← Chapters

အခန်း ၈၄၅

Vol. 41 Ch. 845

အခန်း ၈၄၅

Vol. 41 Ch. 845

အခန်း(၈၄၅) ပြန်လည်ဆုံစည်းခြင်း

ချင်ယွမ်ဖုန်းသည် ဤအရာအားလုံးကို တည်းဟောင်းရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ချေသည်။

ယင်းက အန္တရာယ်များကြားမှ မိမိ၏ကျင့်စဉ်ကို လျင်မြန်စွာ တိုးတက်လာစေရန် မိစ္ဆာနယ်မြေသို့ လာခဲ့ခြင်းဖြစ်ပြီး၊ စနစ်၏တည်ရှိမှုက ချင်ယွမ်ဖုန်းအား ကံကောင်းခြင်းတစ်ရပ်ကဲ့သို့ ခံစားရစေသည်တကား။

ထို့ကြောင့် ချင်ယွမ်ဖုန်းသည် မလိုအပ်ဘဲ အပြင်သို့မထွက်ရန်နှင့် မည်သည့်အကူအညီမျှပင် မပေးရန် ရှောင်လင်အား ညွှန်ကြားထားခဲ့ပေသည်။

ထို့အပြင် မိမိ၏အင်အား တိုးတက်လာသည်နှင့်အမျှ ချင်ယွမ်ဖုန်းသည် စနစ်ကို အားကိုးရန် လိုအပ်မှု နည်းပါးလာခဲ့ချေသည်။ ယင်းမှာ ချင်ယွမ်ဖုန်းအနေဖြင့် စနစ်အား မလိုအပ်တော့ခြင်းကို ဆိုလိုသည်မဟုတ်ဘဲ သူကိုယ်တိုင် ပိုမိုစွမ်းအားကြီးမားလာကြောင်းကို သက်သေပြနေခြင်းသာ ဖြစ်ပေသည်။

"ကောင်းပါပြီ သခင်" ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပြုံးလျက် ပေါ်လာခဲ့ချေသည်။

အရှင်သခင်။ ။ ချင်ယွမ်ဖုန်း

အသက်။ ။ ၂၅ နှစ်

ကျင့်စဉ်အဆင့်။ ။ ပထမအဆင့် ဘုရင်နယ်ပယ်၊ သတ္တမအဆင့် ဆေးဖော်စပ်သူ၊ ဆဋ္ဌမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူ

သိုင်းပညာရပ်များ။ ။ ဝိညာဉ်ရှာဖွေခြင်းပညာရပ်၊ အဆိပ်တစ်သောင်း ပညာရပ်၊ မိုးတိမ်လွင့် ပညာရပ်၊ ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်၊ အလောင်းကောင်ရုပ်သေး ပညာရပ်၊ ယင်ယန်ပေါင်းစပ်ခြင်း ပညာရပ်၊ ဝိညာဉ်သားရဲထိောင်းကျောင်းရေး ပညာရပ်၊ နဂါးဟိန်းသံပညာရပ်၊ ဓားဆွဲ ခုတ်ချက်၊ လင်းနို့အသွင်ပြောင်းလဲခြင်းပညာရပ်၊ သွေးပေါက်ကွဲခြင်း ပညာရပ်၊ မီးလျှံကောင်းကင်ခုတ်ချက်၊ နေဝင်ချိန်တစ်ချက်ခုတ်၊ ဗုဒ္ဓဂါထာတော် လက်ဝါး၊ ဝရဇိန်ခန္ဓာပညာရပ်၊ ကြိုတင်သိမြင်ခြင်း၊ မိုးကြိုးမီးလျှံ ဗုံးသီး၊ နဂါးသတ်ချက်၊ ဝိညာဉ်ချီပေါက်ကွဲခြင်း၊ အရိပ်ဆိုးသတ်ဖြတ်ခြင်း၊ ကောင်းကင်ဘုံ သန့်စင်ခြင်း နတ်ဘုရားလက်ဝါး၊ မီးလျှံဝိညာဉ်အမှတ်အသား၊ အစားထိုးလဲလှယ်ခြင်း၊ ကောင်းကင်ဘုံသို့ ချီတက်စိုးမိုးခြင်း အရှိန်အဝါ

ဓာတ်စွမ်းအင်များ။ ။ ခရမ်းရောင်မီး၊ ရွှေရောင်မိုးကြိုး၊ ဟင်းလင်းပြင်၊ နှင်းမြူ၊ နဂါးအရှိန်အဝါ၊ ကမ္ဘာမြေ

ကျင့်စဉ်။ ။ စွမ်းအင်စုပ်ယူခြင်း မဟာပညာရပ်

ယုံကြည်မှုတန်ဖိုး။ ။ ၂၃,၉၃၆,၈၆၈

ချင်ယွမ်ဖုန်းသည် အနည်းငယ် ပြုံးလိုက်ချေသည်။

ယင်းက ယုံကြည်မှုတန်ဖိုး ကိစ္စကို ဘယ်သောအခါမျှ အာရုံမစိုက်ခဲ့ပေ။ မိစ္ဆာနယ်မြေသို့ ရောက်ရှိလာခဲ့သည့် နှစ်နှစ်တာ ကာလတိုအတွင်း မိမိ၏ ယုံကြည်မှုတန်ဖိုးများမှာ သန်းနှစ်ဆယ်ကျော်အထိ တိုးတက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါချေ။

"ဒါက တကယ့်ကို အံ့ဩစရာပဲ၊ အားကောင်းတဲ့ ရတနာပစ္စည်းတချို့နဲ့ လဲလှယ်ရမယ်" ချင်ယွမ်ဖုန်းက ပြုံးလျက် ရေရွတ်လိုက်ပေသည်။

သွေးဆာမိစ္ဆာမင်းသား ဒဏ်ရာရရှိသွားသည့် သတင်းသည် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ချေသည်။

သွေးဆာမိစ္ဆာမင်းသားကိုယ်တိုင် ထုတ်ပြန်ကြေညာရန် မလိုအပ်ဘဲ ထိုသတင်းမှာ တောမီးပမာ ပျံ့နှံ့သွားခဲ့ခြင်း ဖြစ်ပေသည်။

မိစ္ဆာနယ်မြေ၏ အင်အားကြီးမားမှုကို ကိုယ်စားပြုသော မိစ္ဆာမင်းသားတစ်ပါး ဒဏ်ရာရသွားသည်ဟူသောအချက်မှာ လူအများအတွက် ယုံကြည်နိုင်ဖွယ်ရာ မရှိလောက်အောင် ဖြစ်ရချေသည်။

ထိုသူကား မိစ္ဆာနယ်မြေ၏ အထွတ်အထိပ်တွင် ရှိနေသည့် မိစ္ဆာမင်းသားတစ်ပါး ဖြစ်ပေရာ ယင်းသို့သော ပုဂ္ဂိုလ်က ဒဏ်ရာရသွားခြင်း ဖြစ်တန်ရာသလော။

တိုက်ခိုက်သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ခြင်းမရှိသော်လည်း လူအများက အမျိုးမျိုး ခန့်မှန်းနေကြပြီး ရှယ်လီသည် သွေးဆာမိစ္ဆာမင်းသားကို သစ္စာဖောက်ခဲ့သည်ဟူသောအချက်ကိုမူ သိရှိသွားကြပြီ ဖြစ်ချေသည်။

ထိုသတင်းသည် မေနှင့် ယာဘိုတို့ထံသို့လည်း လျင်မြန်စွာ ရောက်ရှိသွားခဲ့ပေသည်။

"အို... ကြည့်ရတာ အဲဒီကောင်လေး ယွမ်ဖုန်း အောင်မြင်သွားတာပဲ၊ ဒါပေမဲ့ သူက သွေးဆာမိစ္ဆာမင်းသားကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာတော့ ငါ တကယ့်ကို အံ့ဩမိတယ်" ကျိရန်က ပြုံးလျက် ပြောလိုက်ချေသည်။

ကျိမိသားစု၏ မျိုးနွယ်စုဝင်တစ်ယောက်အနေဖြင့် ဤမျှလောက်သော စွမ်းအားမျိုး ရှိသင့်သည်ဟု ကျိရန်က မိမိဘာသာ ကျေနပ်စွာ တွေးတောနေမိပေသည်။

သို့သော်လည်း မေသည် ချင်ယွမ်ဖုန်း၏ ဒဏ်ရာများအတွက်သာ စိုးရိမ်ပူပန်နေပြီး "သူ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်" ဟု ရေရွတ်လိုက်ချေသည်။

"ကဲ... ငါတို့လည်း ဒီအတိုင်း ထိုင်ကြည့်မနေသင့်ဘူး၊ အဲဒီကောင်လေးတောင် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး တစ်တုံး ရသွားတာပဲ၊ ငါတို့သာ တစ်တုံးမှ မရရင် ရှက်စရာကြီး ဖြစ်နေလိမ့်မယ်" ကျိရန်က ပြုံးလျက် ဆိုချေသည်။

ဂီလင်နှင့် မေတို့ နှစ်ဦးလုံး မတ်တတ်ရပ်လိုက်ကြပေသည်။ ၎င်းတို့သည် လွန်ခဲ့သော ရက်အနည်းငယ်က ချင်ယွမ်ဖုန်း၏ သတင်းကို စောင့်မျှော်ရင်း တိတ်ဆိတ်နေခဲ့ကြခြင်း ဖြစ်ပေသည်။ ယခုအခါ ချင်ယွမ်ဖုန်း အောင်မြင်ခဲ့ကြောင်း အသေအချာ သိရှိရပြီဖြစ်ရာ ၎င်းတို့ လှုပ်ရှားရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ချေသည်။

မေသည် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး နှစ်တုံး၏ စွမ်းအင်ကို စုပ်ယူပြီးဖြစ်၍ တတိယအဆင့် ဘုရင်နယ်ပယ်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်း၏ လက်ထဲရှိ ကျောက်တုံးကို ပေါင်းလိုက်ပါက ယခုအခါ ၎င်းတို့တွင် သုံးတုံး ရှိနေပြီ ဖြစ်ချေသည်။

အခြားသော မင်းသားများ၏ လက်ထဲတွင် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး သုံးတုံး ကျန်ရှိနေသေးပေရာ မေသည် ယင်းတို့ကို ရရှိသည်နှင့်တစ်ပြိုင်နက် နတ်ဘုရားအဆင့်သို့ တစ်ဖန် ပြန်လည်တက်လှမ်းနိုင်မည် ဖြစ်ပေသည်။

ထိုအချိန်ကျရောက်ပါက ယင်းက မိစ္ဆာနယ်မြေတွင် မည်သူမျှ ယှဉ်နိုင်တော့မည် မဟုတ်ချေ။

နတ်ဘုရားဝိညာဉ် ဘုရင်သည် သွေးဆာမိစ္ဆာမင်းသား၏ လက်ထဲတွင် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး မရှိတော့ကြောင်း ကြားသိရသောအခါ ၎င်း၏နှလုံးသားမှာ လေးလံသွားခဲ့ချေသည်။

ထိုလူများသည် မိမိထံသို့ လာလိမ့်မည်ဟု ယခင်က ထင်မှတ်ထားခဲ့သဖြင့် ၎င်းအနေဖြင့် ကာကွယ်ရေးကို တင်းကျပ်စွာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်ပေသည်။ သို့သော်လည်း ယင်းမှာ လှည့်ကွက်တစ်ခုသာ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

၎င်းတို့ အမှန်တကယ် လုယူလိုသည်မှာ သွေးဆာမိစ္ဆာမင်းသား၏ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး ဖြစ်နေခဲ့ချေသည်။

"မဖြစ်ဘူး... ဒီအတိုင်း ဆက်သွားလို့ မရတော့ဘူး၊ သူတို့က အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး သုံးတုံးတောင် ရသွားပြီဆိုတော့ သေဒဏ်နဲ့ ထိုက်တန်တယ်" နတ်ဘုရားဝိညာဉ် ဘုရင်က အေးစက်စွာ ပြောလိုက်ပြီး "ဒီလိုဆိုရင်တော့ ငါ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ယူပြီး ငါ့ရဲ့နောင်တော်ကြီးဆီ သွားရှာတော့မယ်" ဟု ဆိုချေသည်။

နတ်ဘုရားဝိညာဉ် ဘုရင်သည် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ယူဆောင်၍ နတ်ဆိုးဘုရင်ထံ သွားရောက်ပူးပေါင်းရန် အစီအစဉ် ရှိပြီးသား ဖြစ်ပေသည်။

၎င်းတို့ဘက်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် ယာဘို တစ်ယောက်သာ ရှိချေသည်။ မိမိအနေဖြင့် နတ်ဆိုးဘုရင်နှင့် အင်အားချင်း ပူးပေါင်းလိုက်ပါက ၎င်းတို့ဘက်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် နှစ်ယောက် ရှိလာမည် ဖြစ်ပေရာ ထိုလူများသည် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို မည်သို့မျှ လာရောက်လုယူနိုင်တော့မည် မဟုတ်ချေ။

ထိုသို့ တွေးတောပြီးနောက် နတ်ဘုရားဝိညာဉ် ဘုရင်သည် မိမိ၏နန်းတော်မှ လျင်မြန်စွာ ထွက်ခွာသွားခဲ့ချေသည်။

သို့သော်လည်း မိမိ၏ လျို့ဝှက်သည်ဟု ထင်ရသော လှုပ်ရှားမှုများကို မိမိ၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားက သိရှိသွားပြီး ကျိရန်နှင့် အခြားသူများထံ သတင်းပေးပို့လိုက်ကြောင်းကိုမူ ယင်းက မသိရှိခဲ့ချေ။

"ဒါက အခွင့်ကောင်းပဲ၊ သူက နန်းတော်ထဲမှာ ရှိနေသေးတယ်လို့ ငါတို့ ထင်အောင် တစ်ယောက်တည်း ထွက်ပြေးတာပဲ၊ ဒီအခွင့်အရေးကို ငါတို့ လုံးဝ လက်လွတ်မခံနိုင်ဘူး" ကျိရန်က လှောင်ပြုံး ပြုံးလိုက်ချေသည်။

နတ်ဘုရားဝိညာဉ် ဘုရင်၏ နန်းတော်နှင့် မိုင်ပေါင်းများစွာ ဝေးကွာသော အရပ်တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်များ၏ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ချေသည်။

ကံကောင်းထောက်မစွာဖြင့် ပတ်ဝန်းကျင်တွင် လူသူနည်းပါးလှသဖြင့် အပြစ်မဲ့သူများ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ချေ။

နတ်ဘုရားဝိညာဉ် ဘုရင်သည် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို မကာကွယ်နိုင်ခဲ့သဖြင့် အလွန်ဒေါသထွက်ခဲ့ရသော်လည်း မတတ်နိုင်ခဲ့ချေ။

မေသည် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး၏ စွမ်းအင်ကို တိုက်ရိုက်စုပ်ယူလိုက်ရာ မိမိ၏ကျင့်စဉ်အဆင့်မှာ အဋ္ဌမအဆင့် ဘုရင်နယ်ပယ်သို့ ပြန်လည်ရောက်ရှိသွားခဲ့ချေသည်။

နှစ်ပတ်အကြာတွင် ၎င်းတို့သည် ချင်ယွမ်ဖုန်းနှင့် ပြန်လည်ဆုံစည်းမိကြပေသည်။

"မင်က မိစ္ဆာဘုရင်မကြီးလား" ရှယ်လီသည် မေအား မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်ချေသည်။

မေက ခေါင်းညိတ်ပြလိုက်ပြီး "ဒါပေမဲ့ ငါက အရင်က မိစ္ဆာဘုရင် မဟုတ်တော့ဘူး၊ ငါက မိစ္ဆာဘုရင်အသစ်ပဲ" ဟု ဆိုချေသည်။

ရှယ်လီသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ပြီး "ရှယ်လီကဟဘုရင်မနောက်လိုက်ဖို့ အသင့်ပါပဲ" ဟု လျှောက်တင်လိုက်ပေသည်။

"ထလော့" မေက တည်ငြိမ်စွာ ပြောလိုက်ချေသည်။ ယင်းက မိမိ၏ အတိတ်အမှတ်တရများကို ပြန်လည်ရရှိထားပြီး ဖြစ်သော်လည်း ဤသို့သော အခမ်းအနား မြင်ကွင်းမျိုးကို အနည်းငယ် အသားမကျသေးပေ။

ယခုအခါ ချင်ယွမ်ဖုန်း၏ အဖွဲ့တွင် လူငါးယောက် ရှိလာခဲ့ပြီ ဖြစ်ချေသည်။

ဂီလင်သည် နတ်ဆိုးဘုရင်၏ ယုံကြည်စိတ်ချရဆုံးသော ကိုယ်ရံတော်ဖြစ်ပြီး နဝမအဆင့် ဘုရင်နယ်ပယ်ဖြစ်ချေသည်။

ရှယ်လီသည် သွေးဆာမိစ္ဆာမင်းသား၏ ယုံကြည်စိတ်ချရသော ကိုယ်ရံတော်ဖြစ်ပြီး အဋ္ဌမအဆင့် ဘုရင်နယ်ပယ် ဖြစ်ပေသည်။

ရုတ်တရက်ဆိုသလို ချင်ယွမ်ဖုန်းနှင့် ၎င်း၏အဖွဲ့သားများ၏ အင်အားမှာ များစွာ တိုးတက်လာခဲ့ချေသည်။

ချင်ယွမ်ဖုန်းသည် သွေးဆာမိစ္ဆာမင်းသားနှင့် သေရေးရှင်ရေး တိုက်ပွဲကို ကြုံတွေ့ခဲ့ရပြီးနောက် ဒုတိယအဆင့် ဘုရင်နယ်ပယ်၏ အဆင့်အတန်း တံခါးဝသို့ပင် အာရုံခံမိနေပြီ ဖြစ်ချေသည်။

ယင်းက ကျော်ဖြတ်ရန် အခွင့်အရေး အနည်းငယ်သာ လိုအပ်ပေတော့သည်။

ချင်ယွမ်ဖုန်းအနေဖြင့် စိတ်ထဲတွင် အနည်းငယ် ခံစားလိုက်ရပေသည်။ အစပိုင်းတွင် မိမိက မေကို ဦးဆောင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ မိမိက ကျင့်စဉ်အဆင့် အနိမ့်ဆုံးလူ ဖြစ်လာခဲ့ရချေသည်။

မေသည် ချင်ယွမ်ဖုန်း၏ လက်ထဲမှ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို စုပ်ယူလိုက်ပြီးနောက် မိမိ၏အင်အားမှာ အဋ္ဌမအဆင့် ဘုရင်နယ်ပယ်သို့ ခုန်တက်သွားခဲ့ပြန်ချေသည်။

ကျန်ရှိနေသော အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး နှစ်တုံးမှာ နောက်ဆုံး မင်းသားနှစ်ပါးဖြစ်သည့် လိမ်ညာခြင်းမင်းသားနှင့် ခွန်အားမင်းသားတို့၏ လက်ထဲတွင် ရှိနေချေသည်။

ခြောက်တုံးအနက် လေးတုံး ဆုံးရှုံးသွားခဲ့ပြီးနောက် လိမ်ညာခြင်းမင်းသားနှင့် ခွန်အားမင်းသားတို့သည် နတ်ဘုရားဝိညာဉ် ဘုရင်ကဲ့သို့ပင် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို ယူဆောင်၍ အခြားသော မင်းသားများထံ သွားရောက်ပူးပေါင်းရန် တူညီသော နည်းလမ်းကို ရွေးချယ်ခဲ့ကြပေသည်။

ထိုလူများသည် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံး လေးတုံးကို ရရှိထားသော်လည်း ၎င်းတို့အဖွဲ့တွင် နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် တစ်ယောက်သာ ရှိကြောင်း ၎င်းတို့ သိရှိကြပေသည်။

မိမိတို့အနေဖြင့် အခြားမင်းသားများနှင့် ပူးပေါင်းလိုက်ပါက နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင် နှစ်ယောက် ရှိလာမည် ဖြစ်ပေသည်။

ထိုသို့ဆိုလျှင် ထိုလူများ လာရောက်လုယူရန် ကြိုးပမ်းခဲ့လျှင်ပင် ထောင်ချောက်ထဲသို့ မိမိဘာသာ တိုးဝင်လာသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

မင်းသားနှစ်ပါးသည် နတ်ဘုရားဝိညာဉ် ဘုရင်ကဲ့သို့ တူညီသော နည်းလမ်းကို ရွေးချယ်ခဲ့ကြသော်လည်း နတ်ဘုရားဝိညာဉ် ဘုရင်၏ ခြေရာအတိုင်း မလိုက်လိုသဖြင့် တစ်ယောက်တည်း သီးသန့် လှုပ်ရှားခြင်း မပြုခဲ့ကြချေ။

ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားများနှင့်အတူ သောင်းနှင့်ချီသော မိစ္ဆာစစ်သည်တော်များကို အခြံအရံပြုလျက် ခမ်းနားကြီးကျယ်စွာ ချီတက်ခဲ့ကြပေသည်။

ဤသို့သော အခြေအနေမျိုးတွင် ၎င်းတို့၏ ပစ်မှတ်မှာ ကြီးမားလှသော်လည်း အင်အား တောင့်တင်းလှသဖြင့် ချင်ယွမ်ဖုန်းနှင့် ၎င်း၏အဖွဲ့သားများ လာရောက်လုယူမည်ကို စိုးရိမ်ပူပန်ခြင်း မရှိကြတော့ချေ။

သုံးလအကြာတွင် ချင်ယွမ်ဖုန်းနှင့် ၎င်း၏အဖွဲ့သားများသည် လိမ်ညာခြင်းမင်းသား၏ နယ်မြေသို့ ရောက်ရှိလာခဲ့ကြရာ ထိုနေရာတွင် ခွန်အားမင်းသားနှင့် လိမ်ညာခြင်းမင်းသားတို့ အင်အားချင်း ပူးပေါင်းထားပြီး ဖြစ်ချေသည်။

၎င်းတို့သည် အခြားသော မင်းသားများကို ရှာဖွေရန်နှင့် အဖြေရှာရန် ဆက်လက်ထွက်ခွာဖို့ ပြင်ဆင်နေကြပြီး ချင်ယွမ်ဖုန်းနှင့် ၎င်း၏အဖွဲ့သားများအား ဤမျှအထိ ထင်တိုင်းကြဲခွင့် ပေးထားရန် မဖြစ်နိုင်တော့ပေ။

All Chapters