဲ့ပြီးနောက် သူသည် ဖျက်စီးခံလိုက်ရကာ ဥမင်လမ်းကြောင်းတစ်ခုလုံးသည် အနီရောင်အလင်းနှင့် ပြည့်နှက်သွားလေသည်။

ထိုမျှနှင့် မပြီးသေးပေ။ထိုဘေးကပ်စိုးက တောင်ဘက်အစိတ်အပိုင်းမြေပေါ်တွင်လည်း ထပ်မံ ဖြစ်ပွားသွားခဲ့သည်။

ချက်ခြင်းပင် မိုးကြိုးကောင်းကင်ဘုံနယ်မြေတစ်ခုလုံးသည် သွေးမြေကျသည့်နေရာတစ်ခု ဖြစ်လာခဲ့တော့၏။ သည်အခိုက်အတန့်၌ ရှန်ကုန်းဟူနှင့်ကျန်ခုန်လီတို့ ရှိနေသော အနောက်ပိုင်းအစိတ်အပိုင်းမြေပေါ်ရှိ အစီအရင်ကလည်း ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကာ အစီအရင်သည် ကျိုးပျက်လို့သွားသည်။

ထိုအခါ တစ်ချို့ စိတ်မထိန်းနိုင်သော ကျင့်ကြံသူများသည် အစီအရင်ထဲသို့ အတင်းဝင်ရောက်သွားကြသည်။

ရှန်ကုန်းဟူနှင့်ကျန်ခုန်လီတို့ကတော့ ရွှေ့လျားခြင်း မရှိပေ။သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးထဲ၌ သံသယတို့ ရှိနေသည်။

“ဒီအစီအရင်က ကျိုးပျက်သွားတာ လွယ်လွန်းနေတယ်…”

သူတို့နှစ်ယောက်အပြင် အချို့ကျင့်ကြံသူများကလည်း လှုပ်ရှားလာကြခြင်း မရှိသေးပေ။ထိုမလှုပ်ရှားသေးသည့် ကျင့်ကြံသူအများစုသည် အာဏာတက်ခြင်းနောက်ဆုံးအထွတ်အထိပ်အဆင့်နှင့် ပုံရိပ်ယောင်ယင်အဆင့်တွင် ရှိနေကြပေသည်။

အချိန်အတန်ကြာပြီးနောက် ပိုပိုများသော ကျင့်ကြံသူများသည် ဥမင်ထဲသို့ ဝင်ရောက်သွားနေရင်း ခပ်အုပ်အုပ်ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ထို့နောက် အထိတ်တလန့်ကြောက်မက်ဖွယ်အော်ဟစ်သံများက ဥမင်လမ်းကြောင်းထဲကနေ ထွက်ပေါ်လာပြီးနောက် ဥမင်တစ်ခုလုံးသည် ပျက်စီးသွားသည်။ဥမင်ထဲရှိ ကျင့်ကြံသူအားလုံးသည်လည်း ထိုဥမင်နှင့်အတူ ပျောက်ကွယ်သွားကြ၏။

ရှန်ကုန်းဟူနှင့်သူ့အပေါင်းအပါများ၏ အသွင်က ကြီးစွာ ပြောင်းလဲသွားကြသည်။သူတို့က လေထဲသို့ ချက်ခြင်း ပျံတက်လိုက်ကြသည်။သူတို့၏မျက်လုံးထဲ၌လည်း တုန်လှုပ်မှုတို့နှင့် ပြည့်နေ၏။

အစိတ်အပိုင်းမြေလေးခုလုံးပေါ်ရှိ အစီအရင်လေးခုလုံးသည် ကျိုးပျက်သွားခဲ့ကာ ၎င်းတို့၏ဥမင်လမ်းကြောင်းများသည်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။ သည်အခိုက်အတန့်၌ အံ့မခန်းကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်က မိုးကြိုးကောင်းကင်ဘုံနယ်မြေအတွင်း၌ ပေါက်ကွဲထွက်လာခဲ့ကာ စတင် ပျံ့နှံ့လာသည်။

တစ်ချိန်တည်းမှာပင် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းမြေကိုးခုသည် အပြင်းအထန် တုန်ယင်သွားကာ မတူညီသောအစီအရင်ကိုးခုသည် ၎င်းတို့အထက်၌ ပေါ်လာခဲ့၏။

သည်အစီအရင်များသည် မြေကြီးအနက်ပိုင်းထဲ၌ ထိုးထွင်းရှိနေကာ အားကောင်သော အနီရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေ၏။ ထိုရုတ်တရက် အကြီးအကျယ်ပြောင်းလဲမှုက မိုးကြိုးကောင်းကင်ဘုံနယ်မြေရှိ ကျင့်ကြံသူများကို စိတ်ရှုပ်ထွေးမှု၊ကြောက်ရွှံ့မှုများနှင့် ပြည့်နှက်သွားစေသည်။

အစိတ်အပိုင်းမြေကိုးခုထဲမှ တစ်ခုက ပျက်စီးသွား၏။ ၎င်းပျက်စီးမှုအတွင်းကနေ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်တစ်ယောက်၏ စွမ်းအားထက် ကျော်လွန်သောပေါက်ကွဲမှုတစ်ခု ဖြစ်သွားခဲ့ပေသည်။

၎င်းအစိတ်အပိုင်းမြေသည် တစ်လွှာပြီးတစ်လွှာ ပျောက်ကွယ်နေရင်း ကြောက်မက်ဖွယ်အော်ရာတစ်ခုက ထိုအစိတ်အပိုင်းမြေ၏ အလယ်ကနေ ထွက်ပေါ်လာခဲ့သည်။ ထွက်ပြေးနေကြသော ကျင့်ကြံသူအချို့သည် ထိုကြောက်မက်ဖွယ်အော်ရာက လက်ပြတ်တစ်ခုကနေ ထွက်ပေါ်လာနေကြောင်း တွေ့ရှိလိုက်ကြသည်။

သည်လက်ပြတ်က ထိုနေရာ၌ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ချိပ်ပိတ်ခြင်း ခံထားရသည်မှာ သိသာပေသည်။ခုချိန်၌ ချိပ်ပိတ်မှုကိုးခုလုံးက ပွင့်ဟသွားပြီ ဖြစ်သည့်အတွက် ထိုလက်သည် ၎င်း၏ လွတ်လပ်မှုကို ပြန်ရရှိလာခဲ့ပေပြီ။၎င်းက မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဗဟိုချက်ရှိရာသို့ တိုက်ရိုက် ပျံသန်းသွားသည်။

သည်လက်ပြတ်ပေါ်လာသည့်အခိုက်တွင် ကျန်သည့်အစိတ်အပိုင်းရှစ်ခုတွင် ခုနစ်ခုသည်လည်း ပျက်စီးသွားကြပြန်သည်။သည့်နောက် လက်ပြတ်နှစ်ဖက်၊ခြေပြတ်နှစ်ဖက်နှင့် ဘယ်ဘက်မျက်လုံးတစ်လုံးတည်းရှိသည့် ဦးခေါင်းတစ်ခု နှင့် ရင်ဘက်ပိုင်းတို့သည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ ဗဟိုသို့ ပျံသန်းသွားကြသည်။

ထိုဦးခေါင်းသည် ဟင်းလင်းပြင်ထဲ၌ ပျံသန်းနေရင်း အပြုံးတစ်ခုကို ဆောင်ကျဉ်းလာသည်။၎င်းက ကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်တိုင်း ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ကို ဖျက်စီးကာ မူလစိတ်ဝိညာဉ်ကို ဝါးမြိုလိုက်သည်။ ထိုသို့ ဝါးမြိုလိုက်သည့်အခါတိုင်းတွင် ၎င်းဘယ်ဘက်မျက်လုံးသည် ပို၍ တောက်ပလာနေခဲ့သည်။

သည်ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အမြန်နှုန်းသည် အလွန်မြန်ဆန်လှကာ ကျင့်ကြံသူများထက်ပင် ပို၍ မြန်နေသည်။

ဝမ်လင်းနှင့်လီယွမ်တို့က ဟင်းလင်းပြင်ကို ဖြတ်၍ အနောက်ဘက်သို့ ပျံသန်းနေကြသည်။ထိုစဉ် အလွန်သုန်မှုန်သောအော်ရာတစ်ခုက ချက်ခြင်း ပျံ့နှံ့လာသည်။ထိုအော်ရာက အလွန်သန်မာလှကာ မမြင်ရသောမြူများကဲ့သို့ ပျံ့နှံ့နေ၏။

လီယွမ်၏အသွင်က အနည်းငယ် ပြောင်းလဲသွားသည်။သူက သူ့နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်ရန် ပြင်လိုက်စဉ် အနီရောင်အလင်းတန်းတစ်ခုသည် အကွာအဝေးတစ်ခု၌ ရုတ်တရက် ပေါ်လာခဲ့သည်။ထိုအနီရောင်အလင်းက အလွန်သန်မာ ပြင်းထန်လှလေသည်။

လီယွမ်က အသက်ဝဝရှုသွင်းလိုက်မိသည်။သူက ထိုအနီရောင်အလင်းထဲပ လက်ပြတ်တစ်ခု ရှိနေသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

All Chapters