← Chapters

အခန်း ၈၆၆

Vol. 42 Ch. 866

အခန်း ၈၆၆

Vol. 42 Ch. 866

အခန်း(၈၆၆)

ရှာလန်သည် ဒေါသအလိပ်လိပ် ထွက်နေချေသည်။ ပန်ကျော့သည် တစ်ချိန်လုံး ချင်ယွမ်ဖုန်းနှင့် သူ၏လူစုနှင့် ပူးပေါင်းကြံစည်နေခဲ့လိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေရာ ယင်းက ရှာလန်အတွက် သည်းခံနိုင်စရာ မရှိသောအရာ ဖြစ်နေတော့သည်။

သို့သော်လည်း ချင်ယွမ်ဖုန်းက ရှာလန်၏လမ်းကို ပိတ်ဆို့ထားသဖြင့် ပန်ကျော့သည် ဂိုဏ်းချုပ်များ၏ ထက်ဝက်ခန့်ကို သူ၏ဘက်သို့ ဦးဆောင်ခေါ်သွားနိုင်ခဲ့လေသည်။

“ငါပြောသားပဲ၊ အဲဒီလောက်လည်း ဒေါသထွက်မနေပါနဲ့။ မင်းက လူတွေကို အတင်းအကျပ် အုပ်စုဖွဲ့ခိုင်းဖို့ သွေးစွန်းတဲ့နည်းလမ်းတွေကို သုံးခဲ့ပြီးတော့ သူတို့ရဲ့ ငြင်းပယ်ခွင့်ကိုကျ ပိတ်ပင်ထားချင်တာလား” ချင်ယွမ်ဖုန်းက လှောင်ပြုံးပြုံးရင်း ပြောလိုက်၏။

“မင်းတို့အားလုံး သေသင့်တာ။ ဒီလိုလုပ်မှသာ ငါတို့ရဲ့ လုယွဲ့အင်ပါယာကို ဘယ်သူမှ မဖောက်ထွင်းနိုင်တဲ့ တံတိုင်းကြီးတစ်ခု ဖြစ်စေမှာ။ အခြားနိုင်ငံတွေက ငါတို့ကို စိတ်တိုင်းကျ လာမနှိပ်စက်နိုင်တော့ဘူး”

ရှာလန်တွင်လည်း သူ၏ ကိုယ်ပိုင်အကြောင်းပြချက် ရှိနေသည်မှာ ဓမ္မတာပင် ဖြစ်သည်။ သူတို့သည် ယင်းယုံကြည်ချက်ကို အခြေခံ၍ နှစ်ပေါင်းများစွာ ကြံစည်ပြင်ဆင်ခဲ့ကြခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူတို့၏ မူလအစီအစဉ်မှာ ဖြည်းဖြည်းချင်းနှင့် တစ်ဆင့်ချင်းစီ လုပ်ဆောင်ရန်ဖြစ်သော်လည်း ချင်ယွမ်ဖုန်းကြောင့် အစီအစဉ်များ ပျက်ပြားသွားခဲ့ရသဖြင့် အခြားဂိုဏ်းများကို အတင်းအကျပ် နာခံခိုင်းစေရန် အကြမ်းဖက်နည်းလမ်းကို သုံးစွဲရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ခြေ။

ရှာလန်နှင့် ရန်ယန်တို့သည် သူတို့၏ လုပ်ရပ်များကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို စဉ်းစားခဲ့ကြသော်လည်း ဆယ်စုနှစ်အနည်းငယ်ခန့် ဆက်လက်ထိန်းသိမ်းထားနိုင်ပါက မည်သည့်ဆန့်ကျင်လိုစိတ်မဆို တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်ဟု ယုံကြည်နေကြသည်။

ကျန်ရှိနေသော ဂိုဏ်းချုပ်များသည် အနည်းငယ် ဝေခွဲမရဖြစ်ကာ မသေချာမရေရာ ဖြစ်နေကြ၏။ သူတို့သည် ယခုအချိန်တွင် မည်သည့်ဘက်သို့ ရပ်တည်ရမည်ကို မသိတော့ပေ။ ရှာလန်နှင့် တော်ဝင်မိသားစုနောက်သို့ ဆက်လက်လိုက်ပါရမည်လော၊ သို့မဟုတ် တိုက်ရိုက်ပင် ဘက်ပြောင်းရမည်လော ဟု တွေဝေနေကြသည်။

“ငါ မင်းကို စောစောစီးစီး သတ်ခဲ့သင့်တာ။ စောစောစီးစီး သတ်ခဲ့သင့်တာ”

ရှာလန်၏ မျက်လုံးများသည် နီမြန်းလာပြီး ဒေါသတကြီးဖြင့် ချင်ယွမ်ဖုန်းအား တိုက်ခိုက်လိုက်ရာ သူ၏ အတိုင်းအဆမရှိသော စွမ်းအင်များသည် သူ၏နောက်ကွယ်တွင် ဧရာမ ကျောက်ဆစ်ရုပ်တုကြီးတစ်ခုအသွင် ပေါင်းစပ်ဖွဲ့စည်းသွားတော့သည်။

ထိုကျောက်ဆစ်ရုပ်တုကြီးသည် ခေါင်းသုံးလုံး၊ လက်မောက်ခြောက်ဖက်နှင့် ထည်ဝါလှပသော အသွင်သဏ္ဌာန်ရှိပြီး နတ်ကွန်းကျောင်းတော်အတွင်း ကိုးကွယ်ထားသော နတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေချေသည်။

“သေစမ်း”

ရှာလန်သည် လက်ကွက်တစ်ခုကို ဖော်ဆောင်လိုက်ရာ သူ၏နောက်ကွယ်မှ ကျောက်ဆစ်ရုပ်တုကြီးသည် လက်မောက်ခြောက်ဖက်လုံးဖြင့် ချင်ယွမ်ဖုန်းအား ဖိနှိပ်ချေမှုန်းလိုက်တော့သည်။ အနီးအနားတွင် ရှိနေသော မည်သူမဆို ယင်းမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် တိုက်ရိုက်ပင် လွင့်စင်သွားကြရ၏။

ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ရှာလန်သည် အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ယခုသက်တမ်းတွင် ဘုရင်နယ်ပယ်သို့ တက်လှမ်းနိုင်ခြင်းမှာ မနှောင်းမနှေးဟု ဆိုနိုင်ပေရာ နောင်တွင်လည်း တိုးတက်ရန် အခွင့်အရေးများစွာ ရှိနေသေးသည်။

သို့သော်လည်း ချင်ယွမ်ဖုန်းနှင့် နှိုင်းယှဉ်ပါက ရှာလန်သည် သနားစရာကောင်းလှ၏။

“လူသတ်သမားက ဒေါသထွက်နေတာလား။ ကလဲ့စားချေဖို့ လာတဲ့ ငါတို့ဆီက ဘာကို မျှော်လင့်နေတာလဲ” ချင်ယွမ်ဖုန်း၏ မျက်လုံးများမှ မီးလျှံများ ရုတ်တရက် ပန်းထွက်လာပြီး သူ၏ မျက်ခုံးအစုံကြားတွင်လည်း မီးတောက်များ လျှပ်ကူးသွားသည်။

ခရမ်းရောင်မီးလျှံများသည် ချင်ယွမ်ဖုန်းအား လွှမ်းခြုံသွားပြီး ပြင်းထန်လှသော အပူရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးပင် ကွေးညွတ်ပုံပျက်သွားရချေသည်။

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် ယခုအခါတွင် လုံးဝမီးလျှံများဖြင့် ဖွဲ့စည်းထားပြီး ချက်ချင်းပင် ကြီးမားထွားကြိုင်းလာသော်လည်း ရှာလန်နောက်ကွယ်မှ ကျောက်ဆစ်ရုပ်တုကြီးနှင့် နှိုင်းယှဉ်လျှင် ကလေးငယ်တစ်ဦးကဲ့သို့ပင် ဖြစ်နေသေးသည်။

ကျောက်ဆစ်ရုပ်တုကြီး၏ လက်မောက်ခြောက်ဖက်သည် အရှိန်အဟုန်ဖြင့် ကျဆင်းလာရာ ချင်ယွမ်ဖုန်းသည် ယင်းကို ခုခံရန် သူ၏လက်များကို မြှောက်လိုက်ပြီး ကျောက်ဆစ်ရုပ်တုကြီး၏ လက်မောက်နှစ်ဖက်ကို တိုက်ရိုက်ပင် ဖမ်းဆုပ်လိုက်တော့သည်။

ရှာလန်၏ နဖူးပေါ်တွင် အကြောများ ဖောင်းတက်လာပြီး သူ၏လျှာကို ပြင်းထန်စွာ ကိုက်ကာ သူ၏နောက်ကွယ်မှ ကျောက်ဆစ်ရုပ်တုကြီးဆီသို့ သွေးတစ်လုပ် ထွေးထုတ်လိုက်၏။

ကျောက်ဆစ်ရုပ်တုကြီးသည် သွေးသားပိုမို ထင်ရှားလာပြီး စစ်မှန်သော ဘီလူးကြီးတစ်ကောင်ကဲ့သို့ ဖြစ်လာချေသည်။ ချင်ယွမ်ဖုန်းက ယင်း၏ လက်မောက်နှစ်ဖက်ကို ဖမ်းဆုပ်ထားသော်လည်း ကျန်ရှိနေသော လက်မောက်လေးဖက်သည် ချင်ယွမ်ဖုန်း၏ ဦးခေါင်းဆီသို့ တိုက်ရိုက်ပင် ထုနှက်ချေမှုန်းလာတော့သည်။

လက်သီးချက် ကျရောက်လာသည်နှင့်အမျှ ချင်ယွမ်ဖုန်း၏ ဦးခေါင်းသည် ပွင့်ထွက်သွားပြီး သူ၏ဦးခေါင်းခွံကြီးပင် ကြေမွပျက်စီးသွားသကဲ့သို့ ထင်မှတ်ရပေသည်။

ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့သည် သူတို့၏ ပါးစပ်များကို လက်ဖြင့်အုပ်ကာ အသက်ရှူရပ်မတတ် ထိတ်လန့်သွားကြရ၏။

သို့သော် နောက်တစ်စက္ကန့်တွင် သူတို့ စိတ်သက်သာရာ ရသွားကြရသည်မှာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဦးခေါင်းတစ်ခု တဖြည်းဖြည်း ပြန်လည်ဖွဲ့စည်းလာသောကြောင့် ဖြစ်သည်။

ယခုအခါ သူသည် မီးလျှံအသွင်သဏ္ဌာန်ဖြင့် ရှိနေသဖြင့် သာမန်တိုက်ခိုက်မှုများက သူ့အား မည်သည့်ထိခိုက်မှုမျှ မပေးနိုင်ခြေ။

“ဟွန်း”

ချင်ယွမ်ဖုန်းက နှာခေါင်းရှုံ့လိုက်ရာ သူ၏အသံသည် အဝေးမှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပေသည်။

ပူပြင်းလှသော မီးလျှံများသည် သူ၏လက်မောက်များတစ်လျှောက် အပေါ်သို့ ကူးစက်သွားပြီး ကျောက်ဆစ်ရုပ်တုကြီး၏ လက်မောက်နှစ်ဖက်လုံးကို ချက်ချင်းပင် ပြာကျသွားစေတော့သည်။

ထို့နောက် ချင်ယွမ်ဖုန်းသည် ကျောက်ဆစ်ရုပ်တုကြီး၏ အခြားလက်မောက်နှစ်ဖက်ကို ထပ်မံဖမ်းဆုပ်ကာ အလွန်ရက်စက်ကြမ်းကြုတ်သော နည်းလမ်းဖြင့် ဆွဲဖြဲပစ်လိုက်လေသည်။

နောက်ဆုံးတွင် ချင်ယွမ်ဖုန်းသည် ကျောက်ဆစ်ရုပ်တုကြီး၏ ဦးခေါင်းကို ဖမ်းဆုပ်လိုက်ရာ ယင်းမှာ လူကြီးတစ်ယောက်၏ ဦးခေါင်းကို ကလေးငယ်တစ်ယောက်က ဖမ်းဆုပ်ထားသကဲ့သို့ ပင် ဖြစ်နေတော့သည်။ သူတို့၏ အရွယ်အစားမှာ မမျှတသကဲ့သို့ သူတို့၏ ခွန်အားမှာလည်း ပို၍ပင် မမျှတချေ။

“အား”

ချင်ယွမ်ဖုန်းသည် သူ၏လက်များကို အလယ်ဗဟိုသို့ ပြင်းထန်စွာ ညှစ်ပစ်လိုက်ရာ ကျောက်ဆစ်ရုပ်တုကြီး၏ ဦးခေါင်းသည် ဖရဲသီးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားပြီး ဝိညာဉ်စွမ်းအင်တိမ်တိုက်တစ်ခုအသွင် ပြောင်းလဲကာ လွင့်ပျယ်သွားတော့သည်။

မြေပြင်ပေါ်တွင် ရှိနေသော ရှာလန်သည် မျက်နှာတစ်ခုလုံး နီမြန်းလာပြီး သွေးတစ်လုပ် ထွေးထုတ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းထိုးဆုတ်ခွာသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားရချေသည်။

ကျောက်ဆစ်ရုပ်တုကြီး ပျောက်ကွယ်သွားသဖြင့် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် မျက်လုံးအစုံ ပြူးကျယ်သွားကြရပြီး ထိတ်လန့်တုန်လှုပ်မှုကြောင့် စကားပင် မဆိုနိုင်တော့ခြေ။

“ရှာလန်၊ ဒီနေ့က မင်းရဲ့ သေနေ့ပဲ”

ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး သူ၏ ဧရာမလက်ကြီးကို ရှေ့သို့ဆန့်ကာ ရှာလန်အား ဖမ်းဆုပ်၍ အပေါ်သို့ မြှောက်တင်လိုက်တော့သည်။

ရှာလန်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် ကလေးငယ်တစ်ဦးကို မည်သည့်အတွက်ကြောင့် ရှုံးနိမ့်ခဲ့ရသည်ကို နားမလည်နိုင် ဖြစ်နေတော့သည်။ မျိုးဆက်ပေါင်းများစွာ ကြံစည်ခဲ့သော အစီအစဉ်များသည် လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့ရချေပြီ။

“အရှင်မင်းကြီး၊ ကျွန်တော်တို့ တကယ်ပဲ မှားသွားခဲ့တာလား” ရှာလန်သည် သူ၏မျက်လုံးများကို ပိတ်လိုက်တော့သည်။

နောက်တစ်စက္ကန့်တွင် ချင်ယွမ်ဖုန်းသည် ရှာလန်အား ကောင်းကင်ယံမှ တိုက်ရိုက်ပင် အောက်သို့ ပစ်ချလိုက်လေသည်။ ရှာလန်၏ ခန္ဓာကိုယ်သည် ကောင်းကင်မှ ကျဆင်းလာသော ဥက္ကာခဲတစ်ခုကဲ့သို့ လေထုကို ပြင်းထန်သော အသံဖြင့် ဖြတ်သန်းသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။

“ဝုန်း”

ပြင်းထန်လှသော အသံကြီးတစ်သံ ထွက်ပေါ်လာပြီး ရှာလန်၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ကျရောက်ကာ ဧရာမ ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားစေသည့်အပြင် အဓိကဝင်ပေါက်ရှိ နန်းတော်တံတိုင်းကြီးပင် ပြိုကျပျက်စီးသွားရချေသည်။

မီးခိုးများနှင့် ဖုန်မှုန့်များ လေထုထဲတွင် ပြည့်နှက်နေစဉ် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး သာမန်အရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားသည်။

---

ချင်နန်နှင့် အခြားသူများသည် ခေတ္တမျှ ကြောင်အမ်းအမ်း ဖြစ်နေကြပြီးနောက် ချင်ယွမ်ဖုန်းသည် တဖြည်းဖြည်း လျှောက်လှမ်းလာခဲ့သည်။

“ဟေ့၊ မင်းတို့ ကြောင်သွားကြတာလား”

ချင်နန်သည် သူ၏ အကြံအစည်များမှ နိုးထလာပြီး အလျင်အမြန် ခေါင်းခါလိုက်၏။ သူသည် ချင်ကျုံးနှင့် အခြားသူများကို ဦးဆောင်၍ ရှေ့သို့တိုးကာ ရှာလန်အား ဆွဲထုတ်လိုက်သည်။ ယခုအချိန်တွင် ရှာလန်သည် အရိုးပေါင်းများစွာ ကျိုးပဲ့နေပြီဖြစ်ရာ မတ်တပ်ပင် မရပ်နိုင်တော့ခြေ။

“နောက်ထပ် တစ်ယောက် ကျန်သေးတယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။

ပန်ကျော့သည် တဖြည်းဖြည်း လျှောက်လှမ်းလာပြီး ချင်ယွမ်ဖုန်းအား လက်အုပ်ချီ နှုတ်ဆက်ကာ “သခင်လေးချင်က တကယ့်ကို ထူးခြားလှပါတယ်။ ကျုပ်တို့လို လူအိုကြီးတွေကတော့ ကိုယ့်ကိုယ်ကိုယ် ရှက်တောင် ရှက်မိပါတယ်” ဟု ပြောလိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး “ကျုပ်က ကလဲ့စားချေဖို့ သက်သက်ပဲ လာခဲ့တာပါ၊ အခြားရည်ရွယ်ချက် မရှိပါဘူး”

ပန်ကျော့က ခေါင်းညိတ်ကာ “ဒါဆိုရင်လည်း ကျုပ်တို့ ဝင်မစွက်ဖက်တော့ပါဘူး။ နောင်တစ်ချိန်မှာ သခင်လေးချင်ကို ကျုပ်တို့ဆီ ဧည့်သည်အဖြစ် လာရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ကျုပ်တို့ရဲ့ ချင်းချန်ဂိုဏ်းက ခင်ဗျားကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေမှာပါ”

ချင်ယွမ်ဖုန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ဆိုလိုက်၏။ “ဒါနဲ့၊ ဂိုဏ်းချုပ်တွေရဲ့ အကူအညီ လိုအပ်တဲ့ ကိစ္စတစ်ခုတော့ တကယ်ပဲ ရှိနေပါတယ်”

သူသည် ပြောပြောဆိုဆိုဖြင့် စက္ကူနှင့် ကလောင်ကို ထုတ်ယူကာ စက္ကူပေါ်တွင် နန်ယွင်၏ ရုပ်သွင်ကို အလျင်အမြန် ဆွဲလိုက်ပြီး ပန်ကျော့ထံသို့ ကမ်းပေးလိုက်သည်။

“ဒီမိန်းကလေးငယ်ကို ရှာဖွေဖို့ ကျုပ်ကို ကူညီပေးကြပါ။ အကယ်၍ ရှာဖွေတွေ့ရှိမယ်ဆိုရင် ကြီးမားတဲ့ ဆုလာဘ်ကို ပေးပါ့မယ်” ချင်ယွမ်ဖုန်းက လေးနက်စွာ ပြောလိုက်၏။

ပန်ကျော့နှင့် အခြားသူများသည်လည်း ချင်ယွမ်ဖုန်း၏ လေးနက်မှုကို သတိပြုမိကြသဖြင့် အားလုံး ခေါင်းညိတ်လိုက်ကြသည်။

“စိတ်မပူပါနဲ့ သခင်လေးချင်။ ကျုပ်တို့ ပြန်ရောက်တာနဲ့ တပည့်တွေကို သတိထားကြည့်ရှုခိုင်းလိုက်ပါ့မယ်။ အကယ်၍ သူမက လုယွဲ့အင်ပါယာထဲမှာ ရှိနေမယ်ဆိုရင် ကျုပ်တို့ဂိုဏ်းတွေရဲ့ အင်အားနဲ့ဆို ပုန်းကွယ်နေနိုင်စရာ နေရာမရှိပါဘူး” ပန်ကျော့က ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး “ဂိုဏ်းချုပ်အားလုံးကို ကျေးဇူးတင်ပါတယ်”

ရှာလန် ရှုံးနိမ့်သွားသည်ကို မြင်တွေ့ရသောအခါ အခြေအနေကို စောင့်ကြည့်နေကြသော အခြားဂိုဏ်းများသည် အပြေးအလွှား ရောက်ရှိလာကြပြီး ချင်ယွမ်ဖုန်းအား ဖားပြားကာ ဦးညွှတ်ဂါရဝပြုကြတော့သည်။

ချင်ယွမ်ဖုန်းသည် ယင်းအရာများကို ဂရုမစိုက်ပေ။ ဂိုဏ်းချုပ်များကို နှုတ်ဆက်ပြီးနောက် သူသည် နန်းတော်ဆီသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားခဲ့သည်။

ဂိုဏ်းအားလုံးသည် ခဏချင်းအတွင်းမှာပင် ထွက်ခွာသွားကြပြီး ကျင့်စဉ်အဆင့် အလွန်နိမ့်ပါးလှသော အစောင့်အချို့သာ ကျန်ရှိတော့ရာ သူတို့သည် ချင်ယွမ်ဖုန်း၏ ပြိုင်ဘက် မဟုတ်ကြပေ။ သို့သော်လည်း သူတို့သည် ချင်ယွမ်ဖုန်းနှင့် သူ၏အဖော်များ ရှေ့တွင် ဆက်လက်ရပ်တန့်ထားဆဲပင် ဖြစ်တော့သည်။

All Chapters