← Chapters

အခန်း ၈၅၆

Vol. 42 Ch. 856

အခန်း ၈၅၆

Vol. 42 Ch. 856

အခန်း(၈၅၆)

"စီနီယာကျိုးထုံ ဘယ်မှာလဲ. ကျွန်တော် သူ့ကို မေးစရာ အချို့ရှိလို့ပါ..."

ချင်ယွမ်ဖုန်းသည် ဝင်္ကပါလို ခြောက်ကပ်လှိုက်မောနေသော အသံဖြင့် ခေါင်းမော့ကာ မေးလိုက်ချေသည်။

ချင်ယွမ်ဖုန်း၏ မျက်နှာအမူအရာကို ကြည့်ပြီး ထျန်းချင်းသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိပေသည်။

ယင်းက ချင်ယွင်မျှော်စင်၌ ဖြစ်ပွားခဲ့သော အရေးအခင်းပြီးနောက်မှသာ ဤအကြောင်းကို သိရှိခဲ့ရခြင်းဖြစ်ရာ ကောင်းကင်ဘုံမျှော်စင်အနေဖြင့် သွားရောက်ကူညီခဲ့လျှင်ပင် မည်သို့မျှ အသုံးဝင်လိမ့်မည်မဟုတ်ပေ။

ကျိုးထုံသည် တတိယအဆင့် ဘုရင်နယ်ပယ်အထိ ပြန်လည်ကောင်းမွန်လာပြီး နောက်ထပ်ပင် တိုးတက်လုနီးပါး ဖြစ်နေခဲ့သော်လည်း ချင်ယွင်မျှော်စင်တစ်ခုလုံး ချေမှုန်းခံလိုက်ရချေသည်။ ထိုသို့သော အင်အားစုမျိုးကို ၎င်းတို့ကဲ့သို့ အဖွဲ့အစည်းက တားဆီးနိုင်စွမ်းမရှိသည်မှာ ဖြစ်တန်ရာပေသည်။

"စီနီယာကျိုးထုံက တတိယထပ်က အခန်းထဲမှာ ရှိပါတယ်... သူ့ကို အချိန်မရွေး စောင့်ကြည့်ပေးနိုင်ဖို့ ဆေးဖော်စပ်သူ အချို့လည်း အဲဒီမှာ ရှိနေကြတယ်..."

ထျန်းချင်းက ပြောလိုက်သည်။

ချင်ယွမ်ဖုန်းသည် ခေါင်းငြိမ့်ပြကာ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့ချေသည်။

တတိယထပ်သည် ကောင်းကင်ဘုံမျှော်စင်၏ ဆေးဖော်စပ်ခန်းဖြစ်ပြီး ဆေးဖော်စပ်သူများ နေထိုင်ရာ အရပ်လည်း ဖြစ်ပေသည်။

လက်ရှိတွင် ကျိုးထုံသည် တတိယထပ်ရှိ အခန်းတစ်ခန်း၌နေရချေသည်။

ယင်းက ကျိုးထုံ၏ ဒဏ်ရာ မည်မျှအထိ ပြင်းထန်ကြောင်း ထင်ရှားစေပေသည်။

ချင်ယွမ်ဖုန်းသည် တံခါးကို တွန်းဖွင့်လိုက်ရာ ကောက်ညှင်းထုပ်တစ်ခုကဲ့သို့ ပတ်တီးများ အထပ်ထပ် စည်းနှောင်ထားခြင်းခံရသော ကျိုးထုံကို မြင်လိုက်ရချေသည်။

အခန်းတစ်ခုလုံးတွင်လည်း ဆေးဖက်ဝင်အပင်များ၏ ပြင်းထန်သော ရနံ့များ လှိုင်လှိုင်ထနေပေသည်။

"စီနီယာကျိုးထုံ... ကျွန်တော် စီနီယာ့ဆီကို လာကြည့်တာပါ..."

ချင်ယွမ်ဖုန်းသည် ရှေ့သို့ လှမ်းတက်ရင်း ဖြည်းညှင်းစွာ ပြောလိုက်သည်။

ကျိုးထုံသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ရာ ချင်ယွမ်ဖုန်းကို မြင်သည်နှင့် တပြိုင်နက် သူ၏မျက်ဝန်းများ ပြူးကျယ်သွားခဲ့ချေသည်။

"ယွမ်ဖုန်း... ငါ တကယ်ပဲ အားနာမိပါတယ်..."

ကျိုးထုံသည် မျက်ရည်များ ဝဲလျက် ငိုကြွေးလေတော့သည်။ သူသည် ချင်ယွမ်ဖုန်း၏ ဇနီးနှင့် သားသမီးများကို ကာကွယ်ပေးလိုခဲ့သော်လည် သမီးကိုပင် ကာကွယ်မပေးနိုင်ခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ထိုအရာက ကျိုးထုံအား လွန်စွာ အပြစ်မကင်းသလို ခံစားရစေချေသည်။

ချင်ယွမ်ဖုန်းသည် အမြန်ပင် ခေါင်းယမ်းလိုက်ကာ "စီနီယာ... ဒါ စီနီယာနဲ့ ဘာမှမဆိုင်ပါဘူး... စီနီယာ့ကို တိုက်ခိုက်ခဲ့တဲ့သူတွေအကြောင်း တစ်ခုခု သိထားတာ ရှိမလား..." ဟု မေးလိုက်သည်။

ကျိုးထုံက ခေါင်းခါပြလျက် "ငါ သူ့မျက်နှာကို လုံးဝ မမြင်လိုက်ရဘူး... ငါက သူ့ကို ယှဉ်နိုင်တဲ့ ပြိုင်ဘက် မဟုတ်ခဲ့တာတော့ အမှန်ပဲ... ဒါပေမဲ့ သူက နတ်ဘုရားတစ်ပိုင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်ရမယ်... ဒါကတော့ သံသယဖြစ်စရာကို မလိုတာ..." ဟု ပြောချေသည်။

"ကောင်းပါပြီ... ကျွန်တော် နားလည်ပါပြီ..."

ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီး "စီနီယာ... ဒဏ်ရာတွေကို သေချာ ကုသပါ... ကျွန်တော် စီနီယာ့အတွက် ကလဲ့စားချေပေးပါ့မယ်..." ဟု ဆိုသည်။

"ယွမ်ဖုန်း... စိတ်မလောပါနဲ့ဦး... နတ်ဘုရားတစ်ပိုင်းအဆင့်ရဲ့ စွမ်းအားက မင်း စိတ်ကူးထားတာထက် အများကြီး ပိုလွန်တယ်... ဖြည်းဖြည်းချင်း သွားကြတာပေါ့... ငါတို့ သူတို့ကို တစ်နေ့ကျရင် ရှာတွေ့မှာပါ..."

ချင်ယွမ်ဖုန်းသည် မျက်ဝန်းများကို မှေးစင်းလိုက်ကာ "စီနီယာ... ကျွန်တော် စောင့်နိုင်ပေမဲ့ နန်ယွင်က စောင့်နိုင်မှာ မဟုတ်ဘူး..." ဟု ခပ်ဆတ်ဆတ် ပြောလိုက်ချေသည်။

ကျိုးထုံသည် ခဏမျှ ကြောင်အသွားပြီးနောက် နှုတ်ဆိတ်သွားတော့သည်။

"စီနီယာ... ဒီနှစ်တွေထဲမှာ မြောင်ယွီလန်နဲ့ နန်ယွင်တို့ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော် စီနီယာ့ကို ပြန်မပေးဆပ်နိုင်သေးဘူး... စီနီယာ့ကို တိုက်ခိုက်ခဲ့တဲ့သူကို ဖမ်းမိတာနဲ့ သူ့ခေါင်းကို ဖြတ်ပြီး စီနီယာ့ဆီ ယူဆောင်လာခဲ့ပါ့မယ်..."

ချင်ယွမ်ဖုန်းက တည်ကြည်စွာ ပြောကြားလိုက်ချေသည်။

"ယွမ်ဖုန်း..."

ကျိုးထုံသည် တစ်စုံတစ်ခုကို ထပ်မံပြောကြားလိုသော်လည်း ထိုသို့မပြုတော့ဘဲ ခေါင်းကိုသာ ရမ်းလိုက်လေသည်။

"စီနီယာ အရင်ဆုံး ဒဏ်ရာတွေကို ကုသလိုက်ပါဦး... ကျွန်တော် မြောင်ယွီလန်ဆီ သွားပြီး အဖော်လုပ်ပေးလိုက်ဦးမယ်..."

ချင်ယွမ်ဖုန်းသည် ကျိုးထုံအား ခေါင်းငြိမ့်ပြပြီးနောက် အခန်းထဲမှ ထွက်ခွာခဲ့ချေသည်။

သူ့တွင် ပြည့်စုံသော ဆေးပညာကျမ်း ဗဟုသုတများ ရှိနေသော်လည်း မိမိကိုယ်ပိုင် ဆေးကုသမှု စွမ်းရည်မှာမူ အလွန်ပင် သာမန်မျှသာ ဖြစ်ပေရာ ကျိုးထုံကို ကုသရန်အတွက်မူ ကျွမ်းကျင်ပညာရှင်များကိုသာ လွှဲအပ်ထားသင့်ပေသည်။

ချင်ယွမ်ဖုန်းသည် မြောင်ယွီလန်၏ အခန်းသို့ ပြန်လာခဲ့ပြီး နေ့မှသည် ညတိုင်အောင်၊ နေမင်းကြီးသည် ကောင်းကင်ယံ၌ စက်ဝိုင်းဝက်ပုံစံ ဖြတ်သန်းသွားသည့်တိုင်အောင် စောင့်ဆိုင်းနေခဲ့ချေသည်။

"ယွမ်ဖုန်း... ယွမ်ဖုန်း..."

မြောင်ယွီလန်သည် ခုတင်ပေါ်မှ ရုတ်တရက် ထထိုင်ကာ အော်ဟစ်လိုက်ပေသည်။

သို့သော် မှေးမှိန်နေသော အခန်းငယ်အတွင်း၌ မည်သူမျှမရှိသည်ကို မြင်လိုက်ရသောအခါ သူမသည် ဖြည်းညှင်းစွာပင် လူကိုယ်ကို ကွေးညွတ်လျက် ထောင့်စွန်းတစ်ခု၌ ပုန်းအောင်းနေမိချေသည်။

နန်ယွင် ပြန်ပေးဆွဲခံရပြီးကတည်းက မြောင်ယွီလန်သည် ဤကဲ့သို့ အခြေအနေမျိုး၌သာ ရှိနေခဲ့ပြီး မှောင်မိုက်ခြင်းကို ကြောက်ရွံ့ကာ အခြားသူများနှင့် စကားပြောဆိုရန် ငြင်းဆန်နေခဲ့ပေသည်။

ထိုစဉ်မှာပင် ချင်ယွမ်ဖုန်းသည် တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာပြီး ခုတင်နံဘေးသို့ လျင်မြန်စွာ လျှောက်လှမ်းလာခဲ့ချေသည်။

မြောင်ယွီလန်သည် မော့ကြည့်လိုက်ရာ ချင်ယွမ်ဖုန်းကို မြင်လိုက်ရသဖြင့် ခဏမျှအကြာတွင် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလျက် ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ တိုးဝင်ငိုကြွေးလေတော့သည်။

"ယွမ်ဖုန်း... နင် တကယ်ပဲ ပြန်လာခဲ့တာလား... ငါက စိတ်အာရုံချောက်ခြားနေတာလို့ ထင်နေတာ..."

မြောင်ယွီလန်က ငိုရှိုက်ရင်း ပြောရှာသည်။

ချင်ယွမ်ဖုန်းသည် ရင်ကွဲမတတ် ခံစားလိုက်ရချေသည်။ ဤအမျိုးသမီးသည် မိမိအတွက် သမီးတစ်ယောက်ကိုပင် မွေးဖွားပေးခဲ့ပြီး မိမိကို စောင့်မျှော်နေခဲ့သော်လည်း သူကမူ အပြင်ဘက်၌ ပြဿနာများရှာရင်း သူမအား ပစ်ပယ်ထားခဲ့မိရာ ၎င်းတို့ အတူတကွ မရှိနိုင်ခဲ့ကြပေ။

ယခင်က မြောင်ယွီလန်သည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးပါး ဖြစ်နေခဲ့သဖြင့် ချင်ယွမ်ဖုန်းသည် သူမအား နှစ်ခြိုက်စွာ အိပ်ပျော်စေခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါ မြောင်ယွီလန်၏ စိတ်ခံစားချက်များ တည်ငြိမ်လာပြီဖြစ်ရာ ချင်ယွမ်ဖုန်းလည်း စိတ်သက်သာရာ ရသွားခဲ့ချေသည်။

"ငါ ပြန်လာပြီ... အခု အဆင်ပြေသွားပါပြီ... မကြောက်ပါနဲ့တော့..."

မြောင်ယွီလန်သည် ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲမှ ခေါင်းမော့ကြည့်ကာ "ယွမ်ဖုန်း... နန်ယွင်ကို သူတို့ ခေါ်သွားကြပြီ..." ဟု ဆိုသည်။

"ငါသိပါတယ်... ..ငါ အဲဒီလူကို ရှာဖွေပြီး နန်ယွင်ကို ပြန်ခေါ်လာခဲ့ပါ့မယ်... ပြီးတော့ အဲဒီလူရဲ့ ခေါင်းကိုလည်း ဖြတ်ယူခဲ့ပါ့မယ်..."

ချင်ယွမ်ဖုန်းက တည်ကြည်ပြတ်သားစွာ ပြောလိုက်ချေသည်။

တစ်ညလုံး နှစ်သိမ့်ပေးပြီးနောက်တွင် မြောင်ယွီလန်သည် နောက်ဆုံး၌ စိတ်သက်သာရာ အနည်းငယ် ရရှိသွားခဲ့ချေသည်။

မိုးသောက်အရုဏ်ဦးသို့ ရောက်ရှိသောအခါ တစ်ညလုံး အိပ်စက်ခြင်းမရှိခဲ့သော လူနှစ်ဦးသည် တစ်ဦးကိုတစ်ဦး မှီတွဲနေကြပေသည်။

"မြောင်ယွီလန်... မင်းကါ့ကို ခဏလောက် စောင့်ပေးပါဦး... နန်ယွင်ကို ဘယ်သူ ခေါ်သွားလဲဆိုတာကို ကျွန်တော် စုံစမ်းရမယ်..."

ချင်ယွမ်ဖုန်းက ပြောလိုက်သည်။

မြောင်ယွီလန်သည် ခေါင်းငြိမ့်ပြချေသည်။

သူမသည် ချင်ယွမ်ဖုန်းကို အကြွင်းမဲ့ ထောက်ခံသည်သာမက ထိုသို့မဟုတ်လျှင်လည်း သူမအနေဖြင့် သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်လာပေလိမ့်မည်။

" သတိထားပါ..."

မြောင်ယွီလန်က လေးနက်စွာ ပြောလိုက်သည်။

"မင်းက ကောင်းကောင်း အနားယူဖို့ပဲ လိုပါတယ်... နန်ယွင် ပြန်လာတဲ့အခါမှာ ကျန်းမာသန်စွမ်းတဲ့ အမေဖြစ်သူကို တွေ့မြင်စေချင်လို့ပါ..."

ချင်ယွမ်ဖုန်းသည် သူမအား နှစ်သိမ့်ရင်း မြောင်ယွီလန်၏ နဖူးပြင်ကို အသာအယာ နမ်းရှိုက်လိုက်ချေသည်။

ထိုသို့သော နူးညံ့မှုကို တစ်ခါမျှ မခံစားဖူးသည့် မြောင်ယွီလန်သည် ထပ်မံ၍ ငိုကြွေးလုနီးပါး ဖြစ်သွားခဲ့သော်လည်း ချင်ယွမ်ဖုန်းသည် သူမ၏ နှုတ်ခမ်းကို ညင်သာစွာ ပိတ်ဆို့လိုက်ချေသည်။

မကြာမီတွင် ချင်ယွမ်ဖုန်းသည် ထျန်းချင်းနှင့် ကျိုးထုံတို့ကို နှုတ်ဆက်ကာ ကောင်းကင်ဘုံမျှော်စင်မှ ထွက်ခွာခဲ့တော့သည်။

ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခုလုံးတွင် သတင်းအချက်အလက် အစုံလင်ဆုံးသော အင်အားစုမှာ ယမမင်းအဖွဲ့အစည်းပင် ဖြစ်တန်ရာပေသည်။

၎င်းတို့သည် ရှန်းဝူ စကြဝဠာ တိုက်ကြီးတစ်ခွင်လုံးတွင် နေရာပြောင်းအစီအရင်များကို တည်ဆောက်ထားကြသဖြင့် မည်သည့်အရာမဆို အမြန်ဆုံး စုံစမ်းသိရှိနိုင်စွမ်း ရှိကြပေသည်။

ထို့ကြောင့် လက်ရှိတွင် ချင်ယွမ်ဖုန်း အလိုချင်ဆုံးသော အရာမှာ ယမမင်းအဖွဲ့အစည်းထံသို့ ပြန်သွားရန် ဖြစ်ပေသည်။

တစ္ဆေလက်သည်းမြေရှိ တောင်ခြေတစ်ခုတွင် လူငယ်တစ်ဦးသည် ထင်းခုတ်နေပြီး မလှမ်းမကမ်းတွင် သစ်လုံးအိမ်ငယ်တစ်လုံး ရှိနေချေသည်။

တောအုပ်ထဲမှ လူရိပ်တစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာရာ ထင်းခုတ်သမားသည် သူ၏ပုဆိန်ကို အသာချလိုက်ပေသည်။

"မိတ်ဆွေ... ဘယ်ကို သွားမလို့လဲ..."

ထိုလူက ကျယ်လောင်စွာ မေးလိုက်သည်။

ထိုလူသည် ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ရာ မည်သည့်ခံစားချက်မျှမရှိသော မျက်နှာတစ်ခု ပေါ်ထွက်လာချေသည်။ ယင်းက ချင်ယွမ်ဖုန်းပင် ဖြစ်ပေသည်။

"ငါ ယမမင်းဆီ ပြန်သွားချင်လို့..."

ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ထိုလူသည် ချင်ယွမ်ဖုန်းကို ကြည့်လိုက်သောအခါ ဤမျက်နှာကို အနည်းငယ် ရင်းနှီးနေသလို ခံစားရသော်လည်း မည်သို့မျှ စဉ်းစား၍မရသဖြင့် မျက်မှောင်ကြုတ်လိုက်မိချေသည်။

"မင်းက ဘယ်သူလဲ..."

"အာဟိုင်... မင်း ငါ့ကို ချင်ယွမ်ဖုန်းလို့လည်း ခေါ်နိုင်ပါတယ်..."

ထိုအမည်ကို ကြားလိုက်ရသောအခါ လူငယ်၏ မျက်ဝန်းများ ချက်ချင်း ပြူးကျယ်သွားပြီး မြေပြင်ပေါ်သို့ အမြန်ပင် ဒူးထောက်ကာ "အကြီးအကဲကို ဂါရဝပြုပါတယ်ခင်ဗျာ..." ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် ခေါင်းငြိမ့်ပြကာ သစ်လုံးအိမ်နောက်ကွယ်ရှိ နေရာပြောင်းအစီအရင်ထံသို့ သွားရောက်ပြီး အလင်းတန်းတစ်ခုနှင့်အတူ ပျောက်ကွယ်သွားခဲ့ချေသည်။

"အကြီးအကဲကတော့ တကယ်ကို ထူးခြားတာပဲ... သူ့ကို ကြည့်လိုက်ရုံနဲ့တင် ငါ့မှာ အသက်ရှူကျပ်မတတ် ဖိအားတွေကို ခံစားလိုက်ရတယ်..."

ထိုလူသည် သူ၏ နဖူးမှ ချွေးစေးများကို သုတ်ရင်း ပြောရှာပေသည်။

ယမမင်းအဖွဲ့အစည်း၏ တာဝန်ခန်းမသည် အမြဲတစေ ဤကဲ့သို့ပင် ဖြစ်ဟန်တူပေသည်။

လွန်စွာ အလုပ်များပြားခြင်း မရှိသော်လည်း တိတ်ဆိတ်ငြိမ်သက်မနေပေ

ထိုစဉ် ခန်းမအတွင်းရှိ နေရာပြောင်းအစီအရင်သည် လင်းလက်သွားပြီး ချင်ယွမ်ဖုန်းသည် ဤနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ချေသည်။

ချင်ယွမ်ဖုန်းကို မြင်သည်နှင့် တပြိုင်နက် အာယောင်သည် ချက်ချင်းပင် ဆီးကြိုနှုတ်ဆက်ရန် လာခဲ့ပေသည်။

"အကြီးအကဲ ပြန်လာပြီလား..."

ချင်ယွမ်ဖုန်းသည် တစ်နှစ်ခွဲမျှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်ပြီး မြူနှင်းဂိုဏ်း၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပြီးနောက် ပျောက်ဆုံးသွားခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်ခဲ့ရာ ယခုကဲ့သို့ ပြန်လည်ရောက်ရှိလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

အာယောင်၏ စကားကို ကြားလိုက်ရသောအခါ ခန်းမအတွင်းရှိ လူတိုင်းသည် ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့သည်။

တာဝန်စာရင်းကို ကြည့်နေကြသော အဆင့်ဆင့်သော လူသတ်သမားများသည် တာဝန်အားလုံးကို အရူးအာဟိုင် ယူဆောင်သွားမည်ကို စိုးရိမ်သဖြင့် မိမိတို့အတွက် တာဝန်တစ်ခုခုကို အမြန်ဆုံး ရယူရန် ဗီဇအရပင် လှုပ်ရှားလိုက်ကြချေသည်။

All Chapters