← Chapters

အခန်း ၈၄၆

Vol. 41 Ch. 846

အခန်း ၈၄၆

Vol. 41 Ch. 846

အခန်း(၈၄၆) ခြုံခိုတိုက်ခိုက်ခြင်း

ယခုအချိန်တွင် ပထမအဆင့် ဘုရင်နယ်ပယ်သို့ တက်လှမ်းထားပြီးဖြစ်သော ချင်ယွမ်ဖုန်းသည် သဘာဝကျစွာပင် သာလွန်မြင့်မားသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားပေရာ ထိုမင်းသားများ မရိပ်မိစေဘဲ သူတို့၏ အခြေအနေကို စစ်ဆေးရန် ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်စွမ်း ရှိနေချေပြီ။

ထိုခဏ၌ ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအားသည် ပျံ့နှံ့သွားခဲ့ပြီး မိစ္ဆာမင်းသားနှစ်ပါး၏ ပုံရိပ်ကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရချေသည်။

လိမ်ညာခြင်းမင်းသားနှင့် ခွန်အားမင်းသားတို့သည် မိစ္ဆာမင်းသားများထဲတွင် ထင်ပေါ်ကျော်ကြားမှု အနည်းဆုံးသော မင်းသားနှစ်ပါး ဖြစ်ကြကုန်သည်။

ထိုသူတို့သည် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိနေကြသော်လည်း ချင်ယွမ်ဖုန်း၏ မျက်စိထဲတွင်မူ အခြားမင်းသားများနှင့် နှိုင်းယှဉ်ပါက များစွာအားနည်းလွန်းသည်ဟု ထင်မှတ်ရပေသည်။

လိမ်ညာခြင်းမင်းသားသည် ပိန်လှီပြီး ကောက်ကျစ်စဉ်းလဲသော ရုပ်သွင်ရှိကာ ခွန်အားမင်းသားမှာမူ ကြွက်သားများ အဖုဖုထွက်နေပြီး စွမ်းအားအပြည့်ရှိသော ကြီးမားထွားကျိုင်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားချေသည်။

"အင်း... ဒီတစ်ကြိမ်တော့ နတ်ဘုရားတစ်ပိုင်းအဆင့် ကျွမ်းကျင်သူ နှစ်ယောက်ပဲ တက်လာတာပဲ" ဟု ချင်ယွမ်ဖုန်းက ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်၏။

ဂီလင်နှင့် ရှယ်လီတို့သည် ပြုံးလိုက်ကြပေရာ ယခုအချိန်တွင် နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။

"ဒါဆို သွားကြစို့။ ရှေ့က ချိုင့်ဝှမ်းက ခြုံခိုတိုက်ဖို့ အကောင်းဆုံးနေရာပဲ။ ငါတို့ အဲဒီမှာပဲ တိုက်ခိုက်ကြမယ်။ မှတ်ထားပါ၊ ငါအရင် တိုက်ခိုက်ပြီးမှ မင်းတို့ လှုပ်ရှားရမယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ညွှန်ကြားလိုက်သည်။

ဤစစ်ဆင်ရေးကို မစတင်မီ လူတိုင်းသည် သေချာစွာ စေ့စေ့စပ်စပ် စီမံကိန်းချခဲ့ကြပြီးမှသာ လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

သွေးဆာမိစ္ဆာမင်းသားနှင့် နတ်ဘုရားဝိညာဉ် ဘုရင်တို့သည် ရထားလုံးထဲတွင် မျက်စိမှိတ်ကာ အနားယူနေကြချေသည်။

"ပဉ္စမအစ်ကို... လမ်းတစ်လျှောက်လုံး ဘာလို့ ဒီလောက်တိတ်ဆိတ်နေရတာလဲ။ အဲဒီလူတွေ လက်လျှော့သွားကြပြီလား" ဟု ခွန်အားမင်းသားက အသံအိုးတုန်ခါလျက် လေးနက်သောအသံဖြင့် မေးမြန်းလိုက်၏။

လိမ်ညာခြင်းမင်းသားက ခေါင်းယမ်းကာ "သူတို့က မိစ္ဆာဘုရင်ကို ပြန်ကြိုဆိုချင်နေမှတော့ အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးက မရှိမဖြစ်ပဲလေ။ တကယ်လို့ မိစ္ဆာဘုရင်သာ သူ့စွမ်းအားတွေ ပြန်မရရင် ငါတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး" ဟု ဆိုသည်။

ခွန်အားမင်းသားက ခေါင်းညိတ်ရင်း "ပဉ္စမအစ်ကို... အဲဒီတုန်းက ငါတို့လုပ်ခဲ့တာ တကယ်ပဲ မှန်ကန်တဲ့အရာလို့ ထင်လား" ဟု ထပ်ဆင့်မေးမြန်းပြန်သည်။

"မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ကိစ္စတွေက ဒီအခြေအနေထိ ရောက်လာခဲ့ပြီ။ အခု ငါနောင်တရတာက အဲဒီတုန်းက အစ်ကိုကြီးကို မိစ္ဆာဘုရင်ကို တိုက်ရိုက်မသတ်ဖို့ သေချာ မဖျောင်းဖျခဲ့မိတာပဲ" ဟု လိမ်ညာခြင်းမင်းသားက အေးစက်စွာ ဆိုလေသည်။

"ဟူး..." ခွန်အားမင်းသားသည် သက်ပြင်းချလိုက်ပြီး ဘာမျှထပ်မပြောတော့ပေ။

သူတို့၏ နောက်ကွယ်တွင် လူတစ်ဒါဇင်ခန့် လိုက်ပါလာကြရာ ထိုသူအားလုံးသည် လိမ်ညာခြင်းမင်းသားနှင့် ခွန်အားမင်းသားတို့ စေ့စပ်သေချာစွာ ရွေးချယ်ထားသော ယုံကြည်စိတ်ချရသည့် ကိုယ်ရံတော်များ ဖြစ်ကြပေသည်။

အခြားမင်းသားများ၏ ကိုယ်ရံတော်များ သစ္စာဖောက်မှုသည် သူတို့အတွက် သတိပေးချက်တစ်ခု ဖြစ်ခဲ့ပေရာ မိမိတို့ဘက်က လူများကိုပင် အလွန်အကျွံ မယုံကြည်သင့်ကြောင်း သိမြင်ခဲ့ကြသည်။

ထို့ကြောင့် သူတို့သည် မိစ္ဆာဘုရင်အပေါ် သစ္စာမရှိသူများကိုသာ ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ရှေ့နှင့်နောက်တွင် လိုက်ပါလာသော မိစ္ဆာစစ်သည်တော် သုံးသောင်းခန့် ရှိနေပေရာ ဤအဖွဲ့မျှဖြင့် မြို့တစ်မြို့ကို အလွယ်တကူ သုတ်သင်ချေမှုန်းနိုင်စွမ်း ရှိပေသည်။

ရှေ့ရှိ ချိုင့်ဝှမ်းကို "ကောင်းကင်တစ်လွှာ" ဟု ခေါ်တွင်ပြီး အလယ်လမ်းမှာ ကျဉ်းမြောင်းလှပေရာ တောင်ကြီးတစ်လုံးကို နှစ်ခြမ်းခွဲထားသကဲ့သို့ ရထားလုံးတစ်စီးသာ ဖြတ်သန်းသွားလာနိုင်ချေသည်။

လိမ်ညာခြင်းမင်းသားသည် မျက်လုံးများကို ဖွင့်လိုက်ပြီး "ရပ်ကြ" ဟု အမိန့်ပေးလိုက်၏။

ထိုစကားကို ကြားသည်နှင့် တစ်ပြိုင်နက် တစ်ဖွဲ့လုံးသည် ချိုင့်ဝှမ်းရှေ့တွင် ချက်ချင်း ရပ်တန့်သွားကြသည်။

သူတို့သည် မိစ္ဆာစစ်သည်များကို ခေါ်ဆောင်လာရသဖြင့် မပျံသန်းခဲ့ကြခြင်း ဖြစ်သော်လည်း ယခုအခါ လိမ်ညာခြင်းဘုရင်သည် အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုကို ခံစားသိရှိသွားခဲ့ချေပြီ။

ချိုင့်ဝှမ်းထက်တွင် စောင့်ဆိုင်းနေကြသော ချင်ယွမ်ဖုန်းနှင့် အခြားလူများသည် အံ့အားသင့်သွားကြ၏။

"သူတို့ ငါတို့ကို ရိပ်မိသွားတာလား" ဟု ရှယ်လီက မေးမြန်းလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းယမ်းလျက် "မဖြစ်နိုင်ဘူး ဆက်ပြီး စောင့်ကြည့်ကြတာပေါ့" ဟု ဆိုသည်။

ထိုခဏ၌ ရထားလုံးထဲတွင် ထိုင်နေသော ခွန်အားမင်းသားသည် လိမ်ညာခြင်းမင်းသားကို အံ့သြသောမျက်နှာထားဖြင့် ကြည့်လိုက်၏

"ပဉ္စမအစ်ကို... ဘာဖြစ်လို့လဲ" ဟု ခွန်အာမင်းသားက အလျင်အမြန် မေးလိုက်သည်။

လိမ်ညာခြင်းမင်းသားက ခေါင်းယမ်းကာ "ဘာမှတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တစ်ခုခုတော့ မမှန်သလို ခံစားရတယ်" ဟု ပြန်ပြော၏။

"တစ်ခုခု မမှန်ဘူး ဟုတ်လား" ခွန်အားမင်းသားက ထပ်မံ မေးမြန်းသည်။

"မင်းစဉ်းစားကြည့်လေ... ယာဘိုရဲ့လူတွေ လမ်းတစ်လျှောက်လုံးမှာ တစ်ယောက်မှ ပေါ်မလာတော့ဘူး။ သူတို့ လက်လျှော့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သူတို့ ငါတို့ကို ဘယ်နေရာမှာ စောင့်နေမယ်လို့ မင်းထင်လဲ" ဟု လိမ်ညာခြင်းမင်းသားက ပြန်လည်မေးခွန်းထုတ်လိုက်သည်။

"ငါ ဘယ်လိုသိမှာလဲ။ ပဉ္စမအစ်ကို... မင်းလည်းသိသားပဲ၊ ငါက ဦးနှောက်သုံးရတာ အမုန်းဆုံးဆိုတာ" ဟု ခွန်အားမင်းသားက ခေါင်းကို ကုတ်ရင်း ပြောချေသည်။

လိမ်ညာခြင်းမင်းသား သက်ပြင်းချလျက် "ဟူး... မင်း သူ့ဆီက သင်ယူသင့်တယ်။ မိစ္ဆာမျိုးနွယ်ရဲ့ မင်းသားတစ်ပါးအနေနဲ့ ခွန်အားတစ်ခုတည်းနဲ့ မလုံလောက်ဘူး၊ သင့်တော်တဲ့ ဉာဏ်ပညာလည်း ရှိဖို့ လိုအပ်တယ်" ဟု ဆို၏။

"ငါ နားလည်ပါပြီ ပဉ္စမအစ်ကို။ အခု ဘာကိစ္စ လွဲချော်နေလဲဆိုတာပဲ ပြောပါ။ အဲဒီလူတွေ ငါတို့ကို လုယက်ဖို့ ကြံစည်နေတာလား" ဟု ခွန်အားမင်းသားက စိတ်မရှည်စွာ မေးမြန်းလေသည်။

"ထားလိုက်ပါတော့၊ ငါ စိတ်စွဲလွန်နေတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ သူတို့က အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးကို လိုချင်ရင် ငါတို့ကို ဒီလို တိုက်ရိုက် တိုက်ခိုက်မှာ မဟုတ်ဘူး။ သူတို့ ခိုးယူဖို့ ကြိုးစားရင် ကြိုးစားမယ်၊ ဒါပေမဲ့ လုယက်ဖို့ အင်အားတော့ မရှိပါဘူး" လိမ်ညာခြင်းမင်းသားက ခေါင်းယမ်းကာ ခရီးဆက်ရန် အမိန့်ပေးလိုက်တော့သည်။

ချိုင့်ဝှမ်းအထက်ရှိ ချင်ယွမ်ဖုန်းနှင့် အခြားလူများသည် သက်ပြင်းချနိုင်ကြတော့၏။

"ပဉ္စမအစ်ကို... အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးတွေ အားလုံးက ငါတို့ရဲ့ သိုလှောင်လက်စွပ်ထဲမှာ ရှိနေတာ။ သူတို့ ဘာကိုသုံးပြီး ခိုးမှာလဲ" ဟု ခွန်အားဘုရင်က ပြုံးလျက် မေးသည်။

ဘေးကင်းစေရန်အတွက် သူတို့သည် အကြွင်းမဲ့ ကောင်းကင်ဘုံကျောက်တုံးများကို သိုလှောင်လက်စွပ်ထဲတွင် ခေတ္တသိမ်းဆည်းထားရာ သူတို့သေဆုံးမှသာ အခြားလူများ ဖွင့်လှစ်နိုင်မည် ဖြစ်ချေသည်။

အခြား ကောင်းကင်ဘုံကျောက်တုံးများကို စုပ်ယူလိုက်သည်နှင့်အမျှ ကျန်ရှိသော ကျောက်တုံးများကို သိုလှောင်လက်စွပ်ထဲ ထည့်သွင်းထားသဖြင့် မိစ္ဆာနယ်မြေအတွင်းရှိ အနီရောင်အရှိန်အဝါသည် များစွာမှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။

မကြာမီအချိန်၌ မိစ္ဆာနယ်မြေသည် ယခင်ကကဲ့သို့ တောက်ပကြည်လင်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားဖွယ် ရှိပေသည်။

မိစ္ဆာများစွာကမူ မိစ္ဆာဘုရင် ပြန်လည်ရောက်ရှိတော့မည် ဖြစ်ကြောင်းနှင့် ဤသည်မှာ သူပြန်လာမည့် နိမိတ်လက္ခဏာဖြစ်ကြောင်း ယုံကြည်နေကြသည်။

"သတိမပေါ့ကြနဲ့။ သူတို့မှာ အခြားအစီအစဉ်တွေ ရှိလိမ့်မယ်လို့ ငါထင်တယ်" ဟု လိမ်ညာခြင်းမင်းသားက တည်ငြိမ်စွာ ဆိုသည်။

ထိုအဖွဲ့သည် နောက်ဆုံးတွင် ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြချေပြီ။

သူတို့သည် အလွန်လျင်မြန်စွာ ရွေ့လျားခဲ့ကြရာ ရှေ့ပြေးတပ်ဖွဲ့သည် ခဏချင်းပင် ချိုင့်ဝှမ်းကို ဖြတ်ကျော်သွားခဲ့ပြီး အလယ်ရှိ ရထားလုံးများမှာမူ ဗဟိုချက်သို့ ရောက်ရှိရုံမျှသာ ရှိသေးသည်။

"အခုပဲ" ချင်ယွမ်ဖုန်းသည် ရုတ်တရက် ထရပ်လိုက်ရာ သူ၏လက်ထဲတွင် မဟူရာရောင် မိုးကြိုးမီးလျှံ ဗုံးသီးတစ်လုံး ရှိနေချေပြီ။

ချင်ယွမ်ဖုန်းသည် ယခင်ကတည်းက မိုးကြိုးမီးလျှံ ဗုံးသီးများကို စုဆောင်းနေခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ဤအစွမ်းထက်သော သိုင်းပညာရပ်သည် စွမ်းအင်ဖြည့်တင်းသည့် အချိန်ကာလကို ကျော်လွန်သွားခဲ့ပြီ ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းနှင့် သူ၏အဖွဲ့၏ စီမံကိန်းမှာ ဦးစွာ ချင်ယွမ်ဖုန်းက မိုးကြိုးမီးလျှံ ဗုံးသီးကို အသုံးပြု၍ တိုက်ခိုက်ပြီးနောက် မင်းသားနှစ်ပါးကို ဆက်လက်တိုက်ခိုက်ကာ သိုလှောင်လက်စွပ်များကို လုယူရန် ဖြစ်သည်။

မိုးကြိုးမီးလျှံ ဗုံးသီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖျက်ဆီးခြင်း အရှိန်အဝါတစ်ခု ပျံ့နှံ့သွားခဲ့ချေသည်။ ချင်ယွမ်ဖုန်းနှင့် အခြားလူများသည် ဤအရှိန်အဝါကို ဖုံးကွယ်ထားခဲ့ကြသဖြင့် ထိုသူတို့ ရိပ်မိခြင်း မရှိခဲ့ကြပေ။

ရထားလုံးထဲတွင် ထိုင်နေသော လိမ်ညာခြင်းမင်းသားသည် ဤအရှိန်အဝါကို ချက်ချင်း ခံစားမိသွားပြီး ကြီးမားလှသော မိစ္ဆာချီစွမ်းအင်များ ပေါက်ကွဲထွက်လာကာ ရထားလုံးကို ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားစေသည်။

လိမ်ညာခြင်းမင်းသားနှင့် ခွန်အားမင်းသားတို့သည် အပြင်သို့ ပေါ်ထွက်လာပြီး ချိုင့်ဝှမ်းထိပ်သို့ ပျံသန်းရန် ကြိုးပမ်းကြတော့၏။

မဟူရာရောင် မိုးကြိုးမီးလျှံ ဗုံးသီးသည် လေထုထဲတွင် အမှောင်လမ်းကြောင်းတစ်ခုကို ဆွဲသားလျက် အထက်သို့ ပျံသန်းနေသော မင်းသားနှစ်ပါးထံသို့ ပြင်းထန်စွာ ကျဆင်းလာခဲ့ချေပြီ။

"မင်းတို့ သေချင်နေတာပဲ။ ငါတို့ကို တိုက်ခိုက်ရဲတယ်ပေါ့"

လိမ်ညာခြင်းမင်းသားသည် မျက်ခုံးကို အနည်းငယ်ပင့်လျက် ဒေါသတကြီးဖြင့် ပြန်လည်တိုက်ခိုက်လိုက်ရာ သူ၏ မိစ္ဆာချီစွမ်းအင်များသည် မိုးကြိုးမီးလျှံ ဗုံးသီးနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားတော့သည်။

နောက်တစ်ခဏ၌ မိုးကြိုးမီးလျှံ ဗုံးသီးသည် လေထုအလယ်တွင် ပေါက်ကွဲသွားခဲ့ချေပြီ။

ဖော်ပြ၍မရနိုင်သော စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် စွမ်းအင်ဖြည့်ရန် အချိန်အလုံအလောက် ရရှိခဲ့သဖြင့် မိုးကြိုးမီးလျှံ ဗုံးသီး၏ အမြင့်မားဆုံး စွမ်းအားကို ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

"ဒိန်း..."

နေ့ခင်းဘက်ဖြစ်သော်လည်း စူးရှလှသော အလင်းတန်းကြောင့် မျက်စိမဖွင့်နိုင်လောက်အောင် ဖြစ်ခဲ့ရပြီး နားကွဲလုမတတ် အသံကြီးသည် ကောင်းကင်ယံမှ မိုးကြိုးပစ်သံကဲ့သို့ ပြင်းထန်လှပေရာ လူတို့၏ နားအုံမှ သွေးထွက်လုမတတ်ပင် ဖြစ်သွားစေသည်။

အဦးဆုံး ထိမှန်ခြင်းကို ခံလိုက်ရသူများမှာ ပေါက်ကွဲမှုနှင့် အနီးဆုံးတွင် ရှိနေကြသော လိမ်ညာခြင်းမင်းသားနှင့် ခွန်အားမင်းသားတို့ ဖြစ်ကြပြီး သူတို့၏ ခန္ဓာကိုယ်များသည် တိုက်ရိုက် လွင့်စင်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကြတော့သည်။

All Chapters