← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း (၁၁၉) မှင်တက်သွားသော သူဌေးပေါင်

ဗီလာ၏ အတွင်းဘက်၌။

ရှန်ယန်းယန်းသည် အလျင်အမြန် ပြန်ရောက်လာပြီး ဧည့်ခန်းကို ဖြတ်သွားချိန်တွင် ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေသော အရုပ်များကို မြင်တွေ့လိုက်ရလေ၏။

သို့သော် သူမသည် သူမ၏ စိတ်ထားကို ပြင်ဆင်ပြီးသွားခဲ့ပြီ ဖြစ်သည်။ သူမက တစ်ချက်မျှသာ ကြည့်လိုက်ပြီးနောက် စာကြည့်ခန်းဆီသို့ အလျင်အမြန် သွားလိုက်၏။

စာကြည့်ခန်းထဲတွင် ချန်ဖုန်းနှင့် ယွင်ထင်တို့သည် သားဖောက်စက်အနီး၌ စုဝေးနေကြပေသည်။ အတွင်းရှိ ဥကြီးသည် အက်ကွဲနေပြီဖြစ်ပြီး တစ်စုံတစ်ခု ထွက်လာတော့မည့်ပုံ ပေါ်နေ၏။

ဆယ်မိနစ်ခန့် အကြာတွင်။

ဥခွံသည် လုံးလုံးလျားလျား ကွဲကြေသွားပြီး သေးငယ်သော အကောင်လေးတစ်ကောင် ထွက်လာခဲ့လေသည်။

"ဒါက..."

ရှန်ယန်းယန်းသည် သူမ၏မေးစေ့ကို လက်ဖြင့်ထောက်ထားပြီး သူမ၏ မျက်လုံးဝိုင်းကြီးများက အဆက်မပြတ် ပုတ်ခတ်နေခဲ့ပေ၏။သူမသည် တိရစ္ဆာန် အများအပြားကို မြင်ဖူးခဲ့သည်။

သို့သော် သူမရှေ့ရှိ ဤအကောင်လေးကိုတော့ သူမ တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

၎င်း၏ ခန္ဓာကိုယ်ပုံသဏ္ဌာန်မှာ ငှက်တစ်ကောင်နှင့် တူသော်လည်း ငှက်မဟုတ်ချေ။ ချွန်ထက်သော နှုတ်သီးနှင့် အတောင်ပံတစ်စုံ ရှိလေသည်။

"ငါ စစ်ကြည့်လိုက်မယ်..."

ယွင်ထင်က ဖုန်းထုတ်ကာ အွန်လိုင်းတွင် အချက်အလက်များကို ရှာဖွေလိုက်သည်။

အချိန်အကြာကြီး ရှာဖွေပြီးနောက်တွင်လည်း ရှေ့ရှိ ဤအကောင်လေးမှာ ဘာမှန်း မသိနိုင်သေးချေ။

သေးငယ်သော အကောင်လေးသည် ယိမ်းယိုင်ယိမ်းယိုင် ခြေလှမ်းများဖြင့် မွေးဖွားလာခဲ့ပြီး ခြေလှမ်းအနည်းငယ်အကြာတွင် မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း သူ၏ ပတ်ဝန်းကျင်နှင့် လျင်မြန်စွာ အသားကျသွားကာ ချန်ဖုန်း၏ အနီးသို့ ရုပ်ပျက်ဆင်းပျက် လျှောက်သွားပြီး သူ၏အပေါ်တွင် ခုန်ပေါက်နေခဲ့၏။

ယခုမှ မွေးဖွားလာခါစ ဖြစ်သောကြောင့် အကောင်လေး၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ လက်ဖဝါးအရွယ်အစားခန့်သာ ရှိသော်လည်း ၎င်း၏ အတောင်ပံများမှာ အလွန် ရှည်လျားပေသည်။

ချန်ဖုန်းက ခဏတာ လေ့လာကြည့်ရှုပြီးနောက် ဆက်မကြည့်တော့ချေ။ အစပိုင်းတွင် ၎င်းကို ဒိုင်နိုဆောဥဟု သူ ထင်မှတ်ထားခဲ့သည်။ ဒိုင်နိုဆောများကို ရုပ်ရှင်များတွင် သူ မြင်ဖူးသော်လည်း ဤအကောင်လေးမှာ ၎င်းတို့နှင့် အတော်လေး ကွာခြားနေပုံရပေ၏။

"ကျောင်းမှာ တိရစ္ဆာန် သုတေသနလုပ်တဲ့ ဇီဝဗေဒ ပရော်ဖက်ဆာ တစ်ယောက်ရှိတယ်... ဓာတ်ပုံရိုက်ပြီး သူ့ဆီ ပို့ပေးလိုက်မယ်..."

ရှန်ယန်းယန်းက ရယ်မောကာ ဓာတ်ပုံရိုက်ရန် ဖုန်းကို ထုတ်ယူလိုက်စဉ် သူမ၏ အိတ်ကပ်ထဲမှ တစ်စုံတစ်ခု ပြုတ်ကျသွားခဲ့သည်။

သေချာကြည့်လိုက်ချိန်တွင်…သူမ၏ မျက်နှာမှာ ချက်ချင်း နီရဲသွားခဲ့၏။

" ဟ…စွကြိုးနဲ... ဒါက ဘာကြီးလဲ..."

ချန်ဖုန်းက ပြုတ်ကျသွားသော Durex ကို မှင်တက်စွာ စိုက်ကြည့်နေပြီး ဘေးရှိ ယွင်ထင်ပင်လျှင် ထူးဆန်းသော မျက်နှာအမူအရာ ဖြစ်နေခဲ့ပေသည်။

"မဟုတ်ဘူး... ဘာမှမဟုတ်ပါဘူး... ပူဖောင်းပီကေ ပါ..."ရှန်ယန်းယန်းက သူမ လိမ်ပြောနေခြင်း မဟုတ်ကြောင်း သက်သေပြချင်ခဲ့၏။

သူမက ပစ္စည်းကို အလျင်အမြန် ကောက်ယူကာ ထုပ်ပိုးမှုကို ဆွဲဖြဲပြီး ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

အဲဒီ လှုပ်ရှားမှုက…အရမ်းကို လျင်မြန်လွန်းတယ်။

ထို့နောက်...ပူဖောင်းတစ်လုံး မှုတ်လိုက်၏။

"တွေ့လား... ပူဖောင်းပီကေ လေ..."

ချန်ဖုန်း၏ ထူးဆန်းသော အကြည့်ကို သတိပြုမိသွားသဖြင့် သူမက ရှက်ရွံ့စွာ ခြေဆောင့်လိုက်ပြီး လှည့်ကာ အိပ်ခန်းဆီသို့ ပြေးသွားလေတော့သည်။

ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ။

ရှန်ယန်းယန်း ညနေပိုင်းအထိ ထပ်မထွက်လာတော့ချေ။

ညနေရောက်သည်အထိပင်။

ချန်ဖုန်း၏ မျက်နှာအမူအရာမှာ လေးနက်သွားခဲ့၏။ သူသည် အလွန် ကျွမ်းကျင်နေပြီဖြစ်သော်လည်း ယနေ့ည ဗီလာသို့ ဖောင်းဇီ လာလိမ့်မည်ဟု သူ ကြိုတင်ခန့်မှန်းထားခဲ့သည်။

သို့သော်လည်း အဆိုးဆုံးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သေးပေသည်။ ခန စဥ်းစားပီးနောက် သူက ကျားနက် ထံသို့ ထပ်မံ ဖုန်းခေါ်ဆိုလိုက်၏။

......

အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွားပြီး ညဉ့်နက်လာခဲ့သည်။ဗီလာအပြင်ဘက် ထောင့်တစ်နေရာတွင်၊ ပုံရိပ်ငါးခု တိတ်တဆိတ် ဝင်ရောက်လာကြ၏။

ဦးဆောင်လာသူ အမျိုးသားမှာ အခြားသူမဟုတ်ဘဲ သူဌေးပေါင်၏ လက်အောက်ခံ ဖောင်းဇီ ပင် ဖြစ်ပေသည်။

ဖောင်းဇီက ရှေ့ရှိ ဗီလာကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။ "နေ့ခင်းတုန်းက အခြေအနေကို ငါ စစ်ဆေးပြီးပြီ... ဗီလာထဲမှာ ချန်ဖုန်း ဆိုတဲ့ ယောကျ်ားလေး တစ်ယောက်နဲ့ တခြား မိန်းကလေး နှစ်ယောက်ပဲ ရှိတယ်..."

"ချီးပဲ... ဖောင်းဇီ... အဲဒီကောင်က တကယ်ကို ပျော်တတ်တာပဲ... ချမ်းသာတဲ့လူတွေက ကွာခြားတယ်ကွ... သူတို့က ကောင်မလေးတွေကို အမြဲတမ်း အစုံလိုက်ပဲ တွဲကြတာ..."

"ကောင်းပြီ... ဒုတိယအစ်ကို မင်း အရင်ဝင်သွား... အကုန်လုံး အဆင်ပြေတယ်ဆိုတာ သေချာမှ ငါတို့ နောက်ကနေ လိုက်ဝင်လာခဲ့မယ်..."

ဖောင်းဇီ က ညွှန်ကြားချက်များ စတင်ပေးလိုက်၏။

သူ့တွင် ဒဏ်ရာရှိနေသဖြင့် နံရံတက်ရန်မှာ သူ့အတွက် သိပ်မသင့်လျော်လှချေ။

"အိုကေ... ငါ အရင်သွားမယ်…”

လူမည်းတစ်ဦးသည် ခြံဝင်းနံရံပေါ်မှနေ၍ သွက်လက်စွာ ခုန်ကျော်ဝင်ရောက်သွားလေသည်။

ငါးမိနစ်အကြာ။

အတွင်းမှ မည်သည့်အသံမျှ မကြားရသလို အရင်ဝင်သွားသော ညီအစ်ကိုများကလည်း ၎င်းတို့အား အချက်ပြခြင်း မရှိသောကြောင့် ဖောင်းဇီ မျက်မှောင်ကြုတ်သွားခဲ့၏။

"ဟေး... ဝင်ပြီး သွားကြည့်လိုက်ဦး..."

ဆယ်မိနစ်အကြာ။

"ရှောင်ဟွမ်... ဝင်ပြီး သွားကြည့်လိုက်..."

......

မိနစ်နှစ်ဆယ် အကြာတွင်။

ဖောင်းဇီ တစ်ယောက်တည်းသာ ကျန်ရှိတော့ပြီး သူခေါ်လာသော လူလေးယောက်စလုံး ဗီလာထဲသို့ ဝင်သွားကြလေပြီ။

သို့သော် တကယ်ကို ထူးဆန်းနေသည်ကတော့...အတွင်းဘက်တွင် မည်သည့် လှုပ်ရှားမှုမျှ မရှိသေးချေ။

"ချီးပဲ... ဘာတွေ ဖြစ်နေတာလဲ..."

ဖောင်းဇီ သည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ သူက အံကိုကြိတ်ကာ နံရံကိုကျော်၍ ဗီလာထဲသို့ စတင် ဝင်ရောက်လိုက်၏။

သူ၏ လှုပ်ရှားမှုများမှာ အလွန် ကျွမ်းကျင်နေဆဲပင်၊ခြေထောက် မြေပြင်နှင့် ထိလိုက်သည်နှင့် တစ်ပြိုင်နက်…အမျိုးသားတစ်ဦးက ဗီလာခြံဝင်းအတွင်းရှိ ကုလားထိုင်ပေါ်တွင် ခြေချိတ်ထိုင်ကာ သူ့ကို အလွန် စိတ်ဝင်စားနေသည့်ဟန်ဖြင့် ကြည့်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။

သူတို့ ဝင်လာမယ်ဆိုတာကို အစောကတည်းက သိနေခဲ့တဲ့ပုံပဲ။ ထို့အပြင် ထိုအမျိုးသား၏ ခြေရင်းတွင် လူလေးယောက် မြေပြင်ပေါ်၌ လှုပ်ရှားမှုကင်းမဲ့စွာ လဲကျနေပေ၏။

ထိုအခိုက်အတန့်တွင်…ဖောင်းဇီ အပြင်းအထန် တုန်ရီသွားခဲ့ပြီး လှည့်ပြေးတော့သည်။

သူ ပြေးတော့မည့်ဆဲဆဲတွင် ကြီးမားလှသော အင်အားတစ်ခုက သူ့ကို ရုတ်တရက် ဝင်တိုက်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ အပြင်းအထန် ကျဆင်းသွားတော့သည်။အချိန်အကြာကြီး ပြန်မထနိုင်ခဲ့ချေ။

"အရမ်းမြန်တာပဲ..."

ဖောင်းဇီက ချန်ဖုန်းအား ထိတ်လန့်တကြား ကြည့်လိုက်၏။

လွန်ခဲ့သော ခဏလေးက သူ့ကို ကန်လိုက်သူမှာ ချန်ဖုန်း ဖြစ်ပေသည်။

အဲဒါက အရမ်း မြန်လွန်းတယ်။သူက ထိုနေရာတွင် ထိုင်နေရင်း လုံးဝ မလှုပ်ရှားခဲ့သည့်အလားပင်။

ဒါတင်မကသေးဘူး။ဗီလာ၏ တံခါးကြီး ရုတ်တရက် ပွင့်လာပြီး လူတစ်စု ပြေးဝင်လာကာ ဖောင်းဇီကို ချက်ချင်း ဝိုင်းရံလိုက်ကြ၏။

"ကျား... ကျားနက်..."

ဖောင်းဇီ၏ နှုတ်ခမ်းများ ရုတ်တရက် တုန်ယင်သွားတော့သည်။အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ မြေအောက်ဂိုဏ်းခေါင်းဆောင် သူဌေးပေါင်နှင့် တန်းတူဖြစ်သော ကျားနက် ဖြစ်နေသောကြောင့်ပင်။

သူ့ကို ပိုပြီး ထိတ်လန့်သွားစေတာက...ကျားနက်က ချန်ဖုန်းအပေါ် အလွန် ရိုသေလေးစားနေခြင်းပင် ဖြစ်၏။

ထိုအချိန်၌…ချန်ဖုန်းက ကုလားထိုင်ပေါ်မှ ထလာပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ "သူဌေးပေါင် ရဲ့ လက်အောက်ခံတွေလား..."

"ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျွန်တော်က သူဌေးပေါင် ရဲ့ လက်အောက်ခံပါ..."

ဖောင်းဇီ မှာ ငိုလုနီးပါး ဖြစ်သွားပြီး အလျင်အမြန် ပြောလိုက်၏။ "ပြည်နယ်မြို့တော်က သခင်လေးယွီ ပါ... ခင်ဗျားကို ဒုက္ခပေးနေတာ သူပါ... သူဌေးပေါင် နဲ့ ကျွန်တော်က ပိုက်ဆံအတွက် အလုပ်လုပ်ပေးရုံသက်သက်ပါ...ပြီးတော့ နောက်တစ်ချက်က သခင်လေးယွီ က ခင်ဗျားကုမ္ပဏီရဲ့ ရှယ်ယာတွေကို မျက်စိကျနေလို့ ခင်ဗျားကို ပညာပေးခိုင်းတာပါ…”

“ဒီကိစ္စကိုသာ ကူညီပေးမယ်ဆိုရင် ကျားနက် ကို ရှင်းပစ်ဖို့ သူဝင်ပါပေးနိုင်ပြီး သူဌေးပေါင် ကို ပေ့ဟူ ရဲ့ အင်အားစုတွေကို ပေါင်းစည်းခွင့်ပေးမယ်လို့လည်း သခင်လေးယွီ က ပြောခဲ့ပါတယ်…”

"သူဌေးချန်... ခင်ဗျားကို ဒုက္ခပေးဖို့ တကယ် ရည်ရွယ်ချက် မရှိခဲ့ပါဘူး... ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ကျွန်တော့်ကို လွှတ်ပေးပါ..."

"သခင်လေးယွီ..."

ပြည်နယ်မြို့တော်မှ သခင်လေးယွီသည် သူဌေးပေါင်နှင့် အဆက်အသွယ် ရှိနေသေးကြောင်း တွေ့ရှိရသဖြင့် ချန်ဖုန်း အံ့အားသင့်သွားခဲ့၏။

"ကြည့်ရတာ သူဌေးပေါင် က သက်တောင့်သက်သာ နေရတာကို ငြီးငွေ့နေပြီထင်တယ်..."

"ကျားနက်... အဲဒီ သူဌေးပေါင် ဆိုတဲ့လူကို ငါတို့ သွားတွေ့ရင် မကောင်းဘူးလား..."

"မစ္စတာချန်... ခင်ဗျား ပြောတဲ့အတိုင်း အကုန်လုပ်ပါ့မယ်..."

ကျားနက် ကလည်း အေးစက်စွာ နှာမှုတ်လိုက်၏။

သူဌေးပေါင် က သူ့ကို တကယ် အန္တရာယ်ပြုရန် ကြိုးစားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။သူဌေးပေါင် သည် ပြည်နယ်မြို့တော်ရှိ သခင်လေးယွီကို သိရှိထားသောကြောင့် ယခင်က တစ်ဖက်လူကို သူ သတိထားခဲ့ရသည်။

ယခုအခါ ချန်ဖုန်းမှာ စစ်ဘက်ဆိုင်ရာဌာနကပင် စောင့်ကြည့်နေရသူ ဖြစ်၏။ ထိုကဲ့သို့သော အားကောင်းသည့် ကျောထောက်နောက်ခံ ရှိနေမှတော့ ဘာကို ကြောက်နေစရာ လိုသေးလို့လဲ။လူတစ်စုသည် ဖောင်းဇီကို ဆွဲခေါ်ကာ သူဌေးပေါင်၏ နယ်မြေဆီသို့ ဦးတည်သွားကြလေသည်။

......

"သူဌေးပေါင်... ပြဿနာကြီး တက်နေပြီ... ကျွန်တော်တို့ရဲ့ ကာစီနို ဖျက်ဆီးခံလိုက်ရပြီ..."

"ဒုက္ခပါပဲ သူဌေးပေါင်... ကျားနက် က သူ့လူတွေကို ခေါ်လာပြီး အတင်း ဝင်တိုက်နေပြီ..."

"ပြဿနာကြီး တက်နေပြီ... ပြဿနာကြီး တက်နေပြီ..."

အသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး သူဌေးပေါင်ကို ချက်ချင်း ဒေါသထွက်သွားစေခဲ့၏။

"ကျားနက်... မင်းက ငါ့ကို အနိုင်ကျင့်ရလွယ်တယ်လို့ တကယ်ထင်နေတာလား... ညီအစ်ကိုတို့... လက်နက်တွေ ယူကြစမ်း..."

သူဌေးပေါင် က ဟောက်လိုက်ပြီး သူ၏ ညီအစ်ကိုတစ်စုကို ဦးဆောင်ကာ အပြင်သို့ ပြေးထွက်သွားလေသည်။အပြင်ရောက်ရောက်ချင်းမှာပင် မြင်ကွင်းတစ်ခုကြောင့် သူ မှင်တက်သွားခဲ့ရ၏။

ချန်ဖုန်းသည် လူရာပေါင်းများစွာ ဝိုင်းရံထားလျက် သူ့ဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။သို့သော် ဤလူများသည် ချန်ဖုန်းအတွက် ပြိုင်ဘက် မဟုတ်ခဲ့ချေ။သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း လူတစ်ယောက် လဲကျသွားပေသည်။

ချန်ဖုန်း၏ ပတ်ဝန်းကျင်ရှိ လူရာပေါင်းများစွာမှာ သူ၏ အဝတ်အစားများကိုပင် မထိနိုင်သည့်အလား ဖြစ်နေပြီး ယင်းအစား ချန်ဖုန်း၏ လက်သီးနှင့် ခြေကန်ချက်များကြောင့် နာကျင်စွာ အော်ဟစ်နေကြရလေ၏။

"ချီးပဲ..."

သူဌေးပေါင် ၏ နှုတ်ခမ်းများ တဆက်ဆက် တုန်ယင်သွားတော့သည်။

ဒီလောက် ကြမ်းတမ်းတဲ့ လူမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ကျားနက်၏ စွမ်းရည်များပင် ဤမျှ မသန်မာပေ။

All Chapters