← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

🍄Chapter 115

နည်းပညာရှင်မှာ ဟင်းကောင်းဟင်းလျာများကို မျှော်လင့်ထားခြင်းဖြစ်ပြီး ချဉ်စူးစူး သက်သက်လွတ် မုန်လာဥများကို စားရန် စိတ်ဝင်စားမှု လုံး၀မရှိပေ။ တယ်လီဖုန်း တပ်ဆင်ပြီးသည်နှင့် သူသည် ထွက်ခွာရန် ပြင်ဆင်လေတော့သည်။

“အိမ်မှာ မုန်လာဥမရှိတဲ့လူ ဘယ်သူရှိလို့လဲ၊ ငါ့အိမ်မှာပဲ ငါစားလိုက်ပါ့မယ်၊ ဖုန်းဘေလ်ကို အချိန်မီ ပေးဖို့တော့ မမေ့နဲ့နော်၊ နောက်ကျရင် ငါတို့ ဖုန်းလာဖြုတ်သိမ်းသွားမှာ”

ချန်မေ့လန်က ကိတ်မုန့်ဖာကို စားပွဲပေါ်တွင်တင်ထားခဲ့ပြီး မီးဖိုချောင်အတွင်းသို့ ဝင်သွားလေသည်။

ရှောင်လန်က ထိုဖာကြီးကို အဆက်မပြတ် နမ်းရှူနေသဖြင့် ယွမ်ယွမ်မှာ ဒေါသထွက်သွား၏။

“ဆက်မနမ်းနဲ့တော့... အထဲမှာ မေမေ့ရဲ့ အနံ့ထွက်နေတဲ့ဖိနပ်တွေ ရှိတာ”

သူမသည် စန္ဒရား နာရီဝက်ခန့် လေ့ကျင့်ရဦးမည်ဖြစ်ရာ ရှောင်လန်ကို အတင်းဆွဲခေါ်သွားလေတော့သည်။

သို့သော် ရှောင်ဝမ်သည်လည်း ထိုမွှေးပျံ့သော ရနံ့ကို ရရှိထားကာ စိတ်ထဲမှတွေးလိုက်မိသည်။

‘မေမေအသစ်က အနံ့လေး မွှေးရုံတင်မကဘူး၊ သူ့ရဲ့ အနံ့ထွက်နေတဲ့ ဖိနပ်တွေကတောင် အရမ်းမွှေးနေတော့ ငါ မနမ်းဘဲ မနေနိုင်လောက်အောင် ဖြစ်နေတာပဲ’

သူက ထိုဖာကြီးကို အကြိမ်ကြိမ် နမ်းရှူနေမိကာ ခဏတစ်ဖြုတ် အနားသွား၍ နမ်းရှူခြင်းမှ မိမိကိုယ်ကို မထိန်းချုပ်နိုင်အောင် ဖြစ်နေတော့သည်။

တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့တွင် သူ့ဖခင်မှာ အလုပ်မှ စောစောပြန်ရောက်လာခဲ့သည်။

သူသည် လက်နှင့် မျက်နှာကို အရင်ဆေးကြောကာ ခေါင်းကို ရေပိုက်ဖြင့်လောင်းချပြီးနောက် မေးလိုက်လေ၏။

“သစ်အယ်သီးကိတ်မုန့်လား၊ အနံ့က တကယ်မွှေးတာပဲ”

ရှောင်ဝမ်တစ်ယောက် မိမိ၏အနံ့ခံအာရုံ တစ်ခုခုမှားယွင်းနေပြီဟု ခံစားလိုက်ရကာ ဖခင်ဖြစ်သူ၏ အနံ့ခံအာရုံမှာလည်း ချို့ယွင်းနေပြီလားဟု တွေးတောမိလေသည်။

“မဟုတ်ဘူး၊ အဲဒါ အမေ့ရဲ့ အနံ့ထွက်နေတဲ့ ဖိနပ်တွေလေ”

သူက ပြောလိုက်၏။

“မေ့လန်”

ယန်ကျောက်က လှမ်းခေါ်လိုက်ကာ မေးလိုက်သည်။

“ဒီအထဲက မင်းရဲ့ ဖိနပ်တွေလား”

ထိုမျိုးသားကြီးမှာ အလွန်ဒေါသထွက်နေပုံရပြီး ကြောက်မက်ဖွယ်ကောင်းလှပေသည်။

‘သူက ဒီကိစ္စအတွက် ဒေါသထွက်တော့မှာလာ၊

သူက ဘာဖြစ်လို့ ဒီလောက် အလွယ်တကူ ဒေါသထွက်ရတာလဲ'

“အင်း...”

ချန်မေ့လန်က ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်ငြား အတော်လေး ခက်ခဲနေရှာသည်။

ယန်ကျောက်အနေဖြင့် သူ ရူးမသွားကြောင်းကိုသာ အတည်ပြုလိုခြင်းဖြစ်သည်။ သူမ၏ ဖိနပ်များမှ ဤမျှလောက် ပြင်းထန်ပြီး မွှေးပျံ့သောရနံ့များ ထွက်ပေါ်လာမည်ကို သူ လုံးဝ မယုံကြည်နိုင်ပေ။

သို့သော် သူမ၏ မျက်နှာမှာ ရယ်ချင်စိတ်ကြောင့် နီရဲနေကာ အသက်ရှူမဝသကဲ့သို့ သူမ၏ရင်ဘတ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို မြင်သောအခါ သူမအား ကုတင်ပေါ်တွင် လှဲသိပ်ကာ ဘောလုံးတစ်လုံးပမာ လုံးထွေးပစ်လိုက်ချင်စိတ်များ ပေါ်ပေါက်လာတော့သည်။

ယန်ကျောက်၏ ဦးရေပြားများပင် ထုံကျဉ်သွားရ၏။

သူက ထွက်သွားရန် ပြင်လိုက်သော်လည်း နောက်သို့ပြန်လှည့်ကာ ဒေါသကိုထိန်းချုပ်ထားသော လေသံဖြင့် မေးလိုက်လေသည်။

“ဒါက အတိအကျဆို ဘာကြီးလဲ”

ချန်မေ့လန်က ကိတ်မုန့်ဖာကြီးကို ကောက်ကိုင်လိုက်ကာ ရှောင်ဝမ့်အား တမင်တကာမေးလိုက်၏။

“အနံ့က တော်တော်ဆိုးတယ်မဟုတ်လား”

အမှန်တကယ်တော့ အနံ့မဆိုးလှပေ။ သို့သော် အခြားသူတစ်ဦး၏ဖိနပ်ကို မွှေးသည်ဟု မည်သူက ပြောလိုမည်နည်း။

ရှောင်ဝမ်က ခေါင်းညိတ်ပြလိုက်သည်။

“အနံ့ဆိုးတယ်”

“အကယ်၍ ငါက အထဲမှာပါတဲ့ အရာကို စားရဲတယ်ဆိုရင်၊ ဒီည ငါ မေးခွန်းမေးတဲ့အခါ မင်း လိမ်မပြောရဘူးနော်၊ သဘောတူလား”

ချန်မေ့လန်က စိန်ခေါ်လိုက်လေသည်။

‘ဘယ်သူက အနံ့ထွက်နေတဲ့ ဖိနပ်တွေကို စားမှာလဲ'

ရှောင်ဝမ်က လုံးဝ မယုံကြည်ပေ။

“ကောင်းပြီလေ၊ လောင်းကြေးထပ်ကြတာပေါ့၊ အန်တီက အနံ့ထွက်နေတဲ့ ဖိနပ်တွေကို တကယ်စားရဲလို့လား”

ဝုန်းခနဲ အသံနှင့်အတူ ကိတ်မုန့်ဖာကြီး ပွင့်သွားကာ၊ အဖြူရောင် ခရင်မ်များဖြင့် လုံးဝန်းကြီးမားသောကိတ်မုန့်ကြီးကို မြင်တွေ့လိုက်ရတော့၏။

အပေါ်တွင် ရေးထားသောစာတန်းကို လက်ညှိုးထိုးကာ ချန်မေ့လန်က စာလုံးတစ်လုံးချင်းစီကို အသံထွက်၍ ဖတ်ပြလေသည်။

“မွေးနေ့မှာ ပျော်ရွှင်ပါစေ ယန်မင်လန်... အခု ငါ တစ်ကိုက်စားပြမယ်နော်”

“ခင်ဗျား... အန်တီကြီး... ဘာလို့ လူတွေကို အမြဲတမ်းလိမ်နေရတာလဲ”

ရှောင်ဝမ်မှာ ဒေါသထွက်လွန်း၍ ပြောစရာစကားပင် ရှာမတွေ့တော့ချေ။

သို့သော် သူလည်း ရယ်မောလိုက်မိသည်။ အကြောင်းမူကား ယနေ့မှာ ရှောင်လန်၏ မွေးနေ့ဖြစ်ကြောင်းကို သူ ရုတ်တရက် သတိရသွားသောကြောင့်ပင်။

သူတို့သည် တီဗီထဲမှ လူများကဲ့သို့ မွေးနေ့ကိတ်မုန့်ကို စားခွင့်ရကြတော့ပေမည်။

“ငါက ဖိနပ်တွေကိုစားမယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး၊ အထဲမှာပါတဲ့ အရာကို စားမယ်လို့ပဲ ပြောခဲ့တာလေ၊ မင်း ငါ့ကို ကတိပေးထားပြီးပြီနော်၊ ငါ မေးခွန်းမေးရင် လိမ်မပြောရဘူး”

ချန်မေ့လန်က သတိပေးလိုက်၏။

လတ်တလောတွင် ချန်ဖျင်၏အကြောင်းကို ပြောလိုက်တိုင်း ရှောင်ဝမ်က အမြဲတစေ ရှောင်လွှဲလေ့ရှိသည်။ ထို့ကြောင့် ချန်ဖျင်က ရှောင်ဝမ့်အား အနိုင်ကျင့်ခဲ့ခြင်း ရှိမရှိကို ချန်မေ့လန်အနေဖြင့် သေချာမသိရှိခဲ့ရပေ။

ယခုအခါ ငါးလေးက ငါးစာကို ဟပ်သွားပြီဖြစ်ရာ ယနေ့ညတွင် ချန်မေ့လန်က သူ့အား ဂျောင်ပိတ်ကာ အဖြစ်မှန်ကို ဖော်ထုတ်ရန် စီစဉ်ထားလေသည်။

“ငါတို့အိမ်မှာ ဖုန်းတပ်လိုက်တာလား”

ချန်မေ့လန်က သူ့ကို ဂရုမစိုက်သဖြင့် သူ့အခန်းတွင်းသို့ ဝင်သွားသော ယန်ကျောက်သည် ဖုန်းကို မြင်သောအခါ ပြန်ထွက်လာခဲ့၏။

ဖုန်းကို ယန်ကျောက်၏အခန်းထဲတွင် တပ်ဆင်ထားခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူ့အလုပ်မှာ ချန်မေ့လန်၏အလုပ်ထက် ပို၍အရေးကြီးကာ အချိန်ပြည့် တာဝန်ရှိနေသည်မဟုတ်လော။

နောင်တွင် သူသည် သန်းခေါင်ယံအချိန်များ၌ ဖုန်းခေါ်ဆိုမှုများ မကြာခဏ လက်ခံရရှိနိုင်ရာ သူ့အခန်းထဲတွင် ထားရှိခြင်းဖြင့် သူမအနေဖြင့် အနှောင့်အယှက်ကင်းကင်း အိပ်စက်နိုင်မည်ဖြစ်သည်။

ယန်ကျောက်က ထပ်မံမေးမြန်းလိုက်၏။

“ဖုန်းတပ်တာ ဘယ်လောက်ကုန်လဲ”

“အင်း... အတော်လေးတော့ ဈေးသက်သာပါတယ်”

ချန်မေ့လန်က တိုးညင်းစွာ ဖြေလိုက်လေသည်။

စျေးနှုန်းကို ပြောပြပါက သူ လန့်သွားမည်ကို သူမ စိုးရိမ်နေမိသည်။

“တပ်ဆင်ခ ယွမ် ၃,၈၀၀၊ လစဉ်ကြေး ၂၈ ယွမ်၊ ဝင်လာတဲ့ ဖုန်းရော၊ ထွက်တဲ့ ဖုန်းရော အခွန်ကောက်တယ်၊ ဒေသတွင်း ဖုန်းခေါ်ဆိုမှုက ၀.၂ ယွမ်၊ နယ်ဝေးက ၀.၈ ယွမ်”

ယန်ကျောက်က ဈေးနှုန်းများကို အလွတ်ရွတ်ပြလိုက်၏။

ဤအမျိုးသားက အံ့သြဖွယ်ကောင်းလောက်အောင်ပင် အသေးစိတ် သိရှိနေလေသည်။

“ဒါကို ဈေးသက်သာတယ်လို့ မင်းက ပြောတာလား”

‘ငါက ပိုက်ဆံတွေ အများကြီး သုံးပစ်လိုက်လို့ သူက ညည်းတွားနေတာလား'

“ဗိုလ်ကြီးယန်... အဲဒါ ကျွန်မ ကိုယ်ပိုင်ပိုက်ဆံနဲ့ တပ်ထားတာပါနော်”

ချန်မေ့လန်၏ အသံမှာ အနည်းငယ် တင်းမာလာ၏။

သူမ စိတ်လိုက်မာန်ပါ လုပ်မိတော့‌ပေမည်။ သူမသည် ဖြောင့်မတ်တည်ကြည်သော ရဲမှူးတစ်ဦးနှင့် လက်ထပ်ထားသည် မှန်သော်ငြား သူမသည် ငွေကြေးများကို တရားဝင် နည်းလမ်းကျကျ ရှာဖွေခဲ့ခြင်းဖြစ်ပြီး မည်သည့်ဥပဒေကိုမျှ ချိုးဖောက်ခဲ့ခြင်းမရှိပေ။

‘မိသားစုအတွက် တယ်လီဖုန်းတစ်လုံး တပ်ဆင်တာက ဘာများ မှားနေလို့လဲ'

ယန်ကျောက်က ချန်မေ့လန်အား စိုက်ကြည့်လိုက်ပြီး ချန်မေ့လန်ကလည်း သူ့အား မျက်ခုံးတစ်ဖက်ပင့်ကာ ပြန်လည်ကြည့်ရှုလိုက်၏။

သူမ၏ အကြည့်များတွင် “ဟုတ်တယ်၊ ကျွန်မ တပ်လိုက်တာ၊ ရှင် ဘာလုပ်ချင်လဲ” ဟူသော စိန်ခေါ်မှုများ ပါဝင်နေလေသည်။

ယန်ကျောက်သည် လုကျင်းယွီကဲ့သို့ အဆုံးမရှိ ဆုံးမစကားများ ပြောဆိုမည် သို့မဟုတ် ယန်ရှီရှန်းကဲ့သို့ မောက်မာစွာ စစ်ဆေးမေးမြန်းမည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

သို့သော် မျှော်လင့်မထားလောက်အောင်ပင် ယန်ကျောက်က ဆိုလိုက်လေသည်။

“ပြေစာကို ငါ့ကိုပေး၊ ဒီကုန်ကျစရိတ်ကို ဗျူရိုကနေ ပြန်ထုတ်လို့ရတယ်”

‘ဒီလိုဆိုရင် ယန်ကျောက်ကိုယ်တိုင်လည်း ဖုန်းကို အလွယ်တကူ တပ်ဆင်နိုင်ခဲ့တာပေါ့လေ'

“ခဏစောင့်ဦး၊ ကျွန်မ ပြေစာသွားရှာပေးမယ်”

‘နိုင်ငံ့ဝန်ထမ်း ခင်ပွန်းတစ်ယောက် ရှိထားတာက အားသာချက်တော့ ရှိသားပဲ၊ ဒီဖုန်းက နောက်ဆုံးတော့ ငါ့အတွက် ဘာကုန်ကျစရိတ်မှ မရှိတော့ဘူးပေါ့'

ညစာစားပြီးနောက် ကလေးများ အိမ်စာလုပ်နေကြစဉ်၊ ယန်ပင်းက အပြင်ဘက်မှနေ၍ လက်ဟန်ပြကာ ခေါ်လိုက်လေသည်။

“မေ့လန်... ခဏလောက် ထွက်ခဲ့ပါဦး”

ယန်ကျောက် ခေါင်းလှည့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ယန်ပင်းမှာ ချက်ချင်းပင် ထွက်ပြေးသွားတော့၏။

မည်သို့ပင်ဖြစ်စေ သူသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်ပြီးနောက် တစ်ညတည်းဖြင့် ယွမ်ရာပေါင်းများစွာ ရှာဖွေနိုင်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ကြွေးကြော်ခဲ့ဖူးသည်မဟုတ်လော။

ယခုအခါ မေ့လန်အတွက် အစေခံတစ်ဦးပမာ ခိုင်းဖတ်လုပ်ပေးနေရသဖြင့် ယန်ကျောက်၏မျက်နှာကို မကြည့်ရဲလောက်အောင် ရှက်ရွံ့နေခဲ့ခြင်းဖြစ်ပေမည်။

ချန်မေ့လန် ထွက်လာသောအခါ ယန်ပင်းက သူမအား လက်မထောင်ပြလိုက်၏။

“မင်းက တကယ့်ကို ပရောဖက်ရှင်နယ်ပဲ...”

ယန်ပင်းသည် ယနေ့ ပြည်နယ်ဆေးရုံသို့ သွားရောက်ခဲ့သည်။ သူသည် ယခင်က ရဲအရာရှိတစ်ဦး ဖြစ်ခဲ့ပြီး မကြာမီကမှ စီးပွားရေးလောကသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ရာ ရဲအရာရှိတစ်ဦးပမာ ဟန်ဆောင်၍ ရနိုင်သေး၏။

ရောက်ရှိပြီးနောက် သူက မှတ်တမ်းများကို စစ်ဆေးကြည့်ရာ ဟူရှောင်မေသည် အာထရာဆောင်းရိုက်ရန် တစ်ကြိမ်တစ်ခါမျှ စာရင်းသွင်းထားခြင်းမရှိခဲ့ကြောင်း တွေ့ရှိရုံသာမက အာထရာဆောင်းဌာန၏ အကြီးအကဲမှာ ဖန်ရှန်၏ ချွေးမအကြီးဆုံး ဖြစ်နေကြောင်းကိုပါ သိရှိခဲ့ရလေသည်။

ထို့အပြင် သူ၏ရဲကတ်ပြားကို အသုံးပြု၍ ယန်ပင်းသည် ပြီးခဲ့သော ရက်အနည်းငယ်အတွင်းမှ အာထရာဆောင်းမှတ်တမ်းများကို ဖတ်ရှုကြည့်ရာ၊ သုံးလကိုယ်ဝန်ဆောင် အမျိုးသမီးအချို့၏ ဖိုင်များကို တွေ့ရှိခဲ့ရသည်။

ထိုအထဲမှ ဖိုင်တစ်ခု၏ အချက်အလက်များမှာ ဟူရှောင်မေ၏ အချက်အလက်များနှင့် အလွန်ဆင်တူနေကြောင်းကို တွေ့ရှိခဲ့ရ၏။

ထိုကိုယ်ဝန်ဆောင် အမျိုးသမီးသည် သူမ၏လိပ်စာ၊ မှတ်ပုံတင်နံပါတ်နှင့် အမည်တို့ကို ချန်ထားခဲ့လေသည်။

ထိုလိပ်စာကို အသုံးပြု၍ ထိုသူအား သေချာပေါက် ခြေရာခံ ရှာဖွေနိုင်မည်ဖြစ်သည်။

ယခုအခါ အာထရာဆောင်းအဖြေနှစ်ခုမှာ လုံးဝတူညီနေနိုင်ပြီး ဟူရှောင်မေ၏အဖြေမှာ အခြားသူတစ်ဦး၏အဖြေကို အခြေခံ၍ ဆရာဝန်တစ်ဦးက ရေးပေးထားခြင်းဖြစ်နိုင်ကြောင်း ယန်ပင်း သံသယဝင်နေမိသည်။

ထို့ကြောင့် ချန်မေ့လန် ဝင်ရောက်စွက်ဖက်မည်မဟုတ်ဟု ထင်မှတ်ထားချိန်တွင် ဟူရှောင်မေသည် ကျောက်မီးသွေးတွင်းကို ဗြောင်ကျကျပင် ရောင်းချခဲ့ခြင်းဖြစ်သည်။

ယခုအခါ သူမ ဝင်ရောက်စွက်ဖက်တော့မည်ကို သိရှိသွားသဖြင့် ရုတ်တရက် ကိုယ်ဝန်ရှိဟန်ဆောင်ကာ ယန်ရှီရှန်းအား အလောတကြီးလက်ထပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပေမည်။

All Chapters