မီးတောက်
Vol. 017 Ch. 841
အလင်းလုံးနှင့် လှံစက်ဝန်းတိုသည့် ထိပ်တိုက် တွေ့ဆုံသွားသည်။၎င်းတို့သည် ချက်ချင်းပင် ပျောက်ကွယ်သွားကာ မည်သည့်အသံမှ ထွက်ပေါ်လိုက်ခြင်း မရှိပေ။ သို့သော် မရေမတွက်နိုင်သော အက်ကွဲကြောင်းများသည် ထိတိုက်မှုဗဟိုနေရာကနေ ပျံ့နှံ့လာလေ၏။ ၎င်းပျံ့နှံ့မှုက မြန်ဆန်လွန်းလှကာ တချို့ရှောင်ရန် နှေးကွေးသွားသည့် ကျင့်ကြံသူအချို့သည် သက်ရောက်ခြင်း ခံလိုက်ရ၏။ အက်ကွဲကြောင်းများက သူတို့၏ခန္ဓာကိုယ်ကို ထိသွားသည့်အခါတွင် ခန္ဓာကိုယ်က တုန်ယင်ကာ သဲလွန်စမရှိ ပျောက်ကွယ်သွားရတော့သည်။
ဝမ်လင်း၏မျက်လုံးသည် မဆိုသလောက် ကျုံ့သွား၏။ သူက ရှေ့သို့ တိုးတက်ကာ လောကနှင့်တစ်သား တည်းပေါင်းစပ်လိုက်၏။ သို့ရာတွင် သူက ပြန်ပေါ်လာခြင်း မပြုဘဲ ထိုအစား ကောင်းကင်ထက်သို့ ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်၍လက်ညွှန်လိုက်သည်။ သူက ပြောလိုက်၏။ “ကောင်းကင်ဘုံလောင်ကျွမ်းခြင်း မီးတောက်…”
ချက်ချင်းပင် အနီရောင်မီးတောက်တစ်ခုသည် တိတ်တဆိတ် ပေါ်လာကာ ကောင်းကင်အနှံ့ ပျံ့နှံ့လာ၏။ ထိုမီးတောက်ထဲ၌ ကြောက်မက်ဖွယ်အော်ရာတစ်ခုကို သယ်ဆောင်ထား၏။ မီးတောက်က ပေါ်လာသည်နှင့် ကောင်းကင်၏အစိတ်အပိုင်းများစွာကို လွှမ်းမိုးသွားခဲ့သည်။
ပြင်းထန်သောမူလစွမ်းအင်က ပျံ့နှံ့လာရာ ဝမ်လင်း၏ ပုံရိပ်သည် မီးတောက်ထဲ၌ တလက်လက် တဖျတ်ဖျတ် ဖြစ်နေတော့၏။သို့ရာတွင် မည်သူကမျှ ဝမ်လင်းကို မကြည့်ဝံ့ကြချေ။
ဝမ်လင်း၏ခန္ဓာကိုယ်သည် ညာလက်ကို ပင့်မြှောက်ကာ အောက်သို့ ဖိချရင်း အော်ပြောလာ၏။ “မီးတောက်…” ပတ်ဝန်းကျင်တစ်ခုလုံးသည် ချက်ခြင်း ယိုယွင်းလာခဲ့ကာ ကောင်းကင်ထက်ရှိ မီးတောက်သည် ပို၍သိပ်သည်းလာ၏။
ပတ်ဝန်းကျင်ရှိ မီးတောက်များသည် အလယ်ဗဟိုရှိ သက်လတ်ပိုင်းလူကြီးထံသို့ တရကြမ်း တိုးဝင်သွားကြသည်။သည်ဖြစ်စဉ်အတွင်း မီးတောက်က မရေမတွက်နိုင်သော မီးနဂါးများအဖြစ်သို့ ပြောင်းလဲ၍ အံ့မခန်းအပူဓာတ်ကို သယ်ဆောင်ကာ သက်လတ်ပိုင်းလူကို ဝါးမျိုရန် တာဆူလာခဲ့၏။
သတ်လတ်ပိုင်းလူ၏ မျက်လုံးက အလေးအနက်ဖြစ်လာကာ အေးစက်နေ၏။သူက သူ့လက်ထဲရှိ လှံကို လက်လွှတ်လိုက်ရာ ထိုလှံက ချက်ခြင်း တစ်စစီ ဖြစ်လို့သွားသည်။ထိုပျက်စီးသွားသည့် လှံစများက သူ့အား ဝန်းပတ်သွား၏။တစ်ချိန်တည်းမှာပင် သူက သူ့ညာလက်ညှိုးကို ဖိချိလိုက်ရာ သူ့မျက်လုံးထဲရှိ အနီရောင်က စတင်သိပ်သည်းလာတော့၏။
“ဂျူနီယာချီကျင့်ကြံသူတွေကြားမှာ ဒီလိုအဆင့်ထိ ရောက်နေတဲ့ လူ ရှိလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ဒါက မရိုးရှင်းဘူး…” သူက ထိုသို့ ပြောနေရင်း သူ့ညာမျက်လုံးသည် အနီရောင်တဖျတ်ဖျတ် လင်းလက်လာကာ အနီရောင်လျှပ်စီးတန်းတစ်ခုသည် ချက်ချင်း ထိုးထွက်သွားသည်။ထိုလျှပ်စီးတန်း ပေါ်လာသည်နှင့် မွန်းစတားဆန်သော အေးစက်စက်အော်ရာက ပျံ့နှံ့လာပြီး ဝမ်လင်းထံသို့ တစ်ဟုန်ထိုး တိုးဝင်လာလေသည်။
သည်အေးစက်စက်အော်ရာအောက်၌ အနီရောင်လျှပ်စီးတန်းက ရှေ့သို့ ရွေ့လျားလာနေရင်း မီးတောက်ကိုပါ ငြိမ်းသတ်ပစ်လိုက်သည့်အလား ထင်မှတ်ရသည်။၎င်းက ဝမ်လင်းထံသို တစ်ဟုန်တိုး တိုးဝင်လာလေ၏။
ဝမ်လင်းခန္ဓာကိုယ်၏ မျက်လုံးက အလေးအနက် ဖြစ်လာခဲ့သည်။သူ့လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး သူက လက်ညွှန်၍ အော်ပြောလိုက်ပြန်သည်။ “မီးတောက်…”
ပေါက်ကွဲသံများသည် သတ်လတ်ပိုင်းလူကို ဝန်းရံထားသည့် မီးတောက်များထံမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ မီးလုံးတစ်ခုအဖြစ် ဖြစ်ပေါ်သည်။မီးလုံး၏ အလယ်တွင်တော့ သက်လတ်ပိုင်းလူကြီး ရှိလေ၏။
ထိုမီးလုံး ဖြစ်ပေါ်လာသည့်အခိုက်တွင်လည်း ၎င်းက အရာအားလုံးကို လောင်ကျွမ်းပစ်ချင်သည့်အလား ကျုံ့လာခဲ့၏။ လေဟာနယ်ပင် ပြိုကျယိုယင်းလာခဲ့ကာ ထိုမီးတောက်ထံမှ မည်သည့်အရာမဆို မလွတ်မြောက်နိုင်ဟု ထင်မှတ်ရသည်။
ဂျိနယ်ပယ်တစ်ခုကသာ ထိုမီးတောက်ကို ဖျတ်ခနဲ ကျော်သွား၍ ဝမ်လင်းထံသို့ တန်းမတ်စွာ တိုးဝင်သွားခဲ့သည်။မီးတောက်က ကျုံ့သွားသည့်အခါ ဂျိနယ်ပယ်ကလည်း ဝမ်လင်းကိုယ်ပေါ်သို့ ကျရောက်လာတော့၏။
အဖျက်အစီးအော်ရာတစ်ခုက သူ့ခန္ဓာကိုယ်ထဲ၌ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသည့် အဘိုးအို၏မူလစိတ်ဝိညာဉ်သည် ဂျိနယ်ပယ်အောက်၌ ချက်ချင်း ပျက်စီးလာသည်ကို တွေ့မြင်နေရ၏။ သို့ရာတွင် ၎င်းမူလစိတ်ဝိညာဉ်က ချက်ခြင်း ပြန်ဖြစ်ပေါ်ပြန်သည်။အဘိုးအို၏မူလစိတ်ဝိညာဉ်က ပျက်စီးသွားလိုက်၊ပြန်ဖြစ်ပေါ်လိုက် ဖြစ်နေ၏။
ထိုသို့ ဖြစ်ပွားသည့်အခါတိုင်းတွင်လည်း သူ့မူလစိတ်ဝိညာဉ်သည် အားနည်းသထက်အားနည်းလာခဲ့သည်။
ထိုအဖြစ်က ဝမ်လင်းအတွက် အဆုံးမရှိကြာမြင့်နေသကဲ့သို့ ခံစားမိနေသည်။သူက သူ့မူလစိတ်ဝိညာဉ်ကို အာရုံစိုက်၍ အဘိုးအို၏မူလစိတ်ဝိညာဉ် ပျက်စီးသွားသည့်အခိုက်တွင် ချက်ချင်း လုပ်ဆောင်လိုက်သည်။
ဝမ်လင်းက ထိုအဘိုးအို၏မူလစိတ်ဝိညာဉ်ကို ကူညီရပေမည်။မဟုတ်ပါက အဘိုးအို၏မူလစိတ်ဝိညာဉ်က ဆက်လက် မခုခံနိုင်တော့ပဲ သူ့ခန္ဓာကိုယ်ထဲကနေ ထွက်သွားရန် ဆုံးဖြတ်လိုက်ပါက ဝ၎င်း်လင်းသည် သူကိုယ်တိုင် ယခုဂျိနယ်ပယ်ကို ခုခံနိုင်လိမ့်မည်လို့ ယုံကြည်ချက် မရှိနေပေ။
တကယ်တော့ အရင်တုန်းက သူ့ကို တိုက်ခိုက်ခဲ့သည့် ဂျိနယ်ပယ်က ချိပ်ပိတ်မှုအတွင်းကသာ ဖြစ်၏။ ၎င်းက သန်မာလှသော်လည်း အလွန်အမင်း အားနည်ခဲ့သည်ဟုလည်း ဆိုနိုင်သည်။သို့ရာတွင် အခုအခြေအနေတွင်တော့ သည်ဂျိနယ်ပယ်က အလွန်အားကောင်းသန်မာနေခဲ့လေပြီ။
ဝမ်လင်း၏မူလစိတ်ဝိညာဉ်က လှုပ်ရှားလိုက်သည့်အခိုက်တွင် သူက ချက်ချင်းပင် ဂျိနယ်ပယ်၏ ကြောက်မက်ဖွယ်စွမ်းအားကို ချက်ချင်း ခံစားလိုက်ရသည်။သူ့မူလစိတ်ဝိညာဉ်ကလည်း တုန်ယင်သွားကာ မူလစွမ်းအင်များ ပျံ့နှံ့လာ၏။မူလစွမ်းအင်က ထိုဂျိနယ်ပယ်ကို လွှမ်းခြုံထွေး စေလိုက်သော်လည်း တစ်လွှာပြီးတစ်လွှာချက်ချင်း ဖျက်ဆီးခံနေရသည်။
သို့သော် ကံကောင်းစွာဖြင့် အဘိုးအို၏မူလစိတ်ဝိညာဉ်သည် ဝမ်လင်း၏အကူအညီပေးမှုကြောင့် အချိန်ခဏရသွားကာ ပြန်ကောင်းမွန်လာခဲ့သည်။ဂျိနယ်ပယ်က ဝမ်လင်း၏မူလစိတ်ဝိညာဉ်ကို ထွင်းဖောက်ရန် ဟန်ပြင်လိုက်သည့်အခိုက် အဘိုးအို၏မူလစိတ်ဝိညာဉ်က ၎င်းဂျိနယ်ပယ်ကို ဝါးမျိုလိုက်ပြီး သူ့မူလစွမ်းအင်များဖြင့် ၎င်းကို ဆက်တိုက် ချိပ်ပိတ်ပစ်တော့၏။
သည်အဖြစ်သနစ်များအားလုံးသည် ဝမ်လင်းအတွက် အလွန်နှေးလှသည်ဟု ခံစားမိနေ၏။ သို့သော် အမှန်တကယ်တွင်တော့ ၎င်းအဖြစ်အပျက်က အချိန်တိုအတွင်း ဖြစ်ပွားသွားခဲ့ခြင်းပင်။ပတ်ဝန်းကျင်ရှိ မည်သည့်ကျင့်ကြံသူကမှ သည်အရာကို မြင်တွေ့နိုင်လိုက်ကြခြင်း မရှိပေ။
“အန္တရာယ်များလိုက်တာ…။ဒါက ကောင်းကင်ဘုံအရှင်ချင်းရွှေဖြစ်ဖို့ တကယ်ထိုက်တန်တာပဲ။ ဒီဂျိနယ်ပယ်က တကယ်တုန်လှုပ်ဖို့ ကောင်းလွန်းတယ်။ ကံမကောင်းစွာနဲ့ ငါ့ခန္ဓာကိုယ်က ဒီကို မရောက်လာခဲ့တော့ ငါ့အစီအစဉ်တွေက ကျဆုံးဖို့နီးနီးကို ဖြစ်သွားခဲ့တာပဲ။ငါက ဒီကောင်းကင်ဘုံအရှင်ချင်းရွှေက နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရတာတောင် ခုလောက်စွမ်းအား ရှိနေဦးမယ်လို့ မထင်ထားမိခဲ့ဘူး…”
အဘိုးအို၏မူလစိတ်ဝိညာဉ်ထံမှ ပင်ပန်းနွမ်းနယ်သွားသည့်အသံကို ဝမ်လင်းက စိတ်ထဲကနေ ကြားလိုက်ရသည်။
သည်အခိုက်အတန့်၌ မီးလုံးကလည်း ဆယ်ပေလောက်ထိ ကျုံ့သွားခဲ့ပြီးနောက် ပျက်စီးသွားလေ၏။ ထိုအရာက စွမ်အားအားလုံးကို သိပ်သည်း၍ ပေါက်ကွဲစေလိုက်ခြင်းပင်။
ချက်ချင်းပင် လောကထဲရှိ အရာအားလုံးသည် ထိုမီးတောက်အလင်းထဲ၌ ခြံရံသွားခြင်း ခံလိုက်ရသည်ဟု ထင်မှတ်လိုက်ရ၏။လူတစ်ယောက်သည် ကောင်းကင်ထက်မှ ထိုမီးတောက်၏ အလင်းကို ဝေးကွာသောအရပ်ကနေပင် မြင်နိုင်ပေလိမ့်မည်။
မီးတောက်အလင်းက နေရာတိုင်းတွင် ပျံ့နှံ့နေကာ ထိုအလင်းထဲရှိ ဝမ်လင်း၏ပုံရိပ်သည် ခန့်ညားထည်ဝါမှုနှင့် ပြည့်နေတော့သည်။
ရှန်ကုန်းဟူမျက်လုံးထဲရှိ စိတ်လှုပ်ရှားမှုက အထွတ်အထိပ်သို့ ရောက်လာခဲ့၏။ သူက ဝမ်လင်း၏ပုံရိပ်ကို ကြည့်ကာ လှမ်းအော်သည်။ “ဒါကမှ ငါ့အရှင်ရဲ့အစစ်အမှန် ခွန်အားပဲ။အရင်တုန်းက ငါ့ထင်မြင်ခဲ့တာက မမှားခဲ့ဘူးပဲ…”
ကျန်ခုန်လီက လေဟာနယ်ထဲ၌ မတ်တတ်ရပ်လျက် ရှိနေသည်။သည်မီးတောက်က ဝေးကွာသောနေရာတွင် ရှိနေသော်လည်း သူက အပူဓာတ်ကို ခံစားမိနိုင်နေနိုင်၏။ သူကလည်း ထိုမီးတောက်ကို ကြည့်ကာ အလွန်စိတ်လှုပ်ရှားနေမိသည်။
“စီနီယာရဲ့ကျင့်ကြံမှုအဆင့်က ထည်ဝါလွန်းလှတယ်။အရင်တုန်းက သူဟာ အထည်ဒြပ်ယန်အဆင့်ထိ ဖိနှိပ်ထားတာ ဖြစ်ရမယ်။ခုမှ သူ့ကျင့်ကြံမှုအဆင်ဟာ ထိုးတက်လာခဲ့တာပဲ။ ဒါ့အပြင် ခုလက်ရှိ သူ့ခွန်အားက အကန့်အသတ် မဟုတ်လောက်သေးဘူး…”
ထျန်ယန်ဖန်၏အသွင်ကတော့ သုန်မှုန်နေခြင်း မရှိတော့ပေ။ သို့သော် သူ့မျက်နှာက သေလောက်အောင်ဖြူရော်နေ၏။ သူက ဝမ်လင်းနှင့်ဆံဖြူလူတို့၏ တိုက်ပွဲကို တွေ့မြင်ခဲ့ကတည်းက အလွန်တုန်လှုပ်နေခဲ့မိပြီး ဖြစ်သည်။သူက ဝမ်လင်းသည် ခုလိုမျိုး မန္တန်များစွာကို ထိန်းချုပ်နိုင်လိမ့်မည်ဟု မထင်ထားမိပေ။
သူက ယခုမီးတောက်ကို တွေ့မြင်လိုက်ရချိန်တွင်မူ လေအေးတစ်ချက်ပါ ရှိုက်သွင်းမိလိုက်၏။ သူ့စိတ်ထဲရှိ တုန်လှုပ်မှုက ပျက်စီးသွားခဲ့ကာ ကြောက်ရွံ့မှုနှင့်ပင့်သက်ရှိုက်မှုတို့က အစားဝင်လာခဲ့သည်။
ထျန်ယန်ဖန်က သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “သူ…သူက ဘယ်လိုလူများလဲ…”
ရှန်ကုန်းဟူက နှာခေါင်းရှုံ့၍ ထျန်ယန်ဖန်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ ရောင်းရင်းထျန်…သင်က ငါ့ကို မိုးကြိုးကောင်းကင်ဘုံဂိတ်ပေါက်ရဲ့ အပြင်ဘက်မှာ အထင်သေးလှောင်ပြောင်ခဲ့တာ မှတ်မိလား။ ခု သင်တွေ့နေရတဲ့ သင့်ရှေ့ကလူဟာ ငါဘာကြောင့် ငါ့မိသားစုရဲ့အပြစ်ပေးခြင်းနဲ့ မိုးကြိုးကောင်းကင်ဘုံကျောင်းတော်က လူတွေရဲ့ ခွဲခြားခံရခြင်းတွေရဲ့ အကြောင်းရင်းပဲ ဖြစ်တယ်…”
ထျန်ယန်ဖန်သည် မှင်တက်သွားကာ မီးတောက်ထဲမှ ပုံရိပ်ကို စူးစိုက်ကြည့်နေတော့၏။သူက အချိန်အတန်ကြာသည့်အထိ စကားမပြောနိုင် ဖြစ်သွားသည်။
သည်အခိုက်အတန့်၌ ခပ်နိမ့်နိမ့် အသံတစ်ခုသည် ပဲ့တင်ထပ်လာခဲ့သည်။
“ဂျိနယ်ပယ်ကတောင် မင်းကို သေအောင်မသတ်နိုင်ဘူးဆိုတော့ မင်းက တော်တော်လေး သန်မာသားပဲ…” ထိုအသံနှင့်အတူ မီးတောက်များထဲကနေ ရုပ်တုတစ်ခု ပေါ်လာခဲ့၏။၎င်းရုပ်တုက ကွဲကြေသွားသည်နှင့် လူငယ်တစ်လျှောက်သည် လှမ်းလျှောက်ထွက်လာခဲ့သည်။ထိုလူငယ်သည် အလွန်ချောမောလှ၏။သို့သော် သူ့အသွင်က မကောင်းဆိုးဝါးဆန်သော အရိပ်အယောင်တစ်ခု ပါဝင်နေပေသည်။
***