အခန်း ၁၃၂
Vol. 14 Ch. 132
အခန်း ၁၃၂: မတွေ့ရတာ ကြာပြီ
တစ်ချိန်တည်းမှာပင်...အပြင်ဘက်တွင် လုရန်နှင့် ရှားယီယီသည် တစ်စုံတစ်ခုကို ခံစားလိုက်ရပုံရပြီး ပင်မခန်းမကြီးဆီသို့ လှည့်ကြည့်လိုက်ကြသည်။ရှားယီယီက ပြောဆိုသည်။"အစ်မ နိုးလာပြီ"လုရန်က ခေါင်းညိတ်ကာ တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။နောက်တစ်စက္ကန့်မှာပင် ပင်မခန်းမကြီး၏တံခါးများသည် တကျွိကျွိ မြည်ကာ ဖြည်းညှင်းစွာ ပွင့်လာတော့သည်။တံခါးအတွင်းမှ ကျော့ရှင်းသော ပုံရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာပေ၏။သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏အဝတ်အစားများ လူးလွန့်နေကာ ပုံရိပ်ယောင်ကဲ့သို့ ဖြစ်နေသည်။သူမ၏ဆံပင်ရှည်များသည် ရေတံခွန်ကဲ့သို့ ပခုံးပေါ်တွင် ဖြာကျနေပြီး သူမ၏မျက်လုံးများသည် လောက၏ အတုအယောင်များအားလုံးကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိသည့်အလား ကြည်လင်နေပေ၏။သူမ၏ သွယ်လျသော မျက်ခုံးများသည် မိုးမခရွက်များနှင့် တူပြီး သူမ၏မျက်လုံးများသည် နွေဦးရေများ၏ အနှစ်သာရကို သယ်ဆောင်ထားကာ သူမ၏ အသားအရေမှာ နှင်းထက်ပင် ဖြူစင်ဝင်းပသည်။ သူမ၏မျက်နှာပေါ်ရှိ ညင်သာသော အပြုံးတစ်ခုက နူးညံ့သိမ်မွေ့မှုနှင့် သနားကြင်နာမှုကို လူအများအား ခံစားရစေနိုင်သည်။လုရန် နေရာတွင် အေးခဲတောင့်တင်းသွားတော့သည်။အမျိုးသမီးသည်လည်း လုံးလုံးလျားလျား ရပ်တန့်သွားပေ၏။သူတို့ အကြည့်ချင်း ဆုံလိုက်ရသော ဤတခဏတာ အခိုက်အတန့်သည် သူတို့နှစ်ဦးလုံး နှစ်ပေါင်း သောင်းနှင့်ချီ စောင့်ဆိုင်းခဲ့ရသော အရာပင်။လုရန်၏ အသွင်အပြင်ဖြစ်စေ၊ ချင်ဝူယောင်း၏ အသွင်အပြင်ဖြစ်စေ သူတို့သည် အောက်ဘုံတွင် ရှိစဉ်က သူတို့၏ ပုံစံများနှင့် များစွာမကွာခြားလှပေ။ကွာခြားချက်မှာ လုရန်ထံတွင် လောကကို ငြီးငွေ့နေသည့် အရိပ်အယောင်တစ်ခု ရှိနေခြင်းပင်။ သူသည် ရွှမ်ထျန်းကုန်းမြေသို့ ကူးပြောင်းလာခါစ အတွေ့အကြုံမရှိသေးသော လူငယ်လေးတစ်ဦး မဟုတ်တော့ပေ။ချင်ဝူယောင်းသည်လည်း သူမ၏ယခင်က ရိုးသားဖြူစင်မှုများ အနည်းငယ် ကင်းမဲ့နေသည်။ သူမထံ၌ တည်ငြိမ်သော အသွင်အပြင် ရှိနေဆဲဖြစ်သော်လည်း သူမ၏မျက်ခုံးများကြားရှိ နူးညံ့သိမ်မွေ့မှုသည် အောက်ဘုံတွင် ရှိစဉ်ကထက် ပို၍ပင် နက်ရှိုင်းလာခဲ့သည်။ချင်ဝူယောင်းက သူ့ကို ပထမဆုံး စကားပြောလိုက်၏။"ရှင် ရောက်လာပြီပဲ"လုရန်က ခေါင်းညိတ်ကာ ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။"ဟုတ်တယ်... ငါ ရောက်လာပြီ"ယခင်က သူ၏စိတ်နှလုံးသားထဲတွင် ပြင်ဆင်ထားခဲ့သော စကားလုံးထောင်ပေါင်းများစွာသည် ယခုအချိန်၌ ပြောဆိုရန် မဖြစ်နိုင်သကဲ့သို့ သူ ခံစားလိုက်ရသည်။ဤသည်မှာ နှစ်ပေါင်း သောင်းနှင့်ချီ မတွေ့ရခြင်းကြောင့် ဖြစ်ပေါ်လာသော စိမ်းကားမှုခံစားချက်မျိုး မဟုတ်ပေ။ဆန့်ကျင်ဘက်အနေဖြင့် သူတို့နှစ်ဦးသည် မနေ့ကမှ လမ်းခွဲခဲ့ပြီး ယနေ့၌ ပြန်လည်ဆုံတွေ့ရသကဲ့သို့ အရာအားလုံး လုံးလုံးလျားလျား သဘာဝကျနေသည်။ချင်ဝူယောင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။သူမသည် ရှေ့သို့ တက်လာပြီး လုရန်၏လက်ကို ဆုပ်ကိုင်ကာ ပြောဆိုသည်။"ရှင့်မှာ ကျွန်မကို ပြောစရာတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်မ သိတယ်... ပြီးတော့ ကျွန်မမှာလည်း ရှင့်ကို ပြောစရာတွေ အများကြီး ရှိတယ်... ဒါပေမဲ့ အခုက အချိန်မကျသေးဘူး"ထိုသို့ပြောဆိုပြီးနောက် သူမသည် ကောင်းကင်ယံရှိ အင်မော်တယ်များ၏တိုက်ပွဲကို မော့ကြည့်လိုက်၏။ဤအချိန်တွင် လင်းဝူယွဲ့သည် ကောင်းကင်စံအိမ်၏ မဟာအင်မော်တယ်ဧကရာဇ်များကို ဦးဆောင်ကာ ယောင်ချီ နတ်မိမယ်လေးများကို ဖိနှိပ်နေပြီး သူတို့သည် ကြီးမားသော အားသာချက်ကို ရရှိထားကာ တစ်ဖက်သတ်ဆန်သော အခြေအနေ ဖြစ်လုနီးပါးပင်။ရှားယီယီသည် နံဘေးတွင် မတ်တတ်ရပ်ကာ မိုးကောင်းကင်ကို ကြည့်ပြီးနောက် လုရန်ကို ကြည့်ကာ ရယ်မောနေခဲ့သည်။တိုက်ပွဲတွင် ပါဝင်မည့် အရိပ်အယောင်ကို သူမ မပြသလို ယောင်ချီအတွက် စိုးရိမ်ပူပန်မှုလည်း အနည်းငယ်မျှ မရှိပေ။လုရန်က ပြောဆိုသည်။"သူတို့က မင်းရဲ့ ယောင်ချီတပည့်တွေဆိုတော့ ငါပဲ ကိုင်တွယ်လိုက်ပါ့မယ်... ဒီကောင်းကင်စံအိမ်ကို ငါ အရင်ဆုံး သုတ်သင်လိုက်မယ်"ငါ့ဇနီးရဲ့ ဂိုဏ်းက မင်းတို့လို လူတွေရဲ့ အနိုင်ကျင့်တာကို ဘာလို့ ခံရမှာလဲ...သူ တွေးတောလိုက်မိသည်။သို့သော် ချင်ဝူယောင်းက ခေါင်းခါယမ်းပြီး ပြောဆိုသည်။"ကိစ္စမရှိပါဘူး... ကောင်းကင်စံအိမ်လောက်လေးပဲလေ"ချင်ဝူယောင်းသည် ကောင်းကင်စံအိမ်ကို အနည်းငယ်မျှ အလေးအနက် မထားသည့်အပြင် လင်းဝူယွဲ့ကိုလည်း ဂရုမစိုက်ပုံရသည်။ထိုသို့ပြောဆိုပြီးနောက်....ချင်ဝူယောင်းသည် လက်တစ်ဖက်ဖြင့် လုရန်၏လက်ကို ကိုင်ထားပြီး တခြားလက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဝှေ့ယမ်းလိုက်၏။ဤသည်မှာ သူမသည် ယောင်ချီ အင်မော်တယ် နယ်မြေ၏ အကာအကွယ် အတားအဆီးကို တိုက်ရိုက်ဖွင့်လိုက်ခြင်းပင်။ဤလှုပ်ရှားမှုသည် ကောင်းကင်ယံတွင် တိုက်ခိုက်နေသော အင်မော်တယ်များ၏ အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။လူတိုင်း အောက်သို့ တစ်ယောက်ပြီးတစ်ယောက် ငုံ့ကြည့်လိုက်ကြသည်။လင်းဝူယွဲ့သည်လည်း ထိုနည်းတူ လုပ်ဆောင်လိုက်၏။ သူ အောက်သို့ ငုံ့ကြည့်လိုက်ရာ အတားအဆီး ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းဆိုသလိုပင် အလွန်ဝမ်းသာသွားတော့သည်။ထို့နောက် သူ၏လက်ထဲရှိ ယပ်တောင်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ ယောင်ချီ အင်မော်တယ် နယ်မြေ ၏ နတ်မိမယ်လေးများသည် အနောက်သို့ ချက်ချင်းတွန်းထုတ်ခံလိုက်ရသည်။သို့သော် အနောက်သို့ တွန်းထုတ်ခံရပြီးနောက် သူမတို့သည် ဆက်လက်၍ မတိုက်ခိုက်တော့ဘဲ ယောင်ချီသို့ ပြန်လာကာ ချင်ဝူယောင်း၏နောက်တွင် တညီတညွတ်တည်း မတ်တတ်ရပ်နေကြသည်။လင်းဝူယွဲ့သည် စက္ကန့်အနည်းငယ်ကြာမျှ စဉ်းစားလိုက်၏။သူသည် အောက်သို့ ပထမဆုံးခြေလှမ်းကို လှမ်းလိုက်ပြီး သွေးဆူလောက်အောင် ပြင်းထန်စွာ တိုက်ခိုက်နေကြသော မဟာအင်မော်တယ်ဧကရာဇ်များသည်လည်း သူ၏နောက်မှ လိုက်ပါလာကြသည်။သို့သော် သူတို့၏ ဓမ္မပုံရိပ်ယောင်များကို သူတို့ ပြန်မရုတ်သိမ်းခဲ့ဘဲ ယောင်ချီ အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ဝန်းရံကာ နံဘေးပတ်လည်တွင် ဖြန့်ကြက်ထားခဲ့ပြီး မည်သည့်အချိန်တွင်မဆို သတ်ဖြတ်ရန် အသင့်ပြင်ထားသည်။လင်းဝူယွဲ့က ဆင်းသက်လာပြီး ချင်ဝူယောင်းကို အပြုံးနှင့်ကြည့်ကာ ပြောဆိုသည်။"ယောင်ချီရဲ့ သခင်မက ငါ မျှော်လင့်ထားတဲ့အတိုင်းပဲ... ဒီအတားအဆီးကို ကိုယ်တိုင် ဖွင့်လိုက်တာလား... ဒီလောက် ရဲတင်းတာက ချီးကျူးစရာပဲ"ထိုသို့ပြောဆိုပြီးနောက်...သူသည် ချင်ဝူယောင်းနှင့်လုရန်တို့ လက်ချင်းချိတ်ထားသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ သူ တခဏကြာမျှ ဆွံ့အသွားပြီးနောက် အခြေအနေကို နားမလည်နိုင်အောင် ဖြစ်နေပေ၏။ချင်ဝူယောင်းသည် လှပသော်လည်း စိတ်ဝိညာဉ်နယ်မြေတွင် ဤနှစ်များတလျှောက်လုံး မည်သည့် အမျိုးသားနှင့်မျှ အဆက်အသွယ် မရှိခဲ့ကြောင်းကို လူတိုင်း သိထားကြသည်။ယောင်ချီ၏တပည့်များပင်လျှင် အမျိုးသမီးများသာ ဖြစ်ကြပြီး အမျိုးသားတစ်ယောက်မျှ မရှိချေ။ဤသည်မှာ အမျိုးသားတစ်ဦး ချင်ဝူယောင်းအနီးသို့ သူမ၏ရွံရှာမှုကို မဖြစ်စေဘဲ အောင်မြင်စွာ ချဉ်းကပ်နိုင်သည်ကို လင်းဝူယွဲ့ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။ အမှန်တကယ်ကိုပင် သူမသည် လုရန်ကို သူမ၏လက်အား ကိုင်ခွင့်ပြုထားသည်။ဤအချိန်တွင် ချင်ဝူယောင်းသည် မည်သည့် စိတ်မရှည်မှုမျှ မပြသခဲ့ပေ။ ထိုအစားထိုး သူမ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင်တစ်ရပ် ထင်ဟပ်နေကာ ပြုံးယောင်သန်းနေသည်။မည်သို့ ဖြစ်ပျက်နေသနည်း...လုရန်သည် နောက်ဆုံးမိနစ်မှ ကောင်းကင်စံအိမ်သို့ ဝင်ရောက်လာသော အသုံးမလိုလျှင် စွန့်ပစ်နိုင်သည့် အကူအညီပေးသူတစ်ဦးသာ ဖြစ်သင့်သည်။သို့သော် ယခုချိန်၌ သူတို့သည် မိုးကောင်းကင်ယံအထက်တွင် တိုက်ခိုက်နေစဉ် ဤလုရန်သည် ရန်သူ့ဌာနချုပ်ကို တိုက်ရိုက်ဝင်ရောက်စီးနင်းခဲ့ပြီး ချင်ဝူယောင်းကိုပင် သူ၏လက်ထဲသို့ ရောက်အောင် လုပ်နိုင်ခဲ့သည်။ဤသည်မှာ အမှန်တကယ့်ကို ထူးခြားပြောင်မြောက်သော လုပ်ရပ်ပင်။လင်းဝူယွဲ့က ဇဝေဇဝါဖြင့် မေးမြန်းသည်။"လုရန်... မင်းက..."အဘယ်ကြောင့်ဆိုသော် မည်သို့ ဖြစ်ပျက်နေသည်ကို သူ အနည်းငယ်မျှ နားမလည်နိုင်သောကြောင့်ပင်။ထိုစကားကို ကြားသောအခါ...လုရန် ရှင်းပြရန် အချိန်မရမီ ချင်ဝူယောင်းက အပြုံးဖြင့် ရုတ်တရက် ပြောလိုက်သည်။"ဒါက ကျွန်မရဲ့ ခင်ပွန်း လုရန်ပါ"သူမ စကားပြောဆိုနေစဉ် သူမ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခု ထင်ဟပ်လာသည်။လင်းဝူယွဲ့သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။ မဟာအင်မော်တယ်ဧကရာဇ် ချင်ဝူယောင်းသည် အမျိုးသားတိုင်း၏အိပ်မက် ဖြစ်သော်လည်း သူမသည် နှစ်ပေါင်းသောင်းနှင့်ချီအောင် အမျိုးသားမျာနှင့် အဆက်အသွယ် မရှိခဲ့သဖြင့် စတင်ရန် နည်းလမ်း လုံးဝမရှိသောကြောင့် သူမကို အမှန်တကယ် လိုက်လံ ပိုးပန်းသူ အလွန်နည်းပါးလှသည်။လင်းဝူယွဲ့သည်လည်း မကွာခြားပေ။ယောင်ချီကို ဖန်တီးခဲ့ပြီး အနောက်မှ လိုက်လာကာ ယောင်ချီအား မြင့်မြတ်သူတော်စင်တောင်၏ စတုတ္ထမြောက် အဓိက အင်အားစု ဖြစ်လာစေခဲ့သော နတ်မိမယ်လေးတစ်ဦး....ထိုကဲ့သို့ အမျိုးသမီးကို မည်သူက မလိုချင်ဘဲ နေမည်နည်း။အကယ်၍ သူမကို သူ ရရှိနိုင်ပါက ယောင်ချီနှင့် ကောင်းကင်စံအိမ်တို့၏ အစွမ်းထက်သော မဟာမိတ်ဖွဲ့မှုသည် စိတ်ကူးယဥ်တွေးတောကြည့်၍မရနိုင်လောက်အောင် အံ့အားသင့်ဖွယ်ကောင်းပေလိမ့်မည်။သို့သော် ယခုချိန်၌ သူမ၏နှလုံးသားကို လုရန်က အနိုင်ယူသွားခဲ့လေပြီ။လင်းဝူယွဲ့သည် ထိုကိစ္စကို လက်မခံနိုင်ပေ။ သူသည် မူလက ယောင်ချီကို သိမ်းပိုက်ရန် လာခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်၌ ပြင်းထန်သော မနာလိုမှု လှိုင်းလုံးကြီးတစ်ခုက သူ၏နှလုံးသားထဲတွင် ထွက်ပေါ်လာတော့သည်။လင်းဝူယွဲ့က မနာလိုစွာဖြင့် မေးလိုက်၏။"ချင်ဝူယောင်း... မင်းက ဘယ်အမျိုးသားနဲ့မဆို အဆက်အသွယ်လုပ်တာကို အမြဲတမ်း ရှောင်ခဲ့တာပဲ... ဒါက ဘာသဘောလဲ... လုရန်က မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက်ဖြစ်ပေမဲ့ သူ့ထက် သန်မာအားကောင်းတဲ့ မဟာအင်မော်တယ်ဧကရာဇ်တွေ အများကြီး ရှိတယ်... ငါ့ရှေ့မှာဆို သူက နည်းနည်းလောက်တောင် တန်ဖိုးမရှိဘူး... သူ့ဆီကနေ မင်းက ဘာတွေကို မျှော်လင့်နေတာလဲ"သူသည် တိုက်ခိုက်ရန် အလျင်မလိုတော့ပေ။ထိုစကားကို ကြားသောအခါ....လုရန်က ခွန်းတုံ့ပြန်လိုက်သည်။"မင်း ပြောနေတာကို ကြည့်အုံး... ပထမဆုံးအနေနဲ့ ငါက မင်းထက် ပိုချောတယ်... အဲ့ဒါက သေချာတယ်""ငါက မင်းထက် ပိုငယ်တဲ့ပုံလည်း ပေါ်တယ်... မင်းရဲ့ ရှည်လျားပြီး ကောက်ကွေးနေတဲ့ မျက်နှာကို ကြည့်ပါအုံး""ပြီးတော့ ငါရဲ့ပုံစံက မင်းထက် ပိုကြည့်ကောင်းတယ်... မင်းက စာဂျပိုးတစ်ယောက်လို ဝတ်ထားတာ... မင်း ဘာဖြစ်ချင်နေတာလဲဆိုတာ ငါ မသိဘူး""ဒါက ဘယ်ခေတ်လဲ... မင်းလို သနားစရာကောင်းတဲ့ ကျောင်းတော်သားတစ်ယောက်လို ဝတ်ထားတဲ့သူကို နတ်မိမယ်လေးတစ်ယောက်က ဘယ်လိုလုပ်ပြီး သဘောကျနိုင်မှာလဲ""ပြီးတော့ စွမ်းအားအရ ပြောရရင် မင်းကို ငါ အထင်တောင် မကြီးဘူး""အရာအားလုံးကို ထည့်စဉ်းစားရင် မင်းက ငါ့ထက် ဘယ်နေရာမှာ ပိုသာနေလို့လဲ... ဒါတောင် မင်းက ဒေါသထွက်နေသေးတယ်"လုရန်သည် အမြန်ချေပသည့်ပုံစံဖြင့် စကားလုံးများကို တရစပ်ပြောဆိုလိုက်သည်။သူနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသော လင်းဝူယွဲ့၏ နှာခေါင်းသည် ဒေါသကြောင့် တွန့်လိမ်လုနီးပါး ဖြစ်သွားပေ၏။သူက သူ၏ဝတ်စုံကို ငုံ့ကြည့်လိုက်သည်။ ကွန်ဖြူးရှပ် ကျောင်းတော်သားဝတ်စုံသည် အမှန်တကယ်ကို သူ တမင်တကာ ရွေးချယ်ခဲ့သောအရာပင်။ ဤသည်မှာ လွန်ခဲ့သော နှစ်ရာအနည်းငယ်ကတည်းက သူ နှစ်သက်ခဲ့သော ပုံစံတစ်ခုဖြစ်သည်။ထိုအရာမှာ အမှန်အားဖြင့် ဟန်ဆောင်ခြင်းသက်သက်သာ ဖြစ်ပေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ကွန်ဖြူးရှပ်ကျင့်ကြံသူတစ်ဦး လုံးဝမဟုတ်သောကြောင့်ပင်။ ထိုဝတ်စုံက သူ့ကို ကောင်းမွန်သော အသွင်အပြင် ပေးသည်ဟု သူ တွေးထင်ခဲ့ခြင်းသာဖြစ်သည်။သို့သော် လုရန်က သူ့ကို သနားစရာကောင်းသော စာဂျပိုးတစ်ဦးအဖြစ် တိုက်ရိုက်စော်ကားခဲ့သည်။ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ပုံစံသည် အမှန်တကယ်ကို ထိုသို့ ဖြစ်နေပုံရပေ၏။နတ်မိမယ်လေးတစ်ယောက်သည် မြင့်မြတ်ပြီး ဂုဏ်သိက္ခာရှိသည်။ သနားစရာကောင်းသော ကျောင်းတော်သားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသူကို သူမ မည်သည်ကြောင့် သဘောကျနိုင်မည်နည်း။ထိုအချိန်မှာပင်...ချင်ဝူယောင်းက ပြောဆိုသည်။"လွန်ခဲ့တဲ့ နှစ်တစ်သိန်းတုန်းက လုရန်က အောက်ဘုံ မှာ ငါ့ရဲ့ တာအိုလက်တွဲဖော် ဖြစ်လာခဲ့တာ...ဒါကြောင့် တခြားဘယ်ယောက်ျားကိုမှ ငါ တစ်ချက်တောင် ကြည့်မှာ မဟုတ်ဘူး... အခု သူ စိတ်ဝိညာဉ်နယ်မြေကို တက်လှမ်းလာပြီဆိုတော့ ငါတို့နှစ်ယောက် အတူတူ ရှိနေတာက သဘာဝကျပါတယ်... ဒါက လုံးဝပုံမှန်ပဲလေ"ထိုစကားကို ကြားသောအခါ...လင်းဝူယွဲ့၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။သူက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။"ချင်ဝူယောင်း... မင်း... မင်းက အပြာရောင်ကြယ် က အထက်ဘုံတက်လှမ်းလာသူပဲ"ထို့ပြင်...လုရန်သည် အမှန်အားဖြင့် အပြာရောင်ဂိုဏ်း ဘိုးဘေးပင်။