← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄: ချင်ဝူယောင်း၏ နိယာမ

ဤသည်မှာ လင်းဝူယွဲ့၏ဘဝတစ်သက်တာတွင် ဘယ်သောအခါမျှ မေ့နိုင်မည် မဟုတ်သော မြင်ကွင်းတစ်ခုပင်။သူ၏နောက်ရှိ မဟာအင်မော်တယ်ဧကရာဇ်များ အားလုံးသည် ယခုအချိန်၌ အသက်ရှူကြပ်နေကြပြီး သူတို့၏မျက်နှာအမူအရာများ ရှုံမဲ့နေသည်။သူတို့၏ခန္ဓာကိုယ်များရှိ စိတ်ဝိညာဉ်စွမ်းအင် အတက်အကျများသည် ပရမ်းပတာဖြစ်နေပြီး ပွက်လောရိုက်နေပေ၏။လင်းဝူယွဲ့က အံ့အားသင့်စွာ မေးလိုက်သည်။"မင်းတို့ ဘာဖြစ်နေကြတာလဲ"သို့သော် သူ၏ မေးခွန်းကို မည်သူမျှ မဖြေကြားခဲ့ချေ။ဤအင်မော်တယ်ဧကရာဇ်များသည် သူတို့၏ ခန္ဓာကိုယ်များတွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သတိပြုမိကြသည်။"ငါ့... ငါ့ရဲ့ခန္ဓာကိုယ်က ပုံမှန်မဟုတ်ဘူး""ငါ့ရဲ့ သွေးကြောတွေက မြန်မြန် အိုမင်းလာတယ်... မဟုတ်ဘူး... အဲ့ဒါ မဟုတ်ဘူး...မဟုတ်သေးဘူး""သောက်ကျိုးနည်း... ငါ့ရဲ့ဒန်တျန်ထဲက စိတ်ဝိညာဉ်စွမ်းအားတွေက မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားတယ်... ဒါက ဘာအဓိပ္ပာယ်လဲ... ငါ အဆိပ်မိသွားတာလား""ငါ့ကို ကယ်ပါ... ငါ့ကို မြန်မြန်ကယ်ပါအုံး"ပတ်ဝန်းကျင်နေရာတဝိုက်လုံးသည် အလွန်အမင်း ပရမ်းပတာ ဖြစ်နေပုံရပေ၏။သို့သော် ဤပရမ်းပတာ မြင်ကွင်းအောက်တွင် လင်းဝူယွဲ့ မြင်တွေ့ခဲ့ရသောအရာမှာ သူ ကြားခဲ့ရသောအရာထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းလှသည်။မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်လာရန် ထူးချွန်သော ပါရမီရှင် ဖြစ်ရမည်ဖြစ်ပြီး ထိပ်သီးပါရမီရှင် အဆင့်တွင် ရှိရပေမည်။ထို့ကြောင့် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်လာပြီးနောက် အများစုသည် သူတို့၏ လူငယ်ပုံစံကို ထိန်းသိမ်းထားနိုင်ဆဲပင်။အလွန်ဆုံးဆိုလျှင် သူတို့သည် လူလတ်ပိုင်းအရွယ် အမျိုးသားများနှင့် တူညီပေလိမ့်မည်။ထို့ပြင် မဟာအင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်လာချိန်၌ သူတို့၏ရုပ်ခန္ဓာကိုယ်ကို ပြန်လည်၍ ပုံဖော်နိုင်ပေ၏။ထို့ကြောင့် သူတို့၏အသွင်အပြင်အားဖြင့် သူတို့၏ တိကျသော သက်တမ်း သို့မဟုတ် အသက်အရွယ်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်ချေ။သို့သော် မဟာအင်မော်တယ်ဧကရာဇ်အများစုသည် ဆယ်ကျော်သက်လူငယ်တစ်ဦးကဲ့သို့ သူတို့၏ရုပ်ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်ခြင်းထက် သူတို့၏မူလ အသွင်အပြင်ကို ထိန်းသိမ်းထားရန် ပို၍နှစ်သက်ကြသည်။မည်သို့ပင်ဆိုစေကာမူ သူတို့၏မူလခန္ဓာကိုယ်များသည် ပို၍ရင်းနှီးပြီး သက်တောင့်သက်သာ ရှိသောကြောင့်ပင်။သူတို့၏ခန္ဓာကိုယ်များ ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားပြီး တခြားရွေးချယ်စရာ မရှိတော့ခြင်းမှလွဲ၍ အသစ်တစ်ခုဖန်တီးရန် သူတို့၏ရုပ်ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်မည် မဟုတ်ပေ။ထို့ကြောင့် ဤအင်မော်တယ်ဧကရာဇ်များ၏ အသွင်အပြင်များမှာ များသောအားဖြင့် လူငယ် သို့မဟုတ် လူလတ်ပိုင်းအရွယ်များ ဖြစ်ကြပြီး အသက်ကြီးသူ၏ပုံစံကို ထိန်းသိမ်းထားသူဟူ၍ အနည်းငယ်သာရှိသည်။သို့သော် ယခုအချိန်၌ သူတို့၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအား၏အခြေအနေကို ခဏဘေးဖယ်ထားလျှင်ပင်...လင်းဝူယွဲ့ မြင်တွေ့ခဲ့ရသောအရာမှပင် ဤလူများ၏ အသွင်အပြင်များသည် မျက်စိဖြင့် မြင်နိုင်သည့် ကြီးမားသော အပြောင်းအလဲတစ်ခုကို ဖြတ်သန်းနေရသည်။ရိုးရိုးရှင်းရှင်း ပြောရလျှင် ထိုဖြစ်စဉ်မှာ အိုမင်းရင့်ရော်ခြင်းပင်။ထို့ပြင် မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် အိုမင်းရင့်ရော်ခြင်း ဖြစ်ပေ၏။သူတို့၏အရေပြားများပေါ်တွင် အရေးအကြောင်းများ ထွက်လာပြီး ညှိုးနွမ်းလာကာ မျက်နှာပြင်ပေါ်တွင်သာမက သူတို့၏ အသားများ၊ အရိုးများ၊ သွေးကြောများ ခြောက်ကပ်လာသည်။ ထို့ပြင် သူတို့၏ခန္ဓာကိုယ်များအတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများလည်း ခမ်းခြောက်လာတော့သည်။နှစ်ပေါင်းသောင်းနှင့်ချီသော သက်တမ်းသည် ဤအခိုက်အတန့်တွင် ချက်ချင်းဆိုသလို အရှိန်မြှင့်တင်ခြင်း ခံလိုက်ရသည့်အလားပင်။အားအနည်းဆုံး မဟာအင်မော်တယ်ဧကရာဇ်တချို့မှာ စကားပင် မပြောနိုင်တော့ချေ။သူတို့သည် မတ်တတ်ရပ်ရက် အနေအထားကိုပင် မထိန်းသိမ်းနိုင်တော့ဘဲ မြေကြီးပေါ်သို့ လဲကျသွားကြပြီး သူတို့၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားများ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။သူတို့၏ ပျက်စီးနေသော ခန္ဓာကိုယ်များသည် ဆက်လက်၍ အလျှင်အမြန် အိုမင်းလာပေ၏။နောက်ဆုံးတွင် သူတို့၏လှုပ်ရှားမှုအားလုံး ရပ်တန့်သွားပြီး သေဆုံးသွားကြသော်လည်း မပြီးဆုံးသေးချေ။သူတို့၏သေဆုံးသွားသော ခန္ဓာကိုယ်များသည် ဆက်လက် ပုပ်သိုးလာပြီး တဖြည်းဖြည်း ခြောက်သွေ့သော အရိုးများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် မရေမတွက်နိုင်သော ခေတ်ကာလများက ဆေးကြောလိုက်သကဲ့သို့ မြင့်မြတ်သွေးကြော ကျောက်စိမ်းအရိုးများပင် စတင်၍ပုပ်သိုးလာကာ နောက်ဆုံးတွင် ကြေမွှပျက်စီးသွားပြီး လောကကြီးအတွင်းသို့ ပြန့်ကျဲသွားတော့သည်။ဤသည်က ဗျောက်အိုးများပေါက်ကွဲသကဲ့သို့ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။လင်းဝူယွဲ့ ခေါ်ဆောင်လာသော မဟာအင်မော်တယ်ဧကရာဇ် အများအပြားသည် သူ၏မျက်စိရှေ့တွင် တစ်ယောက်ပြီးတစ်ယောက် အိုမင်းလာကာ သေဆုံးသွားကြပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားကြ၏။ဤလုပ်ငန်းစဉ်တစ်ခုလုံးမှာ ကြာရှည်ပုံရသော်လည်း အမှန်အားဖြင့် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပေါ်သွားခြင်းပင်။ဤသည်က အသက်ရှိုက်စာထက် ပို၍မကြာမြင့်ခဲ့ချေ။လက်ရှိနေရာတွင် ကောင်းကင်စံအိမ်ဘက်မှ လင်းဝူယွဲ့တစ်ယောက်သာ ကျန်ရှိတော့သည်။သူသည် သူ၏နံဘေးပတ်လည်ရှိ လစ်ဟာနေသော မြေပြင်ကို ကြက်သေသေစွာဖြင့် စိုက်ကြည့်နေခဲ့သည်။ ဤလောကကြီးပေါ်ရှိ သူတို့၏ နောက်ဆုံး သက်သေအထောက်အထားများ ဖျက်ဆီးခံလိုက်ရသည့်အလား လေပြေထဲတွင် အမှုန်အမွှားအနည်းငယ် ညင်သာစွာ လွင့်မျောနေဆဲပင်။လင်းဝူယွဲ့သည် ချင်ဝူယောင်းကို လှည့်ကြည့်လိုက်၏။ဤအချိန်တွင် ချင်ဝူယောင်းနှင့်လုရန်သည်လည် ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့ကြသည်။ရှားယီယီ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ရှိနေပြီး အံ့အားသင့်သည့် အရိပ်အယောင် အနည်းငယ်မျှ မရှိဘဲ ဤအရာအားလုံးမှာ သဘာဝကျနေသည့်အလားပင်။လင်းဝူယွဲ့ က ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။"မင်း... မင်း ဘာလုပ်လိုက်တာလဲ... ဒါက မင်းရဲ့ နိယာမ စွမ်းအားလား... အချိန်... အချိန်နိယာမလား"ချင်ဝူယောင်းက သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းပြီး ပြောဆိုသည်။"မဟုတ်ဘူး... ဒီလိုလုပ်တာက ငါ့ကို ပိုပြီးပျော်စရာ ကောင်းစေလို့ပဲ"လုရန်ပင်လျှင် ချင်ဝူယောင်း၏ နိယာမ စွမ်းအားမှာ အချိန်ဖြစ်သည်ဟု တွေးထင်ခဲ့ပေ၏။သို့သော် သူ ဒုတိယအကြိမ် ပြန်တွေးကြည့်ချိန်၌ ဤသည်က မဖြစ်နိုင်ချေ။အချိန်ဆိုသည်မှာ စကြဝဠာတစ်ခုလုံးနှင့် သက်ဆိုင်သောအရာဖြစ်ပြီး အသေးစား အတိုင်းအတာဖြင့် အထူးတလည် ပြောင်းလဲ၍ မရနိုင်ချေ။ဥပမာအားဖြင့် လုရန်သည် အချိန်ကို နောက်ပြန်လှည့်နိုင်သော်လည်း ထိုစွမ်းအားသည် နောက်ပြန်လှည့်ခြင်းသာ ဖြစ်ပေ၏။ အရာအားလုံးသည် တူညီသော အချိန်စမှတ်သို့ ပြန်သွားရပေမည်။သူ မြင်တွေ့ခဲ့ရသောအရာမှာ အချိန်ကို အရှိန်မြှင့်ခြင်းနှင့် တူသော်လည်း ထိုဖြစ်စဉ်မှာ အချိန်နိယာမ မဟုတ်ကြောင်း သိသာရှင်းလင်းသည်။ ဤသည်မှာ တခြားစွမ်းရည်တစ်မျိုးပင်။လင်းဝူယွဲ့က ပျက်ယွင်းနေသော မျက်နှာအမူအရာဖြင့် ပြောဆိုသည်။"အမြင့်မားဆုံး ကောင်းကင်မှာ ယောင်ချီ ကို တည်ထောင်ရဲပြီးတော့ ဒီလောက် အချိန်တိုအတွင်းမှာ လက်ရှိအတိုင်းအတာအထိ ဖွံ့ဖြိုးလာခဲ့တာ မဆန်းတော့ဘူး... မင်းရဲ့ နိယာမစွမ်းအားက တကယ့်ကို ကြောက်စရာကောင်းတယ်... ဒါပေမဲ့ ငါ့အပေါ်မှာတော့ အသုံးမဝင်ဘူး... ဘာလို့လဲဆိုတော့ ငါ့ရဲ့ နိယာမက အကြွင်းမဲ့ ပိုင်နက်နယ်မြေ ဖြစ်နေလို့ပဲ..."သူ ဤစကားများကို ပြောနေစဉ်တွင် သူ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှု အရိပ်အယောင်တစ်ခု ထင်ဟပ်လာသည်။သူ အဆင်ပြေနေရခြင်း၏အကြောင်းအရင်းမှာ အကြွင်းမဲ့ ပိုင်နက်နယ်မြေ ရှိနေခြင်းကြောင့်ဟု သူ အခိုင်အမာ ယုံကြည်ခဲ့ပေ၏။လင်းဝူယွဲ့သည် သူ၏ အကြွင်းမဲ့ ပိုင်နက်နယ်မြေ အတွင်းတွင် အရာအားလုံးကို ထိန်းချုပ်နိုင်ကာ သူသည် နတ်ဘုရားတစ်ပါးပင်။သူ၏ပိုင်နက်နယ်မြေအတွင်း၌ မည်သူကမျှ သူ့ကို မသတ်နိုင်ချေ။ချင်ဝူယောင်းက လင်းဝူယွဲ့ကို အေးစက်စက်ကြည့်ကာ မေးလိုက်သည်။"ဟုတ်လို့လား"လင်းဝူယွဲ့က ပြန်ဖြေလိုက်၏။"သေချာတာပေါ့... ငါက သိချင်ရုံသက်သက်ပဲ... မင်းရဲ့ နိယာမ စွမ်းအားက အတိအကျ ဘာလဲ"ချင်ဝူယောင်းက ပြောဆိုသည်။"ဘယ်လိုပဲဖြစ်ဖြစ် နင်က သေရမှာဆိုတော့ ပြောပြလိုက်လို့ ဘာမှမဖြစ်ပါဘူး... ငါ့ရဲ့ခင်ပွန်းလည်း သိချင်နေလောက်ပြီ"ထိုသို့ပြောပြီးနောက်....သူမက လင်းဝူယွဲ့ကိုကြည့်ကာ ဆက်လက်၍ ပြောဆိုသည်။"ငါ့ရဲ့ နိယာမက ယင်နဲ့ယန် လောကနှစ်ခုပဲ... အဲ့ဒါက ကောင်းကင်နဲ့မြေကြီးပေါ်က အရာခပ်သိမ်းရဲ့ ရှင်သန်ခြင်းနဲ့သေခြင်းတရားပဲ"ထိုစကားကို ကြားသောအခါ လုရန် ဆွံ့အသွားပြီး လင်းဝူယွဲ့၏ မျက်လုံးများ ပို၍ပင် ပြူးကျယ်သွားတော့သည်။ထိုကဲ့သို့ နိယာမမျိုး ရှိနေသလော...ရှင်သန်ခြင်းနှင့်သေခြင်းတရား...လင်းဝူယွဲ့၏ နိယာမသည် အကြွင်းမဲ့ ပိုင်နက်နယ်မြေပင်။ သူ၏နယ်မြေအတွင်း၌ သူသည် အကြွင်းမဲ့ အာဏာရှင်ပင်။သို့သော် ချင်ဝူယောင်း၏နိယာမသည် ရှင်သန်ခြင်းနှင့်သေခြင်းတရား ဖြစ်နေပေ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ အရာခပ်သိမ်း၏ ရှင်သန်ခြင်းနှင့်သေခြင်းတရားသည် သူမ၏အတွေးတစ်ချက်အတွင်းတွင် ရှိနေသည်။ဤသည်မှာ လုံးလုံးလျားလျား တရားလွန်နေသော နိယာမစွမ်းရည်တစ်ခုပင်။ချင်ဝူယောင်းက ခေါင်းခါယမ်းကာ အချိန်ထပ်မဖြုန်းလိုတော့သဖြင့် ပြောလိုက်သည်။"အချစ်... သွားကြစို့"သူမသည် လုရန်ကို လက်တွဲကာ ပင်မခန်းမကြီးဆီသို့ ဆက်လက်၍ လျှောက်လှမ်းသွားတော့သည်။လင်းဝူယွဲ့က အော်ဟစ်လိုက်၏။"ရပ်စမ်း... ငါတို့ မပြီးသေးဘူး...မင်းက ငါ့ရဲ့ ကောင်းကင်စံအိမ်က လူတွေအများကြီးကို သတ်ခဲ့တယ်... ဒီကိစ္စကို မင်း အလွယ်တကူ..."သူ၏စကားမဆုံးခင်မှာပင်....လင်းဝူယွဲ့၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ပြူးကျယ်လာပြီး သူ၏ခန္ဓာကိုယ် ပျော့ခွေသွားတော့သည်။ထို့နောက် ဘုန်းခနဲ အသံနှင့်အတူ သူ မြေကြီးပေါ်သို့ လဲကျသွားသည်။သူ လုံးလုံးလျားလျား မလှုပ်ရှားနိုင်တော့ချေ။လုရန်က နောက်သို့ လှည့်ကြည့်လိုက်ရာ လင်းဝူယွဲ့ သည် သေဆုံးနေပြီဖြစ်ပြီး သူ၏အရှိန်အဝါကို မခံစားရတော့ပေ။ဂလု...လုရန်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်၏။ဤသည်မှာ ရှင်သန်ခြင်းနှင့်သေခြင်းတရားကို ထိန်းချုပ်သည့် စွမ်းအားပင်။သူမသည် သက်ရှိ ယမမင်းတစ်ပါးပင်။အတွေးတစ်ချက်ဖြင့် သူမသည် မည်သည့် သက်ရှိသတ္တဝါ၏ ရှင်သန်ခြင်းနှင့်သေခြင်းတရားကိုမဆို ထိန်းချုပ်နိုင်သည်။ဤလင်းဝူယွဲ့သည် သနားစရာကောင်းပြီး ကောင်းကင်စံအိမ်မှ လူများအားလုံးသည်လည်း ထပ်တူထပ်မျှ သနားစရာကောင်းလှသည်။မဟာအင်မော်တယ်ဧကရာဇ်များစွာကို ခေါ်ဆောင်လာပြီး လင်းဝူယွဲ့ ၏ အကြွင်းမဲ့ ပိုင်နက်နယ်မြေ နိယာမ သည် ပြိုင်ဘက်ကင်းနီးပါး ဖြစ်နေသဖြင့် သူတို့သည် ဤနေရာသို့ အလွန်မောက်မာထောင်လွှားစွာ ရောက်လာခဲ့ကြသည်။သို့သော် ချင်ဝူယောင်း၏အမြင်အရ လင်းဝူယွဲ့နှင့် ထိမဟာအင်မော်တယ်ဧကရာဇ်များ အပါအဝင် တခြားသူများသည် လမ်းဘေးရှိ ပုရွက်ဆိတ်အုံတစ်အုံနှင့် အခြေခံအားဖြင့် မကွာခြားလှချေ။လုရန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။"သူတို့ကို မင်း တိုက်ရိုက် သတ်ပစ်လို့ရတယ် မဟုတ်လား..ခုဏက အိုမင်းရင့်ရော်မှုကို အရှိန်မြှင့်တဲ့ နည်းလမ်းက ဘာလဲ"ချင်ဝူယောင်းက ရှင်းပြသည်။"မွေးဖွားတာ အိုမင်းတာ ဖျားနာတာနဲ့ သေဆုံးတာတွေ အားလုံးက ပုံမှန်အခြေအနေတွေပဲ... အဲ့ဒီလိုလုပ်တာက ပိုပျော်ဖို့ကောင်းတယ်... အဲ့ဒါက ကျွန်မ ဘယ်လို တွေးလဲ... အဲ့ဒါကို ကျွန်မ ဘယ်လိုမြင်လဲ... ပြီးတော့ ကျွန်မ ဘယ်လို ကြိုးကိုင်ခြယ်လှယ်လဲ ဆိုတဲ့အပေါ် မူတည်တယ်"ထို့နောက် သူမက လုရန်ကို ပင်မခန်းမကြီးထဲသို့ ဆွဲခေါ်သွားတော့သည်။ချင်ဝူယောင်းက ရှားယီယီကိုကြည့်ပြီး ပြောလိုက်သည်။"ယီယီ... အပြင်မှာ စောင့်နေ... တစ်ယောက်ယောက် ချဉ်းကပ်လာရင် သနားညှာတာမှု မရှိဘဲ သတ်ပစ်လိုက်"သူမနှင့် လုရန်သည် ပင်မခန်းမကြီးအတွင်းသို့ ဝင်ရောက်သွားပေ၏။ခန်းမဆောင်၏ ဧရာမကျောက်တံခါးနှစ်ချပ်သည် ဝုန်းခနဲမြည်ဟီးကာ ပိတ်သွားတော့သည်။လုရန်၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ခန်းမဆောင်ထဲတွင် ပြတင်းပေါက်များ မရှိဘဲ ကျောက်တံခါးများ ပိတ်သွားသည်နှင့် တပြိုင်နက် ထိုနေရာသည် အမှောင်ထုထဲသို့ ချက်ချင်းရောက်ရှိသွားပေ၏။သို့သော် သူ ဖြစ်စေ ချင်ဝူယောင်း ဖြစ်စေ သူတို့နှစ်ဦးလုံးသည် အင်မော်တယ်ဧကရာဇ်များ ဖြစ်ကြသဖြင့် အမှောင်ထုသည် သူတို့အပေါ် သက်ရောက်မှု မရှိချေ။လုရန်က မေးလိုက်သည်။"ငါ့ကို မင်း ဘာပြချင်တာလဲ"

All Chapters