← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁: တကယ်ကို အလျင်လိုနေတာ

မျှော်လင့်ထားသည့်အတိုင်းပင် ဤယောင်ချီမှ နတ်မိမယ်လေးများသည် အရေအတွက်အရ အားသာချက် မရှိသော်လည်း သူမတို့သည် မည်သည့်နည်းနှင့်မျှ အောက်ကျို့ခံနေမည် မဟုတ်ပေ။နတ်မိမယ်လေးတစ်ဦးက အော်ဟစ်လိုက်သည်။"ဘယ်လောက်တောင် ရဲတင်းလိုက်တာလဲ... ငါတို့ ယောင်ချီဂိုဏ်းချုပ်ရဲ့ နာမည်က နင်တို့ ခေါ်ခွင့်ရှိတဲ့ နာမည်မျိုးလား"နံဘေးမှ စောင့်ဆိုင်းနေသော လုရန်သည် အနည်းငယ် ပျင်းရိလာတော့သည်။သူသည် ဤနေရာသို့ တိုက်ခိုက်ရန် လာခဲ့ခြင်း မဟုတ်သလို ကောင်းကင်စံအိမ်ကို ကူညီရန် လာခဲ့ခြင်းလည်း မဟုတ်ပေ။ သူသည် သူ၏ ဇနီးကို ရှာဖွေရန် လာခဲ့ခြင်းသာ ဖြစ်ပေ၏။ယခုချိန်၌ သူသည် ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး ယောင်ချီကိုလည်း ရောက်ရှိနေလေပြီ။သို့သော် သူ၏ဇနီးသည် မည်သည့်နေရာသို့ ရောက်ရှနေသနည်း...သူ၏နံဘေးရှိ ကောင်းကင်စံအိမ်၏ မဟာအင်မော်တယ်ဧကရာဇ်များကို တစ်ချက်ကြည့်လိုက်ပြီး လုရန်၏ပုံရိပ် လင်းလက်သွားကာ ရှားယီယီ၏ရှေ့တွင် တိုက်ရိုက်ထွက်ပေါ်လာတော့သည်။လုရန်က ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။"ငါတို့ မတွေ့ရတာ ကြာပြီ ရှားယီယီ... ငါ မေးပါရစေ... မင်းတို့ရဲ့ ယောင်ချီ ဂိုဏ်းချုပ် ဘယ်မှာလဲ... ချင်ဝူယောင်း ဘယ်မှာလဲ"လုရန်သည် တခြားမည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ သူ၏ကိုယ်ပိုင်ဆန္ဒအတိုင်းသာ လုံးလုံးလျားလျား လုပ်ဆောင်ခဲ့လေ၏။အစမှ အဆုံးအထိ ကောင်းကင်စံအိမ်နှင့်အတူ ဤနေရာသို့ လိုက်ပါလာခဲ့သည့် သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ သူ၏ဇနီး ချင်ဝူယောင်းကို ရှာဖွေရန်ပင်။နေရာကို သူ ရှာတွေ့ပြီးပြီဖြစ်ရာ သူသည် ကောင်းကင်စံအိမ်မှ လူများနှင့် နောက်ထပ်ပတ်သက်စရာ အကြောင်းအရင်း မရှိတော့ချေ။သို့သော် တခြားသူများ၏အမြင်တွင် သူသည် ဤတိုက်ပွဲတွင် ပါဝင်နေသော ကောင်းကင်စံအိမ်၏ အဖွဲ့ဝင်များထဲမှ တစ်ဦး ဖြစ်နေဆဲပင်။ သူ ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားမှုက မဟာအင်မော်တယ်ဧကရာဇ်များကို တိုက်ပွဲစတင်ရန် အချက်ပြခြင်းဖြစ်သည်ဟု တွေးထင်သွားစေခဲ့သည်။သူတို့သည် တိုက်ပွဲစတင်ရန် လင်းဝူယွဲ့၏အမိန့်ကို စောင့်ဆိုင်းနေခဲ့ကြသည်။လုရန်၏လှုပ်ရှားမှုကြောင့် တွန်းအားပေးခံရသဖြင့် သူတို့အနက်မှ တချို့သည် နောက်ထပ်မအောင့်အည်းနိုင်တော့ဘဲ သူတို့၏မှော်ရတနာများကို ထုတ်ဖော်ကာ လိုက်ပါ၍ လုပ်ဆောင်လိုက်ကြတော့သည်။ တခြားသူများကလည်း သူတို့ အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့သော နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်လိုက်ကြ၏။ဤသည်ကို မြင်သောအခါ တခြားသူများက တွေးတောလိုက်ကြသည်။'သောက်ကျိုးနည်း... သူတို့က စတင်နေပြီ... ငါတို့က ဒီအတိုင်း ထိုင်ကြည့်နေလို့ မရဘူး'ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အမျိုးမျိုးသော မှော်ရတနာများသည် မတူညီသော နတ်ဘုရားစွမ်းရည်အမျိုးအစားများနှင့် ရောနှောကာ ကောင်းကင်ယံတွင် စတင်၍ ပျံ့လွင့်နေတော့သည်။အနီးကပ်တိုက်ခိုက်ခြင်းကို နှစ်သက်သော အင်မော်တယ်ဧကရာဇ်များစွာသည်လည်း ရှေ့သို့ပြေးထွက်သွားကြ၏။ကောင်းကင်စံအိမ်၏ ဂိုဏ်းချုပ်အနေဖြင့် လင်းဝူယွဲ့ လုံးလုံးလျားလျား ဆွံ့အသွားတော့သည်။ဤအချိန်သည် စစ်ပွဲစတင်ရန် အချိန်အခါကောင်း မဟုတ်သေးပေ။ချင်ဝူယောင်း ထွက်ပင်မလာသေးဘဲ တိုက်ပွဲက မည်သို့ စတင်သွားရသနည်း....အဆုံးသတ်တွင် ထိုအရာအားလုံးသည် လုရန်ကြောင့်ပင်။ထိုလူငယ်သည် မည်သည့်အကြောင်းပြချက်မျှမရှိဘဲ မည်သည်ကြောင့် ပြေးထွက်သွားရသနည်း။ဤအချိန်တွင် အင်မော်တယ်များ၏တိုက်ပွဲ ပေါက်ကွဲထွက်လာတော့သည်။ မိုးကောင်းကင်ယံတခွင်လုံးသည် ပရမ်းပတာဖြစ်နေသော စိတ်ဝိညာဉ်စွမ်းအင် စီးကြောင်းများ ပြင်းထန်သော နတ်ဘုရားစွမ်းရည် များဖြင့်ပြည့်နှက်နေပြီး အမျိုးမျိုးသော မှော်ရတနာ များသည် ထိပ်တိုက်ရင်ဆိုင်နေကြ၏။သူတို့၏ သက်ဆိုင်ရာ ဓမ္မပုံရိပ်ယောင်များကိုလည်း ဆင့်ခေါ်ထားပြီး အချင်းချင်း စတင်တိုက်ခိုက်ရန် မဟာအင်မော်တယ်ဧကရာဇ်များ၏ ရုပ်ခန္ဓာကိုယ်များမှ ခွဲထွက်သွားကြသည်။ကောင်းကင်တခွင်လုံး၌ ပရမ်းပတာ အရှုပ်အထွေးကြီးတစ်ခု ဖြစ်ပွားလာတော့သည်။ထိုအခြေအနေကို ကြည့်ရင်း လင်းဝူယွဲ့ ခေါင်းကိုက်သွားသည်။ သူသည် ပြီးပြည့်စုံသော ပြင်ဆင်မှုများဖြင့် လာခဲ့သော်လည်း ရလဒ်အနေဖြင့် ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုမှာပင် ထိုအရူးလုရန်ကြောင့် သူသည် တိုက်ခိုက်ရန် အတင်းအကျပ် ခိုင်းစေခြင်း ခံလိုက်ရပေ၏။သူ အချိန်ကြာမြင့်စွာ စဉ်းစားထားခဲ့သော မဟာဗျူဟာများ၊ အစီအစဉ်များနှင့် တပ်ဖြန့်မှုများ အားလုံးသည် ယခုအချိန်၌ လုံးဝအသုံးမဝင်တော့ပေ။လင်းဝူယွဲ့၏နှုတ်ခမ်းများ ဒေါသကြောင့် ရှုံမဲ့နေသည်။သို့သော် သူ လှည့်ကြည့်လိုက်သောအခါ အဖြစ်အပျက် တစ်ခုလုံးကို သွေးထိုးလှုံ့ဆော်ခဲ့သော လုရန်သည် အမှန်တကယ်ပင် ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ယခုအချိန်တွင် လုရန်သည် ယောင်ချီ အင်မော်တယ် နယ်မြေအတွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း သူ မသိခဲ့ပေ။ဤသည်မှာ ရှားယီယီက သူ့ကို ခေါ်ဆောင်သွားခဲ့ခြင်းပင်။လုရန်သည် သူမကို စကားတစ်ခွန်းသာ ပြောရသေးပြီး ရှားယီယီ ဖြေကြားရန် အချိန်မရခဲ့ချ။ ထိုအချိန်တွင် အင်မော်တယ်များ၏ တိုက်ပွဲသည် မီးရှို့စနက်ကြိုးကဲ့သို့ လောင်ကျွမ်းသွားသည်ကို မြင်လိုက်ရသည်။သူမသည် လေဟာနယ်အက်ကွဲကြောင်းတစ်ခုကို ရိုးရှင်းစွာ ဖွင့်လိုက်ပြီး လုရန်ကို အောက်သို့ ခေါ်ဆောင်သွားလေ၏။သူတို့သည် ယောင်ချီဂိုဏ်း၏ ကြီးမားသော ကာကွယ်ရေးဝင်္ကပါကိုပင် ကျော်ဖြတ်သွားခဲ့ကြသည်။ယောင်ချီ၏ မဟာအင်မော်တယ်ဧကရာဇ် များနှင့် အကြီးအကဲများသည် ကောင်းကင်ယံတွင် ရှိနေဆဲဖြစ်ပြီး ကောင်းကင်စံအိမ်မှ လူများနှင့် ပြင်းထန်သော တိုက်ပွဲတွင် အပြန်အလှန် တိုက်ခိုက်နေကြသည်။ယောင်ချီရှိ မဟာအင်မော်တယ်ဧကရာဇ် အရေအတွက်မှာ နည်းပါးသော်လည်း ဤနတ်မိမယ်လေး များသည် တစ်ဦးစီမှာ အတော်လေး ကြမ်းတမ်းကြပြီး နိယာမများအပေါ် သူတို့၏ စွမ်းအားမှာလည်း အားမနည်းလှပေ။အချိန်တိုအတွင်း၌ ကောင်းကင်စံအိမ်သည် ယောင်ချီကို မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။မိုးကောင်းကင်ယံရှိ တိုက်ပွဲကို ကြည့်ရင်း လုရန်က မေးလိုက်သည်။"မင်း ကူညီမှာ မဟုတ်ဘူးလား"ရှားယီယီက ခေါင်းခါယမ်းပြီး ပြောဆိုသည်။"မလိုပါဘူး... နင်က ငါ့ရဲ့အစ်မကို လာရှာတာ မဟုတ်လား"ဟင်...လုရန် အံ့အားသင့်သွားပြီး ဇဝေဇဝါဖြင့် မေးလိုက်၏။"မင်း​ရဲ့အစ်မဆိုတာ ဘာအဓိပ္ပာယ်လဲ"ရှားယီယီက ခေါင်းညိတ်လိုက်သည်။"အင်း... ချင်ဝူယောင်းက ငါ့ရဲ့အစ်မလေ"လုရန်က အလျင်အမြန် ခေါင်းညိတ်ပြကာ ပြောဆိုသည်။"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... အဲ့ဒါ ချင်ဝူယောင်းပဲ... သူ ဘယ်မှာလဲ"ချင်ဝူယောင်းသည် ရှားယီယီကဲ့သို့ ညီမတစ်ယောက် မည်သည့်အချိန်က ရရှိခဲ့သည်ဆိုသည့် အချက်ကိုမူ လုရန် ဂရုစိုက်ရန် အချိန်မရှိပေ။ မည်သို့ပင်ဆိုစေ ဤသည်က သွေးရင်းညီအစ်မ မဟုတ်သည်မှာ သေချာပေ၏။ရှားယီယီသည် အပြာရောင်ကြယ်မှ မဟုတ်သဖြင့် ချင်ဝူယောင်း အထက်ဘုံသို့ တက်လှမ်းပြီးနောက် စိတ်ဝိညာဉ်နယ်မြေတွင် တွေ့ဆုံခဲ့သော သွေးသောက်ညီမတစ်ဦးသာ ဖြစ်နိုင်သည်။ လုရန် ထိုအချက်ကို ချက်ချင်းနီးပါး ခန့်မှန်းနိုင်သဖြင့် သူ အံ့အားမသင့်သလို သိချင်စိတ်လည်း မရှိခဲ့ပေ။သို့သော် လုရန် မှတ်မိသလောက်ဆိုလျှင် သူ ရှားယီယီကို ပထမဆုံး တွေ့ဆုံခဲ့စဉ်က သူမ၏အစ်မအကြောင်း ပြောပြခဲ့ဖူးသည်။ထိုအချိန်က ရှားယီယီ တမင်တကာ လုပ်ခဲ့သည်ဖြစ်စေ မတော်တဆ ဖြစ်ခဲ့သည်ဖြစ်စေ သူမ၏ အစ်မအမည်မှာ ချင်ဝူယောင်း ဖြစ်ကြောင်း သူမ မပြောခဲ့ပေ။ထိုသို့မဟုတ်ပါက ချင်ဝူယောင်းကို ရှာဖွေရန်အတွက် လုရန် ယခုအချိန်အထိ နှောင့်နှေးကြန့်ကြာနေရန် လိုအပ်မည် မဟုတ်ပေ။ရှားယီယီက အနီးအနားရှိ အလွန်လှပပြီး ခမ်းနားထည်ဝါသော ခန်းမဆောင်တစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။"ဟိုမှာ... သူက အထဲမှာ ရှိတယ်"လုရန်က လှည့်ကြည့်ပြီး သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ထိုနေရာကို စူးစမ်းစစ်ဆေးလိုက်သည်။သို့သော် သူ၏နတ်ဘုရားစိတ်အာရုံသည် ခန်းမဆောင်၏အပြင်ဘက်ကိုသာ ဝေ့ကြည့်နိုင်ပြီး မည်သို့ပင် ကြိုးစားစေကာမူ အတွင်းရှိ အခြေအနေကို စစ်ဆေးရန် မဝင်ရောက်နိုင်ချေ။ထို့ပြင် အပြင်ဘက်မှ အာရုံခံရုံဖြင့် ချင်ဝူယောင်း၏ ရင်းနှီးသော အရှိန်အဝါကို သူ မခံစားရပေ။သို့သော် ချင်ဝူယောင်း ခန်းမ​ဆောင်အတွင်း၌ ရှိနေသည်ဟု ရှားယီယီက ပြောသဖြင့် လုရန်သည် ထိုအတွင်းသို့ ချက်ချင်းဝင်ရောက်ရန် ရည်ရွယ်လိုက်၏။သို့သော် ထိုအချိန်တွင် ရှားယီယီက လုရန်ကို တားဆီးလေသည်။သူမက ခေါင်းခါယမ်းပြီး ပြောဆိုသည်။"သူက ခန်းမဆောင်ထဲမှာ ရှိတာတော့ အမှန်ပဲ... ဒါပေမဲ့ အစ်မက အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်နေတယ်... နင် အပြင်မှာ ခဏလောက် စောင့်နေသင့်တယ်"ထိုစကားကို ကြားသောအခါ လုရန်က မျက်မှောင်ကြုတ်လိုက်သည်။ရှားယီယီသည် လုရန်၏ စိုးရိမ်ပူပန်မှုနှင့် စိတ်မရှည်မှုကို မြင်ပုံရသည်။သူမက ပြောဆိုလိုက်၏။"နင့်ရဲ့ နောက်ခံကို ငါ သိပါတယ်... ငါ့အစ်မက အောက်ဘုံ ကနေ အထက်ဘုံတက်လှမ်းလာတာ... အောက်ဘုံမှာ သူက နင့်ရဲ့ တာအိုလက်တွဲဖော်... နင့်ရဲ့ ဇနီးလေ... သူက နင့်ထက် နှစ်ပေါင်းသောင်းနဲ့ချီစောပြီး အထက်ဘုံကို တက်လှမ်းခဲ့တာ... အခု နောက်ဆုံးတော့ နင် အထက်ဘုံကို တက်လှမ်းလာပြီဆိုတော့ သူကို ရှာပြီး တွေ့ချင်နေမှာ သေချာတာပေါ့"လုရန်က ရှားယီယီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ရှားယီယီသည် အရာအားလုံးကို ဤမျှထိ ရှင်းလင်းစွာ သိရှိနေသဖြင့် သူ အံ့အားသင့်သွားတော့သည်။သို့သော် သူမကိုယ်သူမ ချင်ဝူယောင်း၏ညီမဟု ခေါ်ဆိုသဖြင့် ချင်ဝူယောင်းနှင့် သူမ၏ဆက်ဆံရေးမှာ အလွန်ကောင်းမွန်ကြောင်း သိသာရှင်းလင်းပေ၏။ချင်ဝူယောင်းက သူမကို လုရန်နှင့် ပတ်သက်သည့် သတင်းအချို့ ပြောပြခြင်းမှာ ကြီးမားသော ကိစ္စတစ်ခု မဟုတ်ပေ။သို့သော်...လုရန်က သံသယဝင်နေသော အကြည့်ဖြင့် မေးမြန်းသည်။"ဒီအရာတွေ အားလုံးကို မင်း ဘယ်တုန်းက သိခဲ့တာလဲ"ရှားယီယီက စက္ကန့်အနည်းငယ်ကြာမျှ စဉ်းစားပြီး ခေါင်းခါယမ်းလိုက်၏။"အင်း... တိကျတဲ့ အချိန်ကိုတော့ ငါ မမှတ်မိတော့ဘူး... လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးသောင်းလောက်က ဖြစ်မယ်ထင်တယ်"ထိုစကားကို ကြားသောအခါ လုရန် သွေးအန်လုနီးပါး ဖြစ်သွားတော့သည်။သူက တိုက်ရိုက်မေးမြန်းလိုက်သည်။"ဒါဆို ရှပြည်နယ်မှာတုန်းက မင်း ငါ့ကို မသတ်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းက ငါက လုရန်မှန်း မင်း သိနေလို့....ပြီးတော့ ငါ့ရဲ့ နောက်ခံကို သိနေလို့ပဲ... ဟုတ်တယ်မလား"ရှားယီယီက ခေါင်းညိတ်ပြသည်။"ဟုတ်တယ်လေ... အဲ့ဒါ မဟုတ်ရင် ဘာဖြစ်ရမှာလဲ"လုရန် ဆက်လက်၍ မေးမြန်းသည်။"ဒါဆိုရင် အဲ့ဒီအချိန်တုန်းက ငါ ချင်ဝူယောင်းကို ရှာနေတယ်ဆိုတာ မင်း သိနေရက်နဲ့ ဘာလို့ ငါ့ကို မပြောခဲ့တာလဲ"ရှားယီယီက အပြစ်ကင်းစင်သော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။"နင်မှ ငါ့ကို မမေးခဲ့တာ"သူတို့နှစ်ဦးသား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လုရန် ဆွံ့အသွားတော့သည်။ထိုရှားယီယီသည် အစကတည်းက အရာအားလုံးကို သိရှိနေခဲ့ခြင်းပင်။လုရန်က ဆက်လက်၍ ငြင်းခုံခြင်းမပြုတော့ဘဲ ပြောဆိုလိုက်သည်။"ထားလိုက်ပါတော့... ဘယ်လိုပဲဖြစ်ဖြစ် အချိန်အားဖြင့်တော့ အများကြီး ကွာခြားသွားမှာ မဟုတ်ပါဘူး"ဤအချိန်တွင်....ကောင်းကင်ယံရှိ တိုက်ပွဲသည် တဖြည်းဖြည်း တစ်ဖက်သတ်ဆန်သော အခြေအနေသို့ ရောက်ရှိလာသည်။အဘယ်ကြောင့်ဆိုသော် လင်းဝူယွဲ့က လှုပ်ရှားခဲ့သောကြောင့်ပင်။သူ တစ်ယောက်တည်းဖြင့် ယောင်ချီနတ်မိမယ်လေး များ၏အကာအကွယ်ဝင်္ကပါတွင် အပေါက်တစ်ခုကို တိုက်ရိုက်ဆုတ်ဖြဲလိုက်သည်။သူ၏လက်ထဲရှိ ယပ်တောင်ကို ဖွင့်ကာ ဝှေ့ယမ်းလိုက်တိုင်း ရှားပါးသော ငှက်များနှင့် သားရဲအမျိုးမျိုး ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး နတ်မိမယ်လေးများ၏ ဓမ္မပုံရိပ်ယောင်များနှင့် တိုက်ခိုက်ကာ သူမတို့ကို အခိုင်အမာ ဖိနှိပ်ထားနိုင်ခဲ့သည်။လုရန်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ သူ၏တောင်တန်းမြစ်ဝှမ်းယပ်တောင်ကို တွေးတောမိလေ၏။တစ်ချိန်တည်းမှာပင်....အနီးအနားရှိ ခန်းမဆောင်အတွင်း၌ ပလ္လင်ခွေထိုင်နေသော ချင်ဝူယောင်းက သူမ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

All Chapters