← Chapters

အခန်း ၇၃၉

Vol. 64 Ch. 739

အခန်း ၇၃၉

Vol. 64 Ch. 739

အခန်း ၇၃၉

“ကောင်းပြီး သွားဖို့အချိန်တန်ပြီ”

ဖန်းယင်းယွီမှ လက်ကိုဝှေ့ယမ်းပြောဆိုသည်။ ထိုအခါ အားလုံးသည် နှုတ်ဆက်ထွက်ခွာကြသည်။ သို့သော် ကျောက်ယာသည် ပြန်သွားရန် အလျင်မလိုပေ။ အားလုံးထွက်သွားပြီးနောက်၌ ကျောက်ယာနှင့် ဖန်းယင်းယွီသာလျှင် ကျန်ရစ်ခဲ့သည်။ ဖန်းယင်းယွီမှ ကျောက်ယာကို ပြောသည်။

“ခရိုင်မင်းသမီးက ဘာလို့မပြန်သေးတာလဲ”

ကျောက်ယာမှ ပြောသည်။

“ဆရာတော် ချန်ကျိုစစ်ကိုသိလား”

ဖန်းယင်းယွီ တွေဝေသွားလျက် ပြန်ပြောသည်။

“အင်း ငါ ခုနကပဲ သူနဲ့အတူ သေရည်သောက်ခဲ့တာ။ အတော် အဆင်ပြေပြေ စကားပြောခဲ့ရတယ်”

“ဆရာတော် သူနဲ့ ဘာတွေပြောခဲ့လဲဆိုတာ ကျွန်မသိလို့ရမလား”

ကျောက်ယာမှ မေးသည်။ ဖန်းယင်းယွီသည် အံ့ဩသွားပြီး ပြန်ပြောသည်။

“ငါ သူ့ကို ငါ့ရဲ့အရိမေတ္တယျဂိုဏ်းထဲဝင်ဖို့ ဖိတ်နေတာ။ ဒါပေမဲ့ သူငြင်းခဲ့တယ်”

“အာ ဆရာတော်က သူ့ကိုဖိတ်ခဲ့တာလား”

ကျောက်ယာ အံ့ဩသွား၏။ ဖန်းယင်းယွီမှ ပြောသည်။

“အဲဒီလူငယ်လေးက အရည်အချင်းရှိတယ်။ တိုင်းပြည်ကိုအုပ်ချုပ်နိုင်တဲ့စွမ်းရည်ရှိတယ်။ သူသာ ငါ့ကိုကူညီရင် ငါ့ရဲ့အရိမေတ္တယျဂိုဏ်းက သေချာပေါက် ထွန်းတောက်လာလိမ့်မှာ”

ကျောက်ယာမှ ပြောသည်။

“ဆရာတော် ချန်ကျိုစစ်က ရူယန်မင်းသားအိမ်တော်က အလွန်တန်ဖိုးထားရတဲ့သူပါ။ အဲဒါကြောင့် ဆရာတော် ကျေးဇူးပြုပြီး သူ့ကို ကျွန်မတို့အတွက် လွှတ်ထားပေးဖို့တောင်းဆိုချင်ပါတယ်”

ဖန်းယင်းယွီ ပြုံးလိုက်ပြီး ပြောသည်။

“ခရိုင်မင်းသမီး အခုက အရည်အချင်းအပေါ် မူတည်နေတာပါ။ ငါ လူခေါ်တာ မအောင်မြင်ခဲ့ဘူး၊ ဒါပေမဲ့ မင်းအောင်မြင်မလားဆိုတာတော့ မင်းအပေါ်မှာပဲ မူတည်ပါတယ်”

ထိုအခါ ကျောက်ယာမှ ပြောသည်။

“ကျွန်မ သူ့ကို ကျွန်မလက်အောက်မှာ ခန့်ထားနိုင်ဖို့ သေချာပါတယ်။ အခုလိုပြောပြပေးတဲ့အတွက် ဆရာတော်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ သွားလိုက်ပါဦးမယ်”

ကျောက်ယာသည် မြင်းပေါ်တက်လိုက်သည်။ ထိုစဉ် အားသာ့မှ မေးသည်။

“ခရိုင်မင်းသမီး ကျွန်တော်တို့ ဘယ်သွားကြမလဲ”

ကျောက်ယာ ခဏမျှစဉ်းစားလိုက်ပြီးနောက် ပြောသည်။

“ငါးဖမ်းကုန်သည်အဖွဲ့ကိုသွားပြီး ချန်ကျိုစစ်ကို သွားရှာမယ်”

“ဟုတ်ကဲ့”

ထိုအခါ အားစန်းနှင့်အခြားသူများသည်လည်း နောက်မှ လိုက်ခဲ့ကြသည်။ အားစန်းမှ ပြောသည်။

“ခရိုင်မင်းသမီး ဒီချန်ကျိုစစ်က ဖန်းယင်းယွီလို သူပုန်တစ်ယောက်နဲ့ အဆက်အသွယ်လုပ်နေတာ ကျွန်တော်တို့ သူ့ကို သတ်ပစ်သင့်တယ်မဟုတ်လား”

ကျောက်ယာ အားစန်းကို လှည့်ကြည့်လိုက်ပြီး ပြောသည်။

“ပေါက်ကရတွေ၊ ဖန်းယင်းယွီက သူ့ကိုဖိတ်ခေါ်ခဲ့တာတောင် သူက ငြင်းလိုက်တာလေ။ ကြည့်ရတာ ဒီလူက တော်ဝင်နန်းတော်အပေါ် သစ္စာရှိသေးတဲ့ပုံပဲ။ သူက အသုံးဝင်သေးတယ်။

“ဖန်းယင်းယွီက သူ့ကို အဲဒီလိုမမေးခဲ့ရင် အခုချိန် ငါက သူ့ကို စမ်းသပ်နေရဦးမှာ။ အခုတော့ ငါ သူ့ကိုသုံးဖို့ စိတ်ချလက်ချထားနိုင်ပြီ။ အထူးသဖြင့် သူက ဖန်းယင်းယွီရဲ့ကမ်းလှမ်းချက်ကို ငြင်းခဲ့တယ်။ ငါတော့ သူ့မှာ တခြားရည်ရွယ်ချက်တွေရှိနေမယ်လို့ တွေးမရဘူး”

ကျောက်ယာပြောသည်မှာ မှန်ကန်၏။ ချန်ကျိုစစ်သည် ဖန်းယင်းယွီ၏ ကမ်းလှမ်းချက်ကိုပင် ငြင်းဆန်ခဲ့သည်။ သူဘာလုပ်ချင်နေတာလဲ။

သူ့ဘာသူ မင်းမူချင်တာကြောင့်၊ ဘယ်သူ့ရဲ့လက်အောက်ခံမှ မဖြစ်လိုတာကြောင့်ဟူ၍ ထင်မြင်ခြင်းငှာ သဘာဝမကျပေ။ ချန်ကျဲ့သည် သူပုန်များကို အားမပေးဘဲ တော်ဝင်နန်းတော်ကို သစ္စာစောင့်သိသူဟု သဘာဝကျကျ ထင်သွားနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ဒေသခံကုန်သည်အဖွဲ့ခေါင်းဆောင်လေးတစ်ဦး၌ ဧကရာဇ်ဖြစ်လိုသည့်ရည်ရွယ်ချက် ရှိနေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ရွာကုန်စုံဆိုင်ပိုင်ရှင်မှ ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်လာရန် အိပ်မက်မက်နေခြင်းနှင့် အတူတူပင် မဟုတ်ပါလော။ ထိုစကားကို လူတို့ထံ ထုတ်ပြောလိုက်လျှင်ပင် အားရပါးရ ရယ်မောခံရခြင်းဖြင့်သာ အဆုံးသတ်သွားလိမ့်မည်။

ချန်ကျဲ့၏ရည်ရွယ်ချက်မှာ ဧကရာဇ်တစ်ပါးဖြစ်လာရန်ဟူသည်ကို မည်သူကမျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။

ကျောက်ယာ၏အမြင်၌မူ အနည်းဆုံးတော့ ချန်ကျိုစစ်သည် တော်ဝင်နန်းတော်ကို သစ္စာရှိပြီး ရိုးသားသည်။ ချက်ချင်း ရာထူးခန့်အပ်ရန် သင့်တော်၏။

ထိုအချိန်၌ ငါးဖမ်းကုန်သည်အဖွဲ့သို့ ပြန်ရောက်နေပြီဖြစ်သည့် ချန်ကျဲ့သည် မျန့်ရွှေ၏အထင်ကရပုဂ္ဂိုလ်ကြီးများ ဖန်းယင်းယွီကို သွားရှာကာ မျန့်ရွှေတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်နေသည့်သတင်းကို ကြားသိခဲ့ရသည်။

ချန်ကျဲ့ ခေါင်းခါရမ်းလျက် ရယ်မောလိုက်သည်။ ချန်ကျဲ့ စူးယွင်ကျင်းနှင့် ညစာစားပြီးသည်တွင် ကျောက်ယာရောက်လာသည်။

၊ချန်ကျဲ့ ကျောက်ယာကို အထဲသို့ ချက်ချင်းဖိတ်ကြားလိုက်သည်။

ကျောက်ယာမှ စူးယွင်ကျင်းကို မြင်သောအခါ ပြောသည်

“ချန်သခင်မ”

စူးယွင်ကျင်း ထရပ်လိုက်ပြီး အရိုအသေပြုနှုတ်ဆက်သည်။

“ခရိုင်မင်းသမီးကို ဂါရဝပြုပါတယ်။ ‌ရှင်တို့ စကားပြောကြပါ၊ ကျွန်မ သွားလိုက်ပါဦးမယ်”

သို့ဆိုလျက် စူးယွင်ကျင်းသည် ထွက်သွား၏။

စူးယွင်ကျင်းထွက်သွားပြီးနောက် ချန်ကျဲ့လည်း ကျောက်ယာကို လက်သီးယှက်အရိုအသေပြု နှုတ်ဆက်လိူက်သည်။

“ဒီလိုညအချိန်ကြီးမှာ ခရိုင်မင်းသမီးက ဘာကြောင့်များ ရောက်လာရတာပါလဲ”

ထိုအခါ ကျောက်ယာမှ ပြောသည်။

“ကုန်သည်အဖွဲ့ခေါင်းဆောင်ချန် လောကနံပါတ်၆ပုဂ္ဂိုလ်ကြီးဖန်းယင်းယွီ မျန့်ရွှေကိုရောက်လာတာကို ရှင်သိလား”

ထိုကိစ္စအကြောင်းပြောလာသောကြောင့် ချန်ကျဲ့ အံ့ဩမင်သက်သွားခဲ့သည်။ သို့သော် ချက်ချင်းပင် ကျောက်ယာ၏ရည်ရွယ်ချက်ကို သဘောပေါက်သွားပြီး ပြုံးလိုက်သည်။

“ခရိုင်မင်းသမီးက ကျွန်တော်နဲ့ ဘုန်းတော်ကြီးဖန်းတို့ စားသောက်ဆိုင်ထဲမှာ ပြောခဲ့တဲ့စကားတွေကို သိချင်တာမလား”

ကျောက်ယာ ချန်ကျဲ့ကို ကြည့်လာ၏။ ထို့နောက် ပြောသည်။

“အို ကုန်သည်အဖွဲ့ခေါင်းဆောင်ချန်က ပြောပြချင်ရဲ့လား”

ချန်ကျဲ့မှ ပြောသည်။

“ဘာမှအထူးတလည် ပြန်ပြောပြစရာ မရှိပါဘူး။ ကျွန်တော် ဒီနေ့ ဆိုင်မှာ ညစာစားနေတုန်း ဘုန်းတော်ကြီးဖန်းနဲ့ ဆုံတွေ့ခဲ့တယ်။ သူက ကျွန်တော့်ကို အုပ်ချုပ်ရေးအကြောင်းအရာတချို့ကို မေးတော့ ကျွန်တော်လည်း ပြန်ဖြေပေးခဲ့တယ်။ နောက်တော့ သူက ကျွန်တော့်ကို အရိမေတ္တယျဂိုဏ်းထဲဝင်ဖို့ ဖိတ်တယ်”

“အရိမေတ္တယျဂိုဏ်းက တော်ဝင်နန်းတော်ကို ပေါ်တင် မပုန်ကန်ပေမဲ့ သူတို့က တော်ဝင်နန်းတော်ရဲ့ရန်သူတွေပဲဆိုတာကို ကျွန်တော်သိတယ်။ သူနဲ့ပြဿနာမဖြစ်ရတဲ့ တစ်ခုတည်းသောအကြောင်းအရင်းက သူ့ရဲ့သိုင်းပညာကြောင့်ပဲ”

“ကျွန်တော်က တော်ဝင်နန်းတော်ကို သစ္စာခံထားတဲ့သူ။ ဆိုတော့ သူ့ရဲ့ကမ်းလှမ်းချက်ကို လက်မခံခဲ့ဘူး။ အဖြစ်အပျက်ကတော့ အဲဒါအကုန်ပါပဲ။ ဒါက ခရိုင်မင်းသမီးရဲ့မေးခွန်းအတွက် အဖြေဖြစ်ရဲ့လား”

ကျောက်ယာမှ အသာခေါင်းညိတ်သည်။

“အို ဟုတ်လား”

ချန်ကျဲ့မှ ပြောသည်။

“အမှန်ပါပဲ”

“ကုန်သည်အဖွဲ့‌ေခါင်းဆောင်ချန်က တော်ဝင်နန်းတော်ကို သစ္စာခံတာကြောင့် ဖန်းယင်းယွီရဲ့ဖိတ်ခေါ်မှုကို ငြင်းခဲ့တယ်ပေါ့လေ”

ချန်ကျဲ့မှ ပြောသည်။

“အမှန်ပါပဲ။ ဒါပေါ့ သေချာပေါက် နည်းနည်းတစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်လည်း ရှိတာပေါ့။ ခရိုင်မင်းသမီးက ကျွန်တော့်ကို ရူယန်မင်းသားနဲ့ မိတ်ဆက်ပေးမယ်လိူ့ ပြောထားတယ်မဟုတ်ဘူးလား”

“သူပုန်နောက်လိုက်လုပ်မယ့်အစား မင်းသားလက်အောက်မှာ ခစားတာက ပိုကောင်းမွန်တဲ့ရွေးချယ်မှုဆိုတာ သိသာနေတာပဲလေ”

ထိုအခါ ကျောက်ယာ ရယ်မောလိုက်ပြီး ပြောသည်။

“ချန်ကျိုစစ် ရှင်က တကယ်ချီးကျူးစရာပဲ။ ဆေးဘုရင်ရတနာကိစ္စပြီးတာနဲ့ ရှင် ကျွန်မနဲ့အတူ ဟွမ်ကျိုးကို လိုက်ခဲ့ရမယ်”

“အာ ကျွန်တော်တို့က ဟွမ်ကျိုးမှာ ဘာလုပ်ကြမှာလဲ”

ချန်ကျဲ့ ကျောက်ယာကို နားမလည်နိုင်စွာ ကြည့်လိုက်သည်။ ကျောက်ယာမှ ရှင်းပြသည်။

“ကျွန်မရဲ့စိစစ်ရေးတမန်တော်တာဝန်က မျန့်ရွှေအရောက်မှာ ပြီးဆုံးသွားပြီ။ ပြီးရင် လက်ရှိ ဟွမ်ကျိုးမှာရှိတဲ့ ပင်မရုံးနဲ့ ဟူပေလမ်းမကြီးရဲ့ စစ်ရေးကိစ္စတွေကို စီမံခန့်ခွဲဖို့အတွက် ကျွန်မကို ဟူပေစစ်ရေးခေါင်းဆောင်အဖြစ် တာဝန်ခန့်အပ်လိမ့်မယ်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ဟူပေစစ်ရေးခေါင်းဆောင်ရာထူးက ဘယ်လောက်မြင့်လဲဗျ”

ကျောက်ယာမှ ပြောသည်။

“ဟွမ်ကျိုးပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ တန်းတူဖြစ်လိမ့်မယ်။ အဲဒါကြောင့် ကျွန်မအထင် ဟူပေလမ်းမဝန်ကြီးရဲ့ လက်အောက်မှာပဲ”

ထိုအခါ ချန်ကျဲ့ စကားပြောရန်ဟန်ပြင်လိုက်သေးသော်ငြား ဘာမှမပြောတော့ပေ။

ကျောက်ယာမှ ပြောသည်။

“ဒါပေမဲ့ ကျွန်မတို့က လူအရမ်းနည်းတယ်။ လောလောဆယ် ဟွမ်ကျိုးပြည်နယ်အရေးကိစ္စတွေကိုပဲ စီမံခန့်ခွဲနိုင်ဦးမှာ။ ဟူပေလမ်းမကြီးအတွက်ကတော့ ကျွန်မတို့ အဲဒီလောက်ဝေးဝေး မရောက်နိုင်သေးဘူး။ ကျွန်မတို့ရဲ့အင်အားလေးနဲ့ မလုံလောက်ဘူး”

ထိုအခါ ချန်ကျဲ့ မေးလိုက်သည်။

“ဒါဆို ကျွန်တော် ခရိုင်မင်းသမီးနောက်ကိုလိုက်ရင် ဘယ်ရာထူးအဆင့်ကို ရရှိနိုင်မှာပါလဲ”

All Chapters