← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း (၁၀၉)

ထို့ကြောင့် ယန်ပင်းသည် ချန်ဖျင်၏ နောက်သို့ လိုက်ပါနေရသော်ငြား၊ အမှန်တကယ်တွင် သူ၏ရင်တွင်း၌ မထွေးထုတ်နိုင်သော ခါးသီးသည့်သွေးများ ပြည့်နှက်နေခဲ့ပြီဖြစ်သည်။

“ငါက မေ့လန်ရဲ့ကားကို လာယူတာ၊ ပြီးတော့ ရှောင်မေ... မေ့လန်က မင်းကို သုံးရက်အချိန်ပေးလိုက်တယ်၊ ရှီရှန်းရဲ့ ကျောက်မီးသွေးတွင်းသော့တွေကို သုံးရက်အတွင်း သွားပေးရမယ်၊

မဟုတ်ရင် သူက သော့ခလောက်တွေကို ရိုက်ချိုးပြီး ကျောက်မီးသွေးတွင်းကို သိမ်းပိုက်လိမ့်မယ်”

ယန်ပင်းက မမျှော်လင့်ဘဲ ပြတ်သားစွာ ပြောဆိုလိုက်လေသည်။

ဤစကားကို ကြားသောအခါ ချန်ဖျင်မှာ မှင်တက်သွားကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးလိုက်၏။

“အစ်ကိုယန်၊ အဲဒါ ဘာအဓိပ္ပာယ်လဲ”

ယန်ပင်းက သူ့လက်ထဲရှိ ကားသော့များကို လွှဲယမ်းပြလိုက်ရင်း ဖြေလေသည်။

“မေ့လန်က ကျောက်မီးသွေးတွင်းကို ပြန်သိမ်းချင်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့”

အသက်ရှူသံတစ်ချက်နှင့်အတူ ချန်ဖျင် နေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်ပမာ ဖြစ်သွားရုံသာမက ဟူရှောင်မေလည်း နောက်သို့လန်ကျသွားကာ အနောက်ရှိ ဝဝကစ်ကစ်ကောင်လေးကိုပင် ပိမိလုမတတ် ဖြစ်သွားရလေ၏။

“ဟူရှောင်မေ၊ မင်း ယန်ရှီရှန်းနဲ့ လက်မထပ်ရသေးဘူးလား”

ချန်ဖျင် ရုတ်တရက် အရာအားလုံးကို သဘောပေါက်သွားကာ အော်ဟစ်လိုက်တော့သည်။

“ငါတို့ အမြဲတမ်း အတူတူနေလာခဲ့တာပဲဟာကို”

ဟူရှောင်မေက ပြန်လည်အော်ဟစ်လိုက်၏။

ချန်ဖျင် ခေတ္တမျှ မှင်တက်သွားပြီးနောက် ရုတ်တရက် သူ့ပါးကိုသူ ပြန်ရိုက်လိုက်တော့သည်။

‘ပါးနပ်လွန်းတဲ့ ခွေးကောင် ယန်ရှီရှန်း... သူက ဟူရှောင်မေနဲ့ လက်ထပ်ပြီးပြီလို့ လူတိုင်းကို လိုက်ပြောနေခဲ့တာ မဟုတ်ဘူးလား’

‘လက်ထပ်စာချုပ် မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး တရားဝင်လက်ထပ်ထားတယ်လို့ သတ်မှတ်လို့ရနိုင်မှာလဲ’

‘လက်ထပ်စာချုပ် မရှိဘဲနဲ့ ဟူရှောင်မေက ယန်ရှီရှန်းရဲ့ ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲပိုင်ခွင့် ဘယ်လိုလုပ်ပြီးရှိနိုင်မှာလဲ'

‘အဲဒီကားက ငါ့အတွက် ယွမ် ၈၀,၀၀၀ တောင် ကုန်ကျခဲ့တာ၊ ယွမ် ၈၀,၀၀၀ ဆိုတာ ငါ့ပိုင်ဆိုင်မှု တစ်ဝက်တောင် ရှိတယ်လေ'

ထိုအချိန်၌ အောက်ထပ်မှ ကားစက်နှိုးသံ ထွက်ပေါ်လာခဲ့သည်။ ဝဝကစ်ကစ်ကောင်လေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် အမြဲတစေ ကြွားဝါနေခဲ့သော ထိုကားကြီးမှာ ယခုအခါ အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့လေပြီ။

ချန်မေ့လန်သည် ကျောက်မီးသွေးကွင်းအဝင်ဝတွင် စောင့်ဆိုင်းနေခဲ့သည်။ ကားဝင်လာသည်နှင့် တစ်ပြိုင်နက် သံတံခါးကြီးကို သော့ခလောက်အကြီးကြီးဖြင့် ခတ်ချလိုက်တော့၏။

“မေ့လန်၊ မင်းအတွက် ငါ ကျောက်မီးသွေးတွင်းကို စီမံခန့်ခွဲပေးရမလား”

ယန်ပင်းက ပြုံးလျက် ကမ်းလှမ်းလိုက်လေ၏။

သူနှင့် ချန်ဖျင်တို့မှာ စီးပွားဖက်များ ဖြစ်ကြဆဲပင်။ သို့သော် သူက ဤမျှလောက် လျင်မြန်စွာ ဘက်ပြောင်းသွားခြင်းမှာ သူကိုယ်တိုင်လည်း ကျောက်မီးသွေးတွင်းကို စီမံခန့်ခွဲလိုသောကြောင့် မဟုတ်ပါလော။

“ကျွန်မတို့ နောက်မှ ကြည့်လုပ်ကြတာပေါ့”

ချန်မေ့လန်က ပြုံးလျက်သာ တုံ့ပြန်လိုက်၏။

ချန်ဖျင်မှစ၍ ယန်ပင်းအထိ ဤလူများအားလုံးမှာ ယန်ရှီရှန်း၏ညီအစ်ကိုများ ဖြစ်ခဲ့ကြသည်။ သူတို့သည် ယန်ရှီရှန်း တစ်သက်တစ်ကျွန်း ကျတော့မည်ဟု တစ်နေရာရာမှ ကြားသိခဲ့ရပြီး သူ အမှန်တကယ် ပြန်ထွက်လာနိုင်မည်မဟုတ်ဟု ထင်မှတ်နေကြပေလိမ့်မည်။

ထို့ကြောင့် သူ၏ပိုင်ဆိုင်မှုများ၊ အမျိုးသမီးနှင့် ကားတို့ကိုသိမ်းပိုက်ရန် ဤမျှလောက် အလောတကြီးဖြစ်နေကြခြင်းပင်။

အကယ်၍ သူ့ညီအစ်ကိုဟောင်းများက သူ့အပေါ် မည်မျှအ၊ိ ရက်စက်ယုတ်မာနေကြသည်ကို ယန်ရှီရှန်းသာ သိရှိခဲ့လျှင်...

သူ သေသည်အထိ ငိုကြွေးနေမိမည်မှာ အသေအချာပင်။

ချန်မေ့လန် အိမ်ထဲသို့ဝင်လာသောအခါ ယန်ကျောက် တစ်စုံတစ်ခုအား ပြုပြင်နေသည့်အသံကို ကြားလိုက်ရသည်။

သူ အိမ်တွင်ရှိနေချိန်တိုင်း တဒိုင်းဒိုင်း၊ တချွင်ချွင်အသံများ အမြဲထွက်ပေါ်နေတတ်ပြီး ထိုအသံများမှာလည်း ပုံမှန်နှင့် လုံးဝမတူညီကြပေ။

ချန်မေ့လန်သည် ကားကို ပြန်လည်ရယူနိုင်ခဲ့သဖြင့် ကလေးတစ်ဦးပမာ စိတ်လှုပ်ရှားနေကာ ချီးကျူးခံလိုစိတ်များ ဖြစ်ပေါ်နေမိသည်။

သူမ လိုက်လံရှာဖွေကြည့်သောအခါ ယန်ကျောက်သည် ရေချိုးခန်းအတွင်း၌ အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရ၏။

ကလေးနှစ်ဦးမှာလည်း သူ့အနားတွင် ဝိုင်းအုံကာ မှတ်ချက်များ ပေးနေကြသည်။

သူသည် ရေမြောင်းများကို ကိုယ်တိုင်တူးဖော်ကာ၊ ရေပိုက်များ ကိုယ်တိုင်သွယ်တန်းပြီး သူကိုယ်တိုင်ဝယ်ယူလာသော ရေပန်းခေါင်းကို တပ်ဆင်နေခြင်းဖြစ်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူတပ်ဆင်နေသော ရေချိုးခန်းအပြင်အဆင်မှာ အတော်လေး သပ်ရပ်ကောင်းမွန်လှပေ၏။

ချန်မေ့လန် ဝင်လာသည်ကို မြင်သောအခါ ယန်ကျောက်က ယွမ်ယွမ့်အား ညွှန်ကြားလိုက်လေသည်။

“ယန်ရှန်းနန်... ရှောင်လန်ကိုခေါ်ပြီး အပြင်မှာ ခဏသွားဆော့ကြ”

“သမီး မသွားချင်ဘူး၊ အပြင်မှာ ကြွက်သတ်ဆေးတွေ လိုက်ကျွေးတဲ့ ဝံပုလွေအဘွားကြီး ရှိတယ်”

ယွမ်ယွမ်က ငြင်းဆန်လိုက်၏။

ယန်ကျောက် မျက်မှောင်အနည်းငယ် ကြုတ်သွားကာ မော့ကြည့်လျက် ချန်မေ့လန်အား မေးလိုက်လေသည်။

“ဒီရက်ပိုင်း ကျိုးရွှယ်ချင်းရဲ့အမေ ရောက်လာသေးလား”

“မလာပါဘူး”

ချန်မေ့လန်က ပြုံးလျက် ပြန်ဖြေလိုက်၏။

“သွားကြ၊ သွားကြ... စပရိန်မွေ့ရာပေါ်မှာ သွားခုန်နေကြ”

ကလေးသူခိုးမှုအခင်းများ များပြားလာသည်နှင့်အမျှ ကလေးများမှာလည်း သတိဝီရိယ ပိုမိုကြီးမားလာကြပြီး ရွာပြင်သို့ထွက်ကစားရန် မနှစ်သက်ကြတော့ပေ။

ကလေးနှစ်ဦးမှာ ဖခင်ဖြစ်သူ၏အနားတွင်သာ ဆက်လက်နေလိုသဖြင့် ဆင်ခြေပေးနေကြခြင်းသာ ဖြစ်လေသည်။

ကလေးနှစ်ဦး ထွက်သွားသည်နှင့်တစ်ပြိုင်နက် ယန်ကျောက်က လက်ဆန့်ထုတ်ကာ ရေချိုးခန်းတံခါးကို ပိတ်လိုက်၏။

“မင်း ကျောက်မီးသွေးတွင်းကို ပြန်ရပြီလား”

“အကြမ်းဖျင်းတော့ ပြန်ရသလိုပါပဲ၊ ဒါပေမယ့် ရှီရှန်းရဲ့ကားကိုတော့ ကျွန်မ ပြန်မောင်းလာခဲ့ပြီ၊ လမ်းတစ်ဖက်က ကျောက်မီးသွေးကွင်းထဲမှာ ရပ်ထားတယ်”

ချန်မေ့လန်က ပြုံးလျက် ပြောဆိုလိုက်လေသည်။

ယန်ကျောက်သည် အလုပ်လုပ်နေသည်ကို ရပ်တန့်လိုက်ကာ ချန်မေ့လန်အား သေချာစိုက်ကြည့်လိုက်၏။ သူ အလွန်အမင်း အံ့အားသင့်နေကြောင်း ထင်ရှားလှပေသည်။

သူမက ကားကို ဤမျှလွယ်ကူစွာ ပြန်လည်ရယူနိုင်လိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့သည်မှာ သေချာလှသည်။

“မင်းကိုယ်တိုင် မောင်းလာတာလား၊ ဘယ်သူမှ လိုက်မဖမ်းဘူးလား”

ယန်ကျောက်က ထပ်မံမေးမြန်းလိုက်သည်။

ချန်မေ့လန်က ထပ်မံပြုံးပြလိုက်ပြန်၏။

“ဒုတိယအစ်ကိုက ပြန်မောင်းလာဖို့ ကူညီပေးတာပါ”

‘အာ... ယန်ပင်းကိုး'

ယန်ကျောက် ထပ်မံ၍ မှင်တက်သွားပြန်သည်။

‘သူခိုးက သူခိုးဆီကနေ ပြန်ခိုးတာပေါ့လေ'

ကျောက်မီးသွေးတွင်းကို အသာထား၊ သူမက ကားကို ပြန်လည်ရယူနိုင်လိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ပေ။

သို့သော် ချန်မေ့လန်သည် ရှုပ်ထွေးသောကိစ္စရပ်များကို အလွန်ရိုးရှင်းလွယ်ကူအောင် အမြဲတစေ ဖန်တီးနိုင်စွမ်း ရှိဟန်ပေါ်ပေသည်။

သို့ရာတွင် ယန်ကျောက်က ယန်ရှီရှန်း၏ပိုင်ဆိုင်မှုများအကြောင်း ပြောဆိုခြင်းကို အမြန်ရှောင်လွှဲလိုက်လေသည်။

ထိုအရာများမှာ ချန်မေ့လန်၏ခင်ပွန်းဟောင်း ပိုင်ဆိုင်မှုများဖြစ်ပြီး သူအနေဖြင့် ဝင်ရောက်စွက်ဖက်ရန်မသင့်တော်ပေ။

သူက အပေါ်သို့ လက်ညှိုးထိုးပြကာ ဆိုလိုက်၏။

“မင်း စမ်းကြည့်လို့ရပြီ၊ ဒီည မင်း ရေချိုးလို့ရသွားပြီနော်”

“ရေပူထွက်ရဲ့လားဟင်”

ချန်မေ့လန်က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

ယန်ကျောက်၏ အရည်အချင်းမှာ တကယ်ကို အံ့မခန်းပင်။ ခလုတ်ကို တစ်ချက်လှည့်လိုက်သည်နှင့် ရေပူများ အမှန်တကယ်ပင် ပန်းထွက်လာကာ ကြမ်းပြင်ပေါ်သို့ စီးကျသွားတော့သည်။

ရေများမှာ အိမ်သာခွက်အတွင်းသို့ တိုက်ရိုက်စီးဆင်းသွားမည်ဖြစ်သည်။ ရိုးရှင်းသော်ငြား အလွန်သန့်ရှင်းသပ်ရပ်လှပေ၏။

“ငါ့ရဲ့ စစ်တပ်က သူငယ်ချင်းတစ်ယောက်က အလုပ်ခန့်ထားမှုနေရာချထားရေးကို မစောင့်နိုင်တော့ဘူးလေ၊ သူ့မိသားစုက ဆင်းရဲတော့ သူ့ကလေးနို့မှုန့်စားနိုင်အောင် နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြား တစ်မျိုးကို ရောင်းတဲ့စီးပွားရေး စလုပ်နေတယ်၊

အဲဒါ ငါ တစ်ခု အကြွေးနဲ့ဝယ်လာတာ၊ ဒါကြောင့် နောက်လ လစာထဲက မင်းကို ယွမ်တစ်ရာလောက် လျှော့ပေးရလိမ့်မယ်”

ယန်ကျောက်က ဆက်လက်ရှင်းပြလေသည်။

‘ဒါဆို သူက ရေပန်းခေါင်း တပ်ဆင်ရုံတင်မကဘဲ အပြင်ဘက်မှာ နေရောင်ခြည်စွမ်းအင်သုံး ရေပူစက်တစ်ခုကိုပါ တပ်ဆင်ထားတာပေါ့လေ'

ဤခေတ်ကာလ၌ အိမ်တွင် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ် တပ်ဆင်နိုင်ခြင်းမှာ တကယ်ကို ချီးကျူးဖွယ်ကောင်းလှပေသည်။

ဤအမျိုးသားမှာ အလွန်တည့်တိုးဆန်သော်လည်း အလွန်အမင်း စိတ်ခံစားလွယ်ကာ ရှက်တတ်သူဖြစ်ကြောင်းကို ယခုအခါ ချန်မေ့လန် သတိပြုမိသွားခဲ့ပြီဖြစ်သည်။

အကယ်၍ သူမက မကျေနပ်သည့်အရိပ်အယောင် အနည်းငယ်မျှ ပြသလိုက်ပါက သူသည် သူမကို အမှန်တကယ်ပင်မကျေနပ်ဘူးဟု ထင်မှတ်သွားပေလိမ့်မည်။

ထို့ကြောင့် ဤအမျိုးသားသည် သူမ၏အနောက်တွင် ရပ်လျက် ရေပူစက်ကို အမြန်ပိတ်လိုက်ကာ သူမ၏ပခုံးပေါ်သို့ လက်တစ်ဖက်ကို ညင်သာစွာ တင်လိုက်လေသည်။ ချန်မေ့လန်က လှုပ်ရှားခြင်းမပြုသကဲ့သို့ ကန့်ကွက်ခြင်းလည်းမရှိခဲ့ပေ။

ရေချိုးခန်းမှာ စိုထိုင်းနေသော်လည်း သန့်ရှင်းရေးပြုလုပ်ထားသဖြင့် ရေမြောင်းပေါက်မှ ထူးဆန်းသောအနံ့အသက်များ ထွက်ပေါ်လာခြင်းမရှိပေ။ အနံ့မှာ ပုံမှန်သာ ဖြစ်လေသည်။

ဤခေတ်ကာလတွင် ပုံမှန်အနံ့ရှိသော ရေချိုးခန်းတစ်ခု ပိုင်ဆိုင်ထားခြင်းမှာ လွယ်ကူသောကိစ္စမဟုတ်ပေ။

အမျိုးသားအားလုံးမှာ အတူတူပင်ဖြစ်ကာ ချန်မေ့လန်သည်လည်း အတွေ့အကြုံ မရှိသူတစ်ဦး မဟုတ်ပေ။

ယန်ရှီရှန်းနှင့် လုကျင်းယွီတို့ စတင်အိမ်ထောင်ကျစဉ်က သူတို့သည် ယန်ကျောက်ကဲ့သို့ အလုပ်ကြိုးစားကာ အရည်အချင်း မပြည့်ဝသော်ငြား၊ ဤကဲ့သို့သော ခံစားချက်များကို ဖော်ပြရာတွင်မူ အတူတူပင် ဖြစ်လေသည်။

ကွာခြားချက်မှာ အခြားအမျိုးသားများက သူတို့လိုချင်သည့်အရာကို မရမချင်း ဇွဲမလျှော့ဘဲ ဆက်လက်ကြိုးစားတတ်ကြသော်လည်း ယန်ကျောက်ကမူ ထိုသို့ပြုမူမည်မဟုတ်ပေ။

သူ၏အသက်ရှူသံများမှာ အလွန်ပြင်းထန်နေကာ သူ့လက်များမှာလည်း တဆတ်ဆတ်တုန်ယင်နေ၏။ သူက အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး နောက်ဆုံးတွင် ရဲတင်းစွာဖြင့် သူမ၏ ပခုံးပေါ်သို့ ကျန်လက်တစ်ဖက်ကို တင်လိုက်လေသည်။

သူ ခေါင်းငုံ့လိုက်စဉ်မှာပင် ရုတ်တရက် တံခါးမှာ ဝုန်းခနဲပွင့်သွားတော့၏။

ဤတစ်ကြိမ်တွင်ဘသူမ တမင်တကာလုပ်ခဲ့ခြင်း လုံးဝမဟုတ်ကြောင်း ချန်မေ့လန် ကျိန်တွယ်ဝံ့ပေသည်။

သူမသည် အသက် ဆယ့်ရှစ်နှစ်အရွယ် မိန်းမငယ်လေးတစ်ဦးပမာ ရှက်ရွံ့ကာ နူးညံ့သိမ်မွေ့စွာ ငြိမ်သက်နေခဲ့ခြင်းဖြစ်သည်။

သို့သော် တံခါးမှာ ဝုန်းခနဲပွင့်သွားပြီး တံခါးဝတွင် ရှောင်ဝမ်ရပ်နေကာ သူ၏မျက်ဝန်းများထဲတွင် ကြယ်ပွင့်လေးများ တောက်ပနေလေ၏။

(T/N….. တောက်စ်၊ ကလေးစုတ်ကွာ အချိန်ကောင်းရောက်နေပြီဟာကို၊ အပြင်မှာတွေ့ရင် မုန့်နဲ့မျှားပြီး နာနာရိုက်အုံးမယ်)

All Chapters