← Chapters

အခန်း ၈၆၂

Vol. 62 Ch. 862

အခန်း ၈၆၂

Vol. 62 Ch. 862

အခန်း ၈၆၂ - သားရဲအမြုတေကို တိုက်ကျွေးခြင်း

စီနီယာအစ်ကိုချန်းသည် လုလော၏ စကားကို ကြားလိုက်ရသည့်အခါ ဆွံ့အသွားမိသည်။ သူသည် မြန်ဆန်စွာပင် သူ၏ စိတ်ဝိညာဉ်အာရုံကို စေလွှတ်၍ ဟန်လိ၏ ခန္ဓာကိုယ်အတွင်းရှိ ချီလှိုင်းဂယက်ကို စစ်ဆေးကြည့်လိုက်ရာ ဟန်လိမှာ အမှန်တကယ်ပင် စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားတော့သည်။

“အစ်ကိုတို့ရဲ့ ထက်မြက်တဲ့ ဉာဏ်မျက်စိအောက်မှာတော့ ကျုပ် ဘာမှ ဖုံးကွယ်ထားလို့ ရမှာ မဟုတ်ဘူးဆိုတာ ကျုပ် သိပြီးသားပါ။ ကျုပ် တကယ်ပဲ နတ်ဆိုးကျဆုံးခန်းချောက်ကမ်းပါးထဲမှာ ကြီးမားတဲ့ ကံကောင်းမှုတစ်ခုနဲ့ ကြုံခဲ့ရပြီး အဆင့်တက်လှမ်းနိုင်ဖို့အတွက် အသည်းအသန် တံခါးပိတ်ကျင့်ကြံခဲ့ရတာပါ။ ဒါကြောင့်ပဲ အခုလို အချိန်တိုလေးအတွင်းမှာ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကို ခြေချနိုင်ခဲ့တာပါ။ ဒါက ကျုပ်ကိုယ်တိုင်တောင် မျှော်လင့်မထားမိခဲ့တဲ့ ကိစ္စတစ်ခုပါပဲ။ ဒါပေမဲ့ အစ်ကိုတို့ နှစ်ယောက်က ဝမ်အာကို သေချာစောင့်ရှောက်ပေးနေတယ်ဆိုတာကို ကျုပ် မသိခဲ့ရဘူးဆိုရင် ကျုပ်အနေနဲ့ ဟင်းလင်းပြင်အက်ကြောင်းထဲမှာ ပိတ်မိနေတဲ့ နှစ်ပေါင်းများစွာလုံး စိုးရိမ်ပူပန်မှုတွေနဲ့ပဲ အချိန်ကုန်နေရမှာမို့ အခုလိုမျိုး စိတ်အာရုံ စူးစိုက်ပြီး ကျင့်ကြံနိုင်ခဲ့မှာ မဟုတ်ပါဘူး။ ကျုပ်ရဲ့ အခု တိုးတက်မှုဟာ အစ်ကိုတို့ နှစ်ယောက်ရဲ့ ကြင်နာမှုကြောင့်လည်း ပါပါတယ်...”

ဟန်လိက ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးထံ လက်နှစ်ဖက်ဆုပ်၍ အရိုအသေပြုကာ ကျေးဇူးစကား ဆိုလိုက်သည်။

“ဂျူနီယာညီလေးက ဘာတွေ လာပြောနေတာလဲ... ကျုပ်က ညီမလေးနန်းကုန်းနဲ့ သစ္စာဆိုထားတဲ့ မောင်နှမတွေပဲလေ... သူမကို ကျုပ်က ကူညီစောင့်ရှောက်ပေးရမှာက သဘာဝကျပါတယ်။ ပြီးတော့ ကျုပ်တို့ကလည်း အများကြီး ကူညီပေးနိုင်ခဲ့တာ မဟုတ်ပါဘူး။ အခုထိ သူမကို ဒီရေခဲတံတိုင်းထဲကနေ မလွတ်မြောက်အောင် လုပ်ထားမိတုန်း ဖြစ်တာကြောင့် ကျုပ်တို့ တကယ်ပဲ အရှက်ရမိပါတယ်...”

လုလောကမူ အားကျနှစ်လိုသောအကြည့်ဖြင့် ဟန်လိကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။ “ဂျူနီယာညီလေးဟန်က ကျင့်ကြံခြင်း သက်တမ်း နှစ်သုံးရာမပြည့်ခင်မှာတင် စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကို ရောက်ရှိနိုင်ခဲ့တာပဲ... ဒီသတင်းစကားသာ ပြန့်နှံ့သွားရင် ကောင်းကင်တောင်ပိုင်းလောကတစ်ခုလုံး တုန်လှုပ်သွားမှာ မြေကြီးလက်ခတ်မလွဲလောက်ဘူး။ စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်ကို မပြောနဲ့ဦး... ဂျူနီယာညီလေးအနေနဲ့ နတ်အသွင်ပြောင်းလဲခြင်းအဆင့်ထိတောင် တက်လှမ်းနိုင်ဖို့ အခွင့်အရေး အများကြီး ရှိနေပါတယ်...”

လုလော၏ စကားလုံးများထဲတွင် ချီးကျူးထောပနာပြုသံများ ပြည့်နှက်နေသည်။ တကယ်တော့ သမိုင်းတစ်လျှောက်တွင် ဟန်လိကဲ့သို့သော အမြန်နှုန်းမျိုးဖြင့် တိုးတက်နိုင်ခဲ့သည့် ပါရမီရှင်မျိုးမှာ လက်ချိုးရေတွက်နိုင်လောက်အောင် ရှားပါးလှပေသည်။

ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုးမှာ ပါရမီထက်စာလျှင် ကံကောင်းမှုနှင့် ကံကြမ္မာတို့ကြောင့်သာ ဖြစ်ပေါ်လာနိုင်သည် မဟုတ်လား။

ဟန်လိကမူ နှိမ့်ချသော စကားအနည်းငယ်ဖြင့်သာ တုန့်ပြန်လိုက်ပြီး သူ ပျောက်ကွယ်သွားပြီးနောက် နတ်ဆိုးကျဆုံးခန်းချောက်ကမ်းပါးအတွင်း မည်သည့်အရာများ ဆက်လက်ဖြစ်ပွားခဲ့သလဲဟူသော အကြောင်းအရာသို့ စကားလမ်းကြောင်း လွှဲလိုက်တော့သည်။ တိုက်ပွဲကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသော သူများထံမှ ကြားသိရသည့် သတင်းစကားမှာ အပြင်ဘက်က ကောလဟလများထက် များစွာ ပိုမိုခိုင်မာသည် မဟုတ်လား။

အဘိုးအိုချန်းသည် ဟန်လိ၏ အမေးကို ကြားရသည့်အခါ ခါးသီးစွာ ပြုံးလိုက်မိတော့သည်။

ဟန်လိသည် ဟင်းလင်းပြင်အက်ကြောင်း၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီးနောက် ကျန်ရှိနေခဲ့သော ရှေးဟောင်းမိစ္ဆာမှာ အမျက်ဒေါသ ပုန်ထသွားခဲ့သည်။ စီနီယာအစ်ကိုချန်းအနေဖြင့် သူ သေရတော့မည်ဟု ထင်မှတ်နေခဲ့စဉ်မှာပင် အခြားကျင့်ကြံသူများ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

အသစ်ရောက်လာသော ကျင့်ကြံသူများသည် ဝေဝူယာနှင့် ပူးပေါင်း၍ အစွမ်းကုန် တိုက်ခိုက်ခဲ့ကြသော်လည်း ဦးခေါင်းနှစ်လုံးနှင့် လက်မောင်းလေးဖက် ရှိသော ထိုရှေးဟောင်းမိစ္ဆာကို အနိုင်ယူနိုင်စွမ်း မရှိခဲ့ကြချေ။ သို့သော်လည်း ကျင့်ကြံသူများ အရေးနိမ့်ကာ ဘေးဒုက္ခနှင့် ကြုံတွေ့ရတော့မည့် အချိန်တွင် မောက်လန် မန္တာန်စစ်သည်များမှာ နောက်ဆုံး၌ ရောက်ရှိလာခဲ့ကြသည်။

နှစ်ဖက်စလုံး ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီးနောက် ထိုရှေးဟောင်းမိစ္ဆာကို ထောင်ချောက်ဆင် ပိတ်လှောင်နိုင်ခဲ့ကြသည်။ ထိုတိုက်ပွဲအတွင်း မန္တာန်စစ်သည်လဲ့သည် မောက်လန်မျိုးနွယ်စု၏ အထွတ်အမြတ်နတ်ငှက်ကို ဆင့်ခေါ်ကာ ရှေးဟောင်းမိစ္ဆာကို အပြင်းအထန် ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့သည်။ မောက်လန် နတ်ဘုရားပညာရှိကျုံးကလည်း ရှေးဟောင်းမိစ္ဆာ၏ ဦးခေါင်းတစ်ခုကို ဖြတ်တောက်နိုင်ခဲ့သော်လည်း အဆုံးသတ်တွင်မူ ထိုရှေးဟောင်းမိစ္ဆာမှာ အဝေးသို့ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့လေသည်။

သို့သော်လည်း ထိုတိုက်ပွဲအတွင်း စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ အများအပြား သေကြေပျက်စီးခဲ့ရသည်။ အထူးသဖြင့် နန်းကုန်းဝမ်၏ စီနီယာအစ်မကြီးမှာ ရှေးဟောင်းမိစ္ဆာ၏ နောက်ဆုံးအကြိမ် ရုန်းကန်တိုက်ခိုက်မှုအောက်တွင် သူမ၏ ကိုယ်ခန္ဓာနှင့် စဦးစိတ်ဝိညာဉ်ပါမကျန် မိစ္ဆာမီးတောက်များ၏ ချေမှုန်းခြင်းကို ခံလိုက်ရပြီး ပြာအဖြစ်သို့ ရောက်ရှိသွားခဲ့ရသည်။ ဘိုးဘေးလင်းဟူကမူ နည်းနည်းပို၍ ကံကောင်းခဲ့သည်ဟု ဆိုရမည်။ သူ၏ ကိုယ်ခန္ဓာ ဖျက်စီးခံလိုက်ရသော်လည်း သူ၏ စဦးစိတ်ဝိညာဉ်မှာမူ လွတ်မြောက်နိုင်ခဲ့ပေသည်။

သို့ပေမည့် တစ္ဆေဝိညာဉ်ဂိုဏ်း၏ အကြီးအကဲကျုံး ကတော့ အားလုံးထဲတွင် ကံအဆိုးဆုံး ဖြစ်ခဲ့ရသည်။ သူ၏ စဦးစိတ်ဝိညာဉ်မှာ ရှေးဟောင်းမိစ္ဆာ၏ ဖမ်းဆုပ်ဝါးမြိုခြင်းကို ခံလိုက်ရသဖြင့် ချောက်ကမ်းပါးအတွင်းသို့ ဝင်ရောက်ခဲ့ကြသော တစ္ဆေဝိညာဉ်ဂိုဏ်း ကျင့်ကြံသူအားလုံးမှာ အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ အနည်းငယ်မှလွဲ၍ အကုန်လုံး သေဆုံးသွားခဲ့ကြရသဖြင့် လူတိုင်းကို အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

ထို့နောက်ပိုင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ ဟွမ်ယွန်းမင် ပြောပြခဲ့သည့်အတိုင်းပင် ဖြစ်သည်။ ရှေးဟောင်းမှတ်တမ်းများအရ မိစ္ဆာများသည် လူသားလောကတွင် အချိန်ကြာကြာ နေထိုင်နိုင်စွမ်း မရှိကြသဖြင့် မည်သူမျှ ထိုမိစ္ဆာနောက်သို့ အသက်ရင်း၍ လိုက်လံတိုက်ခိုက်ရန် မကြိုးစားခဲ့ကြပေ။ သို့သော်လည်း လူတိုင်း၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်အနေဖြင့် ထိုရှေးဟောင်းမိစ္ဆာမှာ အမည်မသိ လျှို့ဝှက်နည်းလမ်းတစ်ခုဖြင့် ဤလောကတွင် ဆက်လက်တည်ရှိနေခဲ့ရုံတင်မကဘဲ ကောင်းကင်တောင်ပိုင်းလောက၌ ကျင့်ကြံသူများကို သတ်ဖြတ်ကာ သူတို့၏ စဦးစိတ်ဝိညာဉ်များကို ဝါးမြိုရင်း သောင်းကျန်းနေခဲ့သဖြင့် နောက်ဆုံးတွင် ထိုမိစ္ဆာကို သုတ်သင်ရန်အတွက် အမဲလိုက်အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ရပေသည်။

ဟန်လိက ဤသည်ကို ကြားရသောအခါ မျက်မှောင်ကြုတ်လိုက်မိပြီး လေးနက်စွာ ဆိုလိုက်သည်။ “ကျုပ်လည်း ဒီရှေးဟောင်းမိစ္ဆာကောင်နဲ့ ပတ်သတ်တဲ့ ကောလဟလ အချို့ကို ကြားခဲ့ရပါတယ်။ ဒါပေမဲ့ မဟာကျင့်ကြံသူကြီးနှစ်ယောက်နဲ့ မောက်လန်နတ်ဘုရားပညာရှိတို့ ပူးပေါင်းတာတောင် ထိုမိစ္ဆာကို မသတ်နိုင်ခဲ့ကြဘူးဆိုတာ အမှန်ပဲလား... အစ်ကိုတို့ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီကိစ္စရဲ့ အမှန်တရားကို သိထားသင့်ပါတယ်...” ထိုသို့ ပြောလိုက်သည့်အခါ ဟန်လိ၏ မျက်နှာမှာ သုန်မှုန်သွားတော့သည်။

“ကျုပ်တို့ကတော့ အဲ့မိစ္ဆာကို တိုက်ခိုက်တဲ့ပွဲမှာ ပါဝင်ခွင့်မရခဲ့ပါဘူး... ဒါပေမဲ့ မဟာမိတ်အဖွဲ့က ပို့လာတဲ့ သတင်းစကားအရ ဒီရှေးဟောင်းမိစ္ဆာဟာ အသက်အန္တရာယ်ရှိတဲ့အထိ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့ပေမဲ့ ထူးဆန်းတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုကို သုံးပြီး လွတ်မြောက်သွားခဲ့တာပါ။ တာအိုသခင်နေဝန်းရှင်နဲ့ အခြားသူတွေက အဲ့မိစ္ဆာကို အမြစ်ပြတ်သုတ်သင်ဖို့ နောက်ကနေ လိုက်ခဲ့ကြသေးပေမဲ့ မောက်လန်လွင်ပြင်ရဲ့ နယ်စပ်ကို ရောက်တဲ့အခါ မိုးမျှော်ကောင်းကင်မျိုးနွယ်စု တွေကို ရန်စမိမှာ စိုးရိမ်တာကြောင့် လိုက်လံဖမ်းဆီးတာကို လက်လွှတ်ခဲ့ရတာပါ။ ဒါပေမဲ့လည်း အခု နှစ်ပေါင်းများစွာကြာတဲ့အထိ ကောင်းကင်တောင်ပိုင်းလောကမှာ အဲ့ဒီမိစ္ဆာကို ထပ်မတွေ့ရတော့ပါဘူး။ မောက်လန်လွင်ပြင်ကလည်း အေးအေးချမ်းချမ်း ရှိနေတာကို ကြည့်ရင် ရှေးဟောင်းမိစ္ဆာဟာ ဒဏ်ရာတွေကြောင့် သေဆုံးမသွားခဲ့ဘူးဆိုရင်တောင် လွင်ပြင်ကို ဖြတ်ကျော်ပြီး မဟာကျင်းအင်ပါယာထဲကို ဝင်ရောက်သွားခဲ့လောက်ပြီ”

“မဟာကျင်းအင်ပါယာ ဟုတ်လား...” ဟန်လိ၏ မျက်နှာတွင် အံ့ဩမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

စီနီယာအစ်ကိုချန်းနှင့် လုလောတို့က ဟန်လိ၏ မျက်နှာပေါ်ရှိ အံ့ဩမှုကို မြင်လိုက်ရသော်လည်း လိမ္မာပါးနပ်စွာဖြင့် ထိုခေါင်းစဉ်ကို ဆက်မပြောကြတော့ချေ။ တကယ်တော့ ဟန်လိ၏ အခု ကျင့်ကြံမှုအဆင့်နှင့် စွမ်းရည်များမှာ သူတို့ထက် များစွာ သာလွန်နေပြီဖြစ်သဖြင့် သူတို့စိတ်ထဲ၌ ဟန်လိအပေါ် ရိုသေသမှုများ ဖြစ်ပေါ်နေမိခြင်း ဖြစ်သည်။

သူတို့သည် အခြားအကြောင်းအရာများကို အချိန်အနည်းငယ်ကြာအောင် ဆွေးနွေးပြီးနောက် ဟန်လိက သူသည် နတ်ဆိုးကျဆုံးခန်းချောက်ကမ်းပါး အတွင်း၌ နန်းကုန်းဝမ်၏ ကျိန်စာကို ဖြေရှင်းနိုင်မည့် ဆေးကို ရှာဖွေတွေ့ရှိခဲ့သဖြင့် စမ်းသပ်ကြည့်ချင်ကြောင်း ပြောလိုက်သည်။

သူတို့နှစ်ဦးစလုံးမှာ ဤသည်ကို ကြားရသောအခါ အတိုင်းမသိ ဝမ်းမြောက်သွားကြတော့သည်။ အကယ်၍ နန်းကုန်းဝမ်သာ ပြန်လည်သက်သာလာခဲ့မည်ဆိုလျှင် သူတို့ မျောလွင့်တိမ်တိုက်ဂိုဏ်း၏ အင်အားမှာ ဆထက်တိုးလာမည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့သည် စကားပြောခြင်းကို ချက်ချင်းရပ်လိုက်ကြပြီး ဟန်လိကို တားမြစ်နယ်မြေရှိရာသို့ ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခေါ်လာခဲ့ကြတော့သည်။

စီနီယာအစ်ကိုချန်းနှင့် လုလောတို့မှာ တားမြစ်နယ်မြေ၏ ဝင်ပေါက်တွင် ရပ်ကျန်ရစ်ခဲ့ပြီး ဟန်လိ စိတ်အေးလက်အေးဖြင့် သူမ၏ ကျိန်စာကို ဖြေရှင်းနိုင်ရန်အတွက် ဘေးမှနေ၍ သေချာစွာ စောင့်ကြပ်ပေးနေကြ၏။ ဟန်လိက သူတို့ကို ကျေးဇူးစကား ဆိုလိုက်ပြီးနောက် ကျောက်တံခါးကြီးဆီသို့ လှမ်းလျှောက်သွားခဲ့သည်။

ဟန်လိက ကျောက်တံခါးကြီးကို တချက်ကြည့်လိုက်ရာ အတားအဆီးများမှာ ပြီးခဲ့သော တစ်ခေါက်ကအတိုင်း ရှိနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသဖြင့် သူ ကျေနပ်သွားမိသည်။ ကြည့်ရသည်မှာ စီနီယာအစ်ကို နှစ်ဦးစလုံးမှာ နန်းကုန်းဝမ်၏ အခြေအနေကို သိရှိနိုင်ရန်အတွက် သူတို့၏ စိတ်ဝိညာဉ်အာရုံကိုသာ သုံး၍ စစ်ဆေးခဲ့ကြပုံရသည်။

သူ၏လက်ကို မန္တာန်ချိပ်ဟန် ပြုလုပ်လိုက်ပြီးနောက် အလင်းတံဆိပ်အချို့မှာ ကျောက်တံခါးကြီးပေါ်သို့ ကျရောက်သွားရာ အသံပေးကာ ပွင့်ဟသွားတော့သည်။ ဟန်လိသည် အတွင်းသို့ တိတ်ဆိတ်စွာ လှမ်းဝင်ခဲ့ပြီးနောက် ကျောက်တံခါးကြီးမှာ အလိုအလျောက် ပြန်ပိတ်သွားသည်။

အခန်းတွင်းရှိ ပြင်ဆင်ထားမှုများမှာ အတိတ်ကအတိုင်းပင် ဖြစ်သည်။ အတားအဆီးများကြောင့် ဖုန်မှုန့်တစ်စမျှ မရှိဘဲ သန့်ရှင်းနေပြီး မျက်နှာကြက်ပေါ်ရှိ လစန္ဒာကျောက်များမှာလည်း လင်းထင်းစွာ တောက်ပနေဆဲ ဖြစ်သည်။ နန်းကုန်းဝမ်၏ ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသော ကိုယ်ခန္ဓာလေးမှာမူ ဖြူလျော့သော မျက်နှာလေးဖြင့် တောက်ပနေသော ရေခဲတံတိုင်းအတွင်း၌ ခုထိ ပိတ်မိနေဆဲ ဖြစ်သည်။

ဟန်လိ၏ မျက်နှာတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီးနောက် သူသည် ရေခဲတံတိုင်းရှေ့ သုံးမီတာခန့် အကွာအဝေးသို့ ဖြည်းညင်းစွာ လှမ်းလျှောက်သွားလိုက်သည်။ ထို့နောက် သူသည် နန်းကုန်းဝမ်၏ ဖြူလျော့လှသော မျက်နှာလေးကို စိုက်ကြည့်ရင်း ရှုပ်ထွေးလှသော ခံစားချက်များဖြင့် ရပ်နေမိ၏။

အချိန်မည်မျှကြာသွားမှန်း မသိရပြီးနောက် ဟန်လိက သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ပြီး သူ၏ သိုလှောင်အိတ်ကို ပုတ်ကာ ကျောက်စိမ်းသေတ္တာတစ်ခုကို ဆင့်ခေါ်လိုက်သည်။

သူ၏လက်ဖြင့် သေတ္တာအဖုံးကို အသာအယာ ဖွင့်လိုက်သောအခါ အတွင်းမှ လက်မခန့်ရှိပြီး နီရဲသော အလင်းတန်းများ ထွက်ပေါ်နေသည့် သားရဲအမြုတေတစ်ခု ပေါ်လာတော့သည်။ ၎င်းထံမှ ထူးဆန်းလှသော ဆွဲဆောင်မှုတစ်ခုကိုပါ ခံစားလိုက်ရ၏။

ဟန်လိက မျက်လုံးများကို မှေး၍ ထိုသားရဲအမြုတေကို သေချာစွာ စစ်ဆေးကြည့်လိုက်ပြီးနောက် သူ၏ပါးစပ်မှ မိုးပြာရောင် မြူခိုးတစ်ခုကို မှုတ်ထုတ်ကာ အမြုတေပေါ်သို့ ဖုံးအုပ်စေလိုက်သည်။ ထို့နောက် သူသည် ထိုသားရဲအမြုတေကို ရေခဲတံတိုင်းရှိရာသို့ တိတ်ဆိတ်စွာ ပစ်လွှတ်လိုက်တော့သည်။

ထိုခဏတွင် သူသည် မန္တာန်အချို့ကို ရွတ်ဆိုလိုက်ပြီးနောက် အလင်းတံဆိပ်တစ်ခုဖြင့် ရေခဲတံတိုင်းကို ရိုက်ခတ်လိုက်ရာ မိုးပြာရောင်အလင်းတန်းများနှင့်အတူ မိုးပြာရောင်မြူခိုးနှင့် သားရဲအမြုတေတို့မှာ ရေခဲတံတိုင်းအတွင်းသို့ စိမ့်ဝင်သွားပြီး နန်းကုန်းဝမ်၏ နှုတ်ခမ်းများထံသို့ ရောက်ရှိသွားတော့သည်။

ဟန်လိက နန်းကုန်းဝမ်ထံ လက်ညွှန်လိုက်ရာ ရုပ်သေးရုပ်တစ်ခုအလား သူမ၏ နှုတ်ခမ်းလေးမှာ ပွင့်ဟသွားပြီး ထိုသားရဲအမြုတေမှာ သူမ၏ ပါးစပ်အတွင်းသို့ ပျံဝင်သွားခဲ့ပေပြီ။ ရုတ်တရက်ဆိုသလို နန်းကုန်းဝမ်၏ ဖြူလျော့နေသော မျက်နှာလေးပေါ်တွင် နီရဲသော အလင်းတန်း ခပ်ဖျော့ဖျော့တစ်ခု တောက်ပလာသော်လည်း သူမ၏ မျက်လုံးများမှာမူ ခုထိ မှိတ်ထားဆဲ ဖြစ်သည်။

ဟန်လိက သက်ပြင်းတစ်ချက် ချလိုက်မိ၏။ သူသည် ဤကျိန်စာကို အချိန်တိုအတွင်း ဖြေရှင်းရန် မဖြစ်နိုင်ကြောင်း သိထားပြီး ဖြစ်သည်။ ထိုဆေးမှာ အမှန်တကယ် အစွမ်းထက်လျှင်ပင် သူမ ပြန်လည်သက်သာလာရန် လပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။ သို့သော်လည်း ဟန်လိမှာ ထိုနေရာမှ ထွက်မသွားဘဲ ရေခဲတံတိုင်းရှေ့တွင် ရပ်လျက် နန်းကုန်းဝမ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေမိ၏။ အမည်မသိသော အကြောင်းရင်းတစ်ခုကြောင့် သူ သူမကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့စဉ်က မှတ်ဉာဏ်များမှာ သူ၏ စိတ်အစဉ်တွင် ပြန်လည်ထင်ဟပ်လာသည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားသော်လည်း ဟန်လိမှာမူ နည်းနည်းလေးမျှ မလှုပ်ရှားဘဲ ထိုနေရာ၌ပင် ဆက်လက်ရပ်နေမိ၏။

အချိန်အတော်ကြာပြီးနောက်မှသာ ဟန်လိသည် ထိုလျှို့ဝှက်အခန်းထဲမှ ဖြည်းညင်းစွာ လှမ်းထွက်လာခဲ့ပြီး အတားအဆီးများကိုလည်း စနစ်တကျ ပြန်လည်ပိတ်ဆို့ထားခဲ့၏။

ဂူပြင်ပတွင် စောင့်ကြပ်နေကြသော စီနီယာအစ်ကိုနှစ်ဦးမှာ ဟန်လိ ထွက်လာသည်ကို မြင်ရသောအခါ စိုးရိမ်တကြီးဖြင့် အခြေအနေကို မေးမြန်းကြတော့သည်။ ဟန်လိကမူ မချိပြုံး ပြုံးပြလိုက်ပြီး သူမ၏ ကျိန်စာ ပြန်လည်သက်သာလာခြင်း ရှိ၊ မရှိ ဆိုသည်ကို သိနိုင်ရန် နောက်ထပ် ရက်အနည်းငယ်ခန့် စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း ပြောလိုက်၏။ ထို့နောက် ဟန်လိသည် သူတို့ကို နှုတ်ဆက်လိုက်ပြီး သူ၏ လှိုဏ်ဂူနေအိမ်ရှိရာသို့ အလျင်အမြန် ပျံသန်းထွက်ခွာလာခဲ့တော့သည်။ တကယ်တော့ ခရီးဝေးမှ ပြန်လာခဲ့ရသဖြင့် သူသည်လည်း အတော်လေး ပင်ပန်းနေပြီ ဖြစ်ရာ တခြားအရေးကြီးသော ကိစ္စရပ်များကိုမူ နောက်ရက်များမှသာ အေးဆေးစွာ ဆွေးနွေးကြရန် စဉ်းစားထားခြင်း ဖြစ်သည်။

စီနီယာအစ်ကိုများ မှာကြားထားခဲ့သည့်အတိုင်း သူ၏ လှိုဏ်ဂူနေအိမ်မှာ မည်သူမျှ နှောင့်ယှက်ခြင်းမရှိဘဲ သန့်ရှင်းလျက် ရှိနေဆဲ ဖြစ်သည်။ သူ၏ ကိုယ်လုပ်တော် ဖြစ်သော မူပိုင်လင်းမှာမူ ဘေးနားရှိ တောင်ကုန်းတစ်ခုပေါ်တွင် နေထိုင်လျက် ရှိပြီး စီနီယာအစ်ကိုနှစ်ဦး၏ အထူးစောင့်ရှောက်မှုကို ခံထားရသဖြင့် သူမ၏ ကျင့်ကြံမှုအဆင့်မှာ အခုဆိုလျှင် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းခါ နီးနေပြီ ဖြစ်သည်။

ဟန်လိသည် ဤသတင်းကို ကြားရသောအခါ စိတ်ထဲမှ လှုပ်ရှားသွားပြီး အတိတ်တုန်းက ကြားဖူးခဲ့သော ကာမအနှစ်သာရပညာရပ် အကြောင်းကို ပြန်လည်သတိရမိသွားသည်။

သူ့ထံ၌ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ရန် ကူညီပေးနိုင်မည့် အဖိုးတန်ဆေးလုံးများစွာ ရှိနေသည့်အပြင် မူပိုင်လင်း၏ ထူးချွန်သော ပါရမီနှင့် ဆိုပါက သူသာ အစွမ်းကုန် ကူညီပေးမည်ဆိုလျှင် သူမအနေဖြင့် အောင်မြင်ရန် ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ထိ သေချာသည်။

သို့သော်လည်း သူသည် နတ်ဆိုးကျဆုံးခန်းချောက်ကမ်းပါးအတွင်း၌ မထင်မှတ်ဘဲ စဦးစိတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးနှင့် ကြုံတွေ့ခဲ့ရသဖြင့် မူလအစီအစဉ်များမှာ ပျက်ပြယ်သွားခဲ့ရပြီ ဖြစ်သည်။ မူလကမူ သူသည် မူပိုင်လင်းကို ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ဤပညာရပ်ကို ကျင့်ကြံခိုင်းစေပြီးမှ သူမ၏ သန့်စင်လှသော စွမ်းအင်များကို ရယူရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် အခုအခါတွင်မူ သူသည် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက်သာ ဤအတတ်ပညာကို အသုံးပြုရတော့မည် ဖြစ်ရာ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် မူပိုင်လင်းကိုယ်တိုင်ကလည်း အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေမှသာ ဖြစ်ပေလိမ့်မည်။

သာမန်အခြေအနေမျိုးတွင်မူ သူသည် စဦးစိတ်ဝိညာဉ် နောက်ဆုံးအဆင့်သို့ ရောက်ရှိရန်အတွက် နောက်ထပ် နှစ်ပေါင်းသုံးရာခန့် အချိန်ယူရဦးမည် ဖြစ်သည်။ ထိုအချိန်အတွင်း သူသည် မူပိုင်လင်းကို ဤအတတ်ပညာတွင် တိုးတက်လာအောင် သေချာစွာ ပြုစုပျိုးထောင်ပေးရမည် ဖြစ်၏။ သို့သော်လည်း ဤအတတ်ပညာမှာ ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခု မဟုတ်သဖြင့် သူမအနေဖြင့် အဆင့်မြင့်ဆေးလုံးများစွာ၏ အကူအညီမပါဘဲ အမြုတေဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ အချိန်တိုအတွင်း ရောက်ရှိနိုင်ရန်မှာ မဖြစ်နိုင်လောက်ချေ။

ထိုသို့ တွေးတောရင်း ဟန်လိသည် သူ၏ လှိုဏ်ဂူနေအိမ်ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူ၏ရှေ့မှ သိပ်သည်းလှသော မြူခိုးတိမ်တိုက်များကို မြင်လိုက်ရသောအခါ ဟန်လိက ပြုံးလိုက်ပြီး သူ၏ အင်္ကျီလက်အိုးကို ဝှေ့ယမ်းကာ မြူခိုးများကို ဖယ်ရှားလိုက်၏။ ထို့နောက် သူသည် လှိုဏ်ဂူအတွင်းသို့ အေးဆေးတည်ငြိမ်စွာဖြင့် လှမ်းဝင်လာသည်။

ဘာသာပြန်သူမှတ်ချက်။ ။ ကာမအနှစ်သာရပညာရပ် ဟူသည်မှာ အမြုတေဖွဲ့စည်းခြင်းအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ယောက်နှင့် သံဝါသ ပြုပြီး အမျိုးသားကျင့်ကြံသူက အဆင့်ချိုးဖျက်ခြင်းပင်။ ၎င်းကို တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ ဤအကြောင်းကို အပိုင်း ၆၄၅ တွင် ပြန်ဖတ်ကြည့်နိုင်ပါသည်။

All Chapters