← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း (၁၁၅) ဘယ်သူမှ မရွေးချယ်ချင်တဲ့ ရွေးချယ်မှု

"သခင်လေးချန်..."

ပတ်ဝန်းကျင်ရှိ လူများက ဤမြင်ကွင်းကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်နေကြလေ၏။

ဝူးယာ သည် မြေအောက်လောကတွင် ဩဇာကြီးမားသော ကျားနက်၏ လက်အောက်ခံဖြစ်ပြီး နတ်မင်းကြီးလေးပါးအနက် တစ်ပါး ဖြစ်ပေသည်။

သူက ဘာဖြစ်လို့ ဒီလူငယ်လေးကို "သခင်လေး" လို့ ခေါ်ရတာလဲ။

လူမှားသွားတာများလား။

ထိုအချိန်…ဝူးယာ သည် မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး အလွန်အမင်း ထိတ်လန့်နေခဲ့၏။

"သခင်လေးချန်... ခင်ဗျား ဒီမှာရှိနေမှန်း ကျွန်တော် မသိခဲ့ဘူး... ကျွန်တော် မျက်စိကန်းခဲ့ပါတယ်... ကျွန်တော် သေသင့်ပါတယ်..."

လာနောက်နေတာလား…ဤသူမှာ ၎င်းတို့၏ သူဌေးဖြစ်သူ ကျားနက်ပင်လျှင် အလွန် ရိုသေလေးစားရသော သူတစ်ဦး ဖြစ်ပေသည်။

ဒီသခင်လေးချန်က မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ပြီး စစ်ဘက်ဆိုင်ရာဌာနနှင့်ပင် အဆက်အသွယ် ရှိကြသေးသည်။ငါက တစ်ဖက်လူကို ခြိမ်းခြောက်လိုက်မိတာလား။

ဘုရားရေ...ငါ သေလမ်းကို ရှာနေတာလား။သူ၏ အကြည့်များက ဘေးရှိ သက်လတ်ပိုင်းအရွယ် အမျိုးသားထံသို့ ရုတ်တရက် ရောက်ရှိသွားခဲ့၏။

‘ဒီကောင်တော့ ပြီးသွားပြီ…သူကများ သခင်လေးချန် ကို ဒုက္ခပေးဖို့ တကယ် ကြိုးစားရဲတယ်ပေါ့လေ…မင်း နောင်တရစေရမယ်’ဟု တွေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ဝူးယာ ၏ နောက်ရှိ လက်အောက်ငယ်သားများကလည်း မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြပြီး ချန်ဖုန်းအား ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေကြကာ အသံတစ်သံမျှပင် မထွက်ရဲကြချေ။

အဲဒီတုန်းက...ဒီလူက ကားပါကင်မှာ လူတစ်ရာကျော်ကို လက်သီးတစ်ချက်၊ ခြေကန်ချက်တစ်ချက်နဲ့ တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာလေ အဲဒီမြင်ကွင်းက သူတို့ကို အခုထိ ထိတ်လန့်နေစေတုန်းပဲ။

ဤမြင်ကွင်းက...ပတ်ဝန်းကျင်ရှိ လူတိုင်းကို ကြက်သေ သေသွားစေခဲ့ပေ၏။

သူတို့ ခင်မျာ လုံးဝကို အံ့အားသင့် တုန်လှုပ်သွားခဲ့သည်။

ဝူးယာ နှင့် သူ၏ လက်အောက်ငယ်သားများ၏ မျက်လုံးများထဲရှိ ထိတ်လန့်နေသော အမူအရာများကို မြင်တွေ့ရချိန်တွင် သူတို့၏ နှလုံးသားထဲ၌ ပိုမိုကြီးမားသော တုန်လှုပ်မှုများ ပြည့်နှက်သွားရလေ၏။

ဒီလူငယ်လေးက တကယ်တော့ ဘယ်သူလဲ။ကျားနက်ပင်လျှင် ဝူးယာ ထံမှ ဤကဲ့သို့သော တုံ့ပြန်မှုကို ရရှိနိုင်မည် မဟုတ်ချေ။

"ချီးပဲ... ငါတော့ တကယ့် သံမဏိပြားကို ကန်မိပြီထင်တယ်..."

သက်လတ်ပိုင်းအရွယ် အမျိုးသားသည်လည်း တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။

သူက တိုးတိုးလေး ရေရွတ်လိုက်ပြီး ထွက်ပြေးရန် ပြင်လိုက်၏။

သူ လှည့်လိုက်ချိန်မှာပင် ဝူးယာ က ရုတ်တရက် လှမ်းဆွဲလိုက်ပြီး မြေပြင်ပေါ်သို့ အတင်းအကျပ် ဖိချလိုက်သည်။

"ငြိမ်ငြိမ်နေစမ်း..."

ယင်းနောက်တွင် ဖြစ်ပျက်ခဲ့သည်များမှာ အလွန် ထူးဆန်းလှပေ၏။

လူတစ်စုသည် မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး အသံတစ်သံမျှပင် မထွက်ရဲဘဲ ၎င်းတို့ရှေ့ရှိ အမျိုးသားတစ်ဦး ဆုရအောင် ယူနေသည်ကိုသာ ကြည့်နေကြလေသည်။

ဆယ်မိနစ်အကြာ…

ချန်ဖုန်းသည် နောက်ဆုံးတွင် အရုပ်ကကောက်စက်များ အားလုံးကို ပြောင်သလင်းခါအောင် လုပ်ပစ်လိုက်ပြီ ဖြစ်သည်။ထို့နောက် သူက ဝူးယာ အား ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။

ချန်ဖုန်းက"မင်း ခုနက ပြောလိုက်တာ ငါ့အသက်ကို ကယ်ဖို့ ပိုက်ဆံပေးမလား ဒါမှမဟုတ်..."

"ဒါမှမဟုတ်... ကျွန်တော်တို့ ခင်ဗျားရှေ့မှာ ဒူးထောက်ရမလား ဆိုတာပါ..."ဝူးယာ မှာ အလွန် ကြောက်ရွံ့လွန်းသဖြင့် နဖူးမှ ချွေးများ စီးကျလာပြီး သူ၏ စကားကို အလျင်အမြန် ပြောင်းလဲလိုက်သည်။

ထို့နောက် သူက သက်လတ်ပိုင်းအရွယ် အမျိုးသားကို ရှေ့သို့ တွန်းပို့လိုက်၏။

"သခင်လေးချန်... ဒီကောင်က ခင်ဗျားကို စော်ကားလောက်အောင် မျက်စိကန်းနေတာပါ... အမိန့်သာပေးလိုက်ပါ... ကျွန်တော်တို့ သူ့ကို သတ်ပစ်လိုက်ပါ့မယ်..."

ဤစကားကို ကြားချိန်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် ခြေထောက်များ အားပျော့သွားသလို ခံစားလိုက်ရပြီး သူ၏ မျက်နှာမှာ သေလူတစ်ယောက်ကဲ့သို့ ဖြူလျော်သွားခဲ့ပေသည်။

သူက အလျင်အမြန် ဒူးထောက်ကာ တောင်းပန်လိုက်၏။

"သခင်လေးချန်... ကျွန်တော် တကယ် တောင်းပန်ပါတယ်... ခင်ဗျားကို စော်ကားဖို့ တကယ် ရည်ရွယ်ချက် မရှိခဲ့ပါဘူး... ဒီက အရုပ်တွေကို ကြိုက်သလောက် ယူသွားလို့ ရပါတယ်... ကျွန်တော် ဘယ်တော့မှ ထပ်မတားတော့ပါဘူး..."

"မင်းက ဘယ်လောက်တောင် ရဲတင်းနေတာလဲ... သခင်လေးချန် က မင်းရဲ့ အရုပ်တွေကိုများ ဂရုစိုက်မယ် ထင်နေတာလား... သူ့ကို ဆွဲထုတ်သွားကြစမ်း..."

ဝူးယာ က လက်ဝှေ့ယမ်းလိုက်သည်။

လက်အောက်ငယ်သား နှစ်ဦးက သူ့ကို အလျင်အမြန် ဆွဲထုတ်သွားကြ၏။

လူအများအပြား စောင့်ကြည့်နေသော လူမြင်ကွင်းတွင် အချို့သော ကိစ္စရပ်များကို လုပ်ဆောင်ရန် သိပ်မလွယ်ကူလှချေ။

အကြောက်လွန်၍ ဘောင်းဘီထဲ သေးထွက်ကျနေပြီဖြစ်သော သက်လတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်ရင်း ချန်ဖုန်းက ရုတ်တရက် သက်ပြင်းချလိုက်သည်။

"ကောင်းပြီလေ... သူ့ကို ပညာပေးရုံလောက်ပဲ လုပ်လိုက်ပါ... သေတဲ့အထိတော့ မလုပ်နဲ့..."

အကျင့်ပျက် စီးပွားရေးသမားတွေက တကယ်ကို မုန်းစရာကောင်းတာပဲ။သို့သော် သူက ကြီးကြီးကျယ်ကျယ် ပြဿနာမလုပ်ချင်ချေ။ အထူးသဖြင့် စောင့်ကြည့်နေသူများစွာ ရှိနေသေးသောကြောင့်ပင်။ရိုးရှင်းတဲ့ ပညာပေးမှုလေးတစ်ခုဆိုရင် လုံလောက်ပါပြီ။

"နားလည်ပါပြီ..."

ဝူးယာ က အလျင်အမြန်

ခေါင်းညိတ်လိုက်၏။

ထို့နောက် သူက သက်လတ်ပိုင်းအရွယ် အမျိုးသားအား ကြည့်လိုက်ချိန်တွင် သူ၏မျက်လုံးများထဲ၌ မကောင်းသော ရည်ရွယ်ချက်တစ်ခု တွားသွားလာခဲ့သည်။

‘ဟွန့်…မင်းကို ပညာပေးယုံလောက်ပဲလို့များ ထင်နေလား…မင်းကို လပေါင်းများစွာ အိပ်ရာထဲက မထနိုင်အောင် ရိုက်နှက်ပစ်ခိုင်းရမယ်…

ချီးပဲ…ငါက သခင်လေးချန် ကို စော်ကားမိမလို့ ဖြစ်သွားတာဆိုတော့ မင်းကို ဒီလောက်လွယ်လွယ်နဲ့ အလွတ်ပေးမှာ မဟုတ်ဘူး’ဟုတွေးရင်း

ထွက်ခွာသွားလေသည်။

......

ချန်ဖုန်းသည် ပျော့ပျောင်းသော အရုပ်ရာပေါင်းများစွာကို ကောက်ယူခဲ့ရာ ကားထဲတွင် နေရာမလုံလောက်တော့သဖြင့် အချို့ကိုသာ ယူသွားရပေမည်။ ယွင်ထင်က ကျန်သည့်အရာများကို မလွှင့်ပစ်ချင်သဖြင့် ဝူးယာ ၏ လက်အောက်ငယ်သားများကို အိမ်သို့ ပို့ပေးရန် အကူအညီ တောင်းလိုက်၏။

ထိုအချိန်၌…သူတို့နှစ်ဦးသည် ကားပါကင်သို့ ရောက်ရှိလာကြသည်။

ယွင်ထင်သည် သူမ၏ ဂုဏ်ယူဖွယ် ကောက်ကြောင်းများကို မို့မောက်လိုက်ပြီး နှုတ်ခမ်းကိုကိုက်ကာ မကျေမနပ်ဖြင့် ပြောဆိုလိုက်သည်။

"ရှင့်အတွက် ကျွန်မက အရမ်း စိတ်ပူနေခဲ့တာ... ရှင်က ကျားနက် ရဲ့ လူတွေကို သိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး..."

"ခင်ဗျားကရော ဘယ်လိုလဲ... ခင်ဗျားလည်း ကျွန်တော့်ကို ဖုံးကွယ်ထားတာ တစ်ခုခုများ ရှိနေလား..."

ချန်ဖုန်းက လှည့်ကြည့်လိုက်၏။

ချန်ဖုန်းက သူမကို ကြည့်ကာ"ခင်ဗျား ဒီနေ့ တကယ်ကို ထူးထူးဆန်းဆန်း ဖြစ်နေတာ... ကျွန်တော့်ကို ဖုံးကွယ်ထားတာ တစ်ခုခုများ ရှိနေလို့လား... ဘာပဲဖြစ်ဖြစ် ခင်ဗျားက ကျွန်တော့်ရဲ့ အဆင့်မြင့် အိမ်တော်ထိန်းလေ... တကယ်လို့ ခင်ဗျား မဖြေရှင်းနိုင်တဲ့ ကိစ္စရှိရင် ကျွန်တော် ကူညီပေးနိုင်ကောင်း ကူညီပေးနိုင်လိမ့်မယ်..."

"အိမ်တော်ထိန်း တစ်ယောက်သက်သက်ပဲလား..."

ယွင်ထင်က ခေါင်းစောင်းလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့ပေ၏။

"အင်း..."

ဤစကားကို မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို ချန်ဖုန်း မသိခဲ့ချေ။

ရိုးရိုးသားသား ပြောရလျှင်…ယွင်ထင်သည် အလွန် လှပပြီး ကောင်းမွန်သော အငွေ့အသက် ရှိလေသည်။

စနစ်ကို မရရှိမီက ဤကဲ့သို့သော နတ်ဘုရားမအဆင့်ရှိသူတစ်ဦးနှင့် ထိတွေ့ဆက်ဆံခွင့်ရရန်မှာ သူ့အတွက် မဖြစ်နိုင်ချေ။

ထိုနည်းတူစွာပင်…ကျောင်းရဲ့အလှလေး ရှန်ယန်းယန်းသည်လည်း ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းပေ၏။

အကယ်၍ ယခု ဤလူနှစ်ဦးအကြား ရွေးချယ်ခိုင်းမည်ဆိုပါက...ဤသည်မှာ တကယ်ကို ခက်ခဲသော အခြေအနေတစ်ခုပင်။

ထိုအချိန်၌ ယွင်ထင်သည် ဆံပင်များကို သပ်တင်လိုက်ပြီး ရုတ်တရက် ပြောဆိုလိုက်သည်။

"ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရဲ့ ရှယ်ယာတွေကို ဝယ်ယူချင်နေတဲ့သူရဲ့ အချက်အလက်တွေကို ကျွန်မတို့ ရှာတွေ့ခဲ့ပြီ... သူ့နာမည်က သခင်လေးယွီ တဲ့..."

"သခင်လေးယွီ..."

ပြည်နယ်မြို့တော်မှ လူများနှင့်ပတ်သက်၍ ချန်ဖုန်း ရင်းနှီးကျွမ်းဝင်မှု မရှိခဲ့ချေ။

စနစ်ကို မရရှိမီက သူသည် ပြည်နယ်မြို့တော်သို့ပင် တစ်ခါမျှ မရောက်ဖူးခဲ့ပေ။

ယွင်ထင်က ထူးဆန်းသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။

"ဒီသခင်လေးယွီ က ရန်ပုံငွေအချို့ရှိတဲ့ ဒုတိယမျိုးဆက် သူဌေးသားတစ်ယောက်ပါ... သူက စီးပွားရေးလုပ်ငန်း အများအပြားမှာလည်း ရင်းနှီးမြှုပ်နှံထားတယ်... ဒါပေမဲ့ သူ့ဖခင် ယွီဝမ်ကျိုး က ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ... ပြည်နယ်မြို့တော်က ဩဇာကြီးမားတဲ့ ကုမ္ပဏီတော်တော်များများမှာ ယွီဝမ်ကျိုး ရဲ့ လွှမ်းမိုးမှုတွေ ရှိနေတယ်... သူတို့က ပြည်နယ်မြို့တော်မှာ ကြီးမားတဲ့ ဩဇာအာဏာကို ချုပ်ကိုင်ထားဆဲဆိုတာ ရှင်းနေတာပဲ..."

"အော်..."

တစ်ဖက်လူကို ချန်ဖုန်း အလေးအနက် မထားခဲ့သေးချေ။အနည်းငယ်မျှသာ သိချင်နေခဲ့၏။

"ခင်ဗျား ဆိုလိုတာက အဲဒီ သားအဖနှစ်ယောက်က ကုမ္ပဏီတစ်ခုကို မျက်စိကျသွားပြီဆိုတာနဲ့ ဝင်စွက်ဖက်ပြီး ရှယ်ယာတွေကို အတင်းအကျပ် ဝယ်ယူလေ့ရှိတယ်ပေါ့လေ..."

"ကောလာဟလတွေအရတော့ အဲဒီလိုပဲ..."

ယွင်ထင်၏ မျက်နှာအမူအရာမှာ အလွန် လေးနက်နေခဲ့သည်။

"ဒီသခင်လေးယွီ မှာ တရုတ်နိုင်ငံ စစ်ဘက်ဆိုင်ရာဌာန က ဆွေမျိုးတစ်ယောက်ရှိတယ်လို့လည်း ကြားဖူးတယ်... စစ်ဘက်ဆိုင်ရာဌာန အကြောင်းကို ရှင် ကြားဖူး၊ မကြားဖူးဆိုတာတော့ ကျွန်မ မသိဘူး..."

တရုတ်နိုင်ငံတွင် ကြီးမားသော ဩဇာအာဏာကို ချုပ်ကိုင်ထားဆဲဖြစ်သည့် လျှို့ဝှက်စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့တစ်ခု။

သခင်လေးယွီ နှင့် သူ၏ဖခင်တို့ ပြည်နယ်မြို့တော်တွင် အခြေချနိုင်ခဲ့ခြင်းမှာ ဤဆွေမျိုး၏ အဆက်အသွယ်များကြောင့် အဓိက ဖြစ်ပေသည်။

ဤတစ်ကြိမ်တွင် သူက ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ၏ အလားအလာကို မြင်တွေ့ခဲ့ပြီး ဝင်ရောက်ပတ်သက်ချင်နေခြင်း ဖြစ်၏။

"စစ်ဘက်ဆိုင်ရာဌာန ဟုတ်လား..."

ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်သည်။

ပြိုင်ဘက်တွင် အခြားသော နောက်ခံတစ်ခုခု ရှိနေပါက သူ ကိုင်တွယ်နိုင်၊ မနိုင် စိုးရိမ်ကောင်း စိုးရိမ်ရပေမည်။ အခုတော့ ဒီလောက်တောင် အားထုတ်ပြီးမှ...သိလိုက်ရတာက

သူတို့ရဲ့ ကျောထောက်နောက်ခံက စစ်ဘက်ဆိုင်ရာဌာန ဖြစ်နေတာကိုး။

"သွားရအောင်... ဒီကိစ္စအတွက် ခင်ဗျား စိတ်ပူနေစရာ မလိုပါဘူး... သူတို့ ကျွန်တော့်ကို လာမနှောင့်ယှက်ရင်တော့ အဆင်ပြေပါတယ်... ဒါပေမဲ့ သူတို့ ကျွန်တော့်ကို တကယ် ဒေါသထွက်အောင် လုပ်မိရင်တော့ သေချာပေါက် နောင်တရသွားစေရမယ်..."

"ဟင်..."

ယွင်ထင် ခဏတာ မှင်တက်သွားခဲ့၏။

‘ကျွန်မ ပြောနေတာတွေ အကုန်လုံးကို ရှင် သေချာမကြားလိုက်ဘူးလား…

သူတို့ရဲ့ ကျောထောက်နောက်ခံက စစ်ဘက်ဆိုင်ရာဌာနလေ…

ရှင်က ကျားနက်ကို သိပြီး သူနဲ့ ဆက်ဆံရေးကောင်း ရှိနေရင်တောင် စစ်ဘက်ဆိုင်ရာဌာန က လူတွေနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ…’သူမ တစ်ယောက်တည်းတွေးနေတုန်း…

ချန်ဖုန်း ကားထဲဝင်သွားသည်ကို သူမ မြင်လိုက်ရသည်။

ယွင်ထင်သည် သူ့ကို စိုက်ကြည့်လိုက်ပြီး ရှက်ရွံ့ကာ ဒေါသထွက်နေခဲ့၏။

"ဘာမှနားမလည်တဲ့ ကောင်လေး..."

သူတို့ ထွက်ခွာရန် ပြင်ဆင်နေချိန်မှာပင်…

BMW တစ်စီး ထိုးရပ်လာပြီး ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဥက္ကဋ္ဌယွင်... တိုက်ဆိုင်လိုက်တာ... ဒီနေရာမှာ ခင်ဗျားနဲ့ ဆုံရမယ်လို့ မထင်ထားခဲ့ဘူး..."

မာထျန်ကျူး ကားပေါ်မှ ဆင်းလာခဲ့၏။

စစ်ဝေ့ နည်းပညာကုမ္ပဏီ ၏ အထွေထွေမန်နေဂျာတစ်ဦးအနေဖြင့် သူသည် ယွင်ထင်ကို သိရှိထားပြီး ယွင်ထင်နှင့် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ တို့၏ ဆက်ဆံရေးကိုလည်း သိရှိထားပေသည်။

"မစ္စတာမာ..."

ယွင်ထင်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။

သူမသည် မာထျန်ကျူး အကြောင်း အနည်းငယ် သိထားပေ၏။ သူက စီးပွားရေးလုပ်ရာတွင် စည်းမျဉ်းစည်းကမ်း မရှိဘဲ ငွေရှာရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်မည် ဖြစ်သည်။

စစ်ဝေ့ နည်းပညာကုမ္ပဏီ ၏ မန်နေဂျာဟောင်း ခုံး သည် ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ၏ ခိုးယူမှုအမှုတွင် ပါဝင်ပတ်သက်မှုကြောင့် ဖမ်းဆီးခံခဲ့ရသည်။

အထွေထွေမန်နေဂျာ မာထျန်ကျူး က ပါဝင်ပတ်သက်ခြင်း မရှိခဲ့သော်လည်း…

သူက ဒီအကြောင်းကို သိထားမှာ သေချာသည်။

မာထျန်ကျူး က ဖျော့တော့စွာ ပြုံးလိုက်၏။

"ကျွန်တော်တို့ ဒီမှာ လာဆုံတာက တိုက်ဆိုင်မှုလေး တစ်ခုပါပဲ... သူငယ်ချင်းတစ်ယောက်ကိုယ်စား ဥက္ကဋ္ဌယွင် ကို မေးချင်တာလေး တစ်ခုရှိလို့ပါ... ဥက္ကဋ္ဌယွင် က ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရဲ့ ရှယ်ယာတွေကို ရောင်းချင်တဲ့ စိတ်ဝင်စားမှုများ ရှိမလားလို့..."

—

All Chapters