အခန်း ၁၃၉
Vol. 14 Ch. 139
အခန်း ၁၃၉: လီမျိုးနွယ်ဝင်များ၏ နယ်မြေ
ချင်ဝူယောင်းက ပြောဆိုသည်။"ကျွန်မ သိတယ်... လီမျိုးနွယ်ဝင်တွေက အရမ်းထူးခြားတဲ့ တည်ရှိမှုတစ်ခုပဲ... ကျွန်မက ဘာတွေရှာတွေ့နိုင်မလဲဆိုတာ ကြည့်ဖို့ သူတို့ရဲ့ ခန္ဓာကိုယ်တွေကို သန့်စင်ဖို့ တစ်ချိန်က ကြိုးစားခဲ့ဖူးတယ်... ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်မ ကျရှုံးခဲ့တယ်... သူတို့ကို ကောင်းကင်တာအိုရဲ့ စည်းမျဉ်းတွေက ကာကွယ်ပေးထားပြီးတော့ သူတို့က မသေနိုင်ဘူး"လုရန် နေရခက်သွားတော့သည်။ လီမျိုးနွယ်ဝင်တွေအကြောင်း ပြောဆိုနေရင်း ချင်ဝူယောင်း၏စကားများသည် ကောင်းကင်တာအိုအပိုင်းအစများကို သန့်စင်ရန် ကြိုးစားမှုဆီသို့ မည်သည်ကြောင့် ပြန်ရောက်သွားသနည်း။ဤနှစ်များတလျှောက်လုံးတွင် ချင်ဝူယောင်းသည် ထိုကိစ္စအတွက် သူမ၏စိတ်နှလုံးသားနှင့် စိတ်ဝိညာဉ်တစ်ခုလုံးကို အမှန်တကယ် မြှုပ်နှံထားခဲ့ပုံရသည်။လုရန်က မေးမြန်းသည်။"လီမျိုးနွယ်ဝင်တွေအကြောင်း မင်း သိနေမှတော့ ရှပြည်နယ်မှာ သူတို့က အသက်ဆယ့်ရှစ်နှစ်ထက် ပိုမနေနိုင်ဘူးဆိုတာ အမှန်ပဲလား... ဒါပေမဲ့ အလယ်ပိုင်းနယ်မြေမှာတော့ အဲ့ဒီလို ဟုတ်ပုံမရတာကို မင်း သိလား"ချင်ဝူယောင်းက တုံ့ပြန်အဖြေပေးသည်။"အဲ့ဒါက အမှန်ပဲ... တိကျတဲ့ အကြောင်းအရင်းကိုတော့ ကျွန်မ မသိဘူး... ဒါပေမဲ့ အလယ်ပိုင်းနယ်မြေ မှာ လီမျိုးနွယ်ဝင်တွေက အသက်ဆယ့်ရှစ်နှစ် ကန့်သတ်ချက် တကယ့်ကို မရှိဘူး"သူမ စကားပြောဆိုပြီးနောက်...တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ သူမက ရှားယီယီကို ကြည့်ကာ ပြောဆိုလိုက်၏။"ကျွန်မ အခုမှတ်မိပြီ... ရှင့်ရဲ့ဘေးမှာ လီမျိုးနွယ် ကောင်မလေးတစ်ယောက် ရှိတယ်လို့ ယီယီ ပြောဖူးတယ်... ပြီးတော့ သူ့ရဲ့ အချိန်က ကုန်တော့မယ်ဆို... ဟုတ်လား"ချင်ဝူယောင်း ထိုသို့ပြောသည်ကို ကြားသောအခါ...လုရန်သည် တောင်တန်းမြစ်ဝှမ်းယပ်တောင်အတွင်းမှ လင်းပေါင်အာကို ချက်ချင်းထုတ်ပေးလိုက်သည်။လင်းပေါင်အာ အနည်းငယ် တွေဝေနေဆဲအချိန်တွင် သူမသည် လုရန်ကို ရုတ်တရက် တွေ့မြင်မိပြီး သူမ၏ မျက်လုံးများ ချက်ချင်းတောက်ပသွားပေ၏။ချင်ဝူယောင်းက လင်းပေါင်အာကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်။သူမက ခေါင်းညိတ်ပြပြီး ပြောဆိုသည်။"သူက တကယ့်ကို လီမျိုးနွယ်ဝင်ပဲ"ထိုသို့ပြောပြီးနောက် လုရန် စကားမပြောနိုင်မီ ချင်ဝူယောင်းက ဆက်ပြောလိုက်သည်။"လီမျိုးနွယ်ဝင်တွေ ဘယ်မှာ ရှိလဲဆိုတာ ကျွန်မ သိတယ်... ရှင် သူ့ကို ကူညီချင်တယ်ဆိုရင် သွားကြည့်ဖို့ ရှင်ကို ကျွန်မ ခေါ်သွားပေးနိုင်တယ်"လုရန် အနည်းငယ် အံ့အားသင့်သွားကာ တွေးတောလိုက်သည်။'ချင်ဝူယောင်းဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ... ငါ့ရဲ့ဇနီးဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ'သူမသည် သူ၏အတွေးများကို တစ်ချက်ကြည့်ရုံဖြင့် ထွင်းဖောက်မြင်တွေ့နိုင်ခဲ့ပြီး သူ့အတွက် အရာအားလုံးကို စီစဉ်ပေးခဲ့ပြီးဖြစ်သည်။လုရန်က ခေါင်းညိတ်လိုက်၏။"ကောင်းပြီ... သွားကြည့်ကြတာပေါ့..."သူသည် ချင်ဝူယောင်းကို ကတိပေးထားပြီးဖြစ်ရာ စကားပြန်ရုပ်သိမ်းမည် မဟုတ်သဖြင့် သူ့ထံတွင် တစ်ရက်သာ အချိန်ရှိသည်။လင်းပေါင်အာကို ကူညီရန် ဤအချိန်တစ်ရက်က လုံလောက်မည်ဟု သူ မျှော်လင့်ခဲ့သည်။လင်းပေါင်အာသည် အသက်ဆယ့်ရှစ်နှစ်တွင် သေရမည့် လီမျိုးနွယ်၏ကန့်သတ်ချက်မှ လွတ်မြောက်သရွေ့ သူမသည် အမှန်တကယ်ကို မသေနိုင်သူ ဖြစ်လာပေလိမ့်မည်။ချင်ဝူယောင်းက ခေါင်းညိတ်ပြကာ ရှားယီယီဘက်သို့ လှည့်ကြည့်ပြီး သူမက ပြောဆိုသည်။"ယီယီ... ငါတို့ကို အဲ့ဒီနေရာဆီ ပို့ပေးပါ..."သူတို့သည် တောင်များ မြစ်များကို ဖြတ်ကျော် ခရီးသွားရမည်ဟု လုရန် မူလက တွေးထင်ခဲ့သည်။ သူတို့အားလုံးသည် မဟာအင်မော်တယ်ဧကရာဇ်များဖြစ်ကြပြီး အလွန်မြန်ဆန်သော်လည်း သူ့ထံတွင် တစ်ရက်သာ အချိန်ရှိသဖြင့် အလွန်စိုးရိမ်နေခဲ့သည်။သို့သော် ရှားယီယီ ရှိနေသည်ကို သူ မေ့လျော့သွားခဲ့ပေ၏။လေဟာနယ်နိယာမကို အသုံးပြုသော ရှားယီယီအတွက် မည်သည့်နေရာကိုမဆိုသွားရန် သူမ၏အတွေးတစ်ချက်သာ လိုအပ်သည်။ကောင်းကင်တာအိုစည်းမျဉ်းများဖြင့် ကန့်သတ်ထားသော သူမ ဖြတ်သန်းသွား၍မရသည့် ရှေးဟောင်း ကြေးဝါတံခါးမှလွဲ၍ အလယ်ပိုင်းနယ်မြေ၏ မည်သည့်နေရာကိုမဆို မျက်စိတစ်မှိတ်အတွင်း သူမ သွားနိုင်သည်။ထိုစကားကို ကြားသောအခါ ရှားယီယီသည် သူတို့နှစ်ယောက်ဆီသို့ လျှောက်လှမ်းလာခဲ့ပေ၏။သူမက ကျီစယ်လိုဟန်ဖြင့် ရယ်မောလိုက်သည်။ထို့ပြင် သူမ၏စွမ်းရည်များက အကူအညီ ဖြစ်စေသည့်အတွက် သူမ အလွန်ပျော်ရွှင်နေသည်။"ဒါဆိုရင် သွားကြစို့... လီမျိုးနွယ်ဝင်တွေရဲ့ နယ်မြေက ပန်းလိပ်ပြာတောင်ကြားမှာ ရှိတယ်... ငါတို့ အဲ့ဒီနေရာကို တိုက်ရိုက်သွားလို့ရတယ်"ထိုသို့ပြောပြီးနောက် သူမက ရှေ့သို့ခြေတစ်လှမ်း တက်လိုက်သည်။သူမ၏ရှေ့ရှိ လေဟာနယ် သည် ဆုတ်ဖြဲခံလိုက်ရပြီး လေဟာနယ်အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာတော့သည်။လေဟာနယ်အက်ကွဲကြောင်း၏ တခြားတစ်ဖက်မှာ ရှားယီယီ၏ လေဟာနယ်နိယာမဖြင့် သတ်မှတ်ထားသော ပန်းလိပ်ပြာတောင်ကြား၏ တည်နေရာပင်။ရှားယီယီ ပထမဆုံး တောင်ကြားထဲသို့ ဝင်သွားသည်။လုရန်နှင့်ချင်ဝူယောင်းတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လင်းပေါင်အာကမူ အကျင့်အတိုင်း လုရန်၏ ကျောပေါ်သို့ တက်ကာ သူမ၏ခေါင်းကို သူ၏ ပခုံးပေါ်တွင် မှီထားလိုက်သည်။သူတို့သုံးဦးသား တောင်ကြားအတွင်းသို့ ဝင်ရောက်သွားကြသည်။သူတို့၏ရှေ့ရှိ လေဟာနယ်သည် စတင်၍တွန့်လိမ်လာပြီး သူတို့ တခဏကြာ ခေါင်းမူးဝေသွားပြီးနောက်...ပတ်ဝန်းကျင်ရှိအပူချိန် ရုတ်တရက် အနည်းငယ် မြင့်တက်လာတော့သည်။ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ဤနေရာသည် ယောင်ချီ အင်မော်တယ် နယ်မြေနှင့် အတော်လေး ဆင်တူသော်လည်း အပူချိန် ပို၍မြင့်မားပြီး လေထဲရှိ စိတ်ဝိညာဉ်ချီမှာ ထိုမျှလောက် မသိပ်သည်းချေ။ရှားယီယီက ရှေ့ရှိတောင်ကြားကို ညွှန်ပြကာ ပြောဆိုသည်။"အဲ့ဒါက ပန်းလိပ်ပြာတောင်ကြားပဲ... လီမျိုးနွယ်ဝင် တွေရဲ့ နယ်မြေက အထဲမှာ ရှိတယ်...ကျွန်မတို့ သွားကြစို့... စိတ်မပူပါနဲ့... လီမျိုးနွယ်ဝင်တွေက ပြိုင်ဘက်ကင်း ဖြစ်ပေမဲ့ သူတို့က တော်တော်လေး ရင်းနှီးဖော်ရွေတယ်...သူတို့က အလွယ်တကူ တိုက်ခိုက်မှာ မဟုတ်ဘူး"ထိုသို့ပြောဆိုပြီးနောက် သူမသည် ရှေ့မှလမ်းပြသွားလိုက်၏။လုရန်နှင့်ချင်ဝူယောင်းတို့က နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားကြသည်။ဤပန်းလိပ်ပြာတောင်ကြားသည် တခြားဂိုဏ်း နယ်မြေများနှင့် တူညီကာ အလွန်ကြီးမားပြီး လူအများအပြား နေထိုင်သည်။သို့သော် ကြီးမားသော ကွာခြားချက်တစ်ခုရှိကာ ဤနေရာတွင် မည်သည့်ကာကွယ်ရေး ဝင်္ကပါမှ ခင်းကျင်းထားခြင်း မရှိချေ။သူတို့အဖွဲ့သည် အတွင်းသို့ လွယ်လင့်တကူ ဝင်ရောက်သွားကြ၏။သူတို့ ဖြတ်သန်းသွားစဉ် ပတ်ဝန်းကျင်တွင် လီမျိုးနွယ်ဝင် အများအပြားကို လုရန် မြင်တွေ့နိုင်သည်။အမျိုးသားများ လယ်လုပ်နေကြပြီး အမျိုးသမီးများ ယက်ကန်းယက်နေကြသည်။ ကျေးရွာများ နေရာအနှံ့အပြား၌ ပြန့်ကျဲနေသည်ကို မြင်တွေ့နိုင်သည်။အလွန်ရိုးရှင်းပြီး ရိုးသားသော ရိုးရာဓလေ့များက သူတို့သည် တောင်နက်များထဲသို့ ဝင်ရောက်လာပြီး ရိုးရှင်းသော တောင်ပေါ်ရွာသားများကို မြင်တွေ့နေရသကဲ့သို့ ခံစားရစေသည်။သေချာသည်မှာ သူတို့၏နံဘေးပတ်လည်တွင် ထိုလူများ မပျံသန်းသရွေ့ ထိုသို့ဖြစ်နေပေမည်။ဤနေရာရှိလူများသည် ရိုးရှင်းသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း သူတို့တစ်ယောက်စီတိုင်းသည် မဟာအင်မော်တယ်ဧကရာဇ်များ ဖြစ်ကြ၏။ဤသည်မှာ အမှန်ပင်။လမ်းတလျှောက်တွင် လယ်ထဲ၌ အလုပ်လုပ်နေသူ အများအပြားကို လုရန် မြင်တွေ့ခဲ့ရပြီး သူတို့အားလုံးသည် မဟာအင်မော်တယ်ဧကရာဇ်များပင်။မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်အောက် ရှိသူများမှာ ကလေးငယ်များနှင့် အလားတူ လူတချို့သာ ဖြစ်ကြသည်။ဤအင်အားစုသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှ၏။လီမျိုးနွယ်၏ မွေးရာပါ ပြိုင်ဘက်ကင်း အင်မော်တယ် ခန္ဓာကိုယ်များနှင့် အဆုံးမဲ့သက်တမ်းတို့နှင့် ပေါင်းစပ်လိုက်သောအခါ သူတို့ကို ချင်ဝူယောင်း ပြောခဲ့သော ကောင်းကင်တာအို ရုပ်ခန္ဓာကိုယ်အဖြစ် လက်တွေ့တွင် နားလည်နိုင်သည်။ကောင်းကင်တာအိုပင်လျှင် သူတို့ကို မသတ်နိုင်ပေ။အမှန်အားဖြင့် ဤသည်မှာ အဓိပ္ပာယ်ရှိသည်။ လီမျိုးနွယ်ဝင်များသည် သေဆုံးမည် မဟုတ်ဘဲ အဆုံးမဲ့ အချိန်များ ရှိနေသဖြင့် သူတို့ စိတ်ကူးပေါက်တိုင်း ကျင့်ကြံနေပါက သူတို့ အားလုံးသည် တစ်နေ့တွင် မဟာအင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသွားကြပေမည်။ထိုကြောင့် မဟာအင်မော်တယ်ဧကရာဇ်များ အမြောက်အများ ရှိနေခြင်းမှာ ပုံမှန်ပင်။လီမျိုးနွယ်ဝင်များတွင် ရည်မှန်းချက် မရှိခြင်းကလည်း ကံကောင်းလှသည်။ ထိုသို့မဟုတ်ပါက ဤအင်အားစုသည် ပြည်နယ်ကိုးခုတလျှောက် ရှင်းလင်းသွားရန် လုံလောက်ပေလိမ့်မည်။ထို့ပြင် သူတို့သည် သက်ရှိများအားလုံးကို လွှမ်းမိုးအုပ်ချုပ်နိုင်ပေမည်။သူတို့ ဆက်လက်၍ လျှောက်လှမ်းသွားစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူတို့ထံသို့ ရုတ်တရက် ချဉ်းကပ်လာသည်။သူက လင်းပေါင်အာကိုကြည့်ပြီး ပြောဆိုလိုက်၏။"ငါတို့ လီမျိုးနွယ်က ကောင်မလေး တစ်ယောက်လား... ကျိန်စာ မပြယ်သေးဘူး ထင်တယ်... မင်းက ဘယ်ကလာတာလဲ"လုရန်၏နှလုံးသား လှုပ်ရှားသွားတော့သည်။ ဤအမျိုးသား ပြောသော ကျိန်စာမှာ အသက် ဆယ့်ရှစ်နှစ်တွင် သေဆုံးရမည့် စည်းမျဉ်း ဖြစ်နိုင်သည်။ထို့ကြောင့် သူက အလျင်အမြန် ပြောလိုက်သည်။"သူက ရှပြည်နယ်ကပါ... သူက တကယ်ကို လီမျိုးနွယ်ဝင် ပဲ... ဒါပေမဲ့ ရှပြည်နယ်မှာ သူတို့က အသက် ဆယ့်ရှစ်နှစ်ထက် ပိုမနေနိုင်ဘူး... ပြီးတော့ သူ့မှာ အချိန် သိပ်မကျန်တော့ဘူး... ဒီနေရာမှာရှိတဲ့ မင်းတို့ကလည်း လီမျိုးနွယ်ဝင်တွေပဲ... ဒါပေမဲ့ မင်းတို့ဆီမှာ ဒီပြဿနာ မရှိဘူးဆိုတာ ငါ မြင်တယ်... ပြီးတော့ မင်း ခုလေးတင် ပြောခဲ့တဲ့ ကျိန်စာ... အဲ့ဒါက အသက် ဆယ့်ရှစ်နှစ်မှာ သေရမယ့် ကျိန်စာလား... ဒါကို ဖြေရှင်းဖို့ မင်းတို့မှာ နည်းလမ်း ရှိလား"လုရန်၏မေးခွန်းများ ဆက်တိုက်ထွက်ပေါ်လာခြင်းက လူလတ်ပိုင်းအရွယ် အမျိုးသားကို ဆွံ့အသွားစေခဲ့သည်။သူက ရယ်ရမလို ငိုရမလိုဖြင့် ပြောလိုက်၏။"စိတ်မပူပါနဲ့... အဲ့ဒါက အသေးအမွှား ကိစ္စလေးတစ်ခုပါ"ထိုသို့ပြောဆိုပြီးနောက် သူသည် လုရန်ထံ လျှောက်လှမ်းသွားကာ လင်းပေါင်အာကို သူ၏ကျောပေါ်မှ ချရန် လက်ဆန့်တန်းလိုက်သည်။လင်းပေါင်အာ ထိတ်လန့်တကြား ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် လုရန်မှလွဲ၍ သူမကို ထိတွေ့သော မည်သူမဆို ဆိုးရွားသောအရာတစ်ခုခု ဖြစ်ပေါ်မည်သာ ဖြစ်သောကြောင့်ပင်။လင်းပေါင်အာ၏ကြောက်ရွံ့မှုကို ခံစားမိပုံရသဖြင့်...လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောဆိုသည်။"မကြောက်ပါနဲ့... ဒါက လီမျိုးနွယ်တွေရဲ့နေရာပါ... မင်းရဲ့ ပြဿနာကို ငါ ဖြေရှင်းပေးနိုင်တယ်... ပြီးတော့ ငါ မင်းကို ထိရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး"သူ ထိုသို့ပြောဆိုသည့်တိုင် လင်းပေါင်အာသည် အနည်းငယ် ထိတ်လန့်နေဆဲပင်။သူမသည် အကူအညီတောင်းရန် လုရန်ကို ကြည့်လိုက်၏။လုရန်က ပြောဆိုသည်။"ဒါ လီမျိုးနွယ်ဝင်တွေရဲ့ နယ်မြေပါ... ဘာမှ ဖြစ်မှာ မဟုတ်ဘူး"သူက လင်းပေါင်အာကို အောက်ချပေးလိုက်သည်။လူလတ်ပိုင်းအရွယ် အမျိုးသားသည် ရှေ့သို့ တက်ကာ လင်းပေါင်အာ၏လက်ကို ဆုပ်ကိုင်ပြီး ညင်သာစွာ ပြောလိုက်သည်။"ရှပြည်နယ်မှာ တစ်ယောက်တည်း နေခဲ့ရတဲ့ ဒီကောင်မလေးက တော်တော်လေး ဒုက္ခရောက်ခဲ့ရမှာပဲ"ထို့နောက် သူသည် လုရန်ကို မော့ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်၏။"ဒီမိတ်ဆွေနဲ့ ပတ်သက်ပြီးတော့... မင်းက လီမျိုးနွယ်ဝင် မဟုတ်ဘဲနဲ့ ဘာလို့ လီမျိုးနွယ်ဝင် တစ်ယောက်နဲ့ ထိတွေ့နိုင်ရတာလဲ"ဒါက...လုရန်သည် သူ၏ဒန်တျန်ကို တစ်ချက် ကြည့်လိုက်ရာ ချီ အမြောက်အများကို သိမ်းဆည်းထားဆဲဖြစ်ပြီး အပြည့်အဝ မပြောင်းလဲသေးကြောင်း မြင်တွေ့လိုက်ရသည်။သို့သော် ထိုကိစ္စကို မည်သို့ ရှင်းပြရမည်အား သူ မသိခဲ့ပေ။ထို့ကြောင့် သူ ခေါင်းခါယမ်းပြီး ပြောဆိုသည်။"ဒါက တိုက်ဆိုင်မှုလေး တစ်ခုပါပဲ... ပေါင်အာရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းနိုင်မလဲ... အရမ်း ဒုက္ခများလား"လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောဆိုသည်။"ဖြေရှင်းပြီးသွားပြီ"ဟင်...လုရန်၏မျက်လုံးများ ပြူးကျယ်သွားသည်။ ဖြေရှင်းပြီးပြီဆိုသည်က မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။"အစကတည်းက အသေးအဖွဲ ကိစ္စလေးပါ... အဲ့ဒီကျိန်စာကို လက်တစ်ချက် ဝှေ့ယမ်းရုံနဲ့ ဖျက်ပစ်လို့ရပါတယ်... ဒါပေမဲ့ ငါတို့ လီမျိုးနွယ်ဝင်က မဟာအင်မော်တယ်ဧကရာဇ်တွေပဲ လုပ်နိုင်တာပါ... အခု သူက အဆင်ပြေသွားပါပြီ"ဤမျှထိ လွယ်လင့်တကူ ဖြေရှင်းနိုင်လိမ့်မည်ဟု လုရန် မျှော်လင့်မထားခဲ့ချေ။လူလတ်ပိုင်းအရွယ် အမျိုးသားက ဖော်ရွေစွာဖြင့် ပြောဆိုသည်။"လာ... ပန်းလိပ်ပြာ တောင်ကြားကို လှည့်ပတ်ကြည့်ဖို့ မင်းတို့ကို ငါ ခေါ်သွားမယ်"သို့သော် လုရန်က ငြင်းဆန်ပြီး ပြောဆိုလိုက်၏။"မလိုတော့ဘူး... ငါ့မှာ တခြား လုပ်စရာကိစ္စတွေ ရှိသေးတယ်... ပေါင်အာကို ဒီမှာပဲ ငါ ထားခဲ့မယ်... မင်းတို့ လီမျိုးနွယ်က သူ့ကို သေချာဂရုစိုက်နိုင်မှာပါ"ချင်ဝူယောင်းနှင့် ရင်းနှီးသော အချိန်တချို့ ကုန်ဆုံးရန်အတွက် ဤတစ်ရက်ကို သူ တန်ဖိုးထားချင်ခဲ့သည်။ထို့နောက် သူ့ကို စမ်းသပ်ခန်းသုံး ကြွက်တစ်ကောင်အလား ချင်ဝူယောင်း စိတ်ဆန္ဒရှိသကဲ့သို့ ပြုလုပ်ခွင့် ပေးရပေမည်။