← Chapters

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း ၁၁၇

Vol. 12 Ch. 117

အခန်း (၁၁၇) တစ်စုံတစ်ယောက် လှုပ်ရှားတော့မည်

ပြည်နယ်မြို့တော်။

ဇိမ်ခံဗီလာကြီးတစ်ခု၏ အတွင်းဘက်၌။

လူငယ်တစ်ဦးသည် ကုတင်ကြီးပေါ်တွင် လှဲလျောင်းနေပြီး သူ၏ မျက်နှာပေါ်တွင် မောက်မာသော ဟန်ပန်တစ်ခု ရှိနေသဖြင့် ပေါ့ပျက်ပျက်နိုင်သော အသွင်အပြင်ကို ပေးစွမ်းနေပေ၏။

ဖုန်းချပြီးနောက် သူသည် အဝတ်အစားလဲနေသော ဘေးရှိ အမျိုးသမီးကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောဆိုလိုက်သည်။

"ချန်ရှောင်ရှောင်... မင်းတို့ကုမ္ပဏီမှာ တခြား အနုပညာရှင်တွေ မရှိတော့ဘူးလား... နေ့တိုင်း မင်းလာပြီး အဖော်ပြုပေးနေရတာကို ငါ အရမ်း ငြီးငွေ့နေပြီ"

"သခင်လေးယွီ..."

ချန်ရှောင်ရှောင်က နစ်နာသူတစ်ယောက်ကဲ့သို့ ပြောဆိုလိုက်၏။ "ကျွန်မကို ရွံနေပြီလား"

"ကောင်းပြီ... ကောင်းပြီ"

သခင်လေးယွီ သည် တစ်ဖက်လူ ငိုနေသည်ကို မကြည့်ရက်နိုင်ခဲ့ချေ။ "မင်းတို့ကုမ္ပဏီမှာ ရွှီချင်းချန် ဆိုတဲ့ အနုပညာရှင်တစ်ယောက် ရှိတယ် မဟုတ်လား... မကြာသေးခင်က အထက်လူကြီးတွေနဲ့ ပဋိပက္ခနည်းနည်း ရှိခဲ့တယ်လို့ ကြားတယ်"

"အဲဒါ ပြောမနေနဲ့တော့"

ချန်ရှောင်ရှောင်က နှုတ်ခမ်းဆူလျက် ပြောဆိုလိုက်သည်။ "အဲဒီ ရွှီချင်းချန် က သူ့နာမည်ကြီးတာကို အခွင့်ကောင်းယူပြီး နေ့တိုင်း အစ်မကြီးတစ်ယောက်လို ဟန်ဆောင်နေတာ... ပြီးတော့ ကုမ္ပဏီက စီစဉ်ပေးတဲ့ ပွဲတွေကိုလည်း မသွားဘူးလေ"

“သူမက ဘယ်သူနဲ့မှ ညစာစားတာဖြစ်ဖြစ် အရက်သောက်တာဖြစ်ဖြစ် မလုပ်ဘူး… ပြီးခဲ့တဲ့အကြိမ်က ဒါရိုက်တာဝမ် နဲ့ ညနက်တဲ့အထိ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးဖို့ကိုလည်း သူမက ငြင်းဆန်ခဲ့သေးတယ်…”

“နောက်တော့ အထက်လူကြီးတွေ ဒေါသထွက်သွားပြီး သူမရဲ့ အရင်းအမြစ်တွေ အကုန်လုံးကို ဖြတ်တောက်လိုက်တာပဲ…”

“လွန်ခဲ့တဲ့ နှစ်ပတ်လောက်က စိတ်အေးလက်အေးဖြစ်အောင် ပေ့ဟူ ကို တစ်ယောက်တည်း သွားတယ်လို့ ကြားတယ် ပြည်နယ်မြို့တော်ကို ပြန်ရောက်ပြီလားဆိုတာတောင် မသိဘူး…”

“အဲဒီအကြောင်း ပြောရမယ်ဆိုရင်…”

ချန်ရှောင်ရှောင်က သခင်လေးယွီကို ညှို့ယူဖမ်းစားနိုင်သော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ချိုသာစွာ ပြောဆိုလိုက်၏။

"သခင်လေးယွီ... အသစ်အဆန်းလေးတွေ လိုချင်နေတာလား... ရွှီချင်းချန် က အပျိုစစ်သေးတယ်လို့ ကြားတယ်…

ဒါမှမဟုတ် နောက်တစ်နေ့ကျရင် ရှင့်ကုတင်ပေါ်ကို သူ့ကို ကျွန်မ ခေါ်လာပေးရမလား"

"ပေ့ဟူ..."

သခင်လေးယွီက လက်ဝှေ့ယမ်းလိုက်သည်။ "နောက်မှပဲ ပြောကြတာပေါ့"

ပေ့ဟူအကြောင်း ပြောလိုက်ချိန်တွင် သူ့စိတ်ထဲ၌ လူတစ်ယောက်ကို သတိရသွားလေ၏။ ကြီးမားလှသော 32D ရင်သားများကို ပိုင်ဆိုင်ထားသည့် ယွင်ထင်ပင် ဖြစ်ပေသည်။အဲဒီတုန်းက သူမကို အချိန်အတော်ကြာအောင် လိုက်ခဲ့ပေမဲ့ မရခဲ့ဘူးလေ။

"ကောင်းပြီ... မင်း သွားလို့ရပြီ... တစ်ခုခုလိုရင် ငါ ဖုန်းဆက်လိုက်မယ်"

သခင်လေးယွီသည် မာထျန်ကျူး၏ ဖုန်းနံပါတ်ကို ထပ်မံခေါ်ဆိုလိုက်ပြီး စောစောက ပြောရန် မေ့သွားခဲ့သော ကိစ္စအချို့ကို ရှင်းပြရန် ပြင်လိုက်၏။

"ဆောရီး... လူကြီးမင်း ခေါ်ဆိုသော နံပါတ်မှာ လက်ရှိတွင် အလုပ်ရှုပ်နေပါသည်..."

အကြိမ်များစွာ ခေါ်ဆိုခဲ့သော်လည်း အလားတူ မက်ဆေ့ခ်ျကိုသာ ဆက်တိုက် ရရှိနေခဲ့သည်။

သခင်လေးယွီ၏ စိတ်ထဲတွင် ဒေါသများ ပေါက်ကွဲထွက်ပေါ်လာတော့၏။

"ချီးပဲ..."

"အဲဒီ ငတုံး မာထျန်ကျူး က ငါ့ကို ဘလော့ခ်လုပ်လိုက်တာလား..."

"စောင့်နေလိုက်စမ်း... သုံးရက်နေရင် ပေ့ဟူ ကို ငါ ပြန်လာခဲ့မယ်... ပြီးရင် မင်းကို ပညာပေးမယ်"

လက်ရှိတွင် သခင်လေးယွီမှာ စိတ်အခြေအနေ မကောင်းဖြစ်နေလေ၏။

သူက အခြားနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်ရာ ဖုန်းကို အလျင်အမြန် ဖြေကြားလိုက်ပေသည်။

"သူဌေးပေါင်... မတွေ့ရတာ ကြာပြီနော်..."

"သခင်လေးယွီ... ကျွန်တော်တို့ မတွေ့ရတာ နှစ်အနည်းငယ်တောင် ရှိသွားပြီပဲ..."

ဖုန်း၏ အခြားတစ်ဖက်မှ သူဌေးပေါင်က ဖျော့တော့စွာ ပြုံးလိုက်၏။

သူသည် ပေ့ဟူ၏

မြေအောက်အင်အားစုများတွင် ဩဇာကြီးမားသော သူဌေးတစ်ဦးဖြစ်ပြီး အခြားသော မြေအောက်ဂိုဏ်းခေါင်းဆောင် ကျားနက် နှင့်အတူ ပေ့ဟူ၏ အာဏာအမျိုးမျိုးကို မျှဝေခံစားနေသူ ဖြစ်ပေသည်။

အဆင့်အတန်းအရ ပြောရမည်ဆိုလျှင်…သူသည် ဒုတိယမျိုးဆက် သူဌေးသားဖြစ်သော သခင်လေးယွီထက် များစွာ မြင့်မားလေ၏။

သို့သော် တစ်ဖက်လူ၏ အမှတ်အသားမှာ အတော်လေး ထူးခြားနေသဖြင့် သူ့ကို အလွန် ယဉ်ကျေးစွာ ဆက်ဆံရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ချေ။

သခင်လေးယွီက စကားအပိုတွေ ပြောမနေခဲ့ပေ။

သူက အလျင်အမြန် ပြောဆိုလိုက်သည်။ "သူဌေးပေါင်... ဒီတစ်ခါ ခင်ဗျားကို ဖုန်းဆက်ရတာက အကူအညီတစ်ခု လိုချင်လို့ပါ"

"သခင်လေးယွီ ကတော့ သိပ်သဘောကောင်းတာပဲ... အကူအညီလိုတာရှိရင် အချိန်မရွေး ပြောပါ... ကျွန်တော် တတ်နိုင်သလောက် ကူညီပေးပါ့မယ်..."

သူဌေးပေါင် သည် လည်ဝယ်သော သူတစ်ဦး ဖြစ်ပေ၏။

တတ်နိုင်သလောက် ကူညီပေးမည်ဟုသာ သူပြောခဲ့ပြီး နောက်ဆုံးရလဒ်မှာမူ အခြေအနေအပေါ် မူတည်နေမည် ဖြစ်သည်။ယ

သခင်လေးယွီက ဆက်ပြောလိုက်၏။ "ဒီလိုပါ... မကြာသေးခင်က ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာတွေကို ကျွန်တော် မျက်စိကျနေခဲ့တယ်... ဒါပေမဲ့ ရှယ်ယာရှင်က ကျွန်တော့်ကို မျက်နှာသာ မပေးဘူးလေ... အဲဒါကြောင့် သူဌေးပေါင် ကို သူ့ကို ပညာပေးဖို့ အကူအညီ တောင်းချင်လို့ပါ"

"ဒါပေါ့... အကူအညီတောင်းတဲ့အတွက် ညီအစ်ကိုတွေရဲ့ ပင်ပန်းကြေးကိုတော့ သေချာပေါက် လျှော့မပေးပါဘူး"

"ရှယ်ယာတွေ..."

သူဌေးပေါင် ၏ နှလုံးသား တစ်ချက်ခုန်သွားခဲ့၏။

ပေ့ဟူတွင် စဉ်းစားစရာကောင်းသော ရှယ်ယာများဆိုသည်မှာ လက်ချိုးရေတွက်၍ ရနိုင်လောက်ပေသည်။

မကြာသေးမီက ပေ့ဟူတွင် လူပြောအများဆုံး ကုမ္ပဏီမှာ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ပင် ဖြစ်သည်။

"သခင်လေးယွီ... ခင်ဗျား ဆိုလိုတာက ဟိုင်ထျန် ဉာဏ်ရည်တု ကုမ္ပဏီလား..."

"ဟုတ်တယ်..."

သခင်လေးယွီက ပြုံးလျက် ပြောဆိုလိုက်၏။ "ဒီအကူအညီက အလကား ဖြစ်သွားမှာ မဟုတ်ပါဘူး... ခင်ဗျားက ပေ့ဟူ ရဲ့ အာဏာကို အမြဲတမ်း စုစည်းချင်နေခဲ့တာ မဟုတ်ဘူးလား... ဒီကိစ္စကိုသာ သေချာအောင် လုပ်ပေးမယ်ဆိုရင် ကျားနက် ကို ဖယ်ရှားဖို့ ကျွန်တော် ကူညီပေးမယ်"

"အဲဒီအချိန်ကျရင် ပေ့ဟူမြို့ တစ်မြို့လုံးက ခင်ဗျားရဲ့ အပိုင်ဖြစ်သွားလိမ့်မယ်..."

"စစ်ဘက်ဆိုင်ရာဌာန မှာ ကျွန်တော့်ရဲ့ အားကောင်းတဲ့ ကျောထောက်နောက်ခံတွေ ရှိတယ်ဆိုတာ ခင်ဗျား သိပါတယ်... အဲဒီကိစ္စကိုတော့ ကျွန်တော် သေချာပေါက် လုပ်ပေးနိုင်တယ်..."

သူဌေးပေါင် အံ့အားသင့်သွားခဲ့သည်။

"ဒါ တကယ်ပဲလား..."

သူသည် ကျားနက်ကို အချိန်အတော်ကြာကတည်းက မနှစ်မြို့ခဲ့ဘဲ ကျားနက်၏ အင်အားစုများကို တစ်ချက်တည်းဖြင့် ဖယ်ရှားပစ်ချင်နေခဲ့ခြင်း ဖြစ်၏။

ဒီသဘောတူညီချက်က သေချာပေါက် ကောင်းမွန်တာပဲ။

"တကယ်ပေါ့..."

သခင်လေးယွီက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... အဲဒီလူရဲ့ အချက်အလက်တွေကို ကျွန်တော့်ဆီ ပို့ပေးလိုက်..."

သူဌေးပေါင် သည် ဖုန်းချပြီးနောက် မကြာမီမှာပင် မက်ဆေ့ခ်ျတစ်စောင် လက်ခံရရှိခဲ့၏။

အထက်တွင် ချန်ဖုန်း၏ ဓာတ်ပုံနှင့် သူ၏ အခြေခံအချက်အလက်များ ပါဝင်ပေသည်။

"ဟင်..."

"တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား..."

"ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ရဲ့ ရှယ်ယာရှင်..."

"ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ရဲ့ ရှယ်ယာရှင်..."

သခင်လေးယွီသည် ဤအချက်အလက်များ အားလုံးကို မာထျန်ကျူးထံမှ သိရှိခဲ့ရခြင်းဖြစ်ပြီး ၎င်းကို အတည်ပြုခြင်းမရှိဘဲ သူဌေးပေါင်ထံသို့ တိုက်ရိုက် ပေးပို့လိုက်ခြင်း ဖြစ်ပေသည်။

"ကြည့်ရတာ အိမ်မှာ ပိုက်ဆံနည်းနည်း ရှိတဲ့ပုံပဲ..."

သူဌေးပေါင် က ယင်းကို အလေးအနက် မထားခဲ့ချေ။ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်မှာ ဘယ်လို နောက်ခံမျိုး ရှိနိုင်မှာမို့လို့လဲ။

"သွား... ဖောင်းဇီ ကို ခေါ်လိုက်စမ်း..."

မကြာမီမှာပင်…မျက်စိစွေနေသော လူရမ်းကားတစ်ဦးကို ခေါ်ဆောင်လာခဲ့သည်။

အံ့သြစရာကောင်းသည်မှာ…ထိုသူ၏ ခန္ဓာကိုယ်တွင် ပတ်တီးများ ပတ်ထားပြီး ဒဏ်ရာအချို့ ရရှိထားပုံရပေ၏။

သူဌေးပေါင် က မျက်မှောင်ကြုတ်လိုက်သည်။

"ဖောင်းဇီ... မင်းဒဏ်ရာက ဘယ်လိုဖြစ်တာလဲ..."

"သူဌေးပေါင်... ကြီးကြီးမားမားတော့ မဟုတ်ပါဘူး..."

ဖောင်းဇီ က ခြောက်ကပ်ကပ် ရယ်မောလိုက်၏။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျားနက် ရဲ့ လူတွေနဲ့ ပဋိပက္ခနည်းနည်းဖြစ်လို့ နံရိုး နည်းနည်း ကျိုးသွားတာပါ... သိပ်မပြင်းထန်ပါဘူး... ရက်အနည်းငယ် နားပြီးရင် ဆေးရုံက ဆင်းလို့ရပြီလို့ ဆရာဝန်က ပြောတယ်..."

"ဘယ်နှစ်ချောင်း ကျိုးသွားတာလဲ..."

သူဌေးပေါင် မှာ ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ယခင်က နှစ်ဖက်အကြား ပဋိပက္ခများ ဖြစ်ပွားချိန်တွင် ဒဏ်ရာများမှာ အများအားဖြင့် အတော်လေး ပြင်းထန်လေ့ရှိပေ၏။ ယခုအခါ ဖောင်းဇီ၏ ဒဏ်ရာကို သာမန်ဟု သတ်မှတ်နိုင်ပေသည်။

ဖောင်းဇီ က ရယ်မောလိုက်သည်။ "တကယ် ဘာမှမဖြစ်ပါဘူး... နံရိုးလေးချောင်းပဲ ကျိုးသွားတာပါ... ကျားနက် ရဲ့ လူတွေ ဘာဖြစ်နေလဲမသိဘူး... သူတို့က တစ်ရက်တည်းနဲ့ ကျွန်တော့်နံရိုး နှစ်ချောင်းကို ချိုးသွားတာလေ..."

"အဲဒီကောင်က တကယ်ကို ခွေးကောင်ပဲ... ကျွန်တော် လမ်းလျှောက်နေတုန်း ရုတ်တရက် ပြေးထွက်လာပြီး ကျွန်တော့်နံရိုးတွေကို စထိုးမှာကိုတောင် ကြောက်နေရတယ်..."

"နောက်တော့ တခြားရွေးချယ်စရာ မရှိတော့တာနဲ့ ပုန်းနေလိုက်ပြီး ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဆေးရုံမှာပဲ အနားယူနေတာ..."

"သူဌေးပေါင်... ဘာတာဝန် ရှိလို့လဲ..."

"ကျွန်တော် အဆင်ပြေပါတယ်... ဒဏ်ရာတွေလည်း တော်တော်သက်သာနေပြီဆိုတော့ ရိုးရှင်းတဲ့ တာဝန်တွေကို လုပ်နိုင်ပါပြီ..."

"ကောင်းပြီလေ... မင်းကို တာဝန်ပေးလိုက်မယ်..."

သူဌေးပေါင် က သူ၏ဖုန်းကို ကမ်းပေးလိုက်၏။ "အပေါ်က ဒီကောင်လေးကို စုံစမ်းကြည့်... သူ့မှာ အဆက်အသွယ် တစ်ခုခုများ ရှိနေလားဆိုတာ ကြည့်လိုက်... ပြီးရင် ဒီည ဒါမှမဟုတ် မနက်ဖြန်ညကျရင် သူ့ကို ပညာပေးလိုက်..."

"မှတ်ထားနော်... လူမသတ်မိစေနဲ့..."

သူက ဖောင်းဇီ၏ ဒဏ်ရာများကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်ပုံရပေသည်။

"မင်းနဲ့အတူ ညီအစ်ကို လေးယောက် ခေါ်သွားလိုက်... မှတ်ထားနော်... စစ်ဆင်ရေးက ဒီညပဲ..."

"နားလည်ပါပြီ..."

ဖောင်းဇီ၏ မျက်စိစွေနေသော မျက်လုံးများက ဟိုဟိုဒီဒီ လှုပ်ရှားသွားပြီးနောက် အလျင်အမြန် ထွက်သွားလေ၏။

......

ချန်ဖုန်းသည် ယွင်ထင်နှင့်အတူ ဗီလာသို့ ကားမောင်းပြန်လာခဲ့သည်။

ဝူးယာ၏ လက်အောက်ငယ်သားများသည် အရုပ်များကို ပြန်ပို့ပေးပြီး ဗီလာဝင်ပေါက်တွင် ထားထားခဲ့ကြလေပြီ။

အရုပ်များကို ကြည့်ရင်း ယွင်ထင်၏ မပျော်ရွှင်မှုများ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ဖြစ်နိုင်သည်မှာ အရုပ်ကောက်စက် ကစားနေသည့် အခိုက်အတန့်က သူမအတွက် အပျော်ရွှင်ဆုံးနှင့် အသက်တောင့်သက်သာအရှိဆုံး ဖြစ်ပေလိမ့်မည်။

သူမသည် အမြဲတမ်း တစ်ယောက်တည်း ဖြစ်နေခဲ့သည်။ဘယ်အရာပဲဖြစ်ဖြစ် သူမကိုယ်တိုင် တိတ်တဆိတ် ဖြေရှင်းလေ့ရှိ၏။

ဤတစ်ကြိမ်တွင် ချန်ဖုန်းသည် အခြားမည်သူနှင့်မျှ အစားထိုး၍ မရနိုင်သော လုံခြုံမှုခံစားချက်တစ်ခုကို သူမအား ပေးစွမ်းနိုင်ကြောင်း ယွင်ထင် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။

သူမထက် အသက်အနည်းငယ် ငယ်သော ကောင်လေးကို သူမ ထပ်မံ၍ တစ်ချက်ကြည့်လိုက်လေ၏။

"ချန်ဖုန်း..."

"ဟင်..."

ချန်ဖုန်း လှည့်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် ယွင်ထင်က သူ၏ ပါးကို အလျင်အမြန် နမ်းလိုက်သည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူမက အိပ်ခန်းဆီသို့ အလျင်အမြန် ပြေးသွားလေ၏။

"ငါ ထပ်ပြီး အခွင့်အရေး ယူခံလိုက်ရပြန်ပြီလား..."

ချန်ဖုန်းမှာလည်း လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ဒီခေတ်မှာ ကောင်လေးတွေ အပြင်ထွက်ရင် တကယ်ကို ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လိုတယ်... မဟုတ်ရင် အခွင့်အရေး ယူခံရလိမ့်မယ်…

ထိုအချိန်၌…

လေဟာနယ်ထဲတွင် ဗီဒီယိုတစ်ခု ပေါ်လာခဲ့၏။

ဤသည်မှာ အရင်က ပေါ်လာခဲ့သော ကြိုတင်ခန့်မှန်းဗီဒီယိုဖြစ်ပြီး မပြီးဆုံးသေးပုံရသည်။

"ကြိုတင်ခန့်မှန်းဗီဒီယို ပြောင်းလဲသွားတာလား..."

ဗီလာပိုင်ရှင် အိပ်ပျော်နေစဉ် လူမည်းသုံးဦး ဗီလာထဲသို့ ကျူးကျော်ဝင်ရောက်ကာ ပြစ်မှုကျူးလွန်နေသည့် ဗီဒီယိုဖိုင်ကို ပြောင်းလဲထားကြောင်း ချန်ဖုန်း တွေ့ရှိသွားခဲ့သည်။

အချိန်စောသွားရုံသာမက လူအရေအတွက်ကလည်း သုံးယောက်မှ ငါးယောက်အထိ တိုးလာခဲ့၏။

ဤဗီဒီယိုကို မြင်တွေ့ခဲ့ရသောကြောင့် သူက သူ၏ ခန္ဓာကိုယ်ကို တမင်တကာ အားဖြည့်ထားခဲ့ခြင်း ဖြစ်ကြောင်း သူ မှတ်မိလေသည်။

“ဒီနေ့ ငါ ခန္ဓာကိုယ်အားဖြည့်စွမ်းရည်တွေ မလုပ်ရသေးဘူး မဟုတ်လား…ဒါဆိုရင် အားဖြည့်မှုကို ဆက်လုပ်တာပေါ့…”

"စနစ် အားဖြည့်မယ်..."

[ ဒင်…ပိုင်ရှင်၏ ခွန်အားကို ၈၀၀% အားဖြည့်ထားပါတယ်... ပုံမှန်လူကတော့ ၁၀၀% ပါ…]

[ ဒင်…ပိုင်ရှင်၏ အမြန်နှုန်းကို ၆၅၀% အားဖြည့်ထားပါတယ်... ပုံမှန်လူရဲ့ အမြန်နှုန်းကတော့ ၁၀၀% ပါ…]

[ ဒင်…ပိုင်ရှင်၏ ဒဏ်ရာခံနိုင်ရည်မှာ ၈၀၀% ဖြစ်ပြီး ပုံမှန်လူ့ခန္ဓာကိုယ်ကတော့ ၁၀၀% ပါ…]

ချန်ဖုန်းသည် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအားများ ထပ်မံ အားကောင်းလာသည်ကို ခံစားလိုက်ရပြီး ဖျော့တော့စွာ ပြုံးလိုက်၏။

‘လာကြစမ်း... လာကြစမ်း...ငါ့ရဲ့ လက်သီးစွမ်းအားတွေကို ပြသလိုက်မယ်…’

---

All Chapters