← Chapters

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း ၁၁၆

Vol. 12 Ch. 116

အခန်း (၁၁၆) ထိတ်လန့်တကြား ထွက်ပြေးသွားခြင်း

“ဟင်…”

ယွင်ထင် မှင်တက်သွားရုံသာမက…

ကားထဲတွင် ထိုင်နေသော ချန်ဖုန်းပင်လျှင် မှင်တက်သွားခဲ့ရပေ၏။

ဘာတွေဖြစ်နေတာလဲ၊ဒီမာထျန်ကျူး က ဘယ်သူ့ကိုယ်စား မေးပေးနေတာလဲ။

ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ သည် လက်ရှိတွင် မုန်တိုင်း၏ဗဟိုချက်၌ ရှိနေပြီး ၎င်းကို မျက်စိကျနေသူများ သေချာပေါက် အများအပြား ရှိနေပေသည်။ မာထျန်ကျူး က သူကိုယ်တိုင် ဝယ်ယူခြင်းမဟုတ်ဘဲ အခြားသူများကိုယ်စား စုံစမ်းပေးနေခြင်း ဖြစ်၏။ဒါက တကယ်ကို စိတ်ဝင်စားစရာပဲ။

ယွင်ထင်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မစ္စတာမာ ရဲ့ ဆိုလိုရင်းက ဘာလဲ..."

"ဒီလိုပါဗျာ... ဥက္ကဋ္ဌယွင် မှာလည်း ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရဲ့ ရှယ်ယာတွေ ရှိနေတယ်ဆိုတာ ကျွန်တော် သိပါတယ်... ပြီးတော့ ကျွန်တော့် သူငယ်ချင်းတစ်ယောက်ကလည်း ဒီကုမ္ပဏီကို အရမ်း စိတ်ဝင်စားနေလို့ပါ..."

“ဒါပေမဲ့ သူက ပြည်နယ်မြို့တော်မှာ ရောက်နေတော့ သူ့ကို ကူညီမေးပေးဖို့ ကျွန်တော့်ကို အကူအညီ တောင်းထားတာပါ…အဲဒီအကြောင်း ပြောရမယ်ဆိုရင်…”

မာထျန်ကျူး က သူမကို တစ်ချက်ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြောဆိုလိုက်၏။

"ဥက္ကဋ္ဌယွင် လည်း ဒီလူကို သိမှာပါ... သူက သခင်လေးယွီ လေ..."

သခင်လေးယွီ။

သခင်လေးယွီ သည် အခြားရှယ်ယာရှင်များထံသို့ ယခင်က ဖုန်းဆက်ခဲ့ဖူးသော်လည်း ဥက္ကဋ္ဌယွင် ကို ဖုန်းခေါ်ရန် အဆင်မပြေဟု ခံစားရသဖြင့် သူမထံ မေးမြန်းပေးရန် သူ့ကို အကူအညီ တောင်းခဲ့ခြင်း ဖြစ်သည်။

ယွင်ထင်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။

ထို့နောက် သူမက အေးစက်စွာ ပြောဆိုလိုက်သည်။

"မရောင်းနိုင်ဘူး..."

"သဘောပေါက်ပါပြီ..."

မာထျန်ကျူး က ပြုံးလျက် ပြောလိုက်သည်။

"ခင်ဗျားတို့ ကုမ္ပဏီမှာ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားတဲ့ အဓိက ရှယ်ယာရှင် တစ်ယောက်ရှိတယ်လို့လည်း ကျွန်တော် ကြားထားတယ်... သူများ စိတ်ဝင်စားမလား မသိဘူး..."

“ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ က အရမ်း တောက်ပတဲ့ အနာဂတ်ရှိပါတယ်... ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ လုံးဝ နစ်နာအောင် လုပ်မှာ မဟုတ်ပါဘူး…”

ထိုအချိန်၌…ချန်ဖုန်းက ကားပေါ်မှ ဆင်းလာပြီး တစ်ဝက်တစ်ပျက် ပြုံးလျက် ပြောဆိုလိုက်၏။

"သူက ဘယ်လောက် သုံးဖို့ စီစဉ်ထားလဲ... ယွမ် ထရီလီယံ တစ်ရာလား ဒါမှမဟုတ် ကွာဒရီလီယံ ဆယ်ခုလား..."

ဒါက ဘယ်သူလဲ…မာထျန်ကျူး က မျက်မှောင်ကြုတ်လိုက်သည်။

ဤချန်ဖုန်းဆိုသူကို သူ ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သလို ထိုလူကလည်း သိပ်အသက်ကြီးပုံ မရချေ။

သူက ဥက္ကဋ္ဌယွင် ရဲ့ မောင်လေး များလား။

ချန်ဖုန်းက လမ်ဘော်ဂီနီ ပေါ်သို့ နောက်မှီချလိုက်ပြီး လက်ပိုက်ကာ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။

"ကျွန်တော့်နာမည်က ချန်ဖုန်း... ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ရဲ့ အဓိက ရှယ်ယာရှင်ပဲ..."

“ကျွန်တော်က ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရဲ့ အဓိက ရှယ်ယာရှင်လည်း ဖြစ်တယ်... ခင်ဗျားက ကျွန်တော့်ကို ရှာချင်နေတာ မဟုတ်ဘူးလား…”

“အော်... ဟုတ်သားပဲ…မကြာသေးခင်က ခင်ဗျားတို့ရဲ့ စစ်ဝေ့ နည်းပညာကုမ္ပဏီ ယွမ် သန်း ၂၀၀ ရှုံးသွားတယ် မဟုတ်လား... အဲဒါကလည်း ကျွန်တော့်ကြောင့်ပဲလေ…

ဒီရှင်းပြချက်က မစ္စတာမာ ကို ပိုပြီး နက်နက်ရှိုင်းရှိုင်း နားလည်သွားစေမလားဆိုတာ ကျွန်တော် သိချင်မိတယ်…”

ရွှီ...

မာထျန်ကျူး သည် သူ့ကို ရုတ်တရက် ကြည့်လိုက်၏။ထို့နောက် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

ငါ့ရှေ့က ဒီကောင်လေးက ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် နဲ့ ဟိုင်ထျန် ဉာဏ်ရည်တု တို့ရဲ့ အဓိက ရှယ်ယာရှင် ဖြစ်နေတာလား။

သူ့ကို ပိုပြီး အံ့အားသင့်သွားစေခဲ့တာက...

ယခင်က သူ၏ ကိုယ်ပိုင်ကုမ္ပဏီမှ မန်နေဂျာ ခုံး နှင့် ညွှန်ကြားရေးမှူးစွန်း တို့သည် ဟိုင်ထျန် ဉာဏ်ရည်တု၏ အဓိက အချက်အလက်များကို ခိုးယူခဲ့ကြသည်။

၎င်းတို့သည် နောက်ဆုံးတွင် ဖမ်းဆီးခံခဲ့ရပြီး ကုမ္ပဏီကိုလည်း ယွမ် သန်း ၂၀၀ ဆုံးရှုံးသွားစေခဲ့သည်။

ဒီအရာတွေ အားလုံးက ငါ့ရှေ့က ဒီကောင်လေးနဲ့ တကယ်ပဲ ပတ်သက်နေတာလား။

ထို့ကြောင့် ချန်ဖုန်းကို သူ အလေးအနက် မထားဘဲ မနေနိုင်တော့ချေ။

မာထျန်ကျူး က အနေရခက်စွာ ပြုံးလိုက်သည်။

"မစ္စတာချန် က တကယ်ကို ငယ်ရွယ်ပြီး အလားအလာကောင်းတဲ့သူပဲ... ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ မစ္စတာချန် က ရောင်းချင်တယ်ဆိုရင် အရာအားလုံးကို သခင်လေးယွီ နဲ့ ဆွေးနွေးလို့ ရပါတယ်..."

"ဆွေးနွေးဖို့ မလိုပါဘူး... ကွာဒရီလီယံ ဆယ်ခု... တကယ်လို့ သူက အဲဒီလောက် ပေးနိုင်ရင် ကျွန်တော် ရောင်းမယ်..."

မာထျန်ကျူး "ဒါ..."

"သူတို့က ထရီလီယံ ဆယ်ခုကိုတောင် မထုတ်ပေးနိုင်ဘဲနဲ့ ဘာတွေ လာပြောနေတာလဲ... အရူးတစ်သိုက်ပဲ... သူတို့မှာ အဆက်အသွယ်လေး နည်းနည်းရှိတာနဲ့ပဲ သူတို့ကိုယ်သူတို့ အရမ်း ကြီးကျယ်တယ်လို့ ထင်နေကြတာလား..."

ချန်ဖုန်းက အရင်ဆုံး စတင်ဝေဖန်တော့မည် ဖြစ်သည်။

“ဘာလဲ ပိုက်ဆံမတတ်နိုင်ပဲ ငါ့ရဲ့ ရှယ်ယာတွေကိုတောင် ဝယ်ချင်နေသေးတယ်…

သွားသေလိုက်လေ…”

"ဥက္ကဋ္ဌချန်..."

မာထျန်ကျူး ၏ မျက်နှာအမူအရာမှာ အတော်လေး ကြည့်ရဆိုးနေခဲ့၏။

သို့သော် လောလောဆယ်တွင် သူ ငြင်းခုံမနေချင်တော့သဖြင့် သူ၏အကြည့်ကို ယွင်ထင်ထံသို့ လွှဲလိုက်သည်။

"ဥက္ကဋ္ဌယွင်... သခင်လေးယွီ က ခင်ဗျားကို နှုတ်ဆက်လိုက်တယ်... ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ခင်ဗျားကို သူ အရမ်းလွမ်းနေခဲ့တယ်လို့ ပြောတယ်..."

ယွင်ထင် တုန်ရီသွားခဲ့သည်။

ဘေးတွင်ရပ်နေသော ချန်ဖုန်းက မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောဆိုလိုက်၏။

"မင်း... မာ လို့ နာမည်ရတဲ့ကောင်... ယွီဆိုတဲ့ကောင်ရဲ့ ဘိုးဘွားဘီဘင်တွေကို ငါက နှုတ်ဆက်လိုက်တယ်လို့ သွားပြောလိုက်စမ်း..."

"..."

မာထျန်ကျူး က ဘာမှဆက်မပြောတော့ချေ။

ဘာပဲဖြစ်ဖြစ် ပြောစရာရှိတာတွေ သူ ပြောပြီးသွားပြီဖြစ်ရာ ဆက်နေပါက ပဋိပက္ခအချို့ ဖြစ်လာနိုင်ပေသည်။

အထူးသဖြင့် ခုနက ချန်ဖုန်းကို မြင်တွေ့လိုက်ရချိန်တွင် တစ်ဖက်လူက သူ့ကို အလွန် အန္တရာယ်များသော ခံစားချက်တစ်ခု ပေးစွမ်းနေသောကြောင့်ပင်။

မာထျန်ကျူး ထွက်သွားပြီးနောက်…

ချန်ဖုန်းသည် ယွင်ထင်အား ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။

"ဘာတွေ ဖြစ်နေတာလဲ... အဲဒီ အသုံးမကျတဲ့ သခင်လေးယွီဆိုတဲ့ ကောင်က ခင်ဗျားကို အရင်ကတည်းက သိနေတာလား..."

"အင်း..."

ယွင်ထင် ကားထဲတွင် ထိုင်လိုက်သည်။

အမြဲတမ်း ခပ်တန်းတန်းနေတတ်သော သူမ၏ မျက်နှာပေါ်တွင် အနည်းငယ်သော အပြောင်းအလဲတစ်ခု နောက်ဆုံးတော့ ပေါ်လာခဲ့၏။

"တကယ်တော့ ငါ ပြည်နယ်မြို့တော်မှာ အလုပ်စလုပ်တုန်းက အဲဒီအချိန်က သခင်လေးယွီ က ငါ့ကို အမြဲတမ်း လာနှောင့်ယှက်လေ့ရှိတယ်..."

“ငါ သူ့ကို အကြိမ်မရေမတွက်နိုင်အောင် ငြင်းပယ်ခဲ့ပေမဲ့အသုံးမဝင်ခဲ့ဘူး…ဒါအပြင်တစ်ဖက်လူက စစ်ဘက်ဆိုင်ရာဌာန နောက်ခံရှိနေသေးတော့ ငါသူ့ကို အရမ်း မစော်ကားရဲဘူး…”

“နောက်ပိုင်းမှာ အခြားရွေးချယ်စရာ မရှိတော့တာနဲ့ ငါလည်း ပေ့ဟူ ကို ရောက်လာခဲ့တာလေ…ဒီနှစ်အနည်းငယ်အတွင်းမှာ အေးချမ်းခဲ့ပြီး သခင်လေးယွီ လည်း ငါ့ကို လာနှောင့်ယှက်တာ ရပ်သွားခဲ့တယ်….အခုလို ပြန်ပေါ်လာမယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး…ဟူးး”

"သခင်လေးယွီ လိုကောင်မျိုးကို ဘာကြောက်စရာ ရှိလို့လဲ..."

ချန်ဖုန်း၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့၏။

"တကယ်လို့ သူက ခင်ဗျားကို လာနှောင့်ယှက်ရဲရင် သူ အရှင်လတ်လတ် ပြန်မထွက်သွားနိုင်စေရဘူးလို့ ကျွန်တော် အာမခံတယ်..."

......

စစ်ဝေ့ နည်းပညာကုမ္ပဏီ သို့ ပြန်ရောက်ပြီးနောက် မာထျန်ကျူး သည် ပြည်နယ်မြို့တော်သို့ ဖုန်းခေါ်ဆိုလိုက်သည်။

"ဟလို... သခင်လေးယွီ... ကျွန်တော် စကားကို ပါးလိုက်ပါပြီ... ဒါပေမဲ့ ဥက္ကဋ္ဌယွင် နဲ့ အဲဒီ အဓိက ရှယ်ယာရှင်က သူတို့ရဲ့ ရှယ်ယာတွေကို ရောင်းချင်ပုံမရဘူး... သူတို့ပြောတာက..."

"ဘာပြောလဲ..."

"အဓိက ရှယ်ယာရှင်ရဲ့ နာမည်က ချန်ဖုန်း တဲ့... သူကပြောတယ် တကယ်လို့ ခင်ဗျားက ကွာဒရီလီယံ ဆယ်ခု ပေးပြီး ရှယ်ယာတွေကို ဝယ်မယ်ဆိုရင် သူ ရောင်းပေးဖို့ ဆန္ဒရှိပါတယ်တဲ့..."

"မာထျန်ကျူး... ဒါက မင်း ငါ့ကိုပေးတဲ့ အဖြေလား... ငါပြောတာကို သေချာနားထောင်... မင်းကို စစ်ဝေ့ နည်းပညာကုမ္ပဏီ ရဲ့ အထွေထွေမန်နေဂျာ ဖြစ်အောင် ငါလုပ်ပေးနိုင်သလို အခုချက်ချင်း ရာထူးက ဆင်းသွားအောင်လည်း ငါလုပ်ပေးနိုင်တယ်နော်..."

“ငါ့ရဲ့ နောက်ခံကို မင်းသိတယ်မလား… မင်း ဘယ်လိုနည်းလမ်းတွေ သုံးမလဲဆိုတာကို ငါ ဂရုမစိုက်ဘူး... မင်း ရှယ်ယာတွေကို ရအောင်ယူရမယ်…”

“ငါ မင်းကို သုံးရက်ပဲ အချိန်ပေးမယ်… သုံးရက်ကြာရင် ငါ ပေ့ဟူမြို့ ကို ကိုယ်တိုင်လာခဲ့မယ်… တကယ်လို့ မင်းသာ တာဝန်မကျေဘူးဆိုရင် အကျိုးဆက်တွေကို မင်းသိတယ်နော်…”

"ကျွန်တော်... ကျွန်တော် နားလည်ပါပြီ..."

မာထျန်ကျူး မှာ အလွန် ကြောက်ရွံ့လွန်းသဖြင့် သူ၏ ကျောပြင်တစ်ခုလုံး အေးစက်သော ချွေးများဖြင့် ဖုံးလွှမ်းသွားခဲ့ပေ၏။

သူ၏ လက်ရှိ ကုမ္ပဏီ စီအီးအို ဆိုသော ရာထူးကို အထင်မကြီးလိုက်ပါနှင့်

သခင်လေးယွီ ၏ ရှေ့တွင်မူ သူက ဘာမှမဟုတ်ချေ။

လူတစ်ယောက်၏ စကားတစ်ခွန်းက သူ့ကို အောင်မြင်မှု ဆီသို့ ရောက်ရှိသွားစေနိုင်သကဲ့သို့ မထင်ရှားသော အောက်ခြေသို့လည်း တွန်းပို့သွားစေနိုင်ပေသည်။

ထိုအချိန်၌ ပုံရိပ်တစ်ခုသည် ရုံးခန်းတံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့၏။

"ဦးလေး... ကျွန်တော့်ကို ကူညီပေးလို့ ရမလား... ဟင်... ဦးလေးရဲ့ မျက်နှာက ဘာလို့ ချွေးတွေ ပြန်နေတာလဲ... ရုံးခန်းထဲမှာ ပူတောင်မပူဘဲနဲ့..."

လွီပင်း ဖြည်းညင်းစွာ လျှောက်ဝင်လာခဲ့သည်။

မာထျန်ကျူး က သူ့ကို စိုက်ကြည့်ကာ စိတ်မရှည်စွာဖြင့် ပြောလိုက်၏။

"အခု ဘာအကူအညီ လိုချင်ပြန်ပြီလဲ..."

လွီပင်း က ဆိုဖာပေါ်သို့ ဖုန်းခနဲ ထိုင်ချလိုက်ပြီး ခြေချိတ်ကာ ပြောလိုက်သည်။

"ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ က စမတ်ဖုန်းနာရီတွေ ထုတ်လုပ်နေတယ် မဟုတ်လား...ဒီထုတ်ကုန်က အရမ်းမိုက်တယ်လို့ ကြားတယ်... ဒါပေမဲ့ အရေအတွက်က အရမ်းနည်းလွန်းတော့ ကြိုတင်မှာယူဖို့တောင် မလွယ်ဘူးလေ... ဦးလေး ကျွန်တော့်အတွက် တစ်လုံးလောက် မှာယူပေး နိုင်မလား…”

‘ငါက ဘာလိုလုပ် လုပ်ပေးနိုင်မှာလဲ’

မာထျန်ကျူး ချက်ချင်းပင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့၏။

‘ဒီကောင်လေးက အကျိုးရှိတာ ဘာမှမလုပ်ဘဲ ငါ့အတွက် အမြဲတမ်း ပြဿနာပဲ ရှာနေတာပဲဟု’တွေးလိုက်သည်။

သူက လွီပင်း ၏ မျက်နှာကို ရုတ်တရက် ထပ်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မင်းမျက်နှာက ဘာဖြစ်လာတာလဲ... ဘယ်သူရိုက်လိုက်တာလဲ..."

"အဲဒီ ချန်ဖုန်း ဆိုတဲ့ကောင်ကြောင့် အကုန်ဖြစ်ရတာလေ..."

လွန်ခဲ့သော ရက်အနည်းငယ်က အတန်းဖော်များ တွေ့ဆုံပွဲကို တွေးမိချိန်တွင် လွီပင်း မှာ ဒေါသထွက်နေခဲ့သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အထက်တန်းကျောင်း အတန်းဖော်တွေ တွေ့ဆုံပွဲကို ကျွန်တော် သွားခဲ့တယ်... လူတစ်ယောက်က ကျားနက် ကို သိနေလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး..."

“ကျွန်တော် သူ့ကို စကားနည်းနည်းလေးပဲ ပြောလိုက်တာကို ကျားနက်ဆီကနေ အသတ်ခံရလုနီးပါး ဖြစ်သွားတယ်လေ…”

“ဦးလေး... ဦးလေးလည်း သိတယ်မလား... ကျားနက် က ပေ့ဟူမြို့ မှာ ဩဇာကြီးမားတဲ့ လူတစ်ယောက်လေ... သူက ဘယ်လိုလုပ် ကျောင်းသားတစ်ယောက်ကို အဲဒီလောက်တောင် ဖားယားနေရတာလဲ…ကျွန်တော် တကယ်ကို နားမလည်နိုင်တော့ဘူး…”

ချန်ဖုန်း…

ကျားနက်…

ဖားယားပြီး မျက်နှာချိုသွေးနေတယ် ဟုတ်လား…

မာထျန်ကျူး သည် ဤစကားလုံးများ အားလုံးကို မှတ်မိနေခဲ့ပေ၏။

ယင်းတို့ အားလုံး ပေါင်းစပ်လိုက်ပါက ပါဝင်သော သတင်းအချက်အလက် ပမာဏမှာ အလွန် ကြီးမားလှပေသည်။

ကျားနက်ဆိုတာ ဘယ်သူလဲ ပေ့ဟူမြို့ ၏ မြေအောက်အင်အားစုများကို ဦးဆောင်နေသော ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ပေ့ဟူ၏ မြေအောက်အာဏာကို သူဌေးပေါင် နှင့် တန်းတူ ခွဲဝေယူထားသူပင် အဲဒီလို လူမျိုးက ချန်ဖုန်းကို ဘယ်လိုလုပ် ဒီလောက်တောင် ဖားယားနေနိုင်ရတာလဲ။

ဘုရားရေ…ဒီကောင်လေးမှာ လွှမ်းမိုးနိုင်စွမ်း အများကြီး ရှိနေတာပဲ။

မာထျန်ကျူး ၏ နှုတ်ခမ်းများ တဆက်ဆက် တုန်ယင်သွား၏။

ယခုအခါတွင်မူ သူသည် ချန်ဖုန်း၏ ရှယ်ယာများကို လိုချင်နေရဲတော့မည် မဟုတ်ချေ။ ပြည်နယ်မြို့တော်မှ သခင်လေးယွီ ကို မစော်ကားရဲသော်လည်း ပေ့ဟူမှ ကျားနက် ကိုလည်း သူ မစော်ကားရဲပေ။

သူ့အနေနဲ့ ဘယ်ဘက်ကိုမှ စော်ကားလို့ မရဘူး ဘယ်သူ့ကို စော်ကားစော်ကား သေချာပေါက် သေလမ်းပဲ…

‘ဘာလုပ်ရမလဲ… ဘာလုပ်ရမလဲ…

ချီးပဲ…တကယ်လို့ ငါက သူတို့ကို မစော်ကားရဲရင်တောင် သူတို့ကို ရှောင်နေလို့ မရဘူးလား…

ထွက်ပြေးတာပဲကောင်းပါတယ်…’

All Chapters