← Chapters

အခန်း ၈၆၄

Vol. 42 Ch. 864

အခန်း ၈၆၄

Vol. 42 Ch. 864

အခန်း(၈၆၄) သွေးစွန်းသော သတ်ဖြတ်ခြင်း

လမ်းခရီးတစ်လျှောက်တွင် ချင်ယွမ်ဖုန်းသည် တစ်ပါးကျွန်းသား မိစ္ဆာအချို့ကို ထပ်မံသုတ်သင်ချေမှုန်းခဲ့ပြီး အချို့ကိုမူ အထက်လူကြီးများထံ သတင်းပို့နိုင်ရန် အသက်ချမ်းသာပေး၍ ပြန်လွှတ်လိုက်လေသည်။ ထိုတစ်ပါးကျွန်းသား မိစ္ဆာများအနေဖြင့် ချင်ယွမ်ဖုန်း၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို သိရှိမှသာ အဆင့်မြင့်အရာရှိကြီးများ ထွက်လာပြီး သူ့ကို တွေ့ဆုံလိမ့်မည် ဖြစ်ပေသည်။

ထိုသို့သော လှုပ်ရှားမှုသည် လုယွဲ့အင်ပါယာ၏ ထျန်းတူး ပြည်နယ်မြို့တော်ရှိ ရှာမိသားစုကိုလည်း တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ တင်းကျပ်လှသော ကာကွယ်ရေးအစောင့်များ ရှိနေသည့်ကြားမှ ချင်ယွမ်ဖုန်းနှင့် သူ၏လူအုပ်ကြီးသည် အသံတိတ်ဆိတ်စွာဖြင့် ထျန်းတူး ပြည်နယ်မြို့တော်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာလိမ့်မည်ဟု ရှာမိသားစုက ထင်မှတ်မထားခဲ့ကြချေ။

သတင်းကို ရရှိသည်နှင့်တစ်ပြိုင်နက် ရှာမိသားစုတစ်ခုလုံး ကမောက်ကမ ဖြစ်သွားတော့သည်။

အချို့က ထွက်ပြေးတိမ်းရှောင်ချင်ကြပြီး အချို့ကမူ အိမ်တော်၌ပင် ကျန်ရစ်ကာ ရှာမိသားစုကို ကာကွယ်စောင့်ရှောက်ရန် ကြံစည်ကြရာ အချုပ်အားဖြင့်ဆိုရသော် တစ်အိမ်တော်လုံး ရုန်းရင်းဆန်ခတ် ဖြစ်နေချေသည်။

---

မကြာမီအချိန်၌ပင် ချင်ယွမ်ဖုန်းနှင့် သူ၏အပေါင်းအပါများသည် ရှာမိသားစုအိမ်တော်၏ တံခါးဝသို့ ရောက်ရှိလာကြသည်။

ဧကရာဇ် ရန်ယန်သည် နန်းတော်၏အပြင်ဘက်၌ ရှာမိသားစုအတွက် အလွန်ခမ်းနားထည်ဝါသော အိမ်တော်ကြီးတစ်ဆောင်ကို ဆောက်လုပ်ပေးထားခဲ့ခြင်း ဖြစ်ပေသည်။

"တကယ့်ကို ကောင်းမွန်တာပဲ၊ ချင်မိသားစုရဲ့ အိမ်ဟောင်းထက် အဆပေါင်းများစွာ ပိုပြီးတော့ ခံ့ညားထည်ဝါနေတာပဲ" ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်လိုက်သည်။

ချင်နန်၊ ချင်ကျုံးနှင့် အခြားသောလူငါးယောက်တို့သည် ဖြည်းညှင်းစွာ ရှေ့သို့လှမ်းလာကြသည်။ ဤနေရာကား ချင်မိသားစုကို အမြစ်ပြတ်သုတ်သင်ခဲ့သည့် တရားခံဖြစ်သော ရှာမိသားစု၏ အိမ်တော်ပင် ဖြစ်ချေသည်။ ယနေ့တွင်မူ သူတို့သည် နောက်ဆုံး၌ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

တံခါးဝတွင် ရှိနေသော ရှာမိသားစု၏ တပည့်များသည် ချင်ယွမ်ဖုန်းက လူအင်အားဖြင့် ရောက်ရှိလာသည်ကို မြင်သောအခါ အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အိမ်တော်ထဲသို့ ဝုန်းဒိုင်းကြဲ ပြေးဝင်သွားကြတော့သည်။

"မုန့်ချီလော့၊ ပိုင်ဖုန်း၊ မင်းတို့နှစ်ယောက် ကောင်းကင်ထက်ကနေ ရှာမိသားစုကို စောင့်ကြည့်ပေးထားပါ၊ ဘယ်သူမှ ထွက်ပြေးလို့မရအောင် သတိထားပေးပါဦး" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောကြားလိုက်သည်။

မုန့်ချီလော့က ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင်မူ အတန်ငယ် စိုးရိမ်ပူပန်နေမိသည်။ အဘယ်ကြောင့်ဆိုသော် ချင်မိသားစု သွေးချောင်းစီး သတ်ဖြတ်ခံရမှုသည် ရှာမိသားစုဝင် အများစုနှင့် သက်ဆိုင်ခြင်းမရှိရာ ချင်ယွမ်ဖုန်း၏ ယခုလုပ်ရပ်သည် အပြစ်မဲ့သူများကိုပါ ရောနှောသတ်ဖြတ်ရာ ရောက်နေသောကြောင့် ဖြစ်ပေသည်။

ထို့အပြင် ချင်ယွမ်ဖုန်း၏ ကိုယ်တွင်းရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါသည် လုံးဝ ပျောက်ကွယ်သွားခြင်း မရှိသေးရာ အကြီးအကျယ် သတ်ဖြတ်မှုများ ပြုလုပ်ပါက သူ၏ ကိုယ်တွင်းရှိ ထိုမိစ္ဆာအရှိန်အဝါကို ပြန်လည်နှိုးဆွပေးသကဲ့သို့ ဖြစ်သွားမည်ကို စိုးရိမ်မိသည်။

"မစိုးရိမ်ပါနဲ့" ချင်ယွမ်ဖုန်းသည် မုန့်ချီလော့၏ စိုးရိမ်ပူပန်မှုကို ရိပ်မိသဖြင့် သူမ၏လက်ကို အသာအယာ ပုတ်ပေးလိုက်သည်။

မုန့်ချီလော့က ခေါင်းညိတ်ပြီးနောက် ပိုင်ဖုန်းနှင့်အတူ ကောင်းကင်ယံထက်သို့ တိုက်ရိုက်ပျံသန်းသွားကာ ရှာမိသားစု အိမ်တော်တစ်ခုလုံးကို အပေါ်စီးမှ ရှင်းလင်းစွာ မြင်ကွင်းသွင်းလိုက်သည်။ သူတို့သည် ယင်ကောင်တစ်ကောင်ကိုမျှ လွတ်မြောက်ခွင့်ပေးမည် မဟုတ်ချေ။

ချင်နန်သည် ရှာမိသားစု၏ တံခါးကြီးရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားပြီးနောက် တံခါးမကြီးကို တစ်ချက်တည်းဖြင့် အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားအောင် ကန်ကျောက်လိုက်လေသည်။

ရှာမိသားစု၏ ကာကွယ်ရေးအစောင့်များသည် တံခါးဝ၌ စုရုံးရောက်ရှိနေကြပြီး ဒေါသမုန်တိုင်းဖြင့် ပြေးဝင်လာသော လူခြောက်ယောက်ကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်ရှုနေကြသည်။

ချင်နန်နှင့် သူ၏အပေါင်းအပါများသည် အတိတ်ကကဲ့သို့ အားနွဲ့သော သခင်လေးများ မဟုတ်ကြတော့ချေ။ သူတို့အားလုံးသည် အစွမ်းထက်လှသော သိုင်းပညာရှင်ကြီးများ ဖြစ်နေကြပြီ ဖြစ်ရာ ထိုအစောင့်များအပေါ် မည်သည့်ကရုဏာမျှ ထားရှိမည် မဟုတ်ပေ။

အစောင့်အရှောက် အပြတ်အသတ် ဆယ်ဂဏန်းကျော်တို့သည် ရှေ့သို့ ပြေးဝင်လာကြသည်။ သူတို့သည် သိုင်းပညာရှင်များ ဖြစ်ကြသော်လည်း ကျင့်စဉ်အဆင့်မှာ မြင့်မားခြင်းမရှိသဖြင့် တံခါးစောင့်ရန်နှင့် ဝင်းခြံကို အကာအကွယ်ပေးရန်သာ တတ်နိုင်ကြသူများ ဖြစ်သည်။

ချင်ကျုံးသည် ပထမဆုံး ရှေ့သို့ပြေးထွက်သွားသည်။ သူ၏ ကျင့်စဉ်အဆင့်သည် ချင်နန်လောက် မမြင့်မားသော်လည်း မဟာဆရာနယ်ပယ်၏ အဆင့်ရှစ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

ကိုယ်တွင်းစွမ်းအင် အလင်းတန်းများသည် အစောင့်များထံသို့ အရှိန်အဟုန်ဖြင့် ရိုက်ခတ်သွားပြီး သူတို့ကို နောက်သို့ လွင့်စင်သွားစေကာ ပါးစပ်မှ သွေးများ အော့အန်စေခဲ့သည်။

ရှာမိသားစုဝင်အချို့ တံတိုင်းကိုကျော်၍ ထွက်ပြေးရန် ကြံစည်နေသည်ကို မြင်သောအခါ အပြေးအလွှား သွားရောက်၍ တံတိုင်းကို လက်သီးဖြင့် အပြင်းအထန် ထိုးနှက်လိုက်လေသည်။

တံတိုင်းကြီးသည် ပြိုကျပျက်စီးသွားပြီး ထွက်ပြေးရန် ကြံစည်သူ ရှာမိသားစုဝင်သည် အုတ်ကျိုးအုတ်ပဲ့များအောက်တွင် ပိမိသွားတော့သည်။

မိန်းကလေးငယ်တစ်ယောက်က တံတိုင်းကြီးကို လက်သီးတစ်ချက်တည်းဖြင့် ဖြိုချလိုက်သည့် မြင်ကွင်းသည် ရှာမိသားစု၏ အစောင့်များကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေသည်။ မကြာမီအချိန်အတွင်းမှာပင် သူတို့အားလုံးသည် မြေပြင်ပေါ်သို့ လဲပြိုသွားကြတော့သည်။

ချင်ကျုံးနှင့် အခြားသူများသည် ကရုဏာရှေ့ထားသဖြင့် သူတို့၏ အသက်ကိုမူ ရုတ်သိမ်းခြင်း မပြုခဲ့ကြချေ။

"ရိုင်းစိုင်းလှချည်လား ကောင်စုတ်လေးတွေ၊ ငါ့ရှာမိသားစု အိမ်တော်မှာ လာပြီး ပြဿနာရှာရဲတယ်ပေါ့၊ သေပေတော့"

ရှာမိသားစု၏ အကြီးအကဲတစ်ဦးသည် ဒေါသတကြီး ဟိန်းဟောက်ကာ ချင်နန်ထံသို့ တိုက်ရိုက် ပြေးဝင်လာပြီး သူ၏ ကိုယ်တွင်းစွမ်းအင်ကို ဧရာမ လက်ဝါးကြီးအသွင် ပြောင်းလဲကာ ချင်ကျုံးနှင့် အခြားသူများထံသို့ ဖိနှိပ်ချေမှုန်းလိုက်လေသည်။

သို့သော်လည်း ချင်နန်နှင့် ချင်ကျုံးတို့သည် ထိုသူ့ကို သေလူတစ်ယောက်ကဲ့သို့ ကြည့်ရှုနေကြပြီး မည်သို့မျှ လှုပ်ရှားခြင်း မရှိကြချေ။

ပုံရိပ်တစ်ခုသည် ရှာမိသားစု ဝင်းခြံအတွင်းသို့ တိုက်ရိုက် တိုးဝင်လာသည်။ ထိုပုံရိပ်က လက်ညှိုးဖြင့် အသာအယာ တို့ထိလိုက်ရုံမျှဖြင့် ရှာမိသားစု၏ မဟာအကြီးအကဲ စုစည်းထားသော ဝိညာဉ်ချီ လက်ဝါးကြီးသည် ချက်ချင်းပင် ကြေပျက်ပျောက်ကွယ်သွားတော့သည်။

ချင်ယွမ်ဖုန်း၏ ကိုယ်ထည်ပုံရိပ်သည် ချင်နန်နှင့် အခြားသူများ၏ ရှေ့တွင် ဖြည်းညှင်းစွာ ပေါ်ပေါက်လာခဲ့သည်။

"မင်းတို့ မှတ်သားထားရမှာက ကပ်ငြှိနေတဲ့ အာဃာတအတွက် ကလဲ့စားချေဖို့ လိုအပ်ပေမယ့် ရှာမိသားစုဝင် အတော်များများက ချင်မိစု သွေးချောင်းစီး သတ်ဖြတ်ခံရမှုကို လုံးဝ မသိရှိကြဘူး၊ မင်းတို့ကသာ အပြစ်မဲ့သူတွေကိုပါ ရောနှောသတ်ဖြတ်မယ်ဆိုရင် အတိတ်က ရှာမိသားစုနဲ့ မင်းတို့ ဘာထူးခြားမှာလဲ" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောကြားလိုက်သည်။

ချင်နန်၊ ချင်ကျုံးနှင့် အခြားသူများသည် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ရှာမိသားစုဝင် အားလုံးကို သတ်ဖြတ်ချင်နေကြသော်လည်း ချင်ယွမ်ဖုန်း၏ စကားက သူတို့ကို သတိဝင်လာစေခဲ့သည်။

"ရွေးချယ်မှုက မင်းတို့အပေါ်မှာပဲ မူတည်တယ်၊ ကလဲ့စား ဘယ်လိုချေမလဲဆိုတာ မင်းတို့ ကိုယ်တိုင် ဆုံးဖြတ်ပါ" ချင်ယွမ်ဖုန်းက ဆက်လက်ပြောဆိုသည်။ "ဒါပေမဲ့ ချင်မိသားစုရဲ့ သွေးတွေ စွန်းပေနေတဲ့ လက်ပိုင်ရှင်တွေကတော့ သေလူ ဖြစ်ရမယ်"

ပြောနေရင်းဖြင့် ချင်ယွမ်ဖုန်းသည် လက်ညှိုးကို တောက်လိုက်ရာ လက်ထိပ်တွင် ဝိညာဉ်ချီ တစ်ချက် စုစည်းသွားသည်။ ယင်းက ကျောက်ခဲလေးတစ်လုံးကဲ့သို့ ပျံထွက်သွားပြီး မည်သည့် ထူးခြားမှုမျှ မရှိလှချေ။

အလွန်သေးငယ်ပြီး အရေးမပါလှဟု ထင်ရသော ထိုအမှတ်အသားသည် ရှာမိသားစု၏ မဟာအကြီးအကဲအတွက်မူ အတိုင်းအဆမဲ့သော စွမ်းအားများ ပါဝင်နေသကဲ့သို့ ခံစားရစေသည်။ သူသည် အတိတ်က အဘိုးအိုအုပ်စုကို အဝေးကြီးတွင် ချန်ထားခဲ့ပြီဖြစ်သော ချင်ယွမ်ဖုန်းကို အံ့အားသင့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။

ယခုအခါတွင်မူ သူသည် လောကနိယာမ၏ ရိုးရှင်းသော အနှစ်သာရသို့ ပြန်လည်ရောက်ရှိနေသည့် အသွင်ရှိချေသည်။

ထိုဝိညာဉ်ချီသည် မဟာအကြီးအကဲ၏ ဝိညာဉ်စွမ်းအင်ပင်လယ်ကို တိုက်ရိုက် ဖောက်ထွင်းသွားပြီး သူ၏ ကျင့်စဉ်စွမ်းအားများကို မျက်စိတစ်မှိတ်အတွင်းမှာပင် ချေမှုန်းဖျက်ဆီးပစ်လိုက်လေသည်။

ချင်ကျုံးနှင့် အခြားသူများသည် ရှေ့သို့ ပြေးဝင်သွားကြပြီး သူတို့၏ ရတနာလက်နက်များကို ဆွဲထုတ်ကာ ရှာမိသားစု၏ အကြီးအကဲကို အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားအောင် ခုတ်ပိုင်းပစ်လိုက်ကြတော့သည်။

ထိုသွေးစွန်းသော သတ်ဖြတ်မှု မြင်ကွင်းသည် ရှာမိသားစုဝင် တိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေသည်။

ချင်ယွမ်ဖုန်းသည် နောက်ကွယ်တွင် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပုန်းအောင်းနေကြသော ရှာမိသားစုဝင်များကို ကြည့်ကာ မျက်မှောင်ကုတ်လိုက်သည်။

"ငါ မင်းတို့ကို လက်ဖက်ရည်တစ်ခွက်စာ အချိန်ပေးမယ်၊ အိမ်တော်ထဲမှာ ရှိနေတဲ့ ရှာမိသားစုဝင် အားလုံး ဤနေရာကို ရောက်လာရမယ်" ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ "ထွက်ပြေးဖို့ မကြံစည်ကြနဲ့၊ မဟုတ်ရင် သေဘေးကလွဲလို့ အခြားမရှိဘူး"

ရှာမိသားစုဝင်များသည် ချင်ယွမ်ဖုန်းကို ကြောက်ရွံ့စွာဖြင့် စိုက်ကြည့်ပြီးနောက် အလျင်အမြန်ပင် လူစုခွဲသွားကြတော့သည်။ ဝင်းခြံအတွင်းသို့ ပုံရိပ်အချို့ ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်းကို ရင်ဆိုင်လာကြသည်။

သူတို့အားလုံးသည် အလွန်အိုမင်းရင့်ရော်နေကြပြီး အကြီးအကဲများနှင့် မဟာအကြီးအကဲများ ဖြစ်ကြကာ ယခုအချိန်တွင် အားလုံး ထွက်လာကြခြင်း ဖြစ်သည်။

"ချင်ယွမ်ဖုန်း၊ ချင်မိသားစု ပျက်စီးဆုံးရှုံးရတာက သူတို့နဲ့ မသက်ဆိုင်ပါဘူး၊ ငါတို့ ဆောင်ရွက်ခဲ့တာပါ၊ သူတို့ကို လွှတ်ပေးပါ၊ ငါတို့ကိုတော့ မင်းအလိုရှိသလို စီရင်နိုင်ပါတယ်" ဆံပင်နှင့် မုတ်ဆိတ်ဖြူများ ရှိသော အဘိုးအိုတစ်ဦးက ဖြည်းညှင်းစွာ လှမ်းလာပြီး ပြောကြားလိုက်သည်။

ဤလူများသည် ချင်ယွမ်ဖုန်း၏ လက်ထဲမှ သူတို့၏ အသက်ကို မကယ်တင်နိုင်တော့မှန်း သိရှိကြသဖြင့် ရှာမိသားစု၏ မျိုးဆက်သွေးလိုင်းကို ချန်ထားရစ်နိုင်ရန် သူတို့၏ အသက်ဖြင့် လဲလှယ်လိုကြခြင်း ဖြစ်ပေသည်။

"မင်းတို့က ငါနဲ့ စည်းကမ်းချက် လာပြောနိုင်တဲ့ အရည်အချင်း ရှိတယ်လို့ ထင်နေတာလား" ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ၏အသံသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်သွားကာ ရှေးဟောင်းပြီး ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ခု ဖြာထွက်လာခဲ့သည်။

ယင်းကား ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းရှိ နဂါးအရှိန်အဝါပင် ဖြစ်ချေသည်။ ထိုအရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့်တစ်ပြိုင်နက် ရှာမိသားစုမှ အဘိုးအိုများကို မြေပြင်ပေါ်သို့ ဒူးထောက်သွားစေတော့သည်။ နဂါးအရှိန်အဝါ၏ ဖိနှိပ်မှုကြောင့် သူတို့သည် ခေါင်းပင် မော့မရနိုင်ကြချေ။

သူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်သွားတော့သည်။ ယခုအချိန်တွင် သူတို့နှင့် ချင်ယွမ်ဖုန်းကြားရှိ ကွာဟချက်သည် လူအင်အားဖြင့် ဖြည့်ဆည်းနိုင်သော အဆင့်တွင် မဟုတ်တော့ချေ။

ချင်ယွမ်ဖုန်းသည် စကားမဆိုတော့ဘဲ သူ၏ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ကာ အကြီးအကဲများက သူ့ကို တားဆီးထားစဉ်အတွင်း အထုပ်အပိုးများကို အလျင်အမြန် ထုပ်ပိုး၍ ထွက်ပြေးရန် ကြံစည်နေကြသော ရှာမိသားစုဝင်များကို စောင့်ကြည့်နေလိုက်သည်။

"သွားကြတော့၊ အဲဒီရှာမိသားစုဝင်တွေက တကယ်ပဲ ထွက်ပြေးဖို့ ကြံစည်နေကြတယ်၊ ငါ့ရဲ့စကားကို နားမထောင်ကြဘူးပဲ" ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောလိုက်သည်။

ချင်ကျုံးသည် အခြားသူများကို ဦးဆောင်ကာ ရှာမိသားစု၏ နောက်ဖေးဝင်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး တံတိုင်းကိုကျော်၍ ထွက်ပြေးရန် ကြံစည်သူများကို သုတ်သင်ရှင်းလင်းပစ်လိုက်တော့သည်။

မကြာမီအချိန်၌ပင် ရှာမိသားစုတွင် အိုမင်းသူ၊ အားနွဲ့သူ၊ ဖျားနာသူနှင့် မသန်စွမ်းသူများသာ ကျန်ရစ်တော့ပြီး လေထုထဲတွင် သွေးညှီနံ့များ လွှမ်းမိုးသွားခဲ့သည်။

"ချင်ယွမ်ဖုန်း၊ မင်းလည်း အသေဆိုးနဲ့ သေရမှာပါ" ရှာမိသားစု၏ အကြီးအကဲတစ်ဦးသည် သွေးဆာနေသော မျက်လုံးများဖြင့် ချင်ယွမ်ဖုန်းကို စိုက်ကြည့်ကာ အငြိုးအတေးကြီးစွာဖြင့် ကျိန်ဆဲလိုက်လေတော့သည်။

All Chapters