အခန်း ၁၈၉
Vol. 19 Ch. 189
Chapter 189
~
အခန်း ၁၈၉ : ဇနီးလောင်း...
~
ရှာကျူးက ယွီလီ နှင့်အတူ လမ်းရုံးသို့ လိုက်လာသော်လည်း ယန်ကျီဝမ် ပါလာသဖြင့် မျက်နှာက ဆူပုပ်ပုပ် ဖြစ်နေသည် ။
ခဏကြာ လမ်းလျှောက်ပြီးနောက် ရှာကျူးက မအောင့်နိုင်တော့ဘဲ...
" ယန်လောင်အာ.. ဒီနေ့ ငါ့ဇနီးလောင်းကို သွားတွေ့မလို့လေ.. မင်းနဲ့ ဘာဆိုင်လို့ လိုက်လာတာလဲ.. "
ယန်ကျီဝမ် လှည့်ကြည့်လိုက်ပြီး သွားဖြူဖြူ ပေါ်အောင် ပြုံးကာ....
" ငါ မင်းကို အကြံဉာဏ်ပေးဖို့ လိုက်လာတာလေ.. "
" မလိုပါဘူး.. ကျေးဇူးပဲ.. ငါ မင်းကို မယုံဘူး.. "
ရှာကျူးက မျက်နှာမဲ့ပြကာ ငြင်းလိုက်သည် ။
" ငါ့ကို မယုံဘူးလား.. "
ယန်ကျီဝမ်က အောင်နိုင်သူ အပြုံးဖြင့် ယွီလီ ကို လက်ညိုးထိုးပြပြီး...
" ကြည့်စမ်း ငါ့မိန်းမကို.... ငါတို့ခြံထဲမှာ ငါ့မိန်းမလောက် လှတဲ့သူ ဘယ်သူရှိလဲ.. "
" ယန်ကျီဝမ်.... "
ယွီလီက သူပြောသည့်စကားကြောင့် ရှက်သွားပြီး သူ၏ခါးကို လိမ်ဆွဲလိုက်သည် ။ သူမကို အပြင်လူရှေ့တွင် မည်သို့ကြောင့် ဤကဲ့သို့ ချီးကျူးနိုင်ရသနည်း ။ သူ့တွင် အရှက်မရှိသော်လည်း သူမကတော့ ရှက်တတ်သေးသည် ။
ရှာကျူး မငြင်းနိုင်တော့ဘဲ ယွီလီ ကို ကြည့်လိုက်မိသည် ။ သူ ယန်လောင်အာ ၏ အမြင်ကို အထင်သေးပေသိ ဤလူ၏ ဇနီးက တကယ်ကို လှသည် ။ ညီမချင် ထက်ပင် ပိုလှသည် ဆိုသည်ကို ဝန်ခံရမည် ။
' ခွေးကံကောင်း.. '
ရှာကျူး သက်ပြင်းချကာ စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး ခေါင်းကိုငုံ့၍ လမ်းရုံး ဆီသို့ တိတ်ဆိတ်စွာ လျှောက်သွားသည် ။
" သူ့ကို နောက်ထပ် မစနဲ့တော့.. သူ ဒီကိစ္စ အောင်မြင်သွားရင် ကျွန်မရဲ့ စွမ်းဆောင်ရည်လည်း တက်လာလိမ့်မယ်.. သူ ထွက်ပြေးသွားရင် ဘယ်လိုလုပ်မလဲ.. "
ထိုသို့ပြောပြီး နှစ်ယောက်သား လိုက်သွားကြသည် ။
ယန်ကျီဝမ်က လမ်းလျှောက်ရင်း...
" အောင်မြင်ဖို့ မခက်ပါဘူး.. သူ့အတွက် လှတဲ့သူတစ်ယောက် စီစဉ်ပေးသရွေ့ ဒီကိစ္စ သေချာပေါက် အောင်မြင်ဖို့ အာမခံတယ်.. "
" ကျွန်မလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်.. "
ယွီလီ ယုံကြည်မှု သိပ်မရှိပေ ။
ယန်ကျီဝမ် က...
" ဒါပေမဲ့ လက်ထပ်စာချုပ်ကို ချက်ချင်းယူတာ အကောင်းဆုံးပဲ.. သူ ခြံဝင်းထဲ ပြန်ရောက်တာနဲ့ လွယ်တော့မယ် မထင်ဘူး.. "
ယွီလီက ထိုစကားကြောင့် အံ့အားသင့်သွားပြီး တိုးတိုးလေး မေးလိုက်သည် ။
" ယီကျုံးဟိုင်က တားလိမ့်မယ်လို့ ရှင် ဆိုလိုတာလား.. "
" ဒီထက်မက ဖြစ်နိုင်တယ်.. "
ယန်ကျီဝမ် ခေါင်းခါပြီး...
" ငါ့စကား နားထောင်.. အောင်မြင်ချင်ရင် ရှာကျူး ကြိုက်တဲ့သူနဲ့ တွေ့တာနဲ့ လက်ထပ်စာချုပ် တန်းလုပ်ဖို့ လှည့်စားလိုက်.. "
" ဒါ နည်းနည်းတော့ မလွန်ဘူးလား.. "
ယွီလီ အနည်းငယ် တွန့်ဆုတ်သွားသည် ။
" ဘာမှ မလွန်ပါဘူး.. "
ယန်ကျီဝမ်က လက်ကို ဝှေ့ယမ်းပြီး...
" ရှာကျူး ရဲ့ ကောင်းကျိုးအတွက် ငါတို့ ဒါကို လုပ်နေတာပဲလေ.. ငါတို့ ခြံထဲမှာ တံခါးစောင့်နတ် တွေ ရှိတယ်.. ရှာကျူး ဒီတစ်ခါ လက်မထပ်နိုင်ရင် နောင်တစ်ချိန်မှာ သူ လူပျိုကြီး ဖြစ်ဖို့များတယ်.. "
" တံခါးစောင့်နတ်တွေတဲ့လား.. အဲဒါ အဖေ့ရာထူး မဟုတ်ဘူးလား.. ရှာကျူးက အဖေ့နေရာကို အစားထိုးဖို့ စီစဉ်နေတာလား.. "
ယွီလီက နောက်ပြောင် လိုက်သည် ။
" ဟားဟားးး.. "
လင်မယားနှစ်ယောက် ချက်ချင်းပင် ရယ်လိုက်ကြ၏ ။
ရှေ့ရောက်နေသော ရှာကျူးက ဆက်၍ နားမထောင်နိုင်တော့ဘဲ မကျေနပ်ဟန်ဖြင့်...
" မင်းတို့နှစ်ယောက် တိုးတိုး တိုးတိုးနဲ့ ဘာတွေ ပြောနေတာလဲ.. ငါတို့ သွားကြမလား..မသွားဘူးလား.. "
" ဟဲဟဲ.. လာပြီ လာပြီ.. "
...
လမ်းရုံး ဘေး ၊ လူမနေသော ခြံဝင်းတစ်ခုတွင် ။
ဤခြံဝင်းက နည်းနည်း ဟောင်းနွမ်းနေပြီး ဒုက္ခသည်များအား ယာယီ နေရာချထားရန် အသုံးပြုခဲ့သည် ။ ယွီလီ သည် ရှာကျူး နှင့် ယန်ကျီဝမ် ကို တံခါးဝသို့ ခေါ်လာခဲ့၏ ။
ထိုအချိန်တွင် ယွီလီ ၏ ဆရာဖြစ်သူ အဒေါ်ကြီး လည်း အထဲတွင် ရှိနေသည် ။ အဒေါ်ကြီးက ရှာကျူး ကို ကြည့်လိုက်ပြီး...
" မင်း ပြောခဲ့တဲ့လူက သူလား ယွီလေး.. ဒီအသက်အရွယ်မှာ တစ်ယောက်ယောက်ကို ရှာဖို့ မလွယ်ပေမဲ့ ခုတော့ အရေးမကြီးပါဘူး.. အဲဒီ မိန်းကလေးတွေ အားလုံးက ဒုက္ခရောက်လာကြတာ.. သူတို့ စားနိုင်ရင် လုံလောက်ပါတယ်.. "
ရှာကျူး ၏ မျက်နှာအိုကြီးသည် ထိုစကားများကြောင့် ချက်ချင်း မည်းမှောင်သွားပြီး မပျော်မရွှင်ဖြင့်...
" အဒေါ်ကြီး.. ကျွန်တော် ပြောမယ်.. ဒီနှစ်မှ ကျွန်တော်က အသက် ၂၃ နှစ်ပဲ ရှိသေးတာ.. "
" အာ.. "
အဒေါ်ကြီး အံ့အားသင့်သွားပြီး ရှက်ရွံ့စွာ ပြုံးလိုက်ကာ...
" အို.. ကောင်လေး.. အဒေါ် မှားသွားတယ်.. ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့.. အဒေါ် မင်းကို အရင်ဆုံး တောင်းပန်ပါတယ်.. "
ယွီလီက...
" ဆရာ.. ဟဲယွီကျူးက သံမဏိစက်ရုံမှာ ခေါင်းဆောင်စားဖိုမှူးလေ ...သူ တစ်လကို ၃၅.၅ ယွမ် လစာရတဲ့အပြင် အိမ်လည်း အိမ်တစ်လုံး ရှိတယ်.. "
" တကယ် ကောင်းတာပဲ.. ဆိုရိုးစကား အတိုင်း စားဖိုမှူး တစ်ယောက်က အစာရေစာ ရှားပါးတဲ့နှစ်မှာ ငတ်မှာ မဟုတ်ဘူးတဲ့.. ဘယ်မိန်းကလေးကများ ဒီလို ကံကောင်းမှုကို ရမှာလဲ ဆိုတာ ငါ သိချင်နေပြီ.. "
အဒေါ်ကြီးက အထပ်ထပ် ခေါင်းညိတ်ပြီး ရှာကျူး ကို မိတ်ဆက်ပေးလိုက်သည် ။
" ရဲဘော် ရှောင်ဟဲ.. အဒေါ်က ကြွားပြောတာ မဟုတ်ဘူးနော်.. အဲဒီ မိန်းကလေးတွေထဲမှာ အတော်များများက ရုပ်ချောကြတယ်.. သူတို့မှာသာ အခက်အခဲတွေ မရှိရင် ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ရနိုင်မှာ မဟုတ်ဘူး.. မင်း အမိအရ ဆုပ်ကိုင်ရမယ်.. "
" အဲ့လိုဆိုရင် ဘာပြဿနာမှ မရှိပါဘူး.. "
ရှာကျူးက ခေါင်းညိတ်ပြီး ယွီလီ ကို ကြည့်လိုက်သည် ။
" အခု သူတို့ကို သွားကြည့်လို့ ရပြီလား.. "
ယွီလီက အဒေါ်ကြီး ကို လှမ်းကြည့်လိုက်ပြီး တစ်ဖက်လူက ခေါင်းညိတ်ပြပြီးနောက် ရှာကျူး ကို...
" ကျွန်မတို့နောက် လိုက်ခဲ့.. "
သူတို့ သုံးယောက် အခန်းထဲကို အတူတူ ဝင်သွားကြသည် ။
ယွီလီက ပြတင်းပေါက်ကို ညင်သာစွာ ဖွင့်လိုက်လျှင် ပြတင်းပေါက် အပြင်ဘက်မှာ ခြံဝင်းတစ်ခု ရှိသည် ။ မိန်းကလေးတွေ အားလုံး ခြံထဲမှာ အလုပ်လုပ် နေကြ၏ ။ တချို့က မီးခြစ်ဘူးတွေ လုပ်နေကြသည် ။ တချို့က တစ်ခုခု ချုပ်နေကြသည် ။
ယွီလီက ရှာကျူး ကို တိုးတိုးလေး ပြောလိုက်သည် ။
" ရှာကျူး .. အချိန်ယူပြီး ရှာကြည့်ပါ.. ရှင် ဘယ်သူ့ကို ကြိုက်လဲ ကျွန်မကို ပြောပြ.. ကျွန်မ သွားမေးပေးမယ်.. "
ရှာကျူးက ခေါင်းညိတ်ပြီး မိန်းကလေးများကို စတင် စူးစမ်း ကြည့်လိုက်သည် ။ သို့သော် မိန်းကလေး အများစုက အသားညိုပြီး ပိန်လှီကာ သူတို့၏ ပုံပန်းသဏ္ဌာန်ကလည်း နူးညံ့သိမ်မွေ့မှု မရှိ ။ ရှာကျူး ခဏကြာတော့ စိတ်ဝင်စားမှု ပျောက်သွားသည် ။
ရုတ်တရက် ယန်ကျီဝမ် ၏ အသံက သူ့ဘေးနားမှ ထွက်ပေါ်လာပြီး...
" ရှာကျူး .. ဟိုထောင့်က ကောင်မလေးကို ဘယ်လို ထင်လဲ.. "
ရှာကျူးက ယန်ကျီဝမ် ပြောသည်ဘက်သို့ ကြည့်လိုက်ရ ခြံဝင်းထောင့်တွင် မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရသည် ။ ထို မိန်းကလေးက အသား နည်းနည်း မည်းနေသော်လည်း ရုပ်ခံ ကောင်းမွန်ပြီး အရပ် မပုချေ ။
ခဏလောက် ကြည့်ပြီးနောက် ရှာကျူးက ခေါင်းခါပြီး...
" သူရဲ့ ပုံပန်းသဏ္ဌာန်က အဆင်ပြေပါတယ်.. ဒါပေမဲ့ နည်းနည်း မည်းပြီး နည်းနည်း ပိန်တယ်.. "
သူက အသားအနည်းငယ် ပြည့်ဖြိုးသူကို ပို၍ နှစ်သက်နေဆဲပင် ။ ညဘက် ဝါးလုံးတိုင်ကို ဖက်ပြီး မအိပ်ချင် ။ အရိုးများနှင့် ထိုးမိလျှင် နာကျင်ရပေမည် ။
ယွီလီက အကူအညီမဲ့စွာဖြင့်...
" ရှာကျူး .. ရှင့်ရဲ့ စံနှုန်းတွေက အရမ်း မြင့်လွန်းတယ်.. အဲဒီ မိန်းကလေးက မော်ရှောင်ဖန်း လို့ခေါ်တယ်.. ဒီနှစ်မှာ အသက် ၁၈ နှစ်ရှိပြီး ဒီမိန်းကလေးတွေထဲမှာ အနူးညံ့ဆုံးလို့ သတ်မှတ်ခံထားရတယ်.. "
" ဘယ်လိုမှ မဖြစ်နိုင်ဘူး.. ဒီလိုကိစ္စမျိုးကို အတင်းအကျပ် လုပ်လို့မရဘူး.. "
ရှာကျူး ၏ စိတ်နေသဘောထားက အလွန် ခိုင်မာသည် ။
" ယွီလီ .. နောက်ထပ် ရှိသေးလား.. မရှိတော့ဘူးဆိုရင် ငါ ပြန်သွားတော့မယ်.. ငါ တစ်ယောက်မှ မကြိုက်ဘူး.. "
စကားပြောပြီးနောက် သူ ထွက်သွားရန် ကြိုးစားခဲ့သော်လည်း ယန်ကျီဝမ် က အနောက်မှ ဆွဲထားလိုက်သည် ။
ရှာကျူးက စိတ်ဓာတ်ကျစွာဖြင့်...
" ယန်လောင်အာ .. မင်း ဘာလုပ်နေတာလဲ.. မင်း ဒီလိုမျိုး အတင်းအကျပ် လုပ်လို့မရဘူးလေ.. ငါ မယူဘူး.. "
" ငါ မင်း ဘာလုပ်ရမှာလဲဟ..."
ယန်ကျီဝမ်က သူ့ကို မျက်လုံးလှန်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည် ။
" ရှာကျူး .. ငါ ပြောရမယ်.. မင်းရဲ့ အမြင်က အရမ်းဆိုးတယ်.. "
" လာလှည့်စား မနေနဲ့.. "
ရှာကျူးက မယုံ..
" ငါ မင်းကို မနိုင်ပေမဲ့ အလှ ကြည့်တဲ့နေရာမှာတော့ မင်းထက် ငါ မညံ့ပါဘူး.. "
သူ့ဘဝတွင် မိန်းမ အများကြီး တွေ့ဖူးသော်လည်း သူ့အာရုံကို တကယ် ဖမ်းစားနိုင်သည်က ညီမချင် သာ ရှိသည် ။ ယွီလီ ကိုလည်း တစ်ယောက်အဖြစ် ရေတွက်လို့ရ၏ ။ သို့သော် ယခု သူ့တွင် အခွင့်အရေး မရှိတော့ပေ ။ မည်သို့ပင် ဆိုစေကာမူ သူ၏ အမြင်အာရုံကို သူ ယုံကြည်သည် ။
" ဟဲဟဲ.. ငါ ပြောတာတောင် မင်း အခုထိ မယုံသေးဘူးလား.. "
ယန်ကျီဝမ်က ရယ်လိုက်ပြီး ရှေ့က မိန်းကလေးကို လက်ညိုးထိုးပြလိုက်သည် ။
" ရှာကျူး .. နောက်တစ်ခါ သေချာ ကြည့်လိုက်ပါဦး.. "
" ဘာကြည့်ရမှာလဲ.. အဲဒီကောင်မလေးက သူ့ရုပ်ကို ချက်ချင်း ပြောင်းနိုင်သေးလို့လား.. "
ရှာကျူးက မကျေမနပ် ပြောလိုက်သည် ။
" သူ တကယ် ပြောင်းနိုင်တယ်.. "
ယန်ကျီဝမ်က ခေါင်းညိတ်ပြီး လေးနက်စွာ ပြောလိုက်သည် ။
" ရှာကျူး .. မင်းရဲ့ အမြင်က မကောင်းဘူးလို့ ငါ ပြောတယ်.. မင်းက မယုံဘူးပဲ.. ငါ မေးပါရစေ.. ဒီမိန်းကလေးတွေက ဘယ်က ရောက်လာကြတာလဲ.. "
" သူတို့ အစာရေစာ အငတ်ဘေးကနေ ပြေး လာကြတာလေ.. "
ရှာကျူးက ပြန်ဖြေသည် ။
" ဒါဆို ဒါပဲလေ.. "
ယန်ကျီဝမ် က...
" စဉ်းစားကြည့်ပါ.. ဒီ မိန်းကလေးတွေ အားလုံးက အစာရေစာ ရှားပါးတဲ့ ဒေသကနေ လာကြတာ.. သူတို့ ဒီကို လာတဲ့ လမ်းမှာ လေနဲ့ နေရောင်ခြည်ဒဏ်ကို ခံရတာကြောင့် အသားနည်းနည်း မည်းတာ ပုံမှန်ပါပဲ.. အဲ့ မိန်းကလေးရဲ့ မျက်နှာ အချိုးအစားက ကောင်းပါတယ်.. သူ့ကို ပြန်ခေါ်သွားပြီး သေချာပြုစုစောင့်ရှောက်ပေးလိုက်ရင် သူ အသားဖြူလာတာနဲ့ အရမ်း လှသွားမှာ သေချာတယ်.. "
" ဒါပေမဲ့ သူက အရမ်းပိန်တယ်.. အသားနည်းနည်းပါတဲ့သူကို ငါ ကြိုက်တယ်.. "
" သူတို့က လုံလုံလောက်လောက် မစားရလို့ ပိန်နေကြတာလေ.. သူ့ကို ပြန်ခေါ်သွားပြီး ဝအောင်ကျွေးမယ်ဆိုရင် ဖြူဖွေးပြီး နူးညံ့လာလိမ့်မယ်.. "
ရှာကျူး...." ...... "
' ဒီ ယန်လောင်အာ ..ပါးစပ်က တကယ်ကို ဆွဲဆောင်မှု ရှိလွန်းတယ်.. '
သူသည် သေလွန်သူများကိုပင် အသက်ပြန်ရှင်လာအောင် နီးပါး ပြောဆိုနိုင်စွမ်း ရှိပေသည် ။
သေချာ ပြန်စဉ်းစားကြည့်လျှင် ထိုသည်က တကယ်ပင် မှန်နေနိုင်သည် ။ ထို မိန်းကလေးက အခြေခံ အနေအထား ကောင်းတစ်ခု ရှိလေသည် ။ သူမကိုသာ ပြုစုပျိုးထောင်ပေးခဲ့မည် ဆိုလျှင် ယန်လောင်အာ ပြောသလို တကယ် ဖြစ်လာနိုင်သည် ။ သို့သော်လည်း သူ အနည်းငယ် တွန့်ဆုတ်နေဆဲပင် ။
ဒါကိုမြင်တော့ ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" ရှာကျူး .. မင်းလည်း အချိန်ကောင်း တစ်ခုကို ရထားတယ် ဆိုတာ နားလည်ရမယ်.. တခြားအချိန်သာ ဆိုရင် ဒီလောက် လှတဲ့ မိန်းမ ရဖို့ မလွယ်ဘူး.. မင်း ဒီအခွင့်အရေးကို ဆုပ်ကိုင်ရမယ်.. "