← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆ - ဂူအတွင်းမှ ရင်ဆိုင်တိုက်ခိုက်ခြင်း။

ရှေ့သို့ အကွာအဝေးတစ်ခုခန့် ဆက်လက်ရွေ့လျားပြီးနောက် သူသည် နောက်ထပ် လူအနည်းငယ်ကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့မှာ အခြားသူများမဟုတ်ဘဲ ယွီချန့်ယန် နှင့် ဟော်ယုံတို့ ဖြစ်ကြသည်။

ရှောင်ရီနှင့် ကျိုးကျုံးတို့က ဝေ့ဝူ နောက်သို့ လိုက်လံဖမ်းဆီးနေကြသည်ကို မြင်လျှင် သူတို့သည် နားလည်မှုတစ်ခု ရှိနေသည့်အလား တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

"ရပ်စမ်း... လူယုတ်မာ ချောင်ချော။"

ထို့နောက် သူတို့လည်း လိုက်လံဖမ်းဆီးမှုတွင် ပါဝင်လာခဲ့ကြတော့သည်။

ဝေ့ဝူသည် သူ့နောက်ကွယ်မှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ စုစုပေါင်း ဆယ်ခုကို ခံစားလိုက်ရသဖြင့် သူ၏ရင်ထဲတွင်အေးခဲသွားရုံမျှသာ ရှိတော့သည်။

သူသည် လိုဏ်ဂူရှိရာဘက်သို့ အရှိန်မြှင့်ပြေးထွက်ခဲ့ပြီး လမ်းခရီးတစ်လျှောက်တွင် နောက်ထပ်လူတစ်လှိုင်းကိုပါ ဆွဲဆောင်ပြီးနောက် နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။

ဝေ့ဝူသည် တည်ငြိမ်စွာဖြင့် ထုံးစံအတိုင်း ပျံသန်းနေခဲ့သော်လည်း အမှန်တကယ်တွင်မူ သူသည် ဆွဲငင်အားရှိသည့် နယ်ပယ်ကို အနည်းငယ် ရှောင်ကွင်းလိုက်ခြင်း ဖြစ်သည်။

အခြားသူများမှာ မြေအောက်လိုဏ်ဂူအကြောင်းကို မသိရှိကြသဖြင့် ရှောင်ရီ၊ ကျိုးကျုံးနှင့် ယွီချန်ယန့်တို့က ရှေ့ဆုံးမှ ဦးဆောင်လျက် ဝေ့ဝူနောက်သို့သာ အဆက်မပြတ် လိုက်လံဖမ်းဆီးနေခဲ့ကြသည်။

ထိုသုံးဦးသည် ဆွဲငင်အားရှိသော နယ်ပယ်ကို တိတိကျကျ ဖြတ်သန်းမိသွားခဲ့ကြသည်။

သူတို့သည် အကြီးအကျယ် လန့်ဖျပ်သွားကြပြီး သူတို့၏ခန္ဓာကိုယ်များကို ထိန်းသိမ်းရန် အတတ်နိုင်ဆုံး ကြိုးစားရင်း ဝိညာဉ်စွမ်းအငမများကို အပြေးအလွှား လှည့်ပတ်လိုက်ကြသည်။

"ဘာဖြစ်တာလဲ။ အောက်က တစ်ခုခုက ငါ့ကို ဆွဲနေတယ်။"

ထိုသုံးဦးမှာ ဆွဲငင်အား၏ ဖမ်းဆွဲခြင်းကို ခံနေရသော်လည်း မြေအောက်လိုဏ်ဂူ၏ စွမ်းအားတစ်ခုတည်းဖြင့် သူတို့ကို အောက်သို့ ဆွဲချရန်မှာ မလုံလောက်သေးချေ။

ထိုအချိန်တွင် ဝေ့ဝူက မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်ပြီး သူ၏လက်ချောင်းများကို လှုပ်ရှားလျက် ရှုပ်ထွေးသော လက်ဟန်အင်းကွက်တစ်ခုကို ဖော်ဆောင်လိုက်သည်။

ထို့နောက် သူသည် ထိုသုံးဦးထံသို့ ဦးတည်ကာ ကြေညာလိုက်သည်။

"ဒယ်အိုးအောက်မှ ထင်းကို ထုတ်ယူခြင်း။"

ရှောင်ရီနှင့် အခြားသူများသည် သူတို့၏ ဝိညာဉ်စွမ်းအင်များ ထုံထိုင်းသွားသည်ကို ခံစားလိုက်ရပြီး ခဏမျှအတွင်း သူတို့၏ ဝိညာဉ်ထဲရှိ ပြည့်စုံလှသော ဝိညာဉ်စွမ်းအင်များကို မလှုပ်ရှားနိုင်တော့ချေ။

"မကောင်းတော့ဘူး။"

ထိုသို့အော်ဟစ်ရင်း သူတို့သည် မြေအောက်လိုဏ်ဂူအတွင်းသို့ ထိုးကျသွားခဲ့ကြတော့သည်။

ဝေ့ဝူ ပြုံးလိုက်ပြီး ဆွဲငင်အားရှိသော လေစီးကြောင်းအတွင်းသို့ တမင်တကာ ပျံသန်းဝင်ရောက်ကာ လိုဏ်ဂူ၏ စွမ်းအားဖြင့် သူ့ကို အောက်သို့ ဆွဲချစေလိုက်သည်။

သူ မြေပြင်သို့ ရောက်ရှိသွားသည့် တစ်ခဏ၌ သူသည် ဝိညာဉ်စွမ်းအင်ကို ရုတ်တရက် ထုတ်ဖော်လိုက်ပြီး လက်ဝဲဘက်ရှိ လိုဏ်ဂူတစ်ခုထံသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။

ထိုသုံးဦးမှာ အောက်သို့ ကျဆင်းသွားခဲ့ရုံမျှသာ ရှိသေးသဖြင့် ဝေဝေဝါးဝါး ဖြစ်နေကြသည်; အလင်းရောင်မှာလည်း အားနည်းလှသဖြင့် ဝေ့ဝူ ဆင်းသက်လိုက်သည်ကို သတိမပြုမိလိုက်ကြချေ။

သူတို့သည် သူတို့၏ ဦးခေါင်းပေါ်မှနေ၍ ဘေးဘက်သို့ တစ္ဆေတစ်ကောင်ကဲ့သို့ တစ်စုံတစ်ခု ဖြတ်သန်းသွားသည်ကိုသာ ခံစားလိုက်ရသည်။

"အဲဒါ ဘာလဲ။"

ကျိုးကျုံးက မေးလိုက်သည်။

ရှောင်ရီက ခေါင်းခါလိုက်သည်။

"ငါ မသိဘူး။"

ထိုစဉ်မှာပင် ဘေးဘက်မှနေ၍ ရုတ်တရက် ရွှေရောင်အလင်းတန်းတစ်ခုသည် ရက်စက်သော ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်လာခဲ့သည်။

ကျိုးကျုံးသည် စိမ်းလန်းသော အင်းစာရွက်တစ်ရွက်ကို အပြေးအလွှား ညှပ်လိုက်ပြီး ရွှေရောင်အလင်းတန်းကို ရင်ဆိုင်လိုက်သည်။

အင်းစာရွက်သည် ချက်ချင်းပင် စိမ်းလန်းသော အလင်းတန်းများ ဖြာထွက်လာခဲ့ပြီး ရွှေရောင်အလင်းတန်း၏ တိုက်ခိုက်မှုကို ပိတ်ဆို့ရန်အတွက် လိပ်ခွံယောင်ဆောင်မှုတစ်ခုကို ထွက်ပေါ်စေခဲ့သည်။

၎င်းမှာ အဆင့် ၂ ကာကွယ်ရေး အင်းစာရွက်ဖြစ်သည့် လိပ်ခွံအင်းစာရွက် ဖြစ်သည်။

ဤရွှေရောင်အလင်းတန်းမှာ သဘာဝကျစွာပင် ဝေ့ဝူ၏ ဖဲချပ်များ ဖြစ်ကြသည်။

"ဒါ အဲဒီကောင်စုတ်ရဲ့ ရတနာပဲ။"

ကျိုးကျုံး မျက်မှောင်ကြုတ်လိုက်သည်။

ယွီချန့်ယန်က သူမ၏နုပျိုသော မျက်ခုံးများကို တွန့်လိုက်သည်။

"ဒါဆို... စောစောက အရိပ်က ချောင်ချောင်ပေါ့။"

"ဒါပေမဲ့..."

ရှောင်ရီက တွေးတောလိုက်သည်။

"သူက ဆွဲငင်အားရှိတဲ့ နေရာကို ဖြတ်ကျော်သွားခဲ့ပြီးပြီ မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ် အောက်ကို ရောက်လာတာလဲ။ ဒါမှမဟုတ်..."

ယွီချန့်ယန်က သူ၏စကားကို အဆုံးသတ်ပေးလိုက်သည်။

"ဒါမှမဟုတ် သူက ငါတို့ကို အောက်ကို ရောက်အောင် တမင် မျှားခေါ်ခဲ့တာ။"

ထိုစကားများကို ပြောပြီးနောက် ထိုသုံးဦးမှာ ခေတ္တမျှ လေးလံသော တိတ်ဆိတ်မှုအတွင်းသို့ ကျရောက်သွားခဲ့သည်။

ကျိုးကျုံးက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

"ဘာကို ကြောက်နေရမှာလဲ။ သူက မန်ရှင်းအဆင့် ၁ပဲ ရှိသေးတာ။ ကောင်းကင်ကိုတော့ လှန်ပစ်နိုင်မှာ မဟုတ်ပါဘူး။"

သူတို့ စကားပြောနေကြစဉ်မှာပင် အပေါ်မှနေ၍ နောက်ထပ် လူအနည်းငယ် ထပ်မံထိုးကျလာခဲ့ကြသည်။

လက်ရှိအချိန်တွင် အဓိက အုပ်စုသုံးစု ရှိနေသည်။ သွေးမြစ်ဂိုဏ်းမှ သုံးဦး၊ ကျိုးမိသားစုမှ သုံးဦးနှင့် ထုံယွမ်ဂိုဏ်းမှ သုံးဦး ဖြစ်သည်။

ထို့အပြင် လွတ်လပ်သော ကျင့်ကြံသူ ဟော်ယုံလည်း ပါဝင်သည်။

"ဒီလိုဏ်ဂူက လိမ်ယှက်ရှုပ်ထွေးပြီး ဘယ်ဘက်ကိုမှလည်း အဆုံးမရှိဘူး။ ငါတို့ အဲဒီကောင်စုတ်ကို ဘယ်လို ရှာရမလဲ။"

"ဒီလိုလုပ်ကြစို့ ငါတို့ ရှာဖွေဖို့အတွက် လူခွဲလိုက်မယ်။"

ကျိုးကျုံးက ပြောသည်။

ထို့ကြောင့် သူတို့သည် အုပ်စုသုံးစု ခွဲလိုက်ကြသည်။

ယွီချန့်ယန်နှင့် ထုံယွမ်ဂိုဏ်းမှ နှစ်ဦး ထို့ပြင် ဟော်ယုံ ၊ကျိုးကျုံးနှင့် ကျိုးမိသားစုမှ နှစ်ဦး ထို့ပြင် ရှောင်ရီ ၊နောက်ဆုံး သွေးမြစ်ဂိုဏ်းမှ ကျန်ရှိသော နှစ်ဦးတို့ အတူတူ ဖြစ်ကြသည်။

ရှောင်ရီက ပြောသည်။

"ငါတို့ ထျန်ရှင်းတောင်ကို ဘာကြောင့် ဝင်လာခဲ့ကြလဲဆိုတာ လူတိုင်း သိကြပါတယ်။ ငါ မင်းတို့ကို သတိပေးပါရစေ ဒီလူ့အပေါ်မှာ အချိန်အများကြီး မဖြုန်းကြပါနဲ့။ ဝိဉာဥ်သွေးကြောက မကြာခင် ထွက်ပေါ်လာတော့မှာ။"

ယွီချန့်ယန်က သူ့ကို ဘေးစောင်းကြည့်လိုက်သည်​။

"ရှင် စကားအများကြီး ပြောဖို့မလိုပါဘူး။"

ရှောင်ရီက ယွီချန့်ယန်ကို ကြည့်လိုက်ရာ သူ၏နှာခေါင်းမှာ အနံ့ခံနေသည့်အလား အနည်းငယ် လှုပ်ရှားသွားပြီး ပြုံးလိုက်သည်။

"ငါ စကားများသွားပြီ။"

ကျိုးကျုံးက ရှောင်ရီကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။

ထို့နောက် အုပ်စုမှာ လူစုခွဲသွားခဲ့ကြတော့သည်။

...

ထိုအချိန်တွင် ဝေ့ဝူသည် မှောင်မိုက်သော အရိပ်များအတွင်း ပုန်းကွယ်နေခဲ့သည်။

သူ၏ အစီအစဉ်၏ ပထမအဆင့်ကို အောင်မြင်သည်ဟု ယူဆနိုင်သည်။

"ဒီနေရာကစလို့ ငါက အမဲလိုက်သမား ဖြစ်မလား ဒါမှမဟုတ် သားကောင် ဖြစ်မလားဆိုတာ ငါ့အပေါ်မှာပဲ မူတည်တော့တယ်။"

ဤကွေ့ကောက်နေသော ဂူအတွင်း၌ ကောင်းကင်ဘုံကို လှည့်စားခြင်း ဖြင့် သူ၏ အငွေ့အသက်များကို ဖုံးကွယ်ထားနိုင်သဖြင့် သူ လွယ်လွယ်ကူကူ အရှာဖွေခံရမည်မဟုတ်ကြောင်း ယုံကြည်ချက် ရှိသည်။

"ငါ အုပ်စုသုံးစုကို ဝေးဝေးကွာကွာ ရောက်သွားအောင် စောင့်ဆိုင်းရမယ် ဒါမှ သူတို့ တစ်ယောက်ကိုတစ်ယောက် မကူညီနိုင်ကြမှာ အဲဒီအခါကျမှ ငါ တိုက်ခိုက်မယ်။"

"ကျိုးကျုံးနဲ့ ရှောင်ရီကို သီးခြားခွဲထုတ်နိုင်မယ့် နည်းလမ်းကို ရှာတွေ့သရွေ့တော့ ဖဲချပ်တွေအတွက် လိုအပ်တဲ့ ဝိညာဉ်စွမ်းအင်တွေကို ထောက်ပံ့ဖို့ ကန်စွန်းဥ ကို သုံးပြီး အဲဒီနှစ်ယောက်လုံးကို မြန်မြန် သတ်ပစ်နိုင်မှာပဲ။"

ဝေ့ဝူသည် မြေပြင်မှ ခြေဖဝါးကို ကြွလိုက်ပြီး ကျိုးကျုံးနှင့် အခြားသူများ သွားရာလမ်းကြောင်းအတိုင်း နောက်မှ လိုက်ပါသွားခဲ့သည်။

ဂူအတွင်းမှာ ကတ္တရာစေးကဲ့သို့ မှောင်မိုက်နေခဲ့သည်။ ဝေ့ဝူသည် သူတို့၏ အဝတ်အစားများ ပွတ်တိုက်မိသော အသံကိုသာ အခြေခံ၍ သူတို့၏ တည်နေရာကို ဆုံးဖြတ်နိုင်ခဲ့ပြီး သူ၏ခန္ဓာကိုယ်ကိုမူ မည်သည့်အသံမျှ မထွက်ပေါ်စေရန် ထိန်းချုပ်ထားခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် သူ သတိကြီးစွာဖြင့် ပျံသန်းနေစဉ် ရုတ်တရက် သူ၏အရေပြားမျက်နှာပြင်ပေါ်ရှိ ဝိညာဉ်စွမ်းအင်များ လှုပ်ခတ်သွားသည်ကို ခံစားလိုက်ရသည်။

ကျင့်ကြံသူများသည် ပတ်ဝန်းကျင်ရှိ သိမ်မွေ့သော ပြောင်းလဲမှုများကို သိရှိနိုင်ရန်အတွက် သူတို့၏ ခန္ဓာကိုယ်များကို ဆံချည်မျှင်ငယ်များကဲ့သို့ အလွန်ပါးလွှာသော ဝိညာဉ်စွမ်းအင်အလွှာတစ်ခုဖြင့် ဖုံးအုပ်ထားလေ့ရှိကြသည်။

ဝေ့ဝူ ချက်ချင်းပင် တင်းမာသွားခဲ့သည်။

"ဒါက မိစ္ဆာဝိဉာဥ်လား။ ဒါမှမဟုတ် ကျိုးကျုံးနဲ့ အခြားသူတွေက အင်းမန္တန်တစ်ခုခုကို ထုတ်ဖော်နေကြတာလား။"

ရုတ်တရက် သူ၏ရင်ထဲ နစ်ခနဲ ဖြစ်သွားခဲ့သည်။

"မကောင်းတော့ဘူး အန္တရာယ်ရှိတယ်။"

မှောင်မိုက်မှုအတွင်း ဝေ့ဝူ၏ မျက်ခုံးကျုံ့သွားခဲ့သည်။ စဉ်းစားရန် အချိန်မရဘဲ ဖဲချပ်လေးချပ်သည် ချက်ချင်း ထွက်ပေါ်လာပြီး သူ့ရှေ့တွင် ကာကွယ်လိုက်သည်။

ဖဲချပ်များ ထွက်ပေါ်လာရုံမျှသာ ရှိသေး ၎င်းတို့သည် တစ်စုံတစ်ခုနှင့် တိုက်မိသွားပြီး နက်မှောင်သော အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။

ဝေ့ဝူ စိတ်သက်သာရာရကာ သက်ပြင်းမချနိုင်မီမှာပင် သူ၏ကျောပြင်သို့ အေးစက်သော မြှားတစ်စင်း ပစ်ခတ်ခံရသည့်အလား ခံစားလိုက်ရသည်။

သူသည် သူ၏လက်ယာဘက်လက်ကို နောက်သို့ ဝှေ့ယမ်းလိုက်ရာ သစ်သီးလှီးဓားသည် လျင်မြန်စွာ ထွက်ပေါ်သွားခဲ့တော့သည်။

"ချောက် ချောက်"

မှောင်မိုက်မှုအတွင်း ပြင်းထန်သော တိုက်မိသံများ မြည်ဟည်းသွားခဲ့သည်။

"ချောင်ချောင် သေစမ်း။"

ကျောက်တုံးလမ်းကြောင်း၏ ရှေ့နှင့်နောက် နှစ်ဖက်စလုံးမှ အသံများ ထွက်ပေါ်လာခဲ့သည်။

ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခြင်းကို ခံလိုက်ရသဖြင့် သူ ဘာလုပ်သင့်သနည်း။

ဝေ့ဝူ၏ရင်ထဲ၌ အတွေးတစ်ချက် ဖြတ်ခနဲ လက်သွားခဲ့သည်။

သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖဲချပ်လေးချပ်ကို လမ်းကြောင်းလေးခုသို့ ပစ်ခတ်လိုက်ရာ ၎င်းတို့သည် လိုဏ်ဂူ၏ ကျောက်ဆောင်နံရံများအတွင်းသို့ မြှုပ်ဝင်သွားခဲ့သည်။

အသံလေးခု မြည်ဟည်းသွားခဲ့ပြီး ၎င်းတို့ထဲမှ တစ်ခုမှာမူ ထူးခြားနေခဲ့သည်။

"အပေါ်မှာ။"

ဝေ့ဝူ အတိုင်းထက်အလွန် ဝမ်းမြောက်သွားခဲ့သည်။ ဖဲချပ်များမှတစ်ဆင့် အပေါ်ဘက်တွင် ဟာလာဟင်းလင်း ဖြစ်နေသော နေရာတစ်ခု ရှိကြောင်း သူ ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်သည်။

သူသည် ချက်ချင်းပင် သူ၏ဦးခေါင်းကို ဝိညာဉ်စွမ်းအင်များဖြင့် ဖုံးအုပ်လိုက်ပြီး ဒုံးပျံတစ်စင်းကဲ့သို့ အပေါ်သို့ ပြင်းထန်စွာ တိုးဝင်လိုက်သည်။

ကျောက်ဆောင်နံရံကို ဖောက်ထွက်ပြီးနောက် ဝေ့ဝူသည် အပေါ်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ သူသည် အခြားဖဲချပ်သုံးချပ်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး မရပ်မနားဘဲ ဝေးရာသို့ ထွက်ပြေးခဲ့တော့သည်။

"မကောင်းတော့ဘူး။"

"ရပ်စမ်း။"

ရှောင်ရီနှင့် ကျိုးကျုံးတို့၏ ဒေါသတကြီး အော်ဟစ်သံများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ သူတို့လေးဦးသည် ဝေ့ဝူ ထွက်ပြေးသွားခဲ့သော လမ်းကြောင်းဆီသို့ အပြေးအလွှား သွားခဲ့ကြသော်လည်း သူ၏အရိပ်အယောင်မျှပင် မရှိတော့ချေ။

"သူ ထပ်ပြီး ထွက်ပြေးသွားပြန်ပြီလား။"

ကျိုးကျုံးက နာကျည်းစွာဖြင့် ပြောလိုက်သည်။

"နောက်တစ်ခါကျရင် ချောင်ချောင်က မင်းရဲ့ ပိုက်ကွန်နည်းလမ်း ကို သတိထားမိသွားလိမ့်မယ်။ ငါတို့မှာ ဒီလိုအခွင့်အရေးကောင်းမျိုး နောက်ထပ်ရှိတော့မှာမဟုတ်ဘူး။"

ရှောင်ရီ၏ အမူအရာမှာ အရုပ်ဆိုးလှသော်လည်း သူသည် အတော်အတန် တည်ငြိမ်နေဆဲဖြစ်သည်။

"ကိစ္စမရှိပါဘူး။ သူ ဒီတစ်ကြိမ် ကံကောင်းသွားတာပဲ။ ကျောက်တုံးလမ်းရဲ့ အပေါ်ဘက်မှာ နောက်ထပ် လမ်းကြောင်းတစ်ခု ရှိနေတာနဲ့ ကွက်တိ ဖြစ်သွားလို့ပါ။"

"တောက် တကယ်ကို စိတ်ပျက်ဖို့ကောင်းလိုက်တာ မန်ရှင်းအဆင့် ၁ပဲ ရှိတဲ့ကောင်က သတ်ရတာ တကယ်ကို ခက်ခဲလွန်းတယ်။"

All Chapters