← Chapters

အခန်း ၇၄၄

Vol. 64 Ch. 744

အခန်း ၇၄၄

Vol. 64 Ch. 744

အခန်း ၇၄၄

ချန်ကျဲ့ သက်ပြင်းချလိုက်သည်။

“အစိုးရက စွမ်းဆောင်ရည်မရှိဘူးဆိုရင် အစိုးရရှိနေတာ ဘာအဓိပ္ပာယ်ရှိသေးသလဲ”

“စစ်ရှီး”

“ရှိပါတယ်”

စစ်ရှီး လက်သီးယှက်အရိုအသေပြုသည်။ ချန်ကျဲ့မှ ပြောသည်။

“ငါတို့စီစဉ်ထားတဲ့အတိုင်း ရေလွှဲဖို့ စတင်မယ်။ ရေကြီးမယ့်နေရာတွေက အရပ်သားတွေကို သေချာနေရာချထားပါ။ ငါအခု ဆေးဘုရင်တောင်ကြားဆီ သွားရတော့မှာမလို့ ရေလွှဲတာနဲ့ပတ်သက်ပြီး မင်းတို့ကို ညွှန်ကြားမပေးနိုင်တော့ဘူး။ အခုကစပြီး ဒီတာဝန်ကို မင်းကိုပေးအပ်ခဲ့မယ်။ ရေလွှဲဖို့ စတင်လိုက်တော့။ ဆယ်ချီနေတဲ့ရွာတွေကို သေချာပေါက် ကယ်တင်ရမယ် နားလည်လား”

ထိုအခါ စစ်ရှီးသည် အနည်းငယ် တွန့်ဆုတ်သွား၏။ ထို့နောက်မှ ပြန်ဖြေသည်။

“ဟုတ်ကဲ့”

ထိုအခါ ရှောင်ဟူမှ ပြောသည်။

“အစ်ကိုကျိုစစ် ကျွန်တော် အစ်ကိုနဲ့ မလိုက်ရဘူးလား”

ချန်ကျဲ့မှ ပြန်ပြောသည်။

“မင်း ငါ့နောက်မလိုက်နဲ့တော့။ ဒီက ကိစ္စတွေကိုပဲ ကူညီပေးလိုက်ပါ”

ထိုစဉ် ချန်ဟန်ဝင်လာပြီး ပြောသည်။

“ခရိုင်မင်းသမီးတို့ ရောက်လာကြပါပြီ”

ချန်ကျဲ့ အံ့ဩသွားပြီး ပြောသည်။

“ငါက သွားတွေ့ရမှာ မဟုတ်ဘူးလား”

ထိုစဉ် အခန်းတံခါးပွင့်သွားပြီး ကျောက်ယာဝင်လာသည်။

“အခု မလိုတော့ဘူးလေ။ ပါးထန်းတို့အုပ်စု ထွက်ခွာသွားပြီလို့ ယဲ့လုဖုန်းရဲ့ကင်းထောက်တွေ သတင်းပို့လာတယ်။ ကျွန်မတို့ ဆိပ်ကမ်းကို အမြန်သွားရအောင်”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“သွားကြမယ်။ လှေက အဆင်သင့်ပါပဲ”

သို့ဖြင့် ချန်ကျဲ့သည် ကျောက်ယာတို့နှင့်အတူ ထွက်ခွာလာခဲ့သည်။ ထိုစဉ် ကျောက်ယာမှ ပြောသည်။

“လျိုလောင်ကွေ့ရော.. သူမလာရင် ကျွန်မတို့ သူ့ကိုမစောင့်တော့ဘူး”

ချန်ကျဲ့မှ ပြောသည်။

“ခေါင်းဆောင်လျိုက အခုလောက်ဆို ဆိပ်ကမ်းနား ရောက်နေလောက်ပါပြီ။ ဟူဇစ် ခေါင်းဆောင်လျိုကို သွားအကြောင်းကြားချည်”

ရှောင်ဟူမှ ပြန်ပြောသည်။

“ဟုတ်ကဲ့”

လျိုလောင်ကွေ့သည်‌ ဆေးဘုရင်တောင်ကြားသို့သွားရန် အလွန်စိတ်အားထက်သန်နေသည်ဖြစ်ရာ ချန်ကျဲ့သည်လည်း မလွဲချော်စေလိုပေ။ သို့ဖြင့် ရှောင်ဟူသည် လျိုလောင်ကွေ့ကို သွားရှာခဲ့သည်။

ထိုစဉ် ချောင်ကုန်သည်အဖွဲ့၌ လျိုလောင်ကွေ့သည် ကောင်းကင်ကိုမော့ကြည့်နေရင်း ပို‌င်မော့ရှန်းကို ပြောသည်။

“လူကြီးမင်းပိုင် ငါ အားစုန့်ကို မင်းဆီ ယုံယုံကြည်ကြည် အပ်ခဲ့ပြီနော်”

ပိုင်မော့ရှန်းသည် တွေဝေသွားရင် လျိုလောင်ကွေ့ကို ကြည့်လိုက်သည်။

“ခေါင်းဆောင် လျှောက်ရမည့်ခရီးက အန္တရာယ်များလှပါတယ်။ ဘာလို့များ မလိုအပ်ဘဲ အသက်စတေးနေမှာပါလဲ”

လျိုလောင်ကွေ့မှ ပြောသည်။

“လူကြီးမင်းပိုင် ငါ စွမ်းအင်ပြောင်းလဲခြင်းအဆင့်မှာ တိုးတက်မှုမရှိတာ နှစ်၂၀ရှိပြီ။ အံ့ဖွယ်တစ်ခုခုကြောင့်မှ မဟုတ်ရင် ငါ့ရဲ့ကျင့်ကြံမှုက ဒီမှာ လမ်းဆုံးပြီပဲ။ ငါလက်မခံနိုင်ဘူး”

ထိုအခါ ပိုင်မော့ရှန်းမှ သက်ပြင်းချလျက် ပြောသည်။

“ခေါင်းဆောင် ကျွန်တော် ခေါင်းဆောင်ကို ထပ်ပြီး မဖျောင်းဖျတော့ပါဘူး။ ဒါပေမဲ့ ဂရုစိုက်ပါ”

“အဖေ”

လျိုစုန့်သည် လျိုလောင်ကွေ့ကို တုန်လှုပ်စွာ ကြည့်နေသည်။ သူ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေ၏။ လျိုလောင်ကွေ့သည် လျိုစုန့်၏ပခုံးကို ဖွဖွပုတ်လိုက်ရင်း ပြောသည်။

“ငါမရှိတဲ့အချိန်မှာ လူကြီးမင်းပိုင်စကားကို နားထောင်‌ရမယ်။ ငါက မင်းရဲ့တန်ဖိုးကိုပြသဖို့ အခွင့်အရေး‌မပေးဘူးလို့ မင်းအမြဲပြောတယ်မလား။ ငါမရှိတဲ့ ဒီအချိန်တွေမှာ ချောင်ကုန်သည်အဖွဲ့ရဲ့ကိစ္စအဝဝက မင်းလက်ထဲမှာပဲ”

“သားလေး ငါဘေးကင်းကင်းနဲ့ ပြန်ရောက်လာခဲ့ရင် ငါရာထူးစွန့်ပြီး မင်းကိုရာထူးဆက်ခံခိုင်းမယ်။ အဲဒီအခါကျ မင်းက ချောင်ကုန်သည်အဖွဲ့ရဲ့ခေါင်းဆောင်ပဲ”

ထိုစကားကိုကြားသောအခါ သူတို့ဘေးတွင်ရပ်နေသည့် ပိုင်မော့ရှန်းသည် တစ်ခုခုပြောချင်သော်ငြား ပြောမည့်စကားများကို ပြန်မျိုချလိုက်ရသည်။ လျိုစုန့်သည် ခေါင်းဆောင်အရည်အချင်းရှိသူ မဟုတ်ချေ။

လျိုလောင်ကွေ့သည် ပိုင်မော့ရှန်းကိုကြည့်လိုက်ပြီး ပြောသည်။

“လူကြီးမင်းပိုင် မင်းတွေးနေတာကို ငါသိတယ်။ ငါဘေးကင်းကင်းပြန်လာနိုင်ခဲ့ရင် စုန့်အာ ရာထူးဆက်ခံနိုင်စွမ်းရှိအောင် ငါ စုန့်အာကို နောက်၁၀နှစ်သင်ကြားပေးမယ်”

“ငါပြန်မလာနိုင်ခဲ့ရင်တော့ စုန့်အာက ခေါင်းဆောင်အရည်အချင်းမရှိဘူး။ မင်းပဲ ရာထူးဆက်ခံလိုက်ပါ။ စုန့်အာရဲ့ဘဝလေး လွတ်လပ်အေးချမ်းတာ သေချာအောင်ပဲ စီစဉ်ပေးပါ”

ထိုအခါ ပိုင်မော့ရှန်း၏ မျက်နှာအမူအရာပြောင်းလဲသွားပြီး ပြောသည်။

“ခေါင်းဆောင် ဘာလို့ ဒီလိုစကားမျိုးပြောရတာပါလဲ။ ကျွန်တော့်မှာ အဲဒီလိုရည်ရွယ်ချက်မရှိပါဘူး”

လျိုလောင်ကွေ့မှ ပြန်ပြောသည်။

“မစွန့်စားရင် မပြီးမြောက်ဘူးတဲ့။ ငါပြောတဲ့စကားတွေက စိတ်ရင်းအမှန်ပါပဲ။ ငါအဆင်အခြင်မဲ့ပြောနေတယ်လို့ မတွေးလိုက်နဲ့”

ထို့နောက် လျိုလောင်ကွေ့မှ ဆက်ပြောသည်။

“အနာဂတ်မှာ စုန့်အာရဲ့ဘဝလေး အပူအပင်ကင်းဖို့ပဲ ငါမျှော်လင့်တာပါ”

လျိုလောင်ကွေ့သည် သားဖြစ်သူအကြောင်း ကောင်းကောင်းသိသည်။ လျိုစုန့်သည် အရည်အချင်းမရှိသဖြင့် အကယ်၍များ ပိုင်မော့ရှန်းမှ တကယ်ကြီး ရာထူးသိမ်းယူလိုသည့်ဆန္ဒ ဖြစ်ပေါ်လာပါက လျိုစုန့်သည် သေချာပေါက် ခုခံနိုင်စွမ်းရှိလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ အစကတည်းက ရက်ရောစွာ ပေးကမ်းထားပြီး လျိုစုန့်၏ဘဝ အပူအပင်ကင်းစေရန် ‌သေချာစေခြင်းသည် ပိုကောင်းလိမ့်မည်။

ထိုသို့တွေးလျက် ပိုင်မော့ရှန်းသည် ဒူးတစ်ဖက်ထောက်ချလိုက်ရင်း ပြောသည်။

“ခေါင်းဆောင်က ကျွန်တော့်ကို ဒီလောက်တောင် မယုံကြည်နေဘူးဆိုရင် ကျွန်တော့်ရဲ့သေခြင်းနဲ့ပဲ တောင်းပန်နိုင်ပါတော့မယ်”

ထိုအခါ လျိုလောင်ကွေ့သည် ပိုင်မော့ရှန်းကို ချက်ချင်း ဆွဲထူလိုက်ရင်း ပြောသည်။

“လူကြီးမင်းပိုင် ငါစိတ်ရင်းအမှန်နဲ့ ပြောနေတာပါ။ သူရဲကောင်းတွေ သူ့ထက်ငါအပြိုင်ဖြစ်နေကြတဲ့ ဒီခေတ်ကြီးမှာ အနာဂတ်မှာဖြစ်ပေါ်လာမယ့် ကပ်ဘေးတွေကို မှန်းဆလို့မရနိုင်ဘူး။ အခြေခံအုတ်မြစ်သေးသေးလေးကို ခေါင်းမာပြီး တွယ်ကပ်နေတာထက်စာရင် ပိုပြီး အရည်အချင်းရှိတဲ့ခေါင်းဆောင်ကို တင်မြှောက်လိုက်တာက ပိုကောင်းပါတယ်။ ငါ့သားက အရည်အချင်းရှိတဲ့ခေါင်းဆောင်တစ်ယောက် မဟုတ်ဘူး။ အဲဒါကြောင့် မင်းမှာ ရည်မှန်းချက်ရှိတယ်ဆိုရင် ငါ့သားရဲ့ဘဝ လုံခြုံဘေးကင်းတာ သေချာရင်ရပြီ”

“ခေါင်းဆောင်”

“အဖေ”

…

ထိုစဉ် အပြင်ဘက်မှ ချန်ရှောင်ဟူရောက်လာကြောင်း အကြောင်းကြားလာသည်။ လျိုလောင်ကွေ့ ချန်ရှောင်ဟူကို ချက်ချင်းထွက်တွေ့သည်။ ရှောင်ဟူမှ ပြောသည်။

“ခေါင်းဆောင်လျို ဆေးဘုရင်တောင်ကြားကို လိုက်မှာပါလား။ ကျွန်တော်တို့ခေါင်းဆောင်က ထွက်ခွာသွားပါပြီ”

“သွားမယ် သွားမယ်”

လျိုလောင်ကွေ့မှ အလျင်စလိုဖြင့် မေးသည်။

“သူတို့အခုဘယ်မှာလဲ”

“ဆိပ်ကမ်းမှာပါ”

ထိုအခါ လျိုလောင်ကွေ့သည် ဘာမှဆက်မပြောတော့ပေ။ မြင်းပေါ်ခုန်တက်၍ မြင်းကို အပြေးနှင်သွားတော့သည်။

လျိုလောင်ကွေ့ထွက်သွားသည်ကိုကြည့်ရင်း လျိုစုန့်နှင့် ပိုင်မော့ရှန်းတို့မှာ စိုးရိမ်ပူပန်စွာ ကျန်ရစ်ခဲ့ကြသည်။

မကြာမီ မြစ်ကမ်းဘေးသို့ ရောက်လာသည်။ မြစ်ရေသည် ရေအောက်စီးကြောင်းများနှင့်အတူ ပြင်းထန်စွာ စီးဆင်းနေ၏။

မြစ်ကမ်းထက်တွင် ၅မီတာခန့်ရှည်လျားသည့် စစ်သင်္ဘောငယ်တစ်မျိုးရှိနေသည်။

သူရောက်လာချိန်၌ ကျောက်ယာနှင့် အခြားသူများသည် လှေကို ကမ်းစပ်သို့ ရွှေ့ထားပြီးဖြစ်သည်။ လျိုလောင်ကွေ့ရောက်သောအခါ ချန်ကျဲ့မှ ချက်ချင်း လက်ဝှေ့ယမ်းပြလျက် အော်ပြောသည်။

“အစ်ကိုလျို ဒီမှာ”

ထိုအခါ လျိုလောင်ကွေ့ အနားကပ်သွားပြီး ကျောက်ယာကို အရိုအသေပြုလိုက်သည်။

“ခရိုင်မင်းသမီး ကျွန်တော်နောက်ကျသွားပါတယ်”

ကျောက်ယာသည် များများစားစား တုံ့ပြန်မပြောပေ။ ချန်ကျဲ့မှ မေးလိုက်သည်။

“အစ်ကိုလျို အစ်ကိုက အတွေ့အကြုံရှိတဲ့သူဆိုတော့ ကျွန်တော်တို့ ဒီမြစ်ကို ဘယ်လိုကျော်ဖြတ်သင့်လဲ ပြောပါဦး”

လျိုလောင်ကွေ့မှ ပြောသည်။

“ဒီလိုအခြေအနေမျိုးမှာဆို ငါတို့ ရေစီးကြောင်းအတိုင်း သွားသင့်တယ်။ မြစ်လယ်ကိုရောက်ရင် ရေစီးတာက ပိုငြိမ်သက်သွားလိမ့်မယ်”

သို့ဖြင့် လူအုပ်စုသည် လှေကို မြစ်ထဲတွန်း၍ ရေစီးကြောင်းအတိုင်း စုန်ဆင်းခဲ့ကြသည်။

ချန်ကျဲ့နှင့် လျိုလောင်ကွေ့သည်‌ တစ်ယောက်သည် ရှေ့တွင်နေရာယူပြီး တစ်ယောက်သည် နောက်တွင်နေရာယူကာ လှေကို ပဲ့ကိုင်ရန် တာဝန်ယူကြသည်။ လျိုလောင်ကွေ့သည် သူ၏အတွေ့အကြုံဖြင့် လှေဦး၏ ဦးတည်ရာကို ထိန်းချုပ်ပြီး ချန်ကျဲ့သည် ရေပွေများကို အထူးသတိထား၍ မောင်းနှင်သည်။

သို့ဖြင့် ချန်ကျဲ့တည်ဆောက်ထားသည့် စစ်သင်္ဘောငယ်လေးသည် လှိုင်းလေမုန်တိုင်းများကို အံတုကာ ‌မြစ်ကြောင်းတစ်လျှောက် စုန်ဆင်းလာခဲ့သည်။

ထို့နောက် လှေကိုလှည့်၍ သိသိသာသာ ရေငြိမ်သည့် မြစ်လယ်သို့ ရောက်ရှိခဲ့ကြသည်။ သူတို့ စိတ်သက်သာရာရစွာ သက်ပြင်းချရုံရှိသေးသည်.. မနီးမဝေးမှ ချဉ်းကပ်လာနေသည့် သင်္ဘောကြီးကို မြင်လိုက်ရလေသည်။

All Chapters