← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃ - ရိုးကူပန်းကို လုယူခြင်း။

ထျန်ရှင်းတောင်ထဲတွင် ကောင်းမွန်သောအရာများစွာ ရှိသည်။

ဥပမာအားဖြင့် ပြင်ပလောကတွင် အလွန်ရှားပါးလှသော ဝိညာဉ်ဆေးဖက်ဝင်အပင်များ၊ သို့မဟုတ် အဖိုးတန်ရိုင်းသတ္တုများ၊ ရှေးဟောင်းမှော်ရတနာအပိုင်းအစများ စသည်တို့ ဖြစ်ကြသည်။

ဘေးအန္တရာယ်အနေဖြင့်မူ ထျန်ရှင်းတောင်အတွင်း၌ ရန်ငြိုးများနှင့် ယင်ချီ များမှတစ်ဆင့် ဖြစ်တည်လာသော မိစ္ဆာဝိဉာဥ် များ ရှိနေသည်။

ဤအရာများမှာ ကိုင်တွယ်ရ အလွန်ခက်ခဲလှသဖြင့် ယန်စွမ်းအင် ပါဝင်သော မန္တန် သို့မဟုတ် မှော်ရတနာများကို အသုံးပြု၍ တိုက်ခိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

ရွှမ်းကျီခန်းမမှ ကျောက်စိမ်းပေလွှာအရ ဤတစ်ကြိမ်တွင် ထျန်ရှင်း

တောင်သည် ငါးရက်ကြာ ပွင့်လှစ်မည်ဖြစ်သည်။

ငါးရက်ပြည့်ပါက လူတိုင်း အပြင်သို့ မောင်းထုတ်ခြင်း ခံရလိမ့်မည်။

အာရုံစိုက်မခံရစေရန်အတွက် ဝေ့ဝူ သည် ဓားပျံမစီးတော့ဘဲ မြေပြင်အတိုင်းသာ တိတ်တဆိတ်လျှောက်သွားခဲ့သည်။

"ဝူအာ မင်း ထျန်ရှင်းတောင်ထဲကို ဝင်သွားပြီလား။"

ဝေ့ကျင်းပေါ် က သူ့ထံ ဆက်သွယ်လာခြင်း ဖြစ်သည်။

"ဘာကိစ္စရှိလို့လဲ။"

ဝေ့ဝူကမေးလိုက်သည်။

ဝေ့ကျင်းပေါ်က ပြောသည်။

"မနေ့ညက လွတ်လပ်သော ကျင့်ကြံသူတစ်ယောက်က ချင်မိသားစု ပိုင်ခဲ့တဲ့ ဒေသက သတ္တုတွင်းတစ်ခုထဲကို ကျူးကျော်ဝင်ရောက်ခဲ့လို့ ငါတို့ မိသားစုဝင်တစ်ယောက် သေဆုံးသွားခဲ့ရတယ်။"

"ဘာ... လူသတ်သမားကို မိလား။"

"သူ့ကို သတ်ပစ်လိုက်ပြီ။ ဒါပေမဲ့ ဘိုးဘေးနဲ့ငါက ဒီကိစ္စက ဒီလောက်မရိုးရှင်းဘူးလို့ ထင်တယ်။ မူလကတော့ မင်း ထျန်ရှင်းတောင်ထဲ မဝင်ရသေးခင်မို့ ပြန်လာခိုင်းမလို့ပဲ။ ဒါပေမဲ့ မင်း အတွင်းထဲ ရောက်နေပြီဆိုတော့လည်း အများကြီး တွေးမနေပါနဲ့တော့ မိသားစုအရေးကို ငါတို့ စီမံလိုက်ပါမယ်။"

ဝေ့ဝူ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ကောင်းပါပြီ။ အကယ်၍ ဘေးအန္တရာယ်ရှိလာရင် မိသားစုဝင်တွေကို မိသားစုဝင်းထဲ ဆုတ်ခွာခိုင်းလိုက်ပါ။ စစ်တုရင်ယန္တရားရှိနေတော့ မိသားစုကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ ပြီးတော့ အဖေလည်း သတိထားပါဦး။"

"စိတ်ချပါ။ မင်းလည်း အတွင်းထဲမှာ အန္တရာယ်တွေကြားထဲ ရောက်နေတာမို့ မင်းကိုယ်မင်း ကာကွယ်ပြီး ဘေးကင်းကင်း ပြန်လာခဲ့။ ဒါနဲ့ သတင်းကောင်းတစ်ခု ရှိသေးတယ်။ ဆဋ္ဌမမြောက်အကြီးအကဲ ဝေ့ရီရဲ့ဒဏ်ရာတွေ သက်သာသွားပြီ။"

ဝေ့ဝူ စိတ်အေးသွားကာ အနည်းငယ် ဝမ်းသာသွားမိသည်။ သူ ရေခဲဝိညာဉ်ကို ရရှိခဲ့သဖြင့် ဆဋ္ဌမမြောက်အကြီးအကဲ ဝေ့ရီ၏ ဒဏ်ရာများမှာ နောက်ဆုံးတွင် ပျောက်ကင်းသွားခဲ့ချေပြီ။

...

ဆက်သွယ်မှုကို ရပ်တန့်ပြီးနောက် သူသည် တောင်ကြားတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ ၎င်းသည် မြူမည်းများဖြင့် ပြည့်နှက်နေပြီး မြင့်မားသော သစ်ပင်ကြီးများ ထူထပ်စွာ ပေါက်ရောက်နေကာ ကြောက်မက်ဖွယ်ကောင်းပြီး သရဲတစ္ဆေခြောက်သည့် ပုံစံမျိုး ပေါက်နေသည်။

သူ တိတ်တဆိတ် အတွင်းသို့ ဝင်လိုက်သည်နှင့် ရှေ့မှ လေခွဲသံကို ကြားလိုက်ရသည်။

သူ ဘေးသို့ ရှောင်တိမ်းကာ သစ်ပင်တစ်ပင်၏ နောက်ကွယ်တွင် သတိကြီးစွာဖြင့် ဝပ်နေလိုက်သည်။

"ဘယ်သူတွေ ရှေ့မှာ တိုက်ခိုက်နေကြတာလဲ။"

ဝေ့ဝူ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ကောင်းကင်ဘုံကို လှည့်စားခြင်းပညာရပ်ကို ထုတ်ဖော်ကာ ဘေးဘက်မှ ဝိုက်၍ ဖြည်းဖြည်းချင်း ရှေ့သို့ တိုးသွားခဲ့သည်။ တဖြည်းဖြည်းနှင့် စကားပြောသံများကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။

"ကျိုးကျုံး ရိုးကူပန်းကို ငါတို့ အရင်တွေ့ခဲ့တာ။ မင်းက ဘာလို့ ငါတို့ကို ဒီလောက်အထိ ဖိအားပေးနေရတာလဲ။ လျန်ရှန်းမြို့ရဲ့ ကျိုးမိသားစု က သူတို့ရဲ့ ဂုဏ်ကျက်သရေကိုတောင် အလိုမရှိတော့ဘူးလား။"

ဝေ့ဝူ၏ ရင်ထဲ လှုပ်ခတ်သွားသည်။

"လျန်ရှန်းမြို့ရဲ့ ကျိုးမိသားစု။"

ကျိုးမိသားစုသည် ပိုင်မိသားစုနှင့် အဆင့်တူညီသော လင်းထိုင်အဆင့် ရှိသည့် မိသားစုတစ်ခု ဖြစ်သည်။ သူတို့၏ သြဇာအာဏာစက်မှာ ပိုင်မိသားစု၏ အရှေ့ဘက်တွင်ရှိပြီး မိသားစု၏ လုပ်ဆောင်ပုံစံမှာ အကောင်းအဆိုး ဒွန်တွဲနေသည်။

သူတို့သည် အကျိုးစီးပွားကို အရာအားလုံးထက် ဦးစားပေးလေ့ရှိပြီး မကြာခဏဆိုသလို မရိုးသားသော နည်းလမ်းများကို အသုံးပြုတတ်ကြသည်။

အမှန်တကယ် ပြန်လည်စဉ်းစားကြည့်လျှင် ဝေ့မိသားစုအနေဖြင့် ပိုင်မိသားစု၏ လက်အောက်ခံ ဖြစ်နေရခြင်းမှာ ဆိုးလှသည်တော့ မဟုတ်ပေ။

အနီးနားရှိ လင်းထိုင်အဆင့် အင်အားစုများထဲတွင် ပိုင်မိသားစုမှာ စည်းကမ်းအရှိဆုံး ဖြစ်ပြီး ဝိညာဉ်ဆေးဖက်ဝင် သို့မဟုတ် ဆေးလုံးများကို ဝယ်ယူသည့်အခါ၌ အမြဲတမ်း ပေါက်စျေးအတိုင်း ပေးချေလေ့ရှိသည်။

ရိုးကူပန်းဆိုသည်မှာ ဘာလဲဆိုသည်ကိုမူ သူ တစ်ခါမျှ မကြားဖူးချေ။

"ဟားဟားဟား...."

စကားပြောနေသူမှာ ကျိုးကျုံး ဖြစ်သင့်သည်။

"ဂုဏ်ကျက်သရေ ဂုဏ်ကျက်သရေကို ထမင်းလုပ်စားလို့ရလို့လား။ ရိုးကူပန်းက ရိုးရိုး ဝိညာဉ်ဆေးဖက်ဝင်အပင် မဟုတ်ဘူး။ အဲဒါက သေသူကို ရှင်ပြန်ထမြောက်စေနိုင်ပြီး အသားနဲ့ အရိုးတွေကို ပြန်လည်ကြီးထွားစေနိုင်တယ်လို့ ပြောကြတယ်။ အဲဒါက ကုသရေးအတွက် အလွန်ရှားပါးတဲ့ သန့်ရှင်းသောဆေး အမြုတေဖြစ်ပြီး ဝိညာဉ်ကျောက်တုံး သောင်းချီ တန်ဖိုးရှိတယ်။ ငါက ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေမလဲ။ ရိုးကူပန်းကို လွှဲပေးလိုက်ရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်။"

ဤအသံမှာ အက်ကွဲနေသော်လည်း ကျယ်လောင်လှပြီး အလွယ်တကူ မှတ်မိနိုင်သည်။ ၎င်းမှာ ကီလော့ထင်တောင်ကြားတွင် ယွီချန့်ယန်နှင့် စကားပြောခဲ့သော ကတုံးနှင့်လူ ဖြစ်ပေသည်။

ထို့နောက် ဝေ့ဝူ အလွန်ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"အစ်ကိုကျိုး စကားအများကြီး ပြောမနေနဲ့တော့။ သူတို့ကို သတ်ပစ်လိုက်ပါ။ မြန်မြန်လုပ်လိုက်ရအောင်။"

ဝေ့ဝူ မျက်မှောင်ကြုတ်လိုက်မိသည်။

"ရှောင်ရီလည်း ဒီမှာ ရှိနေတာလား။"

သူက ကျိုးကျုံးနှင့် ပူးပေါင်းထားသည့်ပုံပင်။

သွေးမြစ်ဂိုဏ်းနှင့် ကျိုးမိသားစုသည် မည်သည့်ရန်ငြိုးမျှ မရှိကြသော်လည်း သူတို့၏ ဆက်ဆံရေးမှာလည်း သာမန်မျှသာ ဖြစ်သည်။

သူတို့ ဝင်လာသည်နှင့် ဘာကြောင့် ချက်ချင်း အုပ်စုဖွဲ့လိုက်ကြသနည်း။

ရှောင်ရီ စကားပြောပြီးသည်နှင့် တိုက်ခိုက်သံများ ထွက်ပေါ်လာခဲ့သည်။ ရုတ်တရက် ဝိညာဉ်စွမ်းအင် လှိုင်းတစ်ခု ပျံ့နှံ့သွားခဲ့သည်။

ဝေ့ဝူ အကဲခတ်ကြည့်ရာ ရှေ့တွင် လူခြောက်ဦး ရှိနေသင့်သည်။

ရှောင်ရီက တစ်ဦးတည်းကျိုးမိသားစုက သုံးဦးရှိပြီး အခြားလူနှစ်ဦးမှာ သူတို့၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံနေရသည်။ ရန်သူလေးဦးကို နှစ်ဦးဖြင့် ရင်ဆိုင်နေရသဖြင့် ဤလူနှစ်ဦးမှာ အသက်ရှင်သန်နိုင်ခြေ အလွန်နည်းပါးလှသည်။

"သေစမ်းးး"

ရုတ်တရက် ရှောင်ရီ၏ စူးရှသော အော်ဟစ်သံကို ကြားလိုက်ရသည်။

ချက်ချင်းပင် တစ်စုံတစ်ယောက်ကစူးစူးဝါးဝါး အော်ဟစ်လိုက်ပြီးနောက် လူတစ်ဦး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည့် အသံ ထွက်ပေါ်လာခဲ့သည်။

နောက်ဆုံးတွင် ရင်ကွဲမတတ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

သူတို့ထဲမှ တစ်ဦး သေဆုံးသွားချေပြီ။

"မင်းလည်း သေလိုက်တော့။"

ကျိုးကျုံးက အော်ဟစ်လိုက်သည်။ သူ မည်သည့်မန္တန်ကို ထုတ်ဖော်လိုက်သည်မသိ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

သို့သော်လည်း။

"မကောင်းတော့ဘူး သူ့နောက်ကို လိုက်ကြ၊ လွတ်မသွားစေနဲ့ ရိုးကူပန်းက သူ့ဆီမှာရှိတယ်။"

ကျိုးကျုံး၏ အော်ဟစ်သံမှာ အနည်းငယ် ပြာယာခတ်နေသည်။ သူသည် ထိုလူကို မသတ်နိုင်ခဲ့ဘဲ လွတ်မြောက်သွားစေခဲ့သည်။

ဝေ့ဝူ ခေါင်းပြူ၍ ကြည့်လိုက်သည်။ ထိုလူသည် သွေးချင်းချင်းနီလျက် သူရှိရာဘက်သို့ အလွန်လျင်မြန်စွာ ထွက်ပြေးလာနေသည်။

သူကမူ တည်ငြိမ်စွာပင် နေလိုက်သည်။

သို့သော်လည်း နောက်ကွယ်မှ အလင်းတန်းတစ်ခု လိုက်ပါလာပြီး ထိုလူ၏ ခန္ဓာကိုယ်ကို အလွန်တိကျစွာဖြင့် ထိုးဖောက်သွားသည်ကို မြင်လိုက်ရသည်​။

၎င်းမှာ ရေမျက်နှာပြင်ပေါ်သို့ ရုတ်တရက် ခုန်တက်ကာ သွေးစက်အမြောက်အမြားကို ဆောင်ကျဉ်းပေးလိုက်သော ရွက်လှေငါးတစ်ကောင်ကဲ့သို့ပင်။

ဤအရာကို မြင်သော် ဝေ့ဝူသည် အလျင်အမြန် ပျံတက်သွားပြီး ထိုလူ၏ ခန္ဓာကိုယ်ပေါ်မှ သိုလှောင်အိတ်ကို လုယူလိုက်တော့သည်။

"ဘယ်သူလဲ။"

နောက်ကွယ်မှ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဝေ့ဝူက လှောင်ပြုံးပြုံးကာ။

"ငါပဲလေ။"

ရှောင်ရီ ဒေါသချောင်းချောင်းထွက်သွားသည်။

"ချောင်ချောင် မင်းကို ငါသတ်မယ်။"

ငွေရောင်အပ် သုံးချောင်း ပျံသန်းရောက်ရှိလာခဲ့သည်။

ဝေ့ဝူ ချက်ချင်း လှည့်လိုက်ရာ သိုလှောင်အိတ်အတွင်းမှ ရွှေရောင်အလင်းတန်း အများအပြား ထွက်ပေါ်လာခဲ့သည်။

"တိန် တိန် တိန်။"

ဖဲချပ်များနှင့် ငွေရောင်အပ်များ ထိမှန်သွားကြပြီး အသံများ ထွက်ပေါ်လာခဲ့သည်။

ဝေ့ဝူသည် ဖဲချပ်များကို ပြန်လည်ရုပ်သိမ်းကာ သူ၏အရှိန်ကို မြှင့်တင်လျက် ရှေ့သို့ အလျင်အမြန် တိုးဝင်သွားခဲ့သည်။

"ချောင်ချောင် မင်းက သေချင်နေတာပဲ။"

ကျိုးကျုံးသည်လည်း ဒေါသထွက်သွားခဲ့သည်။

ဝေ့ဝူ ရုတ်တရက် သူ၏နောက်ကျောတွင် ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ နီရဲသော ပုတီးစေ့ သုံးဆယ့်ခြောက်စေ့မှာ ကွန်ရက်ကြီးတစ်ခုအဖြစ် ချိတ်ဆက်လျက် သူ့ထံသို့ ပိတ်ဆို့လာနေသည်ကို မြင်လိုက်ရသည်။

သူသည် သစ်သီးလှီးဓားကို အလျင်အမြန် ဆင့်ခေါ်ကာ ပြင်းထန်စွာ ပိုင်းဖြတ်လိုက်ပြီး ၎င်းကွန်ရက်ကြီးကို တိုက်ရိုက် အစအနဖျက်ပစ်လိုက်သည်။

သူ မရပ်တန့်ဘဲ သူ၏လက်ယာဘက် လက်ချောင်းကို လှုပ်ရှားလိုက်သည်​။

ဖဲချပ်ငါးချပ်သည် ပေတစ်ထောင်ခန့် ရှည်လျားသော သံကြိုးတန်းကြီးတစ်ခုအဖြစ် ဖြစ်တည်လာပြီး ရဲရဲတောက်နေသော ကြိုးကြီးကဲ့သို့ လိမ်ယှက်လျက် သံကြိုးတံတိုင်းကြီးတစ်ခုအဖြစ် ပိတ်ဆို့လိုက်သည်။

ကျိုးကျုံးနှင့် ရှောင်ရီတို့မှာ ပိတ်ဆို့ခံလိုက်ရသဖြင့် ပြာယာခတ်သွားကြသော်လည်း သံကြိုးများ အလိုအလျောက် ပြိုကွဲသွားသည်ကို မြင်လိုက်ရသည်။ ဖဲချပ်များ၏ အလင်းရောင်မှာ ကွယ်ပျောက်သွားပြီး သိပ်သည်းသော မြူထုအတွင်းသို့ တိုးဝင်ကာ အရိပ်အယောင်မျှပင် မကျန်တော့ချေ။

ရှေ့သို့ ပြန်လည်ကြည့်ရှုလိုက်သောအခါတွင်လည်း ဝေ့ဝူ၏ အရိပ်အယောင်ကို မတွေ့ရတော့ပေ။

ကျိုးကျုံးက ကျိန်ဆဲလိုက်ပြီးနောက် ပြောသည်။

"ရှောင်ရီ ဒီချောင်ချောင်ဆိုတဲ့လူရဲ့ နောက်ခံက အမှန်တကယ် ဘာလဲ။ သူ့ရဲ့ မှော်ရတနာက ဘာလို့ ဒီလောက်တောင် အစွမ်းထက်နေရတာလဲ။ မင်းက သူ့ကို မန်ရှင်းအဆင့် ၁ ပဲ ရှိသေးတယ်လို့ ပြောခဲ့တယ်။ အဲဒီအရှိန်က မန်ရှင်းအဆင့် ၁ ရှိတဲ့လူရဲ့ အရှိန်နဲ့ တူလို့လား။"

ရှောင်ရီ၏ မျက်နှာမှာ ဤမေးခွန်းထုတ်မှုကြောင့် ပိုမို၍ပင် အရုပ်ဆိုး အကျည်းတန်သွားခဲ့တော့သည်။

All Chapters