← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း (၁၁၈) သားအမိနှစ်ယောက် ရင်ဖွင့်စကားပြောခြင်း

အခြားတစ်ဖက်တွင်။

ရှန်ယန်းယန်းသည် လက်ရှိတွင် စိတ်အခြေအနေ မကောင်းဖြစ်နေခဲ့၏။

အတန်းထဲတွင်ပင် အာရုံမစိုက်နိုင်ဘဲ တိတ်ဆိတ်စွာ ထိုင်လျက် အတွေးလွန်နေခဲ့ပေသည်။

ယခင်က သူမနှင့် ရှောင်မန်ချီတို့သည် ချန်ဖုန်းအား စာသင်ပေးရန် ပြိုင်ဆိုင်ခဲ့ကြပြီး နှစ်ဦးစလုံး ငြင်းပယ်ခံခဲ့ရသော်လည်း သူမ လုံးဝ စိတ်မဆိုးခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ရှောင်မန်ချီနှင့် နှိုင်းယှဉ်ပါက သူမတွင် အကြွင်းမဲ့ အားသာချက် ရှိနေသောကြောင့်ပင်။

တစ်ဖက်လူက ချန်ဖုန်းကို လုယူသွားမည်ကို သူမ စိုးရိမ်မနေခဲ့ချေ။

သို့သော် ယခုအခါတွင်မူ

လူမှုကွန်ရက်ပေါ်တွင် ရေပန်းစားနေသော အရုပ်ကောက်စက် ကစားနေသည့် ဗီဒီယိုကို မြင်ပြီးနောက် သူမ အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့ရလေ၏။

အရုပ်ကပ်စက် ကစားနေသူမှာ ချန်ဖုန်းဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်ပြီး သူ၏ဘေးတွင် ပျော့ပျောင်းသော အရုပ်များစွာကို ပိုက်ထားသူမှာ ယွင်ထင် ဖြစ်နေပေသည်။

အထူးသဖြင့် ယွင်ထင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို မြင်လိုက်ရချိန်တွင် သူမ၏ မနာလိုစိတ်များ ပိုမိုပြင်းထန်လာခဲ့၏။

"ဘာဖြစ်လို့လဲ ယန်းယန်း..."

သူမ၏ အခန်းဖော်က တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိသွားပြီး အလျင်အမြန် လျှောက်လာခဲ့သည်။

ရှန်ယန်းယန်းက စိတ်ဓာတ်ကျစွာဖြင့် ပြောဆိုလိုက်၏။ "ချန်ဖုန်းက ငါ့ကို မကြိုက်ဘူးလို့ နင် ထင်လား... ကြည့်စမ်း... သူက အစ်မယွင် နဲ့ကျတော့ အရုပ်ကောက်စက် ကစားတယ်... ငါနဲ့ကျတော့ တစ်ခါမှ မကစားပေးဘူး"

အခန်းဖော်သည်လည်း ဗီဒီယိုကို မြင်ချိန်တွင် အနည်းငယ် မှင်တက်သွားခဲ့လေသည်။

ထို့နောက် သူမက ပြောဆိုလိုက်၏။ "ယန်းယန်း... ချန်ဖုန်းက နည်းနည်း မိန်းမရှုပ်တယ်လို့ ငါထင်တယ်... ဒီရက်ပိုင်း ကျောင်းမှာ ထွက်နေတဲ့ ကောလာဟလတွေကို နင် ကြားပြီးပြီလား... သူက ရှောင်မန်ချီ နဲ့ မရှင်းမလင်း ဆက်ဆံရေး ရှိနေရုံတင်မကဘူး ဝူထုံ နဲ့လည်း ပတ်သက်နေတယ်လို့ ကောလာဟလတွေ ထွက်နေတာ"

"ရက်အနည်းငယ်အတွင်းမှာပဲ သူက ကျောင်းရဲ့အလှလေး လေးယောက်ထဲက သုံးယောက်နဲ့တောင် ပတ်သက်နေပြီ... ဒီတိုင်း ဆက်သွားနေရင် သူ ဘာတွေဆက်ဖြစ်လာမလဲ မသိဘူး"

"ဘုရားရေ... သူ့ရဲ့ ကျောက်ကပ်က ခံနိုင်ရည် ရှိပါ့မလား"

"ပြီးတော့ နောက်တစ်ချက်က နင့်ရဲ့ အစ်မယွင် ကို ကြည့်ပါဦး... နင်ပဲ သူက အဆင့်မြင့် အိမ်တော်ထိန်းလို့ ပြောခဲ့တယ်လေ... ဒါပေမဲ့ ဒီ 32D ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ဆိုတော့ အိမ်တော်ထိန်းနဲ့ လုံးဝ မတူဘူး"

"ဒီလောက်ကြီးလာဖို့အတွက် သင်္ဘောသီး ဘယ်လောက်တောင် စားခဲ့ရမလဲ"

“အရေးအကြီးဆုံးက သူနဲ့ နင်တို့ကောင်မလေးတွေ အားလုံးရဲ့ ဆက်ဆံရေးက အရမ်း ရှုပ်ထွေးနေတာပဲ... ဒါပေမဲ့ သူက ဘယ်သူ့ကိုမှ သူ့ရဲ့ ရည်းစားအဖြစ် ရှင်းရှင်းလင်းလင်း မရွေးချယ်သေးဘူးလေ…”

“သူက ဘာကို လိုချင်နေတာလဲ...သူက အကုန်လုံးကို လိုချင်နေတာ ရှင်းနေတာပဲ...ဒီကောင်လေးက သေချာပေါက် လူရှုပ်ပဲ…”

“ယန်းယန်း... နင် ရွေးချယ်မှုတစ်ခု လုပ်ရမယ်...သူ့အနားက ထွက်သွားမလား ဒါမှမဟုတ် သူနဲ့ ဆက်ပတ်သက်နေမလား ဆိုတာကိုပေါ့…”

"ငါ..."

ရှန်ယန်းယန်း၏ ခံစားချက်များမှာလည်း ရှုပ်ထွေးနေခဲ့၏။

ဒီလို ဆက်သွားလို့ မရဘူးလို့ အသိတရားက ပြောနေပေမဲ့ မသိစိတ်ကတော့ ချန်ဖုန်းနဲ့ ဆက်ဆံရေးကို နောက်တစ်ဆင့်အထိ တက်လှမ်းချင်နေသေးတယ်။

"ငါ စဉ်းစားကြည့်ပါဦးမယ်..."

ရှန်ယန်းယန်းသည် အတန်းထဲမှ တိုက်ရိုက် ထွက်သွားလေ၏။

သူမ၏ စိတ်ထဲတွင် ကစဉ့်ကလျား ဖြစ်နေသည်။ချန်ဖုန်းနဲ့ ပထမဆုံး စတွေ့တုန်းက သူက သူမကို ပြိုင်ကားတစ်စီး ပေးခဲ့ပြီး နောက်ပိုင်းမှာ သူမ အဖေရဲ့ ကုမ္ပဏီမှာ ယွမ် ၂ ဘီလီယံတောင် ရင်းနှီးမြှုပ်နှံပေးခဲ့တာကို သူမ မှတ်မိနေသေးတယ်။

သူတို့နှစ်ယောက်က မိဘအချင်းချင်းတောင် တွေ့ဆုံခဲ့ကြပြီး အတန်းဖော်တွေ တွေ့ဆုံပွဲကိုလည်း အတူတူ သွားခဲ့ကြတာပဲ။

ဒီနေ့…ချန်ဖုန်းက သူမရဲ့ လက်လေးကိုတောင် တိတ်တဆိတ် ကိုင်ခဲ့သေးတယ်။ဒါတွေ အားလုံးက ချန်ဖုန်းရဲ့ ရင်ထဲမှာ သူမ နေရာတစ်ခု ရှိနေတယ်ဆိုတာကို ပြသဖို့

လုံလောက်နေပါပြီ။

ထို့အပြင် သူမက အခြားသူများထက် ပိုမိုမြင့်မားသော နေရာတွင် ရှိနေပေသည်။

တခြားသူတွေကို ကြည့်ပါဦး…ရှောင်မန်ချီပဲဖြစ်ဖြစ် ဝူထုံပဲဖြစ်ဖြစ် ဒါက ကျောင်းမှာ ပြန့်နေတဲ့ ကောလာဟလတစ်ခု သက်သက်ပါပဲ... ချန်ဖုန်းက သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့ ရင်းရင်းနှီးနှီး နေတာကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ဘူးလေ…

သူနဲ့ အတူနေတဲ့ ယွင်ထင်တောင်မှ ရင်းနှီးတဲ့ အပြုအမူတွေ လုပ်တာ မတွေ့ရဘူး…ဒီအကြောင်းကို တွေးမိတော့…ရှန်ယန်းယန်း ရုတ်တရက် ပျော်ရွှင်သွားခဲ့၏။

‘ဟုတ်တယ်... သူ ငါ့ကို ကြိုက်နေတာဖြစ်ရမယ်…’

သူမ၏ အခန်းဖော်များ ဘာပဲပြောပြော... ကျောင်းတွင် မည်သည့် ကောလာဟလများ ပြန့်နှံ့နေပါစေ ရှန်ယန်းယန်း၏ လက်ရှိ အတွေးမှာ မည်သူကမျှ ချန်ဖုန်းကို သူမထံမှ လုယူသွားခွင့် လုံးဝ မပြုနိုင်ဟူ၍ ဖြစ်ပေသည်။

ထိုအချိန်၌ သူမ ရုတ်တရက် ဖုန်းတစ်ကော လက်ခံရရှိခဲ့သည်။ကြည့်လိုက်တော့

သူမအမေဆီက ဖုန်းဝင်လာတာဖြစ်နေတယ်။

‘အမေက လွန်ခဲ့တဲ့ ရက်အနည်းငယ်ထဲက အဘိုးအဘွားတွေ အိမ်ကို ပြန်သွားပြီး လဝက်လောက်နေမှ ပြန်လာမယ်ပြောထားတာ ခုပြန်များရောက်နေပီလား မသိဘူး ဟု’တွေးရင်း ဖုန်ကိုင်လိုက်သည်။

"ယန်းယန်း... ဒီကို ပြန်လာခဲ့ဦး... သမီးကို မေးစရာရှိလို့..."

"သိပါပြီ..."

သူမအမေ၏ လေးနက်သော လေသံကို မြင်တွေ့ရချိန်တွင် ရှန်ယန်းယန်းသည် အချိန်မဆွဲရဲဘဲ အိမ်သို့ အလျင်အမြန် ပြန်သွားခဲ့၏။

ကျောင်းမှ အိမ်သို့ ကားဖြင့် ဆယ်မိနစ်ခန့်သာ ကြာပေသည်။

ဝင်သွားသည်နှင့် တစ်ပြိုင်နက် ချမ်းသာသော အသွင်အပြင်ရှိသည့် အမျိုးသမီးတစ်ဦးက ရှန်ယန်းယန်းကို ဆွဲခေါ်သွားပြီး သူမတို့နှစ်ဦး ဆိုဖာပေါ်တွင် ထိုင်လိုက်ကြသည်။

ဖန်းမေးက သူမ၏ လက်ကိုကိုင်ကာ ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်၏။ "ယန်းယန်း... ငါတို့ သားအမိနှစ်ယောက် ရင်ဖွင့်စကားမပြောဖြစ်တာ တော်တော်ကြာပြီနော်... သမီးက ကျောင်းမှာ မနေတော့ဘူးလို့ ကြားတယ်..."

"သမီး..."

ရှန်ယန်းယန်းက အနည်းငယ် ရှောင်လွှဲလိုသော အမူအရာဖြင့် နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

"အမေ... တကယ်တော့ ဘာမေးချင်တာလဲ..."

"ဒီကလေးမလေးကတော့..."

ဖန်းမေးက သက်ပြင်းချလျက် ပြောဆိုလိုက်၏။ "အမေ ပြန်လာတော့ သမီးရဲ့ အတန်းဖော် ချန်ဖုန်း က သမီးအဖေရဲ့ ကုမ္ပဏီမှာ ယွမ် ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့တယ်ဆိုတာ သမီးအဖေဆီကနေ ကြားခဲ့တယ်"

“ကုမ္ပဏီရဲ့ ဈေးကွက်တန်ဖိုးက အခုဆို အဆပေါင်းများစွာ တိုးလာပြီလေ... သမီးရဲ့ အတန်းဖော်က ငါတို့ မိသားစုအတွက် ကျေးဇူးရှင်လို ဖြစ်နေပြီ...အဲဒီအကြောင်း ပြောရမယ်ဆိုရင်…”

သူမက စကားလမ်းကြောင်း လွှဲလိုက်သည်။ "သမီးရဲ့ ပစ္စည်းတွေကို သူ့ရဲ့ ဗီလာဆီ ပြောင်းသွားပြီလို့ အမေ ကြားတယ်... ချန်ဖုန်းက ငါတို့ မိသားစုအပေါ် ကောင်းမွန်ခဲ့ပေမဲ့ သမီးက မိန်းကလေး တစ်ယောက်လေ...တကယ်လို့ တစ်ခုခုများ ဖြစ်ခဲ့ရင် သမီးရဲ့ နာမည်ဂုဏ်သတင်းက…”

"အမေ... ဘာတွေ ပြောနေတာလဲ..."

ရှန်ယန်းယန်းက ရှက်ရွံ့စွာဖြင့် ခြေဆောင့်လိုက်ရာ သူမ၏ မျက်နှာမှာ ချက်ချင်း နီရဲသွားခဲ့၏။အမေ ဘာကို ဆိုလိုသလဲဆိုတာ သူမ ကောင်းကောင်း သိပေသည်။

ဖန်းမေးက ပြုံးလျက် ပြောဆိုလိုက်သည်။ "အမေလည်း ဒီလိုအချိန်တွေကို ဖြတ်သန်းခဲ့ဖူးပါတယ်... အမေ့ကို ပြောပါဦး... ချန်ဖုန်းက သမီးအပေါ် ခံစားချက် ရှိရဲ့လား..."

"သမီး ထင်တာကတော့... ရှိလောက်မယ် ထင်တယ်..."

ရှန်ယန်းယန်းက သူမ၏ လက်ကောက်ဝတ်ရှိ စမတ်နာရီကို ဝင့်ကြွားစွာ ပြသလိုက်ပြီး ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ပြောဆိုလိုက်၏။ "ဒါက ပြီးခဲ့တဲ့အကြိမ်က သူလုပ်ခဲ့တဲ့ နမူနာပုံစံလေ... အခု ကမ္ဘာပေါ်မှာ ဒီတစ်လုံးတည်းပဲ ရှိသေးတာ... သူ သမီးကို ပေးထားတာ..."

"သမီးတို့ လူငယ်တွေရဲ့ ကိစ္စတွေကို အမေ သိပ်နားမလည်ပါဘူး... ချန်ဖုန်း က တကယ်ကို လူကောင်းတစ်ယောက်ပါ... သမီးက သူ့ကို ကြိုက်နေမှတော့ အမေ မတားတော့ပါဘူး..."

စကားပြောနေစဉ်မှာပင် ဖန်းမေးသည် အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကို တိတ်တဆိတ် ထုတ်ယူကာ ရှန်ယန်းယန်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ "ယန်းယန်း... သမီးက ကျောင်းမပြီးသေးဘူးဆိုတော့ ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ရမယ်နော်...ဒါကို သိမ်းထားလိုက်... လိုအပ်တဲ့အချိန်ကျရင် အသုံးဝင်လိမ့်မယ်…”

ရှန်ယန်းယန်းက ၎င်းကို ဖွင့်ကြည့်လိုက်သည်။ထို့နောက် သူမလုံးလုံးလျားလျား မှင်တက်သွားခဲ့၏။

ဘုရားရေ...အမေက ငါ့ကို ဘာပေးလိုက်တာလဲ...Durex...

သူမ လုံးဝ ဆွံ့အသွားခဲ့ပေပြီ။လုံးဝကို အံ့အားသင့် မှင်တက်သွားခဲ့သည်။(ကွန်ဒုံးကြီးနေမှာပါ)

"အမေ... သမီး မလိုချင်ပါဘူး..."

ရှန်ယန်းယန်းက ထိုပစ္စည်းများကို သူမအမေ၏ လက်ထဲသို့ အလျင်အမြန် ပြန်ထည့်ပေးလိုက်သည်။ အလွန် ရှက်စရာကောင်းလှပေ၏။ ချန်ဖုန်းသာ ဒါကိုမြင်သွားရင် သူမကို လှောင်ရယ်နေမှာပဲ။ ငါ့အမေက တကယ်ကို တစ်ခုခုပဲ။

"ဘာလို့ မလိုချင်ရတာလဲ..."

ဖန်းမေး ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အလျင်အမြန် မေးလိုက်သည်။ "ယန်းယန်း... အမေ့ကို ရိုးရိုးသားသား ပြောစမ်း... သမီး ဓမ္မတာ လာပြီလား..."

“မလာသေးဘူး…”

ရှန်ယန်းယန်းက နှုတ်ခမ်းဆူလိုက်၏။

သူမ၏ ဓမ္မတာမှာ အမြဲတမ်း ပုံမှန်မဟုတ်ဘဲ အထူးသဖြင့် နေရာပြောင်းရွှေ့နေထိုင်သည့်အခါများတွင် အများအားဖြင့် ရက်အနည်းငယ် နောက်ကျလေ့ရှိသည်။

သို့သော် ဤသာမန်ကိစ္စလေးက ဖန်းမေးကို မိုးကြိုးပစ်ချလိုက်သည့်အလား ဖြစ်သွားစေခဲ့ပေ၏။

"မလာသေးဘူး ဟုတ်လား... ဒုက္ခပဲ... သမီး ကိုယ်ဝန်ရှိနေပြီထင်တယ်... သမီးတို့နှစ်ယောက် အတူတူ မနေသင့်ခဲ့ဘူး... အတူတူနေရင်တောင် အကာအကွယ် သုံးသင့်တယ်လေ..."

ဖန်းမေးမှာ ချက်ချင်းပင် လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားတော့သည်။

‘ငါ့သမီးက တက္ကသိုလ်ကနေ ဘွဲ့တောင် မရသေးဘူး... ဒီကိစ္စသာ အပြင်ရောက်သွားရင် ကောင်းတဲ့ သက်ရောက်မှု ရှိမှာ မဟုတ်ဘူး…’

"အမေ..."

ရှန်ယန်းယန်းက မျက်နှာကို အုပ်လိုက်ပြီး ပြိုလဲလုနီးပါး ဖြစ်သွားခဲ့၏။ အမေ့ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းက တကယ်ကို အကန့်အသတ် မရှိတာပဲ။ ဝတ္ထုတွေတောင် သွားရေးလို့ ရနေပြီ။

"အမေ... အမေ ထင်နေသလို မဟုတ်ပါဘူး... ဘာတွေ လျှောက်တွေးနေတာလဲ... ချန်ဖုန်း နဲ့ သမီးက အလွန်ဆုံး လက်ကိုင်ရုံလောက်ပဲ ရှိသေးတာ... တခြား ဘာမှမရှိဘူး..."

"ဟင်းး..."

ဖန်းမေးက သက်ပြင်းတစ်ချက် ချလိုက်သည်။ "အော်... အဲဒါဆိုရင်တော့ အမေ စိတ်အေးသွားပြီ... ယန်းယန်း... ဒါကို သိမ်းထားလိုက်ပါ... ဘယ်အချိန် အသုံးဝင်လာမလဲ ဆိုတာ မသိနိုင်ဘူးလေ..."

ထို့နောက် သူမက ရှန်ယန်းယန်း၏ လက်ထဲသို့ အတင်းအကျပ် ထည့်ပေးလိုက်ပြန်၏။

"သမီး..."

ရှန်ယန်းယန်းမှာ ပြောစရာမဲ့ ဖြစ်သွားခဲ့သည်။သူမက မသိစိတ်မှ...

ကွန်ဒုံးကို သိမ်းထားလိုက်လေ၏။

ထိုအချိန်၌ ချန်ဖုန်းထံမှ မက်ဆေ့ခ်ျတစ်စောင် လက်ခံရရှိခဲ့သည်။

"ယန်းယန်း... အဲဒီ ဥက ပေါက်တော့မယ်... ပြန်လာပြီး ကြည့်ချင်သေးလား..."

"ကြည့်ချင်တယ်..."

ရှန်ယန်းယန်းက အလျင်အမြန် မက်ဆေ့ခ်ျ ပြန်ပို့လိုက်ပြီးနောက် သူမ၏ အမေကို ပြောလိုက်သည်။ "အမေ... သမီး သွားရတော့မယ်... နောက်မှပဲ ဆက်ပြောကြတာပေါ့..."

"အေး... အေး... နောက်မှပဲ ဆက်ပြောကြတာပေါ့..."

ဖန်းမေးကလည်း ခေါင်းခါရင်း ​ပြောလိုက်သည်။

သမီးမိန်းကလေးဆိုတာ ကြီးပြင်းလာရင် အိမ်ကနေ ထွက်သွားတတ်တဲ့ သစ်ပင်တစ်ပင်လိုပါပဲ…

—

All Chapters